ဘရာဇီးမှာ ကိုဗစ်ကူးစက်သူ တသန်းကျော်ပြီ

ဘရာဇီးမှာ ဗိုင်းရပ်စ်ပြန့်ပွားနှုန်းက ဆက်မြင့်နေဦးမှာဖြစ်ပြီး ဒါအမြင့်ဆုံးအခြေအနေ မရောက်သေးဘူးလို့ ကျန်းမာရေးပညာရှင်တွေကပြော
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တသန်းကျော်သွားတဲ့နိုင်ငံစာရင်းမှာ ဘရာဇီးနိုင်ငံက ဒုတိယနိုင်ငံအဖြစ် ပါဝင်လာပြီး ရောဂါကလည်း ဆက်ပြန့်နေဆဲပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ရောဂါဖြစ်သူအသစ် ၅၄, ၀၀၀ ကျော်ရှိခဲ့တယ်လို့ ဘရာဇီး ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ စံချိန်တင်မြင့်တက်ခဲ့တာပါ။

သေဆုံးသူ ၁, ၂၀၀ လောက် ရှိတာ ဆက်တိုက် ၄ ရက်ရှိလာနေပြီး စုစုပေါင်း သေဆုံးသူ ၄၉, ၀၀၀ နီးပါး ရှိလာနေပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ နည်းပါးနေတယ်၊ တကယ်ဖြစ်နေသူ အရေအတွက်က ဒီထက်မက များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးကိုရောက်ဖို့ သီတင်းပတ်အတော် ဝေးနေသေးတယ်လို့လည်း သူတို့ကဆိုပါတယ်။

ဘရာဇီးမှာ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့သူ စုစုပေါင်း ၁, ၀၃၂, ၉၁၃ ရှိတယ်လို့ သောကြာနေ့က ကျန်းမာရေးဌာနက အတည်ပြုပြောပါတယ်။

ကြာသပတေးနေ့က တချို့ပြည်နယ်တွေ စာရင်းတွေ ပို့ရာမှာ အခက်အခဲတွေကြုံခဲ့ရတဲ့အတွက် ဒီထက်မကများတဲ့ အရေအတွက်က မကြာခင်ဖြစ်လာဦးမှာလို့လည်း သူတို့က ပြောပါတယ်။

လက်တင်အမေရိကနိုင်ငံတွေမှာ ဗိုင်းရပ်စ် ပြန့်ပွားတာ အတော်များများဖြစ်နေပြီး ချီလီ၊ ပီရူးတို့မှာလည်း ပြဿနာကကြီးပါတယ်။

မက္ကဆီကိုနိုင်ငံမှာ အစိုးရ တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေ အရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀, ၀၀၀ ကျော်သွားပါပြီ။

ကမ္ဘာမှာ ကိုဗစ် - ၁၉ ဖြစ်နေသူအများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ဖြစ်နေသူ ၂ .၂ သန်းကျော်ရှိသလို၊ အဲဒီမှာ လူပေါင်း ၁၁၉, ၀၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ

ဘရာဇီးမှာ တနိုင်ငံလုံးကို လော့ခ်ဒေါင်းလုပ်လိုက်တာမျိုးမရှိခဲ့ပါဘူး။ ပြည်နယ်တွေ၊ မြို့တွေက သူတို့ စည်းကမ်းသတ်မှတ်ချက် သူတို့ဘာသာ ထုတ်ပါတယ်။

စည်းမျဉ်းတွေချထားတာ လအတော်များများ ကြာလာခဲ့တဲ့နောက် တချို့ကလည်း ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပေးနေပါတယ်၊ ဒါပေမဲ့ ရောဂါပြန့်နှုန်းက ဆက်မြင့်နေဆဲပါ။

တချို့နေရာတွေမှာ ကျန်းမာရေးစနစ်က ကိုဗစ် - ၁၉ ရောဂါရသူတွေကို ပြုစုစောင့်ရှောက်ပေးဖို့ မတတ်နိုင်တော့ဘဲ ပြိုလဲသွားမှာကို စိုးရိမ်နေရတဲ့အခြေအနေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အရနည်းတဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေ၊ ဌာနေတိုင်းရင်းသားတွေနေထိုင်ကြတဲ့ဒေသတွေအပါအဝင် လူသူကျဲပါးတဲ့ ခေါင်တဲ့နေရာတွေမှာ ရောဂါက ပြန့်တာပိုမြန်နေတာကိုလည်း စိုးရိမ်ကြပါတယ်။

ဒီလိုအခြေအနေမှာ စီးပွားရေးသုံးသပ်သူတွေက နိုင်ငံရဲ့ စီးပွားရေးကျုံ့တာက ဒီနှစ်မှာ ၆ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်း ကြားရှိမယ်၊ အလုပ်အကိုင်ပေါင်း သန်းပေါင်းများစွာ ပျောက်သွားနိုင်တယ်လို့ ထောက်ပြနေကြပြီး စီးပွားရေးကို ပြန်စစေချင်နေကြတာကလည်း အကျယ်အပြန့်နဲ့ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က ပေးလာမယ့် ဘေးတွေက ချဲ့ကားပိုပြောနေကြတာလို့ ဂျအဲလ် ဘိုဆန်နာရိုက အစပိုင်းမှာ ပြောခဲ့
ဘရာဇီး သမ္မတ ယအဲလ် ဘိုဆန်နာရိုရဲ့ ဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံကိုလည်း လူအများက ဝေဖန်ကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ကျန်းမာရေးပညာရှင်တွေက အကြံပေးတဲ့ အချက်တွေ ဥပမာ - လူတွေ ခပ်ခွာခွာနေရမယ် ဆိုတဲ့ သိပ္ပံနည်းကျအကြံပေးမှုတွေကို သမ္မတက ပယ်ချပြီးမလိုက်နာခဲ့တာတွေဟာ ဒီအကျပ်အတည်း အခုလောက်ထိဆိုက်လာစေတဲ့ အကြောင်းရင်းတွေထဲက တခုလို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

ကပ်ဘေးအစပိုင်းမှာ မစ္စတာ ဘိုဆန်နာရိုက ဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ထက် ပိုပြီး ချဲ့ကားပြောနေကြတာလို့ ထပ်ခါ ထပ်ခါ ပြောလာနေခဲ့တာပါ။ သူ့ ကျန်းမာရေးဝန်ကြီးက ပြည်သူကိုပြောနေတဲ့ စကားတွေကို ဆန့်ကျင်ပြီး လူကြားသူကြားမှာ သူပြောနေခဲ့တာပါ။

တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ခဲ့ကြတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း နိုင်ငံရေး အသာစီးရအောင် တိုက်ကွက်ဖော်ကြဖို့ ဒီ ဗိုင်းရပ်စ်အရေးကို အသုံးချနေကြတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အမေရိကန် သမ္မတကို ထောက်ခံ အားကျတဲ့ ဘရာဇီးသမ္မတဟာ ဒီရောဂါဖြစ်သူတွေကို ကုသရေးအတွက် ဟိုက်ဒြောက်ဆီကလိုရိုကွင်း (hydroxychloroquine) သုံးစွဲကြဖို့ကိုလည်း မစ္စတာ ထရမ့်နည်းတူ သူတိုက်တွန်းခဲ့ပါတယ်။

ဒီဆေးဟာ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းကို မလျှော့ချနိုင်သလို ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောထားတာပါ။

ဘရာဇီးမှာ ဗိုင်းရပ်စ်ပြန့်ပွားတာထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီး ၂ ယောက်လည်း နုတ်ထွက်ခဲ့ပါပြီ။ အစိုးရရဲ့ ဗိုင်းရပ်စ်အရေး တုံ့ပြန်ဆောင်ရွက်တာကို ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ အတွေ့အကြုံ မရှိဖူးတဲ့ စစ်ဗိုလ်ချုပ်တယောက်က အခု ဦးဆောင်နေပါတယ်။

ဒီလိုကာလမှာ မစ္စတာ ဘိုဆန်နာရို နဲ့ သူ့ မဟာမိတ်တွေက မီဒီယာတွေကို ဆန့်ကျင်နေပြီး ထိခိုက်သူတွေ အရေအတွက်ကိုပဲ ဒီ မီဒီယာတွေက အာရုံစိုက်နေတယ်လို့ ဆိုနေကြပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
ဘရာဇီးမွာ ကိုဗစ္ကူးစက္သူ တသန္းေက်ာ္ၿပီ

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ တသန္းေက်ာ္သြားတဲ့ႏိုင္ငံစာရင္းမွာ ဘရာဇီးႏိုင္ငံက ဒုတိယႏိုင္ငံအျဖစ္ ပါဝင္လာၿပီး ေရာဂါကလည္း ဆက္ျပန္႔ေနဆဲပါ။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ေရာဂါျဖစ္သူအသစ္ ၅၄, ၀၀၀ ေက်ာ္ရွိခဲ့တယ္လို႔ ဘရာဇီး က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။ ဒါဟာ စံခ်ိန္တင္ျမင့္တက္ခဲ့တာပါ။

ေသဆုံးသူ ၁, ၂၀၀ ေလာက္ ရွိတာ ဆက္တိုက္ ၄ ရက္ရွိလာေနၿပီး စုစုေပါင္း ေသဆုံးသူ ၄၉, ၀၀၀ နီးပါး ရွိလာေနပါတယ္။

ဓာတ္ခြဲခန္းစမ္းသပ္မႈေတြ နည္းပါးေနတယ္၊ တကယ္ျဖစ္ေနသူ အေရအတြက္က ဒီထက္မက မ်ားႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းပါတယ္။

ျဖစ္ပြားမႈႏႈန္း အျမင့္ဆုံးကိုေရာက္ဖို႔ သီတင္းပတ္အေတာ္ ေဝးေနေသးတယ္လို႔လည္း သူတို႔ကဆိုပါတယ္။

ဘရာဇီးမွာ ဗိုင္းရပ္စ္ေရာဂါျဖစ္တဲ့သူ စုစုေပါင္း ၁, ၀၃၂, ၉၁၃ ရွိတယ္လို႔ ေသာၾကာေန႔က က်န္းမာေရးဌာနက အတည္ျပဳေျပာပါတယ္။

ၾကာသပေတးေန႔က တခ်ိဳ႕ျပည္နယ္ေတြ စာရင္းေတြ ပို႔ရာမွာ အခက္အခဲေတြႀကဳံခဲ့ရတဲ့အတြက္ ဒီထက္မကမ်ားတဲ့ အေရအတြက္က မၾကာခင္ျဖစ္လာဦးမွာလို႔လည္း သူတို႔က ေျပာပါတယ္။

လက္တင္အေမရိကႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ ျပန႔္ပြားတာ အေတာ္မ်ားမ်ားျဖစ္ေနၿပီး ခ်ီလီ၊ ပီ႐ူးတို႔မွာလည္း ျပႆနာကႀကီးပါတယ္။

မကၠဆီကိုႏိုင္ငံမွာ အစိုးရ တရားဝင္ထုတ္ျပန္တဲ့စာရင္းေတြ အရ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၀, ၀၀၀ ေက်ာ္သြားပါၿပီ။

ကမာၻမွာ ကိုဗစ္ - ၁၉ ျဖစ္ေနသူအမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ႏိုင္ငံမွာေတာ့ ျဖစ္ေနသူ ၂ .၂ သန္းေက်ာ္ရွိသလို၊ အဲဒီမွာ လူေပါင္း ၁၁၉, ၀၀၀ နီးပါး ေသဆုံးခဲ့ရၿပီးျဖစ္ပါတယ္။

အစိုးရရဲ႕ ကိုင္တြယ္ေဆာင္႐ြက္ပုံ

ဘရာဇီးမွာ တႏိုင္ငံလုံးကို ေလာ့ခ္ေဒါင္းလုပ္လိုက္တာမ်ိဳးမရွိခဲ့ပါဘူး။ ျပည္နယ္ေတြ၊ ၿမိဳ႕ေတြက သူတို႔ စည္းကမ္းသတ္မွတ္ခ်က္ သူတို႔ဘာသာ ထုတ္ပါတယ္။

စည္းမ်ဥ္းေတြခ်ထားတာ လအေတာ္မ်ားမ်ား ၾကာလာခဲ့တဲ့ေနာက္ တခ်ိဳ႕ကလည္း ျဖည္းျဖည္းခ်င္း ျပန္ေျဖေလွ်ာ့ေပးေနပါတယ္၊ ဒါေပမဲ့ ေရာဂါျပန႔္ႏႈန္းက ဆက္ျမင့္ေနဆဲပါ။

တခ်ိဳ႕ေနရာေတြမွာ က်န္းမာေရးစနစ္က ကိုဗစ္ - ၁၉ ေရာဂါရသူေတြကို ျပဳစုေစာင့္ေရွာက္ေပးဖို႔ မတတ္ႏိုင္ေတာ့ဘဲ ၿပိဳလဲသြားမွာကို စိုးရိမ္ေနရတဲ့အေျခအေနရွိပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈပိုင္း အရနည္းတဲ့ ဆင္းရဲတဲ့ ရပ္ကြက္ေတြ၊ ဌာေနတိုင္းရင္းသားေတြေနထိုင္ၾကတဲ့ေဒသေတြအပါအဝင္ လူသူက်ဲပါးတဲ့ ေခါင္တဲ့ေနရာေတြမွာ ေရာဂါက ျပန႔္တာပိုျမန္ေနတာကိုလည္း စိုးရိမ္ၾကပါတယ္။

ဒီလိုအေျခအေနမွာ စီးပြားေရးသုံးသပ္သူေတြက ႏိုင္ငံရဲ႕ စီးပြားေရးက်ဳံ႕တာက ဒီႏွစ္မွာ ၆ ရာခိုင္ႏႈန္း ကေန ၈ ရာခိုင္ႏႈန္း ၾကားရွိမယ္၊ အလုပ္အကိုင္ေပါင္း သန္းေပါင္းမ်ားစြာ ေပ်ာက္သြားႏိုင္တယ္လို႔ ေထာက္ျပေနၾကၿပီး စီးပြားေရးကို ျပန္စေစခ်င္ေနၾကတာကလည္း အက်ယ္အျပန႔္နဲ႔ျဖစ္ေနပါတယ္။

ဘရာဇီး သမၼတ ယအဲလ္ ဘိုဆန္နာ႐ိုရဲ႕ ဗိုင္းရပ္စ္အေရး ကိုင္တြယ္ပုံကိုလည္း လူအမ်ားက ေဝဖန္ၾကပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ အပါအဝင္ က်န္းမာေရးပညာရွင္ေတြက အႀကံေပးတဲ့ အခ်က္ေတြ ဥပမာ - လူေတြ ခပ္ခြာခြာေနရမယ္ ဆိုတဲ့ သိပၸံနည္းက်အႀကံေပးမႈေတြကို သမၼတက ပယ္ခ်ၿပီးမလိုက္နာခဲ့တာေတြဟာ ဒီအက်ပ္အတည္း အခုေလာက္ထိဆိုက္လာေစတဲ့ အေၾကာင္းရင္းေတြထဲက တခုလို႔ ကြၽမ္းက်င္သူေတြက ေျပာေနပါတယ္။

ကပ္ေဘးအစပိုင္းမွာ မစၥတာ ဘိုဆန္နာ႐ိုက ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ထက္ ပိုၿပီး ခ်ဲ႕ကားေျပာေနၾကတာလို႔ ထပ္ခါ ထပ္ခါ ေျပာလာေနခဲ့တာပါ။ သူ႔ က်န္းမာေရးဝန္ႀကီးက ျပည္သူကိုေျပာေနတဲ့ စကားေတြကို ဆန႔္က်င္ၿပီး လူၾကားသူၾကားမွာ သူေျပာေနခဲ့တာပါ။

တင္းက်ပ္တဲ့စည္းမ်ဥ္းေတြခ်မွတ္ခဲ့ၾကတဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြကိုလည္း ႏိုင္ငံေရး အသာစီးရေအာင္ တိုက္ကြက္ေဖာ္ၾကဖို႔ ဒီ ဗိုင္းရပ္စ္အေရးကို အသုံးခ်ေနၾကတယ္လို႔လည္း စြပ္စြဲခဲ့ပါတယ္။

အေမရိကန္ သမၼတကို ေထာက္ခံ အားက်တဲ့ ဘရာဇီးသမၼတဟာ ဒီေရာဂါျဖစ္သူေတြကို ကုသေရးအတြက္ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း (hydroxychloroquine) သုံးစြဲၾကဖို႔ကိုလည္း မစၥတာ ထရမ့္နည္းတူ သူတိုက္တြန္းခဲ့ပါတယ္။

ဒီေဆးဟာ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးမႈႏႈန္းကို မေလွ်ာ့ခ်ႏိုင္သလို ေဘးထြက္ဆိုးက်ိဳးေတြ ရွိတဲ့အေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ က ေျပာထားတာပါ။

ဘရာဇီးမွာ ဗိုင္းရပ္စ္ျပန႔္ပြားတာထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ၿပီး က်န္းမာေရး ဝန္ႀကီး ၂ ေယာက္လည္း ႏုတ္ထြက္ခဲ့ပါၿပီ။ အစိုးရရဲ႕ ဗိုင္းရပ္စ္အေရး တုံ႔ျပန္ေဆာင္႐ြက္တာကို ျပည္သူ႔က်န္းမာေရးနဲ႔ပတ္သက္လို႔ အေတြ႕အႀကဳံ မရွိဖူးတဲ့ စစ္ဗိုလ္ခ်ဳပ္တေယာက္က အခု ဦးေဆာင္ေနပါတယ္။

ဒီလိုကာလမွာ မစၥတာ ဘိုဆန္နာ႐ို နဲ႔ သူ႔ မဟာမိတ္ေတြက မီဒီယာေတြကို ဆန႔္က်င္ေနၿပီး ထိခိုက္သူေတြ အေရအတြက္ကိုပဲ ဒီ မီဒီယာေတြက အာ႐ုံစိုက္ေနတယ္လို႔ ဆိုေနၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53120978
ဘရာဇီးမှာ ကိုဗစ်ကူးစက်သူ တသန်းကျော်ပြီ ဘရာဇီးမှာ ကိုဗစ်ကူးစက်သူ တသန်းကျော်ပြီ Reviewed by THITHTOOLWIN on 04:31 Rating: 5
Powered by Blogger.