ဆောက်လုပ်ဆဲတိုက်တစ်ခုအပေါ်ထပ်တွင် ဒဏ်ရာများနှင့်တွေ့ရှိခဲ့ရသည့် ၁၃နှစ်အရွယ် မိန်းကလေးငယ် စစ်တွေမြို့ဆေးရုံတွင်သေဆုံး


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယမန်နေ့ နေ့လယ်ပိုင်းက ဆောက်လုပ်ဆဲတိုက်တစ်ခု အပေါ်ထပ် သွေးအိုင်ထဲ၌ ဒဏ်ရာများနှင့် တွေ့ရှိခဲ့သည့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်မှာ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က စစ်တွေဆေးရုံတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့ စက်ရုံစုနှင့် ဓညဝတီ(ခ) ရပ်ကွက်ကြားရှိ မီးလောင်ကွင်းတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် လေးတန်းကျောင်းသူ မခင်စိုးနွယ်ဖြစ်သည်။

ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးက “  ဇွန်လ ၁၈ ရက် နေ့လယ် ဆယ့်နှစ်နာရီလောက်က လက်ကောက် မုန့်ရောင်းမယ်ဆိုပြီး ထွက်သွားတာ။ ညနေပြန်မရောက်လို့လိုက်ရှာကြပါသေးတယ်။ မိဖတွေ တွေ့တဲ့ အချိန်က မနေ့ကမှ ဆေးရုံမှာတွေ့တာပါပဲ။ ဒီနေ့မနက်သေပါတယ်။ ဘယ်လိုပြောရမလဲဗျာ ခံစားရတာပေါ့” ဟုပြောသည်။

မိန်းကလေးငယ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ခန့်က မုန့်ရောင်းရန်နေအိမ်မှ ထွက်သွားပြီး နောက်တစ်နေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၂ နာရီခန့်တွင် ဆောက်လက်စ လေးထပ်တိုက် အပေါ်ဆုံးအထပ်တွင် သွေးအိုင်ထဲ၌ လဲကျနေသည်ကို အနီးအနား လူများတွေ့ရှိခဲ့သည်။

၎င်းနောက် အနီးအနားရှိ လူများက စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို အကူအညီတောင်းသဖြင့်  အရေးပေါ် လူနာတင်ကားဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရှိရကြောင်း မိန်းခလေး၏ ဖခင်ဖြစ်သူက ဆက်ပြောသည်။

စစ်တွေမြို့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်ဒေါက်တာမောင်မောင်ဝင်းက “ မနေ့က လာပို့တဲ့ အချိန်မှာ သတိမရဘူး။ အမျိုးသမီးခွဲစိပ်ဆောင်မှာတင်ပြီး တတ်နိုင်သလောက်လုပ်ပေးကြတယ်။ လူနာလည်း သတိ မေ့လာတာဆိုတော့ ဘာဖြစ်တယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အကြောင်းရင်းကတော့ ပြောလို့ မရသေးဘူး။ ကလေးက ကြောက်နေတယ်။ မျက်နှာနဲ့ ခန္ဓာမှာ ဒဏ်ရာရှိတာတို့ရှိတယ်။ မုဒိန်းမှု ဖြစ်မလား ဆိုတာက ကောလာဟာလတွေပါ။ အတိကျကပြောလို့မရသေးဘူး” ဟုပြောသည်။

သေဆုံးမှုမှာ ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာဖြင့်သေဆုံးခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်ထံမှ အတည်ပြုချက် ရရှိကြောင်း၊ ကလေးငယ်၏ လိင်အင်္ဂါတွင် ဒဏ်ရာဒဏ်ချက်မပါသော်လည်း စစ်ဆေးမှုလုပ်ဆောင်သွားမည်ဟု ရဲက တာဝန်ရှိသူက ပြောဆိုကြောင်း၊  ၎င်းတိုက်အား ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးအဖွဲ့အား ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆေးနေကြောင်း ၊ အလောင်းအား ယနေ့ ညနေ လေးနာရီတွင် သင်္ဂြိုလ် သွားမည် ဖြစ်ကြောင်း သေဆုံးသွားသူ မခင်စိုးနွယ်၏ ဖခင်က ပြောကြားသည်။

သေဆုံးသူ မခင်စိုးနွယ်မှာ ကျောင်းပိတ်ရက်များတွင် မိဘများဆင်းရဲသဖြင့် မုန့်ကူရောင်းကာ ဝင်ငွေရှာပြီး  ကူညီနေသူ ကလေးငယ်တစ်ဦးဖြစ်ကြောင်း ဆွေမျိုးများမှ သိရသည်။

စစ်တွေမြို့မရဲစခန်းမှ တာဝန်ကျမှုခင်း အရာရှိတစ်ဦးက ၎င်းအမှုကို စစ်ဆေးချက်ယူနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

အိမ်စိုးဖြူ / Narinjara
----------------------------------
(Zawgyi)⤵⤵⤵
ေဆာက္လုပ္ဆဲတိုက္တစ္ခုအေပၚထပ္တြင္ ဒဏ္ရာမ်ားႏွင့္ေတြ႕ရွိခဲ့ရသည့္ ၁၃ႏွစ္အ႐ြယ္ မိန္းကေလးငယ္ စစ္ေတြၿမိဳ႕ေဆး႐ုံတြင္ေသဆုံး

နိရၪၥရာ၊ ဇြန္ ၂ဝ/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ ယမန္ေန႔ ေန႔လယ္ပိုင္းက ေဆာက္လုပ္ဆဲတိုက္တစ္ခု အေပၚထပ္ ေသြးအိုင္ထဲ၌ ဒဏ္ရာမ်ားႏွင့္ ေတြ႕ရွိခဲ့သည့္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္မွာ ယေန႔ နံနက္ ၆ နာရီ ၄၅ မိနစ္ခန႔္က စစ္ေတြေဆး႐ုံတြင္ ေသဆုံးသြားၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသြားသူမွာ စစ္ေတြၿမိဳ႕ စက္႐ုံစုႏွင့္ ဓညဝတီ(ခ) ရပ္ကြက္ၾကားရွိ မီးေလာင္ကြင္းတြင္ ေနထိုင္သူ အသက္ ၁၃ ႏွစ္အ႐ြယ္ ေလးတန္းေက်ာင္းသူ မခင္စိုးႏြယ္ျဖစ္သည္။

ကေလးငယ္၏ ဖခင္ျဖစ္သူ ဦးေမာင္ဝင္းေဌးက “  ဇြန္လ ၁၈ ရက္ ေန႔လယ္ ဆယ့္ႏွစ္နာရီေလာက္က လက္ေကာက္ မုန႔္ေရာင္းမယ္ဆိုၿပီး ထြက္သြားတာ။ ညေနျပန္မေရာက္လို႔လိုက္ရွာၾကပါေသးတယ္။ မိဖေတြ ေတြ႕တဲ့ အခ်ိန္က မေန႔ကမွ ေဆး႐ုံမွာေတြ႕တာပါပဲ။ ဒီေန႔မနက္ေသပါတယ္။ ဘယ္လိုေျပာရမလဲဗ်ာ ခံစားရတာေပါ့” ဟုေျပာသည္။

မိန္းကေလးငယ္မွာ ဇြန္လ ၁၈ ရက္ေန႔ ေန႔လယ္ခန႔္က မုန႔္ေရာင္းရန္ေနအိမ္မွ ထြက္သြားၿပီး ေနာက္တစ္ေန႔ ဇြန္လ ၁၉ ရက္ ေန႔လယ္ ၂ နာရီခန႔္တြင္ ေဆာက္လက္စ ေလးထပ္တိုက္ အေပၚဆုံးအထပ္တြင္ ေသြးအိုင္ထဲ၌ လဲက်ေနသည္ကို အနီးအနား လူမ်ားေတြ႕ရွိခဲ့သည္။

၎ေနာက္ အနီးအနားရွိ လူမ်ားက စစ္ေတြၿမိဳ႕ရွိ ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းကို အကူအညီေတာင္းသျဖင့္  အေရးေပၚ လူနာတင္ကားျဖင့္ စစ္ေတြေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ရသည္ဟု သိရွိရေၾကာင္း မိန္းခေလး၏ ဖခင္ျဖစ္သူက ဆက္ေျပာသည္။

စစ္ေတြၿမိဳ႕ေဆး႐ုံႀကီးမွ လက္ေထာက္ေဆး႐ုံအုပ္ေဒါက္တာေမာင္ေမာင္ဝင္းက “ မေန႔က လာပို႔တဲ့ အခ်ိန္မွာ သတိမရဘူး။ အမ်ိဳးသမီးခြဲစိပ္ေဆာင္မွာတင္ၿပီး တတ္ႏိုင္သေလာက္လုပ္ေပးၾကတယ္။ လူနာလည္း သတိ ေမ့လာတာဆိုေတာ့ ဘာျဖစ္တယ္ဆိုတာ ဘယ္သူမွ မေျပာႏိုင္ဘူး။ အေၾကာင္းရင္းကေတာ့ ေျပာလို႔ မရေသးဘူး။ ကေလးက ေၾကာက္ေနတယ္။ မ်က္ႏွာနဲ႔ ခႏၶာမွာ ဒဏ္ရာရွိတာတို႔ရွိတယ္။ မုဒိန္းမႈ ျဖစ္မလား ဆိုတာက ေကာလာဟာလေတြပါ။ အတိက်ကေျပာလို႔မရေသးဘူး” ဟုေျပာသည္။

ေသဆုံးမႈမွာ ဦးေခါင္းေနာက္ေစ့ကြဲဒဏ္ရာျဖင့္ေသဆုံးျခင္းျဖစ္ေၾကာင္း မႈခင္းဆရာဝန္ထံမွ အတည္ျပဳခ်က္ ရရွိေၾကာင္း၊ ကေလးငယ္၏ လိင္အဂၤါတြင္ ဒဏ္ရာဒဏ္ခ်က္မပါေသာ္လည္း စစ္ေဆးမႈလုပ္ေဆာင္သြားမည္ဟု ရဲက တာဝန္ရွိသူက ေျပာဆိုေၾကာင္း၊  ၎တိုက္အား ေဆာက္လုပ္ေနသည့္ ေဆာက္လုပ္ေရးအဖြဲ႕အား ရဲတပ္ဖြဲ႕မွ ေခၚယူ စစ္ေဆးေနေၾကာင္း ၊ အေလာင္းအား ယေန႔ ညေန ေလးနာရီတြင္ သၿဂႋဳလ္ သြားမည္ ျဖစ္ေၾကာင္း ေသဆုံးသြားသူ မခင္စိုးႏြယ္၏ ဖခင္က ေျပာၾကားသည္။

ေသဆုံးသူ မခင္စိုးႏြယ္မွာ ေက်ာင္းပိတ္ရက္မ်ားတြင္ မိဘမ်ားဆင္းရဲသျဖင့္ မုန႔္ကူေရာင္းကာ ဝင္ေငြရွာၿပီး  ကူညီေနသူ ကေလးငယ္တစ္ဦးျဖစ္ေၾကာင္း ေဆြမ်ိဳးမ်ားမွ သိရသည္။

စစ္ေတြၿမိဳ႕မရဲစခန္းမွ တာဝန္က်မႈခင္း အရာရွိတစ္ဦးက ၎အမႈကို စစ္ေဆးခ်က္ယူေနဆဲျဖစ္ေၾကာင္း ေျပာဆိုသည္။

အိမ္စိုးျဖဴ / Narinjara
https://www.facebook.com/narinjara.info
ဆောက်လုပ်ဆဲတိုက်တစ်ခုအပေါ်ထပ်တွင် ဒဏ်ရာများနှင့်တွေ့ရှိခဲ့ရသည့် ၁၃နှစ်အရွယ် မိန်းကလေးငယ် စစ်တွေမြို့ဆေးရုံတွင်သေဆုံး ဆောက်လုပ်ဆဲတိုက်တစ်ခုအပေါ်ထပ်တွင် ဒဏ်ရာများနှင့်တွေ့ရှိခဲ့ရသည့် ၁၃နှစ်အရွယ် မိန်းကလေးငယ် စစ်တွေမြို့ဆေးရုံတွင်သေဆုံး Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.