တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု မြင့်တက်နေဆဲ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇွန် ၁၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၆၇ ယောက်ရှိပြီး ဒါဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကတည်းကဆိုရင် နေ့စဉ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၂,၃၇၃ ယောက်နဲ့ သေဆုံးသူ ၂၈၀ ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့ကူးစက်ခံရသူတွေထဲက ၃၁ ယောက်ကတော့ ပြည်ပကနေ လာတဲ့သူတွေဖြစ်ပြီး ကျန်တဲ့သူတွေက ပြည်တွင်းမှာ ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

မေလအစောပိုင်းကစပြီး ရောဂါကူးစက်မှုအသစ်တွေ ထပ်ရှိလာပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်အောင် အတော်လေးကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရပြီး ကူးစက်မှုအများစုဟာ ဆိုးလ်မြို့နဲ့ အဲဒီအနီးနားတဝိုက်က ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မပျံ့နှံ့အောင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာနေတာကြောင့် ရောဂါကူးစက်မှုနှုန်းဟာ ကျဆင်းခဲ့ပါတယ်။

ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ရောဂါကူးစက်ခံရသူ ၂၂ ယောက်ရှိပြီး တခြားမြို့တွေမှာတော့ ၅ ယောက်ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်နေရသူ ၃၀၈ ယောက်ရှိပြီး သေဆုံးသူ တယောက်မှမရှိဘူးလို့ သိရပါတယ်။

ဘေဂျင်းမြို့က ကူးစက်ခံရသူ တယောက်ကတော့ Changping ခရိုင်မှာရှိတဲ့ Peking တက္ကသိုလ်ဆေးရုံက သူနာပြုတဦးဖြစ်ပြီး အခုအခါမှာ အဲဒီဆေးရုံနဲ့ အနီးနားက လူနေရပ်ကွက်တွေမှာ ကန့်သတ်မှုတွေကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆယ်ဂဏန်းနဲ့ချီပြီး ၄ ရက်ဆက်တိုက် ဖြစ်ခဲ့တာကြောင့် လာမယ့် တနင်္လာနေ့ကစပြီး ကန့်သတ်မှုတွေ လုပ်သွားဖို့ ရှိနေပါတယ်။

ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၂၅ ယောက်ရှိခဲ့ပြီး ဒါဟာ ၂ လအတွင်းမှာ နေ့စဉ်ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့အထိ အိမ်ထဲမှာ ဧည့်သည် ၅ ယောက်ထက်ပိုပြီး မစုဝေးဖို့နဲ့ အပြင်မှာဆိုရင်တော့ ၁၀ ယောက်ထက်ပိုပြီး မစုဝေးဖို့ ကန့်သတ်သွားမှာဖြစ်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္မႈ ျမင့္တက္ေနဆဲ

ေတာင္ကိုရီးယားႏိုင္ငံမွာ ဒီေန႔ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၆၇ ေယာက္ရွိၿပီး ဒါဟာ ၿပီးခဲ့တဲ့ ေမလ ၂၈ ရက္ေန႔ကတည္းကဆိုရင္ ေန႔စဥ္ကူးစက္မႈႏႈန္း အမ်ားဆုံး စံခ်ိန္တင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံမွာ ေရာဂါကူးစက္ခံရသူ ၁၂,၃၇၃ ေယာက္နဲ႔ ေသဆုံးသူ ၂၈၀ ထက္မနည္း ရွိသြားၿပီျဖစ္ပါတယ္။

ဒီေန႔ကူးစက္ခံရသူေတြထဲက ၃၁ ေယာက္ကေတာ့ ျပည္ပကေန လာတဲ့သူေတြျဖစ္ၿပီး က်န္တဲ့သူေတြက ျပည္တြင္းမွာ ကူးစက္ခံရသူေတြ ျဖစ္ပါတယ္။

ေမလအေစာပိုင္းကစၿပီး ေရာဂါကူးစက္မႈအသစ္ေတြ ထပ္ရွိလာၿပီးတဲ့ေနာက္ ေတာင္ကိုရီးယားႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ မျဖစ္ေအာင္ အေတာ္ေလးကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ေနရၿပီး ကူးစက္မႈအမ်ားစုဟာ ဆိုးလ္ၿမိဳ႕နဲ႔ အဲဒီအနီးနားတဝိုက္က ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ မပ်ံ႕ႏွံ႔ေအာင္ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္လာေနတာေၾကာင့္ ေရာဂါကူးစက္မႈႏႈန္းဟာ က်ဆင္းခဲ့ပါတယ္။

ဒီေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၂၂ ေယာက္ရွိၿပီး တျခားၿမိဳ႕ေတြမွာေတာ့ ၅ ေယာက္ရွိပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ ေဆး႐ုံတက္ေနရသူ ၃၀၈ ေယာက္ရွိၿပီး ေသဆုံးသူ တေယာက္မွမရွိဘူးလို႔ သိရပါတယ္။

ေဘဂ်င္းၿမိဳ႕က ကူးစက္ခံရသူ တေယာက္ကေတာ့ Changping ခ႐ိုင္မွာရွိတဲ့ Peking တကၠသိုလ္ေဆး႐ုံက သူနာျပဳတဦးျဖစ္ၿပီး အခုအခါမွာ အဲဒီေဆး႐ုံနဲ႔ အနီးနားက လူေနရပ္ကြက္ေတြမွာ ကန႔္သတ္မႈေတြကို တင္းတင္းက်ပ္က်ပ္ ခ်ထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ ဗစ္တိုးရီးယားျပည္နယ္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆယ္ဂဏန္းနဲ႔ခ်ီၿပီး ၄ ရက္ဆက္တိုက္ ျဖစ္ခဲ့တာေၾကာင့္ လာမယ့္ တနလၤာေန႔ကစၿပီး ကန႔္သတ္မႈေတြ လုပ္သြားဖို႔ ရွိေနပါတယ္။

ဒီေန႔မွာ ေနာက္ထပ္ ဗိုင္းရပ္စ္ကူးစက္သူ ၂၅ ေယာက္ရွိခဲ့ၿပီး ဒါဟာ ၂ လအတြင္းမွာ ေန႔စဥ္ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ ဇူလိုင္လ ၁၂ ရက္ေန႔အထိ အိမ္ထဲမွာ ဧည့္သည္ ၅ ေယာက္ထက္ပိုၿပီး မစုေဝးဖို႔နဲ႔ အျပင္မွာဆိုရင္ေတာ့ ၁၀ ေယာက္ထက္ပိုၿပီး မစုေဝးဖို႔ ကန႔္သတ္သြားမွာျဖစ္တယ္လို႔ ဗစ္တိုးရီးယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ Daniel Andrews က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/south-korea-covid19/5470462.html
တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု မြင့်တက်နေဆဲ တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု မြင့်တက်နေဆဲ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.