မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း COVID-19 ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်

COVID-19 အရေးပေါ်ကာလ ဒုက္ခသည်စခန်းမှာ စာသင်ကြားနေရတဲ့ ကလေးတွေနဲ့ စာဖတ်ဝိုင်းလေး။
(Unicode)⤵⤵⤵
ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံ ပြန်သွားကြသူတွေထဲက ၂၃ ဦးမှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ သိရပြီးတဲ့နောက် သူတို့ဖြတ်ပြန်သွားတဲ့ ထိုင်းနယ်စပ်ဒေသတလျှောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေး တိုးမြှင့်လုပ်ဆောင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မဲဆောက်-မြဝတီ နယ်စပ်ကနေတဆင့် ပြန်သွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးမှာ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့အကြောင်း မြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာန နယ်မြေအတွင်း ကိုဗစ်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ကျန်းမာရေးဒု-ဝန်ကြီး ဒေါက်တာ ဆာထစ် အဒူဒေချာနဲ့ ကျန်းမာရေးအဖွဲ့ဝင်တွေ မဲဆောက်မြို့ကို ရောက်လာကြပါတယ်။

ဒု-ဝန်ကြီးဟာ ဇွန်လ ၂၀ ရက်နေ့မှာတော့ မဲဆောက်မြို့ပိုင်၊ ဆေးဘက်ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ကြဖို့ ညှိနှိုင်း စည်းဝေးခဲ့ကြပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကိုလည်း သွားရောက်ခဲ့တဲ့ ကျန်းမာရေးဒု-ဝန်ကြီး ဒေါက်တာ ဆာထစ်က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“နယ်စပ်လမ်းကြောင်း အဝင်အထွက်တွေကိုတော့ ကျနော်တို့ ထိန်းချုပ်ထားနိုင်ပါတယ်။ တကယ်လို့ သံသယရှိတဲ့ လူနာဆိုရင်လည်း စောင့်ကြည့်ရေးစင်တာတွေမှာ ထားဖို့အတွက် ကျနော်တို့ စီစဉ်ထားတာတွေ ရှိပါတယ်။”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ရှည်လျားစွာ ထိစပ်နေတာကြောင့် မြန်မာအလုပ်သမားတွေ အသွားအလာ အဝင်အထွက် ရှိတဲ့ဒေသ ဖြစ်ပါတယ်။

တာ့ခ်ခရိုင်ထဲမှာရှိပြီး မြန်မာနိုင်ငံက ထွက်ပြေးလာသူ ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ မယ်လ၊ အုန်းဖြန်၊ နို့ဘိုး စတဲ့ ဒုက္ခသည်စခန်းတွင်း နေထိုင်သူတွေကိုလည်း ကပ်ရောဂါကူးစက်မှု စိစစ်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် တာ့ခ်ခရိုင်တွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ပညာသင်ကြားရေးစင်တာ ၆၉ ခုမှာ ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူ ၁၂,၆၀၀ လောက်ရှိတာကြောင့် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အခုအခါမှာတော့ ဒုက္ခသည်စခန်းတွေမှာရော ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာပါ အွန်လိုင်းနဲ့ စာသင်ကြားဖို့ အခြေအနေမပေးတာကြောင့် ဆရာ ဆရာမတွေက ကလေးတွေကို စာဖတ်ဝိုင်းလေးတွေလုပ်ပြီး စာသင်ကြားနေရပါတယ်။ လူစုလူဝေးကနေ COVID-19 ကပ်ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်ကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းတွေ ပြန်မဖွင့်သေးသလို ရွှေ့ပြောင်းစာသင်ကျောင်းတွေ၊ ဒုက္ခသည်စခန်းက ကျောင်းတွေလည်း ပြန်ဖွင့်ခွင့် မရသေးပါဘူး။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာနယ္စပ္ ထိုင္းႏိုင္ငံဘက္ျခမ္း COVID-19 ကာကြယ္ေရး တိုးျမႇင့္လုပ္ေဆာင္

ထိုင္း-ျမန္မာနယ္စပ္ကေနတဆင့္ ျမန္မာႏိုင္ငံ ျပန္သြားၾကသူေတြထဲက ၂၃ ဦးမွာ COVID-19 ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာ သိရၿပီးတဲ့ေနာက္ သူတို႔ျဖတ္ျပန္သြားတဲ့ ထိုင္းနယ္စပ္ေဒသတေလွ်ာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္တားဆီးေရး တိုးျမႇင့္လုပ္ေဆာင္ဖို႔ ထိုင္းတာဝန္ရွိသူေတြ ျပင္ဆင္ေနပါတယ္။ အျပည့္အစုံကို ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မဲေဆာက္-ျမဝတီ နယ္စပ္ကေနတဆင့္ ျပန္သြားတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂၃ ဦးမွာ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိတဲ့အေၾကာင္း ျမန္မာအစိုးရဘက္က ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဌာန နယ္ေျမအတြင္း ကိုဗစ္ေရာဂါပိုး ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြ တိုးျမႇင့္လုပ္ေဆာင္ဖို႔အတြက္ က်န္းမာေရးဒု-ဝန္ႀကီး ေဒါက္တာ ဆာထစ္ အဒူေဒခ်ာနဲ႔ က်န္းမာေရးအဖြဲ႕ဝင္ေတြ မဲေဆာက္ၿမိဳ႕ကို ေရာက္လာၾကပါတယ္။

ဒု-ဝန္ႀကီးဟာ ဇြန္လ ၂၀ ရက္ေန႔မွာေတာ့ မဲေဆာက္ၿမိဳ႕ပိုင္၊ ေဆးဘက္ဝန္ထမ္းေတြနဲ႔ ေတြ႕ဆုံၿပီး ထိုင္း-ျမန္မာနယ္စပ္မွာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ တိုးျမႇင့္လုပ္ေဆာင္ၾကဖို႔ ညႇိႏႈိင္း စည္းေဝးခဲ့ၾကပါတယ္။

ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္ ၂ ကိုလည္း သြားေရာက္ခဲ့တဲ့ က်န္းမာေရးဒု-ဝန္ႀကီး ေဒါက္တာ ဆာထစ္က ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

“နယ္စပ္လမ္းေၾကာင္း အဝင္အထြက္ေတြကိုေတာ့ က်ေနာ္တို႔ ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ တကယ္လို႔ သံသယရွိတဲ့ လူနာဆိုရင္လည္း ေစာင့္ၾကည့္ေရးစင္တာေတြမွာ ထားဖို႔အတြက္ က်ေနာ္တို႔ စီစဥ္ထားတာေတြ ရွိပါတယ္။”

ထိုင္းႏိုင္ငံ တာ့ခ္ခ႐ိုင္ဟာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္း ရွည္လ်ားစြာ ထိစပ္ေနတာေၾကာင့္ ျမန္မာအလုပ္သမားေတြ အသြားအလာ အဝင္အထြက္ ရွိတဲ့ေဒသ ျဖစ္ပါတယ္။

တာ့ခ္ခ႐ိုင္ထဲမွာရွိၿပီး ျမန္မာႏိုင္ငံက ထြက္ေျပးလာသူ ဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ မယ္လ၊ အုန္းျဖန္၊ ႏို႔ဘိုး စတဲ့ ဒုကၡသည္စခန္းတြင္း ေနထိုင္သူေတြကိုလည္း ကပ္ေရာဂါကူးစက္မႈ စိစစ္ေစာင့္ၾကည့္ေနပါတယ္။ ဒါ့အျပင္ တာ့ခ္ခ႐ိုင္တြင္းမွာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား မိသားစုဝင္ ကေလးေတြအတြက္ ဖြင့္လွစ္ထားတဲ့ ပညာသင္ၾကားေရးစင္တာ ၆၉ ခုမွာ ဆရာ ဆရာမနဲ႔ ေက်ာင္းသား ေက်ာင္းသူ ၁၂,၆၀၀ ေလာက္ရွိတာေၾကာင့္ ကပ္ေရာဂါ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းေတြကို တိုးျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ထိုင္းက်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုအခါမွာေတာ့ ဒုကၡသည္စခန္းေတြမွာေရာ ေ႐ႊ႕ေျပာင္းစာသင္ေက်ာင္းေတြမွာပါ အြန္လိုင္းနဲ႔ စာသင္ၾကားဖို႔ အေျခအေနမေပးတာေၾကာင့္ ဆရာ ဆရာမေတြက ကေလးေတြကို စာဖတ္ဝိုင္းေလးေတြလုပ္ၿပီး စာသင္ၾကားေနရပါတယ္။ လူစုလူေဝးကေန COVID-19 ကပ္ေရာဂါ ကူးစက္ႏိုင္တဲ့ အႏၲရာယ္ေၾကာင့္ ထိုင္းႏိုင္ငံမွာ ေက်ာင္းေတြ ျပန္မဖြင့္ေသးသလို ေ႐ႊ႕ေျပာင္းစာသင္ေက်ာင္းေတြ၊ ဒုကၡသည္စခန္းက ေက်ာင္းေတြလည္း ျပန္ဖြင့္ခြင့္ မရေသးပါဘူး။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid19-thai-myanmar-border/5470579.html
မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း COVID-19 ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင် မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း COVID-19 ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင် Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.