ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သားအချို့ အချုပ်ဖောက်ထွက်ပြေး


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၂၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့မရဲစခန်းတွင် ယနေ့ နံနက် ၄ နာရီခန့်က အချုပ်သားအချို့ အချုပ်ဖောက်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

၎င်းရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် အချုပ်သားများထဲမှ ၇ ဦးထက်မနည်းသော ထွက်ပြေးသွားကြောင်း သိရသည်ဟု အမည်မဖော်လိုသူ ရသေ့တောင်မြို့ခံသားတစ်ဦး နိရဉ္စရာသတင်းဌာနအား ပြောသည်။
“ဒီမနက်ပြေးတာ။ အိမ်သာနဲ့ ရေချိုးခန်းကတွဲလျက်ရှိတာလို့သိရတယ်အချုပ်ထဲမှာ။ အဲဒီအခန်းက သွပ်ခေါင်မိုးကို ဖောက်ပြီးပြေးသွားကြတာ။ ခုနစ်ယောက်လောက်ရှိမယ်လို့ကြားတယ်”ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးအောင်မြင့်သိန်းအား မေးမြန်းရာ ၎င်းမှာ ယင်းကိစ္စကို ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
“ဒီမနက်ကိုးနာရီလောက်မှ သိရတာ။ တပည့်တစ်ယောက်လာပြောမှ။ အခုမြို့နယ်ရဲမှူးကိုမေးနေပါတယ်။ ဖြစ်တာက ကတော့ ကြားပါတယ်” ဟုပြောသည်။

ရသေ့တောင်မြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းမကိုင်သဖြင့် ရဲဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

အိမ်စိုးဖြူ / Narinjara
-----------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သားအခ်ိဳ႕ အခ်ဳပ္ေဖာက္ထြက္ေျပး

နိရၪၥရာ၊ ဇြန္ ၂၇/၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ ၿမိဳ႕မရဲစခန္းတြင္ ယေန႔ နံနက္ ၄ နာရီခန႔္က အခ်ဳပ္သားအခ်ိဳ႕ အခ်ဳပ္ေဖာက္၍ ထြက္ေျပးသြားေၾကာင္း သတင္းရရွိသည္။

၎ရဲစခန္းတြင္ ဖမ္းဆီးခံထားရသည့္ အခ်ဳပ္သားမ်ားထဲမွ ၇ ဦးထက္မနည္းေသာ ထြက္ေျပးသြားေၾကာင္း သိရသည္ဟု အမည္မေဖာ္လိုသူ ရေသ့ေတာင္ၿမိဳ႕ခံသားတစ္ဦး နိရၪၥရာသတင္းဌာနအား ေျပာသည္။
“ဒီမနက္ေျပးတာ။ အိမ္သာနဲ႔ ေရခ်ိဳးခန္းကတြဲလ်က္ရွိတာလို႔သိရတယ္အခ်ဳပ္ထဲမွာ။ အဲဒီအခန္းက သြပ္ေခါင္မိုးကို ေဖာက္ၿပီးေျပးသြားၾကတာ။ ခုနစ္ေယာက္ေလာက္ရွိမယ္လို႔ၾကားတယ္”ဟု သူကေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးေအာင္ျမင့္သိန္းအား ေမးျမန္းရာ ၎မွာ ယင္းကိစၥကို ၾကားသိရေၾကာင္း အတည္ျပဳေျပာၾကားသည္။
“ဒီမနက္ကိုးနာရီေလာက္မွ သိရတာ။ တပည့္တစ္ေယာက္လာေျပာမွ။ အခုၿမိဳ႕နယ္ရဲမႉးကိုေမးေနပါတယ္။ ျဖစ္တာက ကေတာ့ ၾကားပါတယ္” ဟုေျပာသည္။

ရေသ့ေတာင္ၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္ေသာ္လည္း ဖုန္းမကိုင္သျဖင့္ ရဲဘက္က အတည္ျပဳခ်က္ကို ရယူႏိုင္ျခင္း မရွိေသးပါ။

အိမ္စိုးျဖဴ / Narinjara
https://www.facebook.com/narinjara.info/
ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သားအချို့ အချုပ်ဖောက်ထွက်ပြေး ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သားအချို့ အချုပ်ဖောက်ထွက်ပြေး Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.