ကိုဗစ်-၁၉ က နောက်ဆုံးကပ်ရောဂါ မဟုတ်သေးတာ ဘာကြောင့်လဲ

အီဘိုလာရောဂါ သုတေသနအတွက် လင်းနို့တွေဆီက ဓာတ်ခွဲနမူနာယူ
(Unicode)⤵⤵⤵
ဗစ်တိုးရီးယား ဂီးလ် သိပ္ပံသတင်းထောက်၊ ဘီဘီစီ သတင်းဌာန

တောရိုင်းတိရစ္ဆာန်တွေဆီက ရောဂါတွေ လူတွေဆီ ရောက်လာအောင်နဲ့ တကမ္ဘာလုံး ပျံ့သွားအောင် လူတွေကပဲ ဖန်တီးခဲ့ကြတာပါ။။

သဘာဝတောရိုင်းလောကကို လူတွေ ချိုးဖောက်ဝင်ရောက်ခဲ့တာကြောင့်လည်း ဒီဖြစ်စဉ်ကို ပိုမြန်စေခဲ့ပါတယ်။

အခု ဒီဆောင်းပါးဟာ ရောဂါသစ်တွေ ဘယ်ကနေ ဘယ်လို ပေါ်ပေါက်လာသလဲဆိုတာကို လေ့လာခဲ့ကြတဲ့ ကမ္ဘာတဝန်းက ကျွမ်းကျင်သူတွေရဲ့ တွေ့ရှိချက်တွေကို စုစည်းဖော်ပြထားတာပါ။

ဘယ်လို တောရိုင်းတိရစ္ဆာန်ရောဂါတွေက လူတွေအတွက် ပိုအန္တရာယ်ရှိနိုင်သလဲဆိုတာကို ခန့်မှန်းနိုင်တဲ့ ပုံစံပြစနစ်တစ်ခုကို အခုအခါ ကျွမ်းကျင်သူတွေက ဖန်တီးခဲ့ကြပါတယ်။

ဒီစနစ်ကို ယူကေနိုင်ငံ လစ်ဗာပူးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဦးဆောင် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒါဟာ နောင်မှာ ရောဂါဖြစ်ပွားမှုတွေ ဖြစ်လာရင် ပိုကောင်းကောင်း ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းတွေ ရှာနေကြတဲ့ ကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေရဲ့ အားထုတ်မှု တစိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ရောဂါဆိုးကြီး ၅ ခုကို ကျော်လွှားနိုင်ခဲ့
မျိုးစိတ်တွေ အချင်းချင်းကြား ကူးစက်မှုပြ မျဉ်းတွေ။ လိုင်းတစ်လိုင်းချင်းစီဟာ မျိုးစိတ်တစ်ခုထက်မက ကူးစက်တဲ့ ရောဂါတွေကို ကိုယ်စားပြုပါတယ်။
"လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ကပ်ရောဂါကြီး ၆ ခုနဲ့ ကျွန်တော်တို့ ကြုံခဲ့ရပါတယ်။ အဲဒီထဲက SARS ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ MERS မားစ် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ Ebola အီဘိုလာရောဂါ၊ avian influenza ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ swine flu ဝက်တုပ်ကွေးရောဂါတွေကို ကျော်လွှားနိုင်ခဲ့ကြပါတယ်။

အခုကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကလည်း နောက်ဆုံး ကပ်ရောဂါကြီးမဟုတ်ပါဘူး။ နောက်ထပ် လာစရာတွေ ရှိပါသေးတယ်။ ဒီတော့ တောရိုင်းတိရစ္ဆာန်ရောဂါတွေကို ဒါ့ထက် ပိုအနီးကပ် လေ့လာဖို့ လိုပါတယ်" လို့ လစ်ဗာပူးလ်တက္ကသိုလ် ပါမောက္ခ မက်သျူးဘေးလစ်စ် က ပြောပါတယ်။

ဒီလို အနီးကပ် လေ့လာရာမှာ သိထားပြီးသမျှ တောရိုင်းတိရစ္ဆာန်ရောဂါတွေရဲ့ ကျယ်ပြန့်တဲ့ အချက်အလက်တွေကို အသေအချာ ဖော်ထုတ်နိုင်တဲ့ ပုံစံပြ ခန့်မှန်းမှုစနစ်တစ်ခုကို သူနဲ့ လုပ်ဖော်ကိုင်ဘက် သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ကြပါတယ်။

အရင် သိထားပြီးသမျှ ဘက်တီးရီးယား၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုး ထောင်ပေါင်းများစွာထဲကနေ သူတို့ကူးစက်ခဲ့တဲ့ မျိုးစု အရေအတွက်နဲ့ အမျိုးအစားတွေအောက်က သဲလွန်စတွေကို ဒီစနစ်က ဖော်ထုတ်ပေးနိုင်ပါတယ်။ ဒီသဲလွန်စ အချက်အလက်တွေကနေ ဘယ်ရောဂါပိုးက လူတွေအတွက် အန္တရာယ်အများဆုံးလဲ ဆိုတာကို ရှာဖွေလေ့လာရတာပါ။

တကယ်လို့ အဓိက ဦးစားပေးကြည့်ရမယ့် ရောဂါပိုးတစ်ခု တွေ့လာရင် ရောဂါ မဖြစ်ပွားခင် ကာကွယ်နည်း၊ ကုသနည်းတွေ ရှာဖို့ သိပ္ပံပညာရှင်တွေအနေနဲ့ သုတေသနကြိုးပမ်းမှုတွေကို ဦးတည် ဆောင်ရွက်နိုင်ပါတယ်။
MERS မားစ် ရောဂါ ဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တွေ ကုလားအုတ်တွေမှာ ရှိနေနိုင်ပါတယ်။
"ဘယ်ရောဂါက ကပ်ရောဂါဆိုးကြီး ဖြစ်လာနိုင်သလဲဆိုတာကို ဖော်ထုတ်ဖို့က နောက်တစ်ဆင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အခု ပထမအဆင့်မှာတင် တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်" လို့ ပါမောက္ခ ဘေးလစ်စ်က ပြောပြပါတယ်။

လော့ခ်ဒေါင်းကနေ ရတဲ့ သင်ခန်းစာတွေ

လူတွေရဲ အမူအကျင့် အထူးသဖြင့် သစ်တောခုတ်ထွင်ရှင်းလင်းတာ၊ သဘာဝတောရိုင်းတိရစ္ဆာန်တွေရဲ့ နေထိုင်မှုဘဝထဲ ကျူးကျော်ဝင်ရောက်တာတွေဟာ တိရစ္ဆာန်တွေဆီက ရောဂါပိုးတွေလူတွေဆီ ပိုကူးစက်ဖို့ အထောက်အကူ ဖြစ်စေတယ်ဆိုတာကို သိပ္ပံပညာရှင် အတော်များများက လက်ခံထားကြပါတယ်။

လယ်ယာစိုက်ပျိုးမှုတွေ၊ သီးနှံစိုက်ပျိုးမှုတွေလို လူတွေ ပြောင်းလဲ ဖန်တီးတဲ့ ပတ်ဝန်းကျင်စနစ်ကြောင့် ဇီဝဂေဟစနစ်ကို လျော့ကျသွားစေပြီး လူတွေမှာ ရောဂါ ကူးစက်မယ့်အန္တရာယ်တွေ ပိုကြုံလာရတယ် ဆိုတာ အထောက်အထားတွေက ဖော်ပြနေတယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်က ပါမောက္ခ ကိတ်ဂျုန်းစ်က ပြောပါတယ်။

"ရောဂါအားလုံးကို ဆိုလိုတာ မဟုတ်ပေမဲ့ ကြွက်၊ရှဉ့်တို့လို လူတွေရဲ့ နှောင့်ယှက်မှုကို အခံရဆုံး တောရိုင်းတိရစ္ဆာန် မျိုးစုတွေကတော့ ရောဂါဖြစ်ဖို့နဲ့ ရောဂါ ဖြန့်ဖြူးပေးဖို့ ပို အစွမ်းထက်ပါတယ်"

"ဇီဝဂေဟစနစ် ဆုံးရှုံးသွားရင် လူနဲ့ တောရိုင်းတိရစ္ဆာန်အကြား ထိတွေ့ဆက်ဆံမှု ပိုများလာပြီး တိရစ္ဆာန်တွေမှာ ရှိတတ်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးတွေက လူတွေဆီ ရောက်လာဖို့ အန္တရာယ် ပိုများလာပါတယ်"
လူတွေကနေလည်း တိရစ္ဆာန်တွေဆီကို ကူးစက်သွားစေနိုင်ပါတယ်
လူတွေရဲ့လုပ်ရပ်နဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေအကြား ကြားခံဆက်သွယ်တဲ့ နေရာတွေ၊ ကြားခံကောင်တွေဆီကနေ ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာတယ်ဆိုတာကို အခု ရောဂါဖြစ်ပွားမှုတွေက ဖော်ပြနေပါတယ်။

၁၉၉၉ ခုနှစ်က အသီးစား လင်းနို့ရိုင်းတစ်မျိုးကနေ ကူးစက်တဲ့ နီပါဗိုင်းရပ်စ်ရောဂါ မလေးရှားနိုင်ငံမှာ စဖြစ်ပွားခဲ့တုန်းက တောအုပ်တစ်ခုနားမှာ ရှိတဲ့ ဝက်မွေးမြူရေးခြံကြီးထဲ ရောဂါ ကူးစက်ခဲ့ပါတယ်။ အဲဒီလင်းနို့တွေ တစ်ဝက်တစ်ပျက် ကိုက်ထားပြီး လင်းနို့ရဲ့ တံတွေးတွေ ဖုံးနေတဲ့ အသီးတွေကို ဝက်တွေ စားခဲ့ကြပါတယ်။

လင်းနို့တွေဆီကနေ ရောဂါ ရထားကြတဲ့ ဝက်တွေကနေတဆင့် အဲဒီမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၂၅၀ ကျော်ကို ရောဂါ ကူးခဲ့ပါတယ်။ အဲဒီထဲက တစ်ရာကျော် သေဆုံးခဲ့ပါတယ်။ ခုလက်ရှိ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က တိုးလာနေဆဲပါ။

ဒါပေမဲ့ လောလောဆယ် ခန့်မှန်းချက်တွေအရ သေဆုံးသူက ၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။ နီပါဗိုင်းရပ်စ်ကတော့ ရောဂါဖြစ်သူရဲ့ ၄၀ ကနေ ၇၅ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တာပါ။

သုတေသီတွေအနေနဲ့ ရောဂါဖြစ်ပွားဖို့ အန္တရာယ် ပိုများနိုင်တဲ့ နေရာတွေကို မပြတ်စောင့်ကြည့်နေဖို့ လိုတယ်လို့ လစ်ဗာပူးလ်တက္ကသိုလ်နဲ့ နိုင်ရိုဘီမြို့ နိုင်ငံတကာ ခြံမွေးတိရစ္ဆာန် လေ့လာရေးဌာနက ပါမောက္ခ အဲရစ် ဖက်ဗရေက ပြောပါတယ်။
လူတွေနဲ့တောရိုင်းကောင်တွေကို ကြားခံအထိအတွေ့ရှိစေတာတွေက ရောဂါသစ်တွေ ထွက်ပေါ်လာစေနိုင်တဲ့နေရာတွေ ဖြစ်ပါတယ်။
တောအုပ်တွေအနားမှာ ရှိတဲ့ မွေးမြူရေးခြံတွေ၊ တိရစ္ဆာန်ရောင်းဝယ်တဲ့ ဈေးတွေဟာ လူနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြား အကာအရံ အတားအဆီး မရှိသလောက် ဖြစ်ပြီး အဲဒီနေရာတွေဟာ ရောဂါ စပေါ်ပေါက်တဲ့နေရာတွေ ဖြစ်ဖို့ များပါတယ်။

"ဒီလို ကြားခံဆက်သွယ်တဲ့နေရာမျိုးတွေ၊ ကြားခံကောင်တွေကို မပြတ် စောင့်ကြည့်နေဖို့နဲ့ တစ်နေရာရာမှာ ရောဂါတစ်ခုခုဖြစ်ပြီ၊ တစ်ခုခု ထူးပြီ ဆိုတာနဲ့ ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်တဲ့စနစ်တွေ ချမှတ်ထားဖို့ လိုပါတယ်" လို့ ပါမောက္ခ အဲရစ် ဖက်ဗရေက ပြောပါတယ်။

"တစ်နှစ်တစ်နှစ်ကို လူတွေအကြား ရောဂါအသစ်အဆန်း သုံးလေးကြိမ်လောက် ပေါ်လာတတ်ပါတယ်။ အာရှ၊ ဒါမှမဟုတ် အာဖရိက ဒေသတွေမှ မဟုတ်ပါဘူး၊ ဥရောပနဲ့ အမေရိကန်မှာလည်းဖြစ်နိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ရောဂါသစ်ကို မပြတ်စောင့်ကြည့်ဖို့က သိပ်ကို အရေးကြီးလာနေပြီလို့ ပါမောက္ခ ဘေးလစ်စ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီး အမြန်ပေါ်လာစေမယ့် အဆိုးရွားဆုံး အခြေအနေကြီးကို လူတွေက ဖန်တီးခဲ့ကြတာပါ လို့ သူက ဘီဘီစီကို ပြောပါတယ်။

ပါမောက္ခ ဖက်ဗရေကလည်း "ဒီလိုအဖြစ်မျိုး ထပ်ခါ ထပ်ခါ ပြန်ဖြစ်မယ့်ပုံ ရှိပါတယ်"လို့ ဆိုပါတယ်။"
မုတ်သုံတောထဲကဖြတ်ဖောက်ထားတဲ့လမ်း
သဘာဝတောရိုင်းပတ်ဝန်းကျင်နဲ့ ထိတွေ့ ဆက်ဆံတဲ့ကာလတလျှောက်လုံး ဒီလို ဖြစ်နေခဲ့တာပါ။ အခုချိန်မှာ အရေးကြီးတာက ဒါကို နားလည်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတုံ့ပြန် ဖြေရှင်းမလဲ ဆိုတာပါ"

လူသားတွေကြောင့် သဘာဝတောရိုင်းပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု အကျိုးဆက်အကြောင်း လက်ရှိ အကျပ်အတည်းကြီးကနေ သင်ခန်းစာတစ်ခုကို ရခဲ့ကြပါတယ် လို့ ပါမောက္ခ ဖက်ဗရေက ပြောပါတယ်။

"လူတွေက သူတို့ သုံးနေတဲ့အရာတွေအားလုံးကို လွယ်လွယ် ရနေတယ်လို့ သဘောထားနေကြပါတယ်။

ကျွန်တော်တို့ စားတဲ့အစာတွေ၊ ဖုန်းတွေမှာ သုံးနေတဲ့ သတ္တုပစ္စည်းတွေ စသဖြင့် ဒါတွေကို များများသုံးလေ မသမာသူတွေက ကမ္ဘာတဝန်းက သဘာဝသယံဇာတတွေကို အသုံးချ အမြတ်ထုတ်လေလုပ်ကြမှာပါ။

ဒီတော့ကာ ကျွန်တော်တို့ သုံးနေတဲ့ ဒီသယံဇာတအရင်းအမြစ်တွေ အကြောင်းနဲ့ ရိုက်ခတ်မှုအကျိုးဆက်တွေအကြောင်းကို မဖြစ်မနေ တွေးတော ဆင်ခြင်ကြရဖို့ အချိန်ရောက်လာပါတော့မယ်"

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ က ေနာက္ဆုံးကပ္ေရာဂါ မဟုတ္ေသးတာ ဘာေၾကာင့္လဲ

ဗစ္တိုးရီးယား ဂီးလ္ သိပၸံသတင္းေထာက္၊ ဘီဘီစီ သတင္းဌာန

ေတာ႐ိုင္းတိရစာၦန္ေတြဆီက ေရာဂါေတြ လူေတြဆီ ေရာက္လာေအာင္နဲ႔ တကမာၻလုံး ပ်ံ႕သြားေအာင္ လူေတြကပဲ ဖန္တီးခဲ့ၾကတာပါ။။

သဘာဝေတာ႐ိုင္းေလာကကို လူေတြ ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တာေၾကာင့္လည္း ဒီျဖစ္စဥ္ကို ပိုျမန္ေစခဲ့ပါတယ္။

အခု ဒီေဆာင္းပါးဟာ ေရာဂါသစ္ေတြ ဘယ္ကေန ဘယ္လို ေပၚေပါက္လာသလဲဆိုတာကို ေလ့လာခဲ့ၾကတဲ့ ကမာၻတဝန္းက ကြၽမ္းက်င္သူေတြရဲ႕ ေတြ႕ရွိခ်က္ေတြကို စုစည္းေဖာ္ျပထားတာပါ။

ဘယ္လို ေတာ႐ိုင္းတိရစာၦန္ေရာဂါေတြက လူေတြအတြက္ ပိုအႏၲရာယ္ရွိႏိုင္သလဲဆိုတာကို ခန႔္မွန္းႏိုင္တဲ့ ပုံစံျပစနစ္တစ္ခုကို အခုအခါ ကြၽမ္းက်င္သူေတြက ဖန္တီးခဲ့ၾကပါတယ္။

ဒီစနစ္ကို ယူေကႏိုင္ငံ လစ္ဗာပူးလ္တကၠသိုလ္က သိပၸံပညာရွင္ေတြက ဦးေဆာင္ လုပ္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဒါဟာ ေနာင္မွာ ေရာဂါျဖစ္ပြားမႈေတြ ျဖစ္လာရင္ ပိုေကာင္းေကာင္း ျပင္ဆင္ထားႏိုင္မယ့္ နည္းလမ္းေတြ ရွာေနၾကတဲ့ ကမာၻတဝန္းကသိပၸံပညာရွင္ေတြရဲ႕ အားထုတ္မႈ တစိတ္တစ္ပိုင္းလည္း ျဖစ္ပါတယ္။

ေရာဂါဆိုးႀကီး ၅ ခုကို ေက်ာ္လႊားႏိုင္ခဲ့

"လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း ကပ္ေရာဂါႀကီး ၆ ခုနဲ႔ ကြၽန္ေတာ္တို႔ ႀကဳံခဲ့ရပါတယ္။ အဲဒီထဲက SARS ဆားစ္ ျပင္းထန္အဆုတ္ေရာင္ေရာဂါ၊ MERS မားစ္ အေရွ႕အလယ္ပိုင္း အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ Ebola အီဘိုလာေရာဂါ၊ avian influenza ၾကက္ငွက္တုပ္ေကြး ေရာဂါနဲ႔ swine flu ဝက္တုပ္ေကြးေရာဂါေတြကို ေက်ာ္လႊားႏိုင္ခဲ့ၾကပါတယ္။

အခုႀကဳံေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကလည္း ေနာက္ဆုံး ကပ္ေရာဂါႀကီးမဟုတ္ပါဘူး။ ေနာက္ထပ္ လာစရာေတြ ရွိပါေသးတယ္။ ဒီေတာ့ ေတာ႐ိုင္းတိရစာၦန္ေရာဂါေတြကို ဒါ့ထက္ ပိုအနီးကပ္ ေလ့လာဖို႔ လိုပါတယ္" လို႔ လစ္ဗာပူးလ္တကၠသိုလ္ ပါေမာကၡ မက္သ်ဴးေဘးလစ္စ္ က ေျပာပါတယ္။

ဒီလို အနီးကပ္ ေလ့လာရာမွာ သိထားၿပီးသမွ် ေတာ႐ိုင္းတိရစာၦန္ေရာဂါေတြရဲ႕ က်ယ္ျပန႔္တဲ့ အခ်က္အလက္ေတြကို အေသအခ်ာ ေဖာ္ထုတ္ႏိုင္တဲ့ ပုံစံျပ ခန႔္မွန္းမႈစနစ္တစ္ခုကို သူနဲ႔ လုပ္ေဖာ္ကိုင္ဘက္ သိပၸံပညာရွင္ေတြက ဖန္တီးခဲ့ၾကပါတယ္။

အရင္ သိထားၿပီးသမွ် ဘက္တီးရီးယား၊ ကပ္ပါးပိုး၊ ဗိုင္းရပ္စ္ပိုး ေထာင္ေပါင္းမ်ားစြာထဲကေန သူတို႔ကူးစက္ခဲ့တဲ့ မ်ိဳးစု အေရအတြက္နဲ႔ အမ်ိဳးအစားေတြေအာက္က သဲလြန္စေတြကို ဒီစနစ္က ေဖာ္ထုတ္ေပးႏိုင္ပါတယ္။ ဒီသဲလြန္စ အခ်က္အလက္ေတြကေန ဘယ္ေရာဂါပိုးက လူေတြအတြက္ အႏၲရာယ္အမ်ားဆုံးလဲ ဆိုတာကို ရွာေဖြေလ့လာရတာပါ။

တကယ္လို႔ အဓိက ဦးစားေပးၾကည့္ရမယ့္ ေရာဂါပိုးတစ္ခု ေတြ႕လာရင္ ေရာဂါ မျဖစ္ပြားခင္ ကာကြယ္နည္း၊ ကုသနည္းေတြ ရွာဖို႔ သိပၸံပညာရွင္ေတြအေနနဲ႔ သုေတသနႀကိဳးပမ္းမႈေတြကို ဦးတည္ ေဆာင္႐ြက္ႏိုင္ပါတယ္။

"ဘယ္ေရာဂါက ကပ္ေရာဂါဆိုးႀကီး ျဖစ္လာႏိုင္သလဲဆိုတာကို ေဖာ္ထုတ္ဖို႔က ေနာက္တစ္ဆင့္ ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ အခု ပထမအဆင့္မွာတင္ တိုးတက္ျဖစ္ထြန္းမႈေတြ ရွိေနပါတယ္" လို႔ ပါေမာကၡ ေဘးလစ္စ္က ေျပာျပပါတယ္။

ေလာ့ခ္ေဒါင္းကေန ရတဲ့ သင္ခန္းစာေတြ

လူေတြရဲ အမူအက်င့္ အထူးသျဖင့္ သစ္ေတာခုတ္ထြင္ရွင္းလင္းတာ၊ သဘာဝေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ ေနထိုင္မႈဘဝထဲ က်ဴးေက်ာ္ဝင္ေရာက္တာေတြဟာ တိရစာၦန္ေတြဆီက ေရာဂါပိုးေတြလူေတြဆီ ပိုကူးစက္ဖို႔ အေထာက္အကူ ျဖစ္ေစတယ္ဆိုတာကို သိပၸံပညာရွင္ အေတာ္မ်ားမ်ားက လက္ခံထားၾကပါတယ္။

လယ္ယာစိုက္ပ်ိဳးမႈေတြ၊ သီးႏွံစိုက္ပ်ိဳးမႈေတြလို လူေတြ ေျပာင္းလဲ ဖန္တီးတဲ့ ပတ္ဝန္းက်င္စနစ္ေၾကာင့္ ဇီဝေဂဟစနစ္ကို ေလ်ာ့က်သြားေစၿပီး လူေတြမွာ ေရာဂါ ကူးစက္မယ့္အႏၲရာယ္ေတြ ပိုႀကဳံလာရတယ္ ဆိုတာ အေထာက္အထားေတြက ေဖာ္ျပေနတယ္လို႔ လန္ဒန္ေကာလိပ္တကၠသိုလ္က ပါေမာကၡ ကိတ္ဂ်ဳန္းစ္က ေျပာပါတယ္။

"ေရာဂါအားလုံးကို ဆိုလိုတာ မဟုတ္ေပမဲ့ ႂကြက္၊ရွဥ့္တို႔လို လူေတြရဲ႕ ေႏွာင့္ယွက္မႈကို အခံရဆုံး ေတာ႐ိုင္းတိရစာၦန္ မ်ိဳးစုေတြကေတာ့ ေရာဂါျဖစ္ဖို႔နဲ႔ ေရာဂါ ျဖန႔္ျဖဴးေပးဖို႔ ပို အစြမ္းထက္ပါတယ္"

"ဇီဝေဂဟစနစ္ ဆုံးရႈံးသြားရင္ လူနဲ႔ ေတာ႐ိုင္းတိရစာၦန္အၾကား ထိေတြ႕ဆက္ဆံမႈ ပိုမ်ားလာၿပီး တိရစာၦန္ေတြမွာ ရွိတတ္တဲ့ ဗိုင္းရပ္စ္၊ ဘက္တီးရီးယား၊ ကပ္ပါးပိုးေတြက လူေတြဆီ ေရာက္လာဖို႔ အႏၲရာယ္ ပိုမ်ားလာပါတယ္"

လူေတြရဲ႕လုပ္ရပ္နဲ႔ သဘာဝေတာ႐ိုင္းတိရစာၦန္ေတြအၾကား ၾကားခံဆက္သြယ္တဲ့ ေနရာေတြ၊ ၾကားခံေကာင္ေတြဆီကေန ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြ ျဖစ္လာတယ္ဆိုတာကို အခု ေရာဂါျဖစ္ပြားမႈေတြက ေဖာ္ျပေနပါတယ္။

၁၉၉၉ ခုႏွစ္က အသီးစား လင္းႏို႔႐ိုင္းတစ္မ်ိဳးကေန ကူးစက္တဲ့ နီပါဗိုင္းရပ္စ္ေရာဂါ မေလးရွားႏိုင္ငံမွာ စျဖစ္ပြားခဲ့တုန္းက ေတာအုပ္တစ္ခုနားမွာ ရွိတဲ့ ဝက္ေမြးျမဴေရးၿခံႀကီးထဲ ေရာဂါ ကူးစက္ခဲ့ပါတယ္။ အဲဒီလင္းႏို႔ေတြ တစ္ဝက္တစ္ပ်က္ ကိုက္ထားၿပီး လင္းႏို႔ရဲ႕ တံေတြးေတြ ဖုံးေနတဲ့ အသီးေတြကို ဝက္ေတြ စားခဲ့ၾကပါတယ္။

လင္းႏို႔ေတြဆီကေန ေရာဂါ ရထားၾကတဲ့ ဝက္ေတြကေနတဆင့္ အဲဒီမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမား ၂၅၀ ေက်ာ္ကို ေရာဂါ ကူးခဲ့ပါတယ္။ အဲဒီထဲက တစ္ရာေက်ာ္ ေသဆုံးခဲ့ပါတယ္။ ခုလက္ရွိ ျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္က တိုးလာေနဆဲပါ။

ဒါေပမဲ့ ေလာေလာဆယ္ ခန႔္မွန္းခ်က္ေတြအရ ေသဆုံးသူက ၁ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ နီပါဗိုင္းရပ္စ္ကေတာ့ ေရာဂါျဖစ္သူရဲ႕ ၄၀ ကေန ၇၅ ရာခိုင္ႏႈန္းေလာက္ ေသဆုံးခဲ့တာပါ။

သုေတသီေတြအေနနဲ႔ ေရာဂါျဖစ္ပြားဖို႔ အႏၲရာယ္ ပိုမ်ားႏိုင္တဲ့ ေနရာေတြကို မျပတ္ေစာင့္ၾကည့္ေနဖို႔ လိုတယ္လို႔ လစ္ဗာပူးလ္တကၠသိုလ္နဲ႔ ႏိုင္႐ိုဘီၿမိဳ႕ ႏိုင္ငံတကာ ၿခံေမြးတိရစာၦန္ ေလ့လာေရးဌာနက ပါေမာကၡ အဲရစ္ ဖက္ဗေရက ေျပာပါတယ္။

ေတာအုပ္ေတြအနားမွာ ရွိတဲ့ ေမြးျမဴေရးၿခံေတြ၊ တိရစာၦန္ေရာင္းဝယ္တဲ့ ေဈးေတြဟာ လူနဲ႔ ေတာ႐ိုင္းတိရစာၦန္ေတြအၾကား အကာအရံ အတားအဆီး မရွိသေလာက္ ျဖစ္ၿပီး အဲဒီေနရာေတြဟာ ေရာဂါ စေပၚေပါက္တဲ့ေနရာေတြ ျဖစ္ဖို႔ မ်ားပါတယ္။

"ဒီလို ၾကားခံဆက္သြယ္တဲ့ေနရာမ်ိဳးေတြ၊ ၾကားခံေကာင္ေတြကို မျပတ္ ေစာင့္ၾကည့္ေနဖို႔နဲ႔ တစ္ေနရာရာမွာ ေရာဂါတစ္ခုခုျဖစ္ၿပီ၊ တစ္ခုခု ထူးၿပီ ဆိုတာနဲ႔ ခ်က္ခ်င္း တုံ႔ျပန္ေဆာင္႐ြက္ႏိုင္တဲ့စနစ္ေတြ ခ်မွတ္ထားဖို႔ လိုပါတယ္" လို႔ ပါေမာကၡ အဲရစ္ ဖက္ဗေရက ေျပာပါတယ္။

"တစ္ႏွစ္တစ္ႏွစ္ကို လူေတြအၾကား ေရာဂါအသစ္အဆန္း သုံးေလးႀကိမ္ေလာက္ ေပၚလာတတ္ပါတယ္။ အာရွ၊ ဒါမွမဟုတ္ အာဖရိက ေဒသေတြမွ မဟုတ္ပါဘူး၊ ဥေရာပနဲ႔ အေမရိကန္မွာလည္းျဖစ္ႏိုင္ပါတယ္"လို႔ သူက ေျပာပါတယ္။

ေရာဂါသစ္ကို မျပတ္ေစာင့္ၾကည့္ဖို႔က သိပ္ကို အေရးႀကီးလာေနၿပီလို႔ ပါေမာကၡ ေဘးလစ္စ္က ျဖည့္စြက္ေျပာခဲ့ပါတယ္။ ကပ္ေရာဂါဆိုးႀကီး အျမန္ေပၚလာေစမယ့္ အဆိုး႐ြားဆုံး အေျခအေနႀကီးကို လူေတြက ဖန္တီးခဲ့ၾကတာပါ လို႔ သူက ဘီဘီစီကို ေျပာပါတယ္။

ပါေမာကၡ ဖက္ဗေရကလည္း "ဒီလိုအျဖစ္မ်ိဳး ထပ္ခါ ထပ္ခါ ျပန္ျဖစ္မယ့္ပုံ ရွိပါတယ္"လို႔ ဆိုပါတယ္။"

သဘာဝေတာ႐ိုင္းပတ္ဝန္းက်င္နဲ႔ ထိေတြ႕ ဆက္ဆံတဲ့ကာလတေလွ်ာက္လုံး ဒီလို ျဖစ္ေနခဲ့တာပါ။ အခုခ်ိန္မွာ အေရးႀကီးတာက ဒါကို နားလည္ေအာင္ ဘယ္လိုလုပ္မလဲ၊ ဘယ္လိုတုံ႔ျပန္ ေျဖရွင္းမလဲ ဆိုတာပါ"

လူသားေတြေၾကာင့္ သဘာဝေတာ႐ိုင္းပတ္ဝန္းက်င္အေပၚ ႐ိုက္ခတ္မႈ အက်ိဳးဆက္အေၾကာင္း လက္ရွိ အက်ပ္အတည္းႀကီးကေန သင္ခန္းစာတစ္ခုကို ရခဲ့ၾကပါတယ္ လို႔ ပါေမာကၡ ဖက္ဗေရက ေျပာပါတယ္။

"လူေတြက သူတို႔ သုံးေနတဲ့အရာေတြအားလုံးကို လြယ္လြယ္ ရေနတယ္လို႔ သေဘာထားေနၾကပါတယ္။

ကြၽန္ေတာ္တို႔ စားတဲ့အစာေတြ၊ ဖုန္းေတြမွာ သုံးေနတဲ့ သတၱဳပစၥည္းေတြ စသျဖင့္ ဒါေတြကို မ်ားမ်ားသုံးေလ မသမာသူေတြက ကမာၻတဝန္းက သဘာဝသယံဇာတေတြကို အသုံးခ် အျမတ္ထုတ္ေလလုပ္ၾကမွာပါ။

ဒီေတာ့ကာ ကြၽန္ေတာ္တို႔ သုံးေနတဲ့ ဒီသယံဇာတအရင္းအျမစ္ေတြ အေၾကာင္းနဲ႔ ႐ိုက္ခတ္မႈအက်ိဳးဆက္ေတြအေၾကာင္းကို မျဖစ္မေန ေတြးေတာ ဆင္ျခင္ၾကရဖို႔ အခ်ိန္ေရာက္လာပါေတာ့မယ္"

BBC Burmese
https://www.bbc.com/burmese/world-53034823

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ