ကိုဗစ်ကြောင့် မြန်မာအလုပ်လက်မဲ့ အရေအတွက် ၂ သိန်းခွဲကျော်ပြီ

ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာအလုပ်သမားများ။ (မတ် ၂၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
COVID-19 ရောဂါကြောင့် လတ်တလောမှာ အလုပ်သမား ၂ သိန်းခွဲကျော်လောက် အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အလုပ်လက်မဲ့တွေကို အလုပ်အကိုင် ရှာဖွေရေးကိုလည်း အတတ်နိုင်ဆုံး ရှာဖွေလုပ်ဆောင်ပေးနေတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မမေခ တင်ပြပေးထားပါတယ်။

COVID-19 ကပ်ရောဂါ အရှိန်မြင့်လာတဲ့ မတ်လလောက်ကစပြီး နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စာရင်းအရဆို ပြန်လာသူ ၁၁၀,၀၀၀ ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနဘက်က ပြောပါတယ်။ အစိုးရအနေနဲ့ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ ဂျပန် ဒီနိုင်ငံတွေကပြန်လာတဲ့ တရားဝင်စာရင်းရော လက်ရှိ တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကပါ ပြန်ဝင်လာတဲ့စာရင်း ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ပိတ်သွားရတဲ့ စက်ရုံ အလုပ်ရုံကြီး အခု ၃၀၀ လောက်ရှိကာ လုပ်ငန်းအသေးတွေပါ ပေါင်းမယ်ဆိုရင် လုပ်ငန်းပေါင်း ၆,၀၀၀ နီးပါး ပိတ်ခဲ့ရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ပိတ်လိုက်တဲ့ လုပ်ငန်းတွေအတွက် ပြည်တွင်းမှာ အလုပ်သမား ၁ သိန်းခွဲလောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ပြန်လာသူတွေနဲ့ပါ ပေါင်းရင် အလုပ်လက်မဲ့ဦးရေ ၂ သိန်းခွဲလောက် ရှိတယ်လို့ ပြောပါတယ်။

ဒီလူတွေအတွက် အလုပ်အကိုင် ရှာဖွေပေးနေတာနဲ့ ပတ်သက်လို့ ဦးမြင့်ကြိုင်က ခုလိုပြောပြပါတယ်။

“အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေ အလုပ်ရရှိဖို့ သက်ဆိုင်ရာ နယ်မြေတွေမှာ စာရင်းသွင်းထားတယ်။ နောက် သူတို့ ပြန်ဝင်လာတဲ့အချိန်မှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ကောက်ထားတယ်။ အင်နဲ့အားနဲ့ ပါဝင် ဆောင်ရွက်ရတဲ့ လုပ်ငန်းကြီးတွေ စီစဉ်နေတာရှိပါတယ်။ ဥပမာ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၊ လယ်ဆည်ဝန်ကြီးဌာနတို့၊ ဒီလုပ်ငန်းတွေမှာလည်း အလုပ်သမားတွေ ပါဝင်ဆောင်ရွက်နိုင်အောင် ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ ပြန်လာတဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်တဲ့ Skills တွေကို မှတ်တမ်းတင်ထားပြီး အလုပ်အကိုင်ပြပွဲတွေမှာ လိုအပ်နေတဲ့ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပြီး အလုပ်ရရှိရေး ဆောင်ရွက်တယ်။

“ပြည်ပကို အလုပ်လုပ်လိုတယ်၊ ပြည်ပရောက် အလုပ်သမားအနေနဲ့ တောင်းခံလာတဲ့ နေရာတွေကိုလည်း လေကြောင်းလိုင်း အဆင်ပြေတဲ့ပေါ် မူတည်ပြီးတော့ လွှတ်ဖို့ ကျနော်တို့ စီစဉ်နေတယ်။ ထိုင်းလိုနိုင်ငံတွေ ပြန်မလွှတ်ချင်ဘူး၊ သူတို့ဆီမှာပဲ ဗီဇာသက်တမ်းတိုးပေးပါ၊ စီအိုင်လက်မှတ် ထုတ်ပေးပါဆိုလည်း ဟိုမှာ သွားထုတ်ပေးဖို့ ဆောင်ရွက်နေပါတယ်။ နည်းမျိုးစုံနဲ့ အလုပ်လက်မဲ့တွေ ပပျောက်သွားအောင် ဆောင်ရွက်နေကြောင်း ဖြေကြားလိုပါတယ်။”

အိမ်နီးချင်းနိုင်ငံတွေဘက်က ကိုဗစ်ကာလ ဖြေလျော့မှုတွေ လုပ်ဆောင်လာရင် မြန်မာလုပ်သားတွေ အဆင်သင့် ပြန်ပို့ပေးနိုင်အောင် ပြင်ဆင်ပေးထားသလို ကိုဗစ်မဖြစ်ခင်ကတည်းက ရထားတဲ့ အလုပ်ခေါ်စာတွေကိုလည်း အခုအချိန်မှာ ပြန်လည်အကျုံးဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

“အဓိကစေလွှတ်နေတာက ထိုင်း၊ မလေးရှား။ နှစ်နိုင်ငံလုံးက ဒီချိန်ထိ ထိုင်းဆိုလည်း ဒီဇူလိုင်လကုန်ထိ ပိတ်တယ်ဆိုတဲ့သဘော လုပ်ထားတယ်။ မလေးရှားဆိုလည်း ဩဂုတ်လကုန်ထိ လုပ်ထားတယ်။ ကိုဗစ်မဖြစ်ခင်မှာ Demand Letter တွေ ရထားပြီးသားရှိတယ်၊ သူတို့ အလုပ်ခေါ်စာတွေ ရပြီးသားဟာတွေကို ဒီမှာ အကုန်လုံး အဆင်သင့်ပြင်ထားတယ်။ အခြေအနေကောင်းတာနဲ့ လွှတ်မယ်။ အဲတော့ အလုပ်သမား ဘယ်လိုစေလွှတ်နိုင်မလဲဆိုတာ သူတို့ပေါ်မှာလည်း မူတည်တယ်။”

အလုပ်ရုံတွေ ပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားသူတွေနဲ့ ယာယီ လုပ်ငန်းခွင် ရပ်နားထားလို့ အထောက်အပံ့ မဲ့နေသူတွေရှိနေပြီး ဒီထဲက အထည်ချုပ် အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂကနေ မြန်မာကျပ်ငွေ ၈ ဘီလီယံနီးပါး ညီမျှတဲ့ ယူရိုငွေ ၅ သန်း လျာထား ထောက်ပံ့ပေးနေပါတယ်။ အစိုးရဘက်ပိုင်းမှာတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေကို သီးခြား ထောက်ပံ့ပေးနေတာမျိုး မရှိဘဲ အခုထုတ်ပေးနေတဲ့ လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းကိုပဲ ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ေၾကာင့္ ျမန္မာအလုပ္လက္မဲ့ အေရအတြက္ ၂ သိန္းခြဲေက်ာ္ၿပီ

COVID-19 ေရာဂါေၾကာင့္ လတ္တေလာမွာ အလုပ္သမား ၂ သိန္းခြဲေက်ာ္ေလာက္ အလုပ္လက္မဲ့ ျဖစ္သြားရတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေျပာဆိုလိုက္ပါတယ္။ အလုပ္လက္မဲ့ေတြကို အလုပ္အကိုင္ ရွာေဖြေရးကိုလည္း အတတ္ႏိုင္ဆုံး ရွာေဖြလုပ္ေဆာင္ေပးေနတယ္လို႔ သူက ေျပာဆိုလိုက္ပါတယ္။ အျပည့္အစုံကို မေမခ တင္ျပေပးထားပါတယ္။

COVID-19 ကပ္ေရာဂါ အရွိန္ျမင့္လာတဲ့ မတ္လေလာက္ကစၿပီး ေနရပ္ျပန္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ စာရင္းအရဆို ျပန္လာသူ ၁၁၀,၀၀၀ ရွိတယ္လို႔ အလုပ္သမားဝန္ႀကီးဌာနဘက္က ေျပာပါတယ္။ အစိုးရအေနနဲ႔ ထိုင္း၊ ကိုရီးယား၊ မေလးရွား၊ ဂ်ပန္ ဒီႏိုင္ငံေတြကျပန္လာတဲ့ တရားဝင္စာရင္းေရာ လက္ရွိ တ႐ုတ္ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကပါ ျပန္ဝင္လာတဲ့စာရင္း ျဖစ္တယ္လို႔ အလုပ္သမားဝန္ႀကီးဌာနက ေျပာပါတယ္။

လက္ရွိ ျပည္တြင္းမွာ ပိတ္သြားရတဲ့ စက္႐ုံ အလုပ္႐ုံႀကီး အခု ၃၀၀ ေလာက္ရွိကာ လုပ္ငန္းအေသးေတြပါ ေပါင္းမယ္ဆိုရင္ လုပ္ငန္းေပါင္း ၆,၀၀၀ နီးပါး ပိတ္ခဲ့ရတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးျမင့္ႀကိဳင္က ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆိုလိုက္တာပါ။ ပိတ္လိုက္တဲ့ လုပ္ငန္းေတြအတြက္ ျပည္တြင္းမွာ အလုပ္သမား ၁ သိန္းခြဲေလာက္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရၿပီး ျပန္လာသူေတြနဲ႔ပါ ေပါင္းရင္ အလုပ္လက္မဲ့ဦးေရ ၂ သိန္းခြဲေလာက္ ရွိတယ္လို႔ ေျပာပါတယ္။

ဒီလူေတြအတြက္ အလုပ္အကိုင္ ရွာေဖြေပးေနတာနဲ႔ ပတ္သက္လို႔ ဦးျမင့္ႀကိဳင္က ခုလိုေျပာျပပါတယ္။

“အလုပ္လက္မဲ့ ျဖစ္သြားတဲ့ အလုပ္သမားေတြ အလုပ္ရရွိဖို႔ သက္ဆိုင္ရာ နယ္ေျမေတြမွာ စာရင္းသြင္းထားတယ္။ ေနာက္ သူတို႔ ျပန္ဝင္လာတဲ့အခ်ိန္မွာ သူတို႔ရဲ႕ ကြၽမ္းက်င္မႈေတြကို ေကာက္ထားတယ္။ အင္နဲ႔အားနဲ႔ ပါဝင္ ေဆာင္႐ြက္ရတဲ့ လုပ္ငန္းႀကီးေတြ စီစဥ္ေနတာရွိပါတယ္။ ဥပမာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔၊ လယ္ဆည္ဝန္ႀကီးဌာနတို႔၊ ဒီလုပ္ငန္းေတြမွာလည္း အလုပ္သမားေတြ ပါဝင္ေဆာင္႐ြက္ႏိုင္ေအာင္ ညႇိႏႈိင္း ေဆာင္႐ြက္ေပးေနပါတယ္။ ျပန္လာတဲ့ အလုပ္သမားေတြရဲ႕ ကြၽမ္းက်င္တဲ့ Skills ေတြကို မွတ္တမ္းတင္ထားၿပီး အလုပ္အကိုင္ျပပြဲေတြမွာ လိုအပ္ေနတဲ့ အလုပ္ရွင္ေတြနဲ႔ ညႇိႏႈိင္းၿပီး အလုပ္ရရွိေရး ေဆာင္႐ြက္တယ္။

“ျပည္ပကို အလုပ္လုပ္လိုတယ္၊ ျပည္ပေရာက္ အလုပ္သမားအေနနဲ႔ ေတာင္းခံလာတဲ့ ေနရာေတြကိုလည္း ေလေၾကာင္းလိုင္း အဆင္ေျပတဲ့ေပၚ မူတည္ၿပီးေတာ့ လႊတ္ဖို႔ က်ေနာ္တို႔ စီစဥ္ေနတယ္။ ထိုင္းလိုႏိုင္ငံေတြ ျပန္မလႊတ္ခ်င္ဘူး၊ သူတို႔ဆီမွာပဲ ဗီဇာသက္တမ္းတိုးေပးပါ၊ စီအိုင္လက္မွတ္ ထုတ္ေပးပါဆိုလည္း ဟိုမွာ သြားထုတ္ေပးဖို႔ ေဆာင္႐ြက္ေနပါတယ္။ နည္းမ်ိဳးစုံနဲ႔ အလုပ္လက္မဲ့ေတြ ပေပ်ာက္သြားေအာင္ ေဆာင္႐ြက္ေနေၾကာင္း ေျဖၾကားလိုပါတယ္။”

အိမ္နီးခ်င္းႏိုင္ငံေတြဘက္က ကိုဗစ္ကာလ ေျဖေလ်ာ့မႈေတြ လုပ္ေဆာင္လာရင္ ျမန္မာလုပ္သားေတြ အဆင္သင့္ ျပန္ပို႔ေပးႏိုင္ေအာင္ ျပင္ဆင္ေပးထားသလို ကိုဗစ္မျဖစ္ခင္ကတည္းက ရထားတဲ့ အလုပ္ေခၚစာေတြကိုလည္း အခုအခ်ိန္မွာ ျပန္လည္အက်ဳံးဝင္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

“အဓိကေစလႊတ္ေနတာက ထိုင္း၊ မေလးရွား။ ႏွစ္ႏိုင္ငံလုံးက ဒီခ်ိန္ထိ ထိုင္းဆိုလည္း ဒီဇူလိုင္လကုန္ထိ ပိတ္တယ္ဆိုတဲ့သေဘာ လုပ္ထားတယ္။ မေလးရွားဆိုလည္း ဩဂုတ္လကုန္ထိ လုပ္ထားတယ္။ ကိုဗစ္မျဖစ္ခင္မွာ Demand Letter ေတြ ရထားၿပီးသားရွိတယ္၊ သူတို႔ အလုပ္ေခၚစာေတြ ရၿပီးသားဟာေတြကို ဒီမွာ အကုန္လုံး အဆင္သင့္ျပင္ထားတယ္။ အေျခအေနေကာင္းတာနဲ႔ လႊတ္မယ္။ အဲေတာ့ အလုပ္သမား ဘယ္လိုေစလႊတ္ႏိုင္မလဲဆိုတာ သူတို႔ေပၚမွာလည္း မူတည္တယ္။”

အလုပ္႐ုံေတြ ပိတ္သိမ္းလိုက္လို႔ အလုပ္လက္မဲ့ ျဖစ္သြားသူေတြနဲ႔ ယာယီ လုပ္ငန္းခြင္ ရပ္နားထားလို႔ အေထာက္အပံ့ မဲ့ေနသူေတြရွိေနၿပီး ဒီထဲက အထည္ခ်ဳပ္ အလုပ္သမားေတြအတြက္ ဥေရာပသမဂၢကေန ျမန္မာက်ပ္ေငြ ၈ ဘီလီယံနီးပါး ညီမွ်တဲ့ ယူ႐ိုေငြ ၅ သန္း လ်ာထား ေထာက္ပံ့ေပးေနပါတယ္။ အစိုးရဘက္ပိုင္းမွာေတာ့ အလုပ္လက္မဲ့ ျဖစ္သြားတဲ့ အလုပ္သမားေတြကို သီးျခား ေထာက္ပံ့ေပးေနတာမ်ိဳး မရွိဘဲ အခုထုတ္ေပးေနတဲ့ လူမႈဖူလုံေရးေၾကး ၄၀ ရာခိုင္ႏႈန္းကိုပဲ ေပးတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-myanmar-workers/5479889.html
ကိုဗစ်ကြောင့် မြန်မာအလုပ်လက်မဲ့ အရေအတွက် ၂ သိန်းခွဲကျော်ပြီ ကိုဗစ်ကြောင့် မြန်မာအလုပ်လက်မဲ့ အရေအတွက် ၂ သိန်းခွဲကျော်ပြီ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.