တရုတ်နိုင်ငံမှာ ဓာတ်ငွေ့တင်ကား မီးလောင်ပေါက်ကွဲမှု ၁၉ ဦးသေ

ဓာတ်ငွေ့ရည်တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦနဲ့ ကားတစီး။ (ဇွန် ၁၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာ ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ ကားတစီး မီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦး သေဆုံးပြီး ၁၇၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင် Xinhua သတင်းဌာနက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

Wenling မြို့အဝင် အဝေးပြေးလမ်းပေါ်မှာ မနေ့တုန်းက ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲတဲ့နေရာမှာ မီးတောက် မီးခိုးတွေ ဖုံးလွှမ်းသွားသလို အနီးက စက်ရုံတရုံ အပါအဝင် အိမ်ခြေအဆောက်အဦတွေနဲ့ ကားတွေလည်း ပျက်စီးခဲ့ပါတယ်။

“ပေါက်ကွဲမှုကြောင့် အနားက အလုပ်လုပ်နေတဲ့ စက်ရုံတရုံ ပြိုကျသွားပါတယ်။ စက်ရုံပြိုကျလို့ ထိခိုက်မှုက ပိုသိသာပါတယ်။ တဆင့်ပြီးတဆင့် ပြိုကျခဲ့တာပါ။ နောက်ပြီးတော့ မီတာ ၆၀-၇၀ လောက်ဝေးတဲ့ နေရာက အိမ်ခြေ အဆောက်အဦတွေက တိုက်ခန်း ၂၀၀ လောက်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အနားက ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ ဒီနယ်မြေထဲက ရွှေ့ပြောင်းလုပ်သား လမ်းသွားလမ်းလာတွေလည်း ပေါက်ကွဲမှုဒဏ် ခံလိုက်ရတယ်” လို့ မီးသတ်ဌာန အကြီးအကဲ Zhu Zhixiang က ပြောပါတယ်။

ဓာတ်ငွေ့ရည်တင်ကား ပေါက်ကွဲရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေတယ်လို့ နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားဌာနက ပြောပါတယ်။

လူထု ဘေးကင်းလုံခြုံရေးကိစ္စ တာဝန်ယူထားသူ တရုတ်အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးရေး အမြန်ဆုံးလုပ်ဆောင်ဖို့ တောင်းဆိုထားသလို ယာဉ်ထိန်းရဲတွေကိုလည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သယ်ဆောင်တဲ့ ကားတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ ဓာတ္ေငြ႕တင္ကား မီးေလာင္ေပါက္ကြဲမႈ ၁၉ ဦးေသ

တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္မွာ ဓာတ္ေငြ႕ရည္ တင္ေဆာင္လာတဲ့ ကားတစီး မီးေလာင္ေပါက္ကြဲလို႔ လူ ၁၉ ဦး ေသဆုံးၿပီး ၁၇၂ ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ႏိုင္ငံပိုင္ Xinhua သတင္းဌာနက ဒီကေန႔ပဲ ေျပာဆိုလိုက္ပါတယ္။

Wenling ၿမိဳ႕အဝင္ အေဝးေျပးလမ္းေပၚမွာ မေန႔တုန္းက ေပါက္ကြဲမႈ ျဖစ္ခဲ့တာပါ။ ေပါက္ကြဲတဲ့ေနရာမွာ မီးေတာက္ မီးခိုးေတြ ဖုံးလႊမ္းသြားသလို အနီးက စက္႐ုံတ႐ုံ အပါအဝင္ အိမ္ေျခအေဆာက္အဦေတြနဲ႔ ကားေတြလည္း ပ်က္စီးခဲ့ပါတယ္။

“ေပါက္ကြဲမႈေၾကာင့္ အနားက အလုပ္လုပ္ေနတဲ့ စက္႐ုံတ႐ုံ ၿပိဳက်သြားပါတယ္။ စက္႐ုံၿပိဳက်လို႔ ထိခိုက္မႈက ပိုသိသာပါတယ္။ တဆင့္ၿပီးတဆင့္ ၿပိဳက်ခဲ့တာပါ။ ေနာက္ၿပီးေတာ့ မီတာ ၆၀-၇၀ ေလာက္ေဝးတဲ့ ေနရာက အိမ္ေျခ အေဆာက္အဦေတြက တိုက္ခန္း ၂၀၀ ေလာက္လည္း ထိခိုက္ပ်က္စီးခဲ့ပါတယ္။ အနားက ကားေတြလည္း ပ်က္စီးခဲ့ပါတယ္။ ဒီနယ္ေျမထဲက ေ႐ႊ႕ေျပာင္းလုပ္သား လမ္းသြားလမ္းလာေတြလည္း ေပါက္ကြဲမႈဒဏ္ ခံလိုက္ရတယ္” လို႔ မီးသတ္ဌာန အႀကီးအကဲ Zhu Zhixiang က ေျပာပါတယ္။

ဓာတ္ေငြ႕ရည္တင္ကား ေပါက္ကြဲရတဲ့ အေၾကာင္းရင္းကို အာဏာပိုင္ေတြ စုံစမ္း စစ္ေဆးေနတယ္လို႔ ႏိုင္ငံပိုင္ CCTV ႐ုပ္ျမင္သံၾကားဌာနက ေျပာပါတယ္။

လူထု ေဘးကင္းလုံၿခဳံေရးကိစၥ တာဝန္ယူထားသူ တ႐ုတ္အာဏာပိုင္ေတြကေတာ့ စုံစမ္းစစ္ေဆးေရး အျမန္ဆုံးလုပ္ေဆာင္ဖို႔ ေတာင္းဆိုထားသလို ယာဥ္ထိန္းရဲေတြကိုလည္း အႏၲရာယ္ရွိတဲ့ ဓာတုပစၥည္းေတြ သယ္ေဆာင္တဲ့ ကားေတြကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ စစ္ေဆးဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/gas-tanker-explosion-in-china/5462101.html
တရုတ်နိုင်ငံမှာ ဓာတ်ငွေ့တင်ကား မီးလောင်ပေါက်ကွဲမှု ၁၉ ဦးသေ တရုတ်နိုင်ငံမှာ ဓာတ်ငွေ့တင်ကား မီးလောင်ပေါက်ကွဲမှု ၁၉ ဦးသေ Reviewed by THITHTOOLWIN on 05:08 Rating: 5
Powered by Blogger.