ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အဓမ္မခိုင်းစေမှုခံရတဲ့ကလေးငယ်အရေအတွက် တိုးလာ


(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေးကျဆင်းမှုတွေကနေ ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ အဓမ္မလုပ်အားခိုင်းစေမှု အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ ဇွန်လ ၁၂ ရက် ကမ္ဘာ့ကလေးလုပ်သား အသုံးပြုမှုတိုက်ဖျက်ရေးနေ့ မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကစပြီး လျော့ကျလာတဲ့ကလေးလုပ်သား အသုံးပြုမှုဟာ ၉ ၄ သန်းအထိ ရောက်လာခဲ့ပြီးမှ အခု နောက်ဆုံး ကောက်ယူတဲ့ စစ်တမ်းအရ ကမ္ဘာတလွှားမှာ ကလေးလုပ်သား အသုံးပြုမှု ၁၅၂ သန်း ဖြစ်နေတာတွေ့ရတယ်လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့နဲ့ UNICEF ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ တို့ပူးတွဲရေးသားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတာကနေ ကလေးအများအပြား အလုပ်ခွင်ကို ရောက်နေရတာ ဖြစ်ကြောင်း အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ILO အကြီးတန်းသုတေသနမှုး Lorenzo Guarcello ကပြောပါတယ်။

“မိသားစုဝင်တွေက ကလေးငယ်တွေကို လမ်းတွေ ပေါ်လွှတ်ပြီး အစားအသောက်တွေ၊ ပန်းတွေ ရောင်းခိုင်းနေကြတာ ဖြစ်ပြီး ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ အခြေနေကြုံနေရတာ ဖြစ်ကြောင်း ပြောသွားတာပါ။”

အာဖရိက ဒေသတွေမှာ ကလေးလုပ်သား ၇၂ သန်းလောက် နဲ့အများဆုံး တွေ့ရတာ ဖြစ်ပြီး အဲဒီထဲက ၃၁ သန်းခွဲလောက်ဟာ အန္တရာယ်ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်နေရကြောင်းနဲ့ အများစုက စိုက်ပျိုးရေး ကဏ္ဍမှာ ဝင်လုပ်နေကြတာလို့ လည်း ပြောပါတယ်။

ဒါကြောင့် ဒီကလေးငယ်တွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝွမ္း အဓမၼခိုင္းေစမႈခံရတဲ့ကေလးငယ္အေရအတြက္ တိုးလာ

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ စီးပြါးေရးက်ဆင္းမႈေတြကေန ကမာၻတဝွမ္းက သန္းနဲ႔ခ်ီတဲ့ ကေလးငယ္ေတြ အဓမၼလုပ္အားခိုင္းေစမႈ အႏၲရာယ္နဲ႔ ႀကဳံလာရႏိုင္တယ္လို႔ ဇြန္လ ၁၂ ရက္ ကမာၻ႔ကေလးလုပ္သား အသုံးျပဳမႈတိုက္ဖ်က္ေရးေန႔ မွာ ကုလသမဂၢက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္ကစၿပီး ေလ်ာ့က်လာတဲ့ကေလးလုပ္သား အသုံးျပဳမႈဟာ ၉ ၄ သန္းအထိ ေရာက္လာခဲ့ၿပီးမွ အခု ေနာက္ဆုံး ေကာက္ယူတဲ့ စစ္တမ္းအရ ကမာၻတလႊားမွာ ကေလးလုပ္သား အသုံးျပဳမႈ ၁၅၂ သန္း ျဖစ္ေနတာေတြ႕ရတယ္လို႔ ILO ကမာၻ႔အလုပ္သမားအဖြဲ႕နဲ႔ UNICEF ကုလသမဂၢ ကေလးမ်ားရံပုံေငြအဖြဲ႕ တို႔ပူးတြဲေရးသားတဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရတာကေန ကေလးအမ်ားအျပား အလုပ္ခြင္ကို ေရာက္ေနရတာ ျဖစ္ေၾကာင္း အစီရင္ခံစာကို ဦးေဆာင္ေရးသားသူ ILO အႀကီးတန္းသုေတသနမႈး Lorenzo Guarcello ကေျပာပါတယ္။

“မိသားစုဝင္ေတြက ကေလးငယ္ေတြကို လမ္းေတြ ေပၚလႊတ္ၿပီး အစားအေသာက္ေတြ၊ ပန္းေတြ ေရာင္းခိုင္းေနၾကတာ ျဖစ္ၿပီး ကေလးေတြအတြက္ အႏၲရာယ္ရွိတဲ့ အေျခေနႀကဳံေနရတာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။”

အာဖရိက ေဒသေတြမွာ ကေလးလုပ္သား ၇၂ သန္းေလာက္ နဲ႔အမ်ားဆုံး ေတြ႕ရတာ ျဖစ္ၿပီး အဲဒီထဲက ၃၁ သန္းခြဲေလာက္ဟာ အႏၲရာယ္ရွိတဲ့ ေနရာေတြမွာ အလုပ္လုပ္ေနရေၾကာင္းနဲ႔ အမ်ားစုက စိုက္ပ်ိဳးေရး က႑မွာ ဝင္လုပ္ေနၾကတာလို႔ လည္း ေျပာပါတယ္။

ဒါေၾကာင့္ ဒီကေလးငယ္ေတြကို အကာကြယ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/child-labor-increasing-worldwide-due-to-coronavirus/5461189.html
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အဓမ္မခိုင်းစေမှုခံရတဲ့ကလေးငယ်အရေအတွက် တိုးလာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အဓမ္မခိုင်းစေမှုခံရတဲ့ကလေးငယ်အရေအတွက် တိုးလာ Reviewed by THITHTOOLWIN on 05:17 Rating: 5
Powered by Blogger.