အမေရိကန်မှာ COVID-19 ကူးစက်မှု ထိန်းမရဖြစ်မယ့် အခြေအနေ ကျွမ်းကျင်သူ သတိပေး


(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်သူ့ဆီကနေ ဘယ်လို အဆင့်ဆင့် ကူးစက်ပျံ့နှံ့တယ်ဆိုတာ သေချာ ရှာဖွေစုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် တချို့ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတင်ရတာတွေ မြင့်တက်လာနေတာကနေ အခြေအနေ ထိန်းမရအောင် ဖြစ်သွားမယ်လို့ အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်း လည်ပတ်မှု ကန့်သတ်ထားတာတွေ ဖယ်ရှားပေးလိုက်တဲ့ အချိန်မှာ ကူးစက်ရောဂါဆိုင်ရာ ဌာနရဲ့ ညွှန်ကြားရေးမှူး Dr. Anthony Fauci က CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အဲဒီလို သတိပေးသွားတာပါ။

ဆေးရုံရောက်တဲ့လူတွေ ပိုများလာတာ တွေ့ရတယ်ဆိုရင် ဒါက ကိုယ်ဦးတည်ရာလမ်းကြောင်း မှားနေပြီဆိုတာ သေချာပြီပဲလို့ Dr. Fauci က ပြောပါတယ်။

အမေရိကန် ပြည်နယ်အသီးသီးမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်တာကို အရှိန်လျှော့ဖို့ လိုမယ်ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် တချို့ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြည်နယ်တွေမှာ ရောဂါကူးစက်မှု ပြန်များလာလို့ လုပ်ငန်းတွေ ပြန်ပိတ်ရမယ့် အနေအထား ရှိပါတယ်။

Utah နဲ့ Oregon ပြည်နယ်တွေမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်တာကို ရပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

COVID နဲ့ ဆေးရုံရောက်တာ ပြည်နယ်ရဲ့ အမြင့်ဆုံးအခြေအနေကို ရောက်သွားတဲ့ Texas အပါအဝင် တချို့ပြည်နယ်တွေကတော့ လုပ်ငန်းတွေဖွင့်တာ ရှေ့ဆက်လုပ်နေပါတယ်။

ပြည်နယ်အစိုးရတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ လူတွေ အပြင်ထွက် အလုပ်မလုပ်ကြရလို့ စီးပွားရေးထိခိုက်ရတဲ့ အခြေအနေကို ချိန်ဆတွက်ချက်ပြီး သူတို့ပြည်နယ်တွေ ပြန်ဖွင့်သင့်မသင့် စဉ်းစား လုပ်ဆောင်ကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာ အခုချိန်ထိဆိုရင် COVID-19 ရောဂါနဲ့ သေဆုံးသူ ၁၁၄,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ COVID-19 ကူးစက္မႈ ထိန္းမရျဖစ္မယ့္ အေျခအေန ကြၽမ္းက်င္သူ သတိေပး

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ဘယ္သူ႔ဆီကေန ဘယ္လို အဆင့္ဆင့္ ကူးစက္ပ်ံ႕ႏွံ႔တယ္ဆိုတာ ေသခ်ာ ရွာေဖြစုံစမ္းမႈေတြ မလုပ္ဘူးဆိုရင္ တခ်ိဳ႕ျပည္နယ္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေဆး႐ုံတင္ရတာေတြ ျမင့္တက္လာေနတာကေန အေျခအေန ထိန္းမရေအာင္ ျဖစ္သြားမယ္လို႔ အေမရိကန္ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းတာဝန္ရွိသူတဦးက သတိေပးသြားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ စီးပြားေရးလုပ္ငန္း လည္ပတ္မႈ ကန႔္သတ္ထားတာေတြ ဖယ္ရွားေပးလိုက္တဲ့ အခ်ိန္မွာ ကူးစက္ေရာဂါဆိုင္ရာ ဌာနရဲ႕ ၫႊန္ၾကားေရးမႉး Dr. Anthony Fauci က CNN သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ အဲဒီလို သတိေပးသြားတာပါ။

ေဆး႐ုံေရာက္တဲ့လူေတြ ပိုမ်ားလာတာ ေတြ႕ရတယ္ဆိုရင္ ဒါက ကိုယ္ဦးတည္ရာလမ္းေၾကာင္း မွားေနၿပီဆိုတာ ေသခ်ာၿပီပဲလို႔ Dr. Fauci က ေျပာပါတယ္။

အေမရိကန္ ျပည္နယ္အသီးသီးမွာ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္လိုက္တာကို အရွိန္ေလွ်ာ့ဖို႔ လိုမယ္ဆိုတဲ့ လကၡဏာ ျဖစ္ႏိုင္တယ္လို႔လည္း သူက ဆိုပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဆိုရင္ေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္မႈ ေလ်ာ့က်လာတာေၾကာင့္ တခ်ိဳ႕ျပည္နယ္ေတြမွာ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္လွစ္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီျပည္နယ္ေတြမွာ ေရာဂါကူးစက္မႈ ျပန္မ်ားလာလို႔ လုပ္ငန္းေတြ ျပန္ပိတ္ရမယ့္ အေနအထား ရွိပါတယ္။

Utah နဲ႔ Oregon ျပည္နယ္ေတြမွာဆိုရင္ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္လွစ္တာကို ရပ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

COVID နဲ႔ ေဆး႐ုံေရာက္တာ ျပည္နယ္ရဲ႕ အျမင့္ဆုံးအေျခအေနကို ေရာက္သြားတဲ့ Texas အပါအဝင္ တခ်ိဳ႕ျပည္နယ္ေတြကေတာ့ လုပ္ငန္းေတြဖြင့္တာ ေရွ႕ဆက္လုပ္ေနပါတယ္။

ျပည္နယ္အစိုးရေတြအေနနဲ႔ က်န္းမာေရးဆိုင္ရာ အႏၲရာယ္ရွိတဲ့ အေျခအေနနဲ႔ လူေတြ အျပင္ထြက္ အလုပ္မလုပ္ၾကရလို႔ စီးပြားေရးထိခိုက္ရတဲ့ အေျခအေနကို ခ်ိန္ဆတြက္ခ်က္ၿပီး သူတို႔ျပည္နယ္ေတြ ျပန္ဖြင့္သင့္မသင့္ စဥ္းစား လုပ္ေဆာင္ၾကတာပါ။

အေမရိကန္ျပည္ေထာင္စုမွာ အခုခ်ိန္ထိဆိုရင္ COVID-19 ေရာဂါနဲ႔ ေသဆုံးသူ ၁၁၄,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-covid19-anthony-fauci/5461502.html
အမေရိကန်မှာ COVID-19 ကူးစက်မှု ထိန်းမရဖြစ်မယ့် အခြေအနေ ကျွမ်းကျင်သူ သတိပေး အမေရိကန်မှာ COVID-19 ကူးစက်မှု ထိန်းမရဖြစ်မယ့် အခြေအနေ ကျွမ်းကျင်သူ သတိပေး Reviewed by THITHTOOLWIN on 05:18 Rating: 5
Powered by Blogger.