တောကျွဲအင်းမြို့၌ ၁၈ ဘီးယာဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက် ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွား


(Unicode)⤵⤵⤵
ကျောက်တံခါး ဇွန်  ၁၃ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ ရွှေဝါကျေးရွာအနီးတွင် ဇွန်  ၁၃ ရက် မနက် ၄ နာရီခွဲ ခန့်က ၁၈ဘီးယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင် ဝင်တိုက်၍ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

ဖြစ်စဥ်မှာ တောကျွဲအင်မြို့၊ ရွှေဝါကျေးရွာအနီးတွင် ယာဥ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ နယ်မြေခံရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်အောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဥ်မောင်း ဝေဖြိုးအောင်(၃၂)နှစ် ပြင်စည်ကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဥ်နောက်လိုက် နိုင်လင်းအောင်(၃၀)နှစ် သဲတောကန်ကျေးရွာ၊ နွားထိုးကြီးမြို့နေသူ လိုက်ပါလာသော ယာဥ်အမှတ် MDY.4N/------Mitsubishi Fuso အမျိုးအစား စိမ်းကြားရောင် ဦးခေါင်းပိုင်း ၆ ဘီးယာဥ်နှင့် နောက်တွဲအမှတ် ITLR------ အဖြူရောင်နောက်တွဲ ၁၂ ဘီး စုစုပေါင်း ၁၈ ဘီးတွဲယာဥ်သည် ရန်ကုန်၊မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၉/၄ နှင့် ၅ အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ  လမ်းဘေးကုက္ကိုပင်အား ဝင်တိုက်မိရာ FOSO ယာဥ်မှာ ဦးခေါင်းပိုင်း ကြေမွပျက်စီးပြီး ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် နှစ်ဦးစလုံးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သို့ပါ၍ ယာဥ်ကို မဆင်မခြင်ပေါ့ဆစွာ လူသေဆုံးအောင် မောင်းနှင်သူ ဝေဖြိုးအောင် အား တောကျွဲအင်းနယ်မြေရဲစခန်းက  အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်) / Myanmaalinn
---------------------------------
(Zawgyi)⤵⤵⤵
ေတာကြၽဲအင္းၿမိဳ႕၌ ၁၈ ဘီးယာဥ္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးသစ္ပင္ဝင္တိုက္ ယာဥ္ေပၚပါ အမ်ိဳးသားႏွစ္ဦး ေသဆုံးမႈျဖစ္ပြား

ေက်ာက္တံခါး ဇြန္  ၁၃ 

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေတာကြၽဲအင္းၿမိဳ႕၊ ေ႐ႊဝါေက်း႐ြာအနီးတြင္ ဇြန္  ၁၃ ရက္ မနက္ ၄ နာရီခြဲ ခန္႔က ၁၈ဘီးယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးသစ္ပင္ ဝင္တိုက္၍ ယာဥ္ေပၚပါ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့သည္။

ျဖစ္စဥ္မွာ ေတာကြၽဲအင္ၿမိဳ႕၊ ေ႐ႊဝါေက်း႐ြာအနီးတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားေၾကာင္းသတင္းအရ နယ္ေျမခံရဲစခန္းမွ ဒုရဲအုပ္ ရန္ႏိုင္ေအာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ အခင္းျဖစ္ေနရာတြင္ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္း ေဝၿဖိဳးေအာင္(၃၂)ႏွစ္ ျပင္စည္ေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးေနသူ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ႏိုင္လင္းေအာင္(၃၀)ႏွစ္ သဲေတာကန္ေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕ေနသူ လိုက္ပါလာေသာ ယာဥ္အမွတ္ MDY.4N/------Mitsubishi Fuso အမ်ိဳးအစား စိမ္းၾကားေရာင္ ဦးေခါင္းပိုင္း ၆ ဘီးယာဥ္ႏွင့္ ေနာက္တြဲအမွတ္ ITLR------ အျဖဴေရာင္ေနာက္တြဲ ၁၂ ဘီး စုစုေပါင္း ၁၈ ဘီးတြဲယာဥ္သည္ ရန္ကုန္၊မႏၲေလးကားလမ္းေဟာင္း မိုင္တိုင္အမွတ္ ၁၀၉/၄ ႏွင့္ ၅ အၾကားအေရာက္တြင္ အရွိန္မထိန္းႏိုင္ဘဲ  လမ္းေဘးကုကၠိဳပင္အား ဝင္တိုက္မိရာ FOSO ယာဥ္မွာ ဦးေခါင္းပိုင္း ေၾကမြပ်က္စီးၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ႏွစ္ဦးစလုံးမွာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္။

သို႔ပါ၍ ယာဥ္ကို မဆင္မျခင္ေပါ့ဆစြာ လူေသဆုံးေအာင္ ေမာင္းႏွင္သူ ေဝၿဖိဳးေအာင္ အား ေတာကြၽဲအင္းနယ္ေျမရဲစခန္းက  အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေနလင္း(ေညာင္ေလးပင္) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောကျွဲအင်းမြို့၌ ၁၈ ဘီးယာဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက် ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွား တောကျွဲအင်းမြို့၌ ၁၈ ဘီးယာဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက် ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:39 Rating: 5
Powered by Blogger.