ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက် ၁၀ သန်းနီးပါးရှိပြီ

ဖလော်ရီဒါမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မှန်မှန်မြင့်တက်လာနေတာမှာ အခုဆို ပိုးကူးစက်မှုပေါင်း ၁၀ သန်းနား နီးလာပြီ ဖြစ်ပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းအရ စနေအစောပိုင်းမှာ ကမ္ဘာတဝန်း ကူးစက်မှု ၉ သန်း ၈ သိန်း ကျော်လာပါပြီ။

ကမ္ဘာ့နိုင်ငံတွေမှာ ပိုးကူးစက်မှု အများဆုံးက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ပိုးကူးစက်သူ အရေအတွက် ၂.၄ သန်းရှိပြီး သူ့နောက်မှာ ဘရာဇီးက ကူးစက်မှု ၁.၂ သန်းနဲ့ လိုက်ပါတယ်။

သေဆုံးသူ အရေအတွက်ကလည်း အမေရိကန်မှာ ၁၂၅,၀၀၀ ကျော်၊ ဘရာဇီးမှာ ၅၆,၀၀၀ ကျော် အသီးသီးနဲ့ အများဆုံးအနေအထားမှာ ရှိကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သောကြာတရက်တည်းနဲ့ ပိုးကူးစက်သူအသစ် ၄၅,၀၀၀ ကျော်အထိ ပထမဆုံးအကြိမ် ရောက်သွားခဲ့တာကြောင့် လောလောဆယ် ပိုးကူးစက်မှု မြင့်တက်နေတဲ့ ဖလော်ရီဒါပြည်နယ်နဲ့ တက္ကဆက်စ်ပြည်နယ်တွေမှာ ပိုးကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်က အပန်းဖြေကမ်းခြေ နေရာတချို့ကို လွတ်လပ်ရေးနေ့ ဇူလိုင်ပထမသီတင်းပတ်ကုန်မှာ ပိတ်ထားမှာဖြစ်ပြီး တက္ကဆက်စ်ပြည်နယ်မှာတော့ ယမကာဘားတွေ ပိတ်ခိုင်းလိုက်သလို စားသောက်ဆိုင်မှာ လက်ခံနိုင်တဲ့ လူအရေအတွက်ကိုလည်း လျှော့ခိုင်းထားပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်စီးပွားရေးအတွက် လုပ်ငန်းတွေ ပြန်ဖွင့်လှစ်တာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီးမှ ပိုးကူးစက်မှုတွေ မြင့်တက်လာလို့ အခုလို စည်းမျဉ်းတွေ ပြန်ချမှတ်ရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး အထူးအဖွဲ့ကတော့ ၂ လအတွင်း ပထမဆုံးအကြိမ် အနေနဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပသွားပြီး သမ္မတ Donald Trump ကတော့ မတက်ရောက်ခဲ့ပါဘူး။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ရောဂါဆိုင်ရာ စမ်းသပ်မှုတွေ၊ ကုသမှုတွေနဲ့ ကာကွယ်ဆေး ဖော်ထုတ်ဖို့အတွက် လာမယ့် ၁၂ လအတွင်း ရန်ပုံငွေ ဒေါ်လာ သန်း ၃၁,၀၀၀ ကျော်လှူဒါန်းဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို တိုက်တွန်းသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ကမာၻတဝန္း COVID-19 ကူးစက္မႈ အေရအတြက္ ၁၀ သန္းနီးပါးရွိၿပီ

ကမာၻတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ မွန္မွန္ျမင့္တက္လာေနတာမွာ အခုဆို ပိုးကူးစက္မႈေပါင္း ၁၀ သန္းနား နီးလာၿပီ ျဖစ္ပါတယ္။ Johns Hopkins တကၠသိုလ္ရဲ႕ မွတ္တမ္းအရ စေနအေစာပိုင္းမွာ ကမာၻတဝန္း ကူးစက္မႈ ၉ သန္း ၈ သိန္း ေက်ာ္လာပါၿပီ။

ကမာၻ႔ႏိုင္ငံေတြမွာ ပိုးကူးစက္မႈ အမ်ားဆုံးက အေမရိကန္ျပည္ေထာင္စုျဖစ္ၿပီး ပိုးကူးစက္သူ အေရအတြက္ ၂.၄ သန္းရွိၿပီး သူ႔ေနာက္မွာ ဘရာဇီးက ကူးစက္မႈ ၁.၂ သန္းနဲ႔ လိုက္ပါတယ္။

ေသဆုံးသူ အေရအတြက္ကလည္း အေမရိကန္မွာ ၁၂၅,၀၀၀ ေက်ာ္၊ ဘရာဇီးမွာ ၅၆,၀၀၀ ေက်ာ္ အသီးသီးနဲ႔ အမ်ားဆုံးအေနအထားမွာ ရွိၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေသာၾကာတရက္တည္းနဲ႔ ပိုးကူးစက္သူအသစ္ ၄၅,၀၀၀ ေက်ာ္အထိ ပထမဆုံးအႀကိမ္ ေရာက္သြားခဲ့တာေၾကာင့္ ေလာေလာဆယ္ ပိုးကူးစက္မႈ ျမင့္တက္ေနတဲ့ ဖေလာ္ရီဒါျပည္နယ္နဲ႔ တကၠဆက္စ္ျပည္နယ္ေတြမွာ ပိုးကူးစက္မႈ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းအသစ္ေတြ ထုတ္ျပန္လိုက္ပါတယ္။

ဖေလာ္ရီဒါျပည္နယ္က အပန္းေျဖကမ္းေျခ ေနရာတခ်ိဳ႕ကို လြတ္လပ္ေရးေန႔ ဇူလိုင္ပထမသီတင္းပတ္ကုန္မွာ ပိတ္ထားမွာျဖစ္ၿပီး တကၠဆက္စ္ျပည္နယ္မွာေတာ့ ယမကာဘားေတြ ပိတ္ခိုင္းလိုက္သလို စားေသာက္ဆိုင္မွာ လက္ခံႏိုင္တဲ့ လူအေရအတြက္ကိုလည္း ေလွ်ာ့ခိုင္းထားပါတယ္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ျပည္နယ္စီးပြားေရးအတြက္ လုပ္ငန္းေတြ ျပန္ဖြင့္လွစ္တာကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ခဲ့ၿပီးမွ ပိုးကူးစက္မႈေတြ ျမင့္တက္လာလို႔ အခုလို စည္းမ်ဥ္းေတြ ျပန္ခ်မွတ္ရတာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ေရး အထူးအဖြဲ႕ကေတာ့ ၂ လအတြင္း ပထမဆုံးအႀကိမ္ အေနနဲ႔ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲ က်င္းပသြားၿပီး သမၼတ Donald Trump ကေတာ့ မတက္ေရာက္ခဲ့ပါဘူး။

ဒီ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ပူးေပါင္းတိုက္ဖ်က္ေရးအဖြဲ႕ကို ဦးေဆာင္တဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ကေတာ့ ေရာဂါဆိုင္ရာ စမ္းသပ္မႈေတြ၊ ကုသမႈေတြနဲ႔ ကာကြယ္ေဆး ေဖာ္ထုတ္ဖို႔အတြက္ လာမယ့္ ၁၂ လအတြင္း ရန္ပုံေငြ ေဒၚလာ သန္း ၃၁,၀၀၀ ေက်ာ္လႉဒါန္းဖို႔ ကမာၻ႔ႏိုင္ငံေတြနဲ႔ ပုဂၢလိက အဖြဲ႕အစည္းေတြကို တိုက္တြန္းသြားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-infected-nearly-10m/5479806.html
ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက် ၁၀ သန်းနီးပါးရှိပြီ ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက် ၁၀ သန်းနီးပါးရှိပြီ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.