ကျောက်တော်မှာ ရဲအရာရှိတစ်ဦး အသတ်ခံရ



Share/Bookmark

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းက ရဲအရာရှိ တစ်ဦး ဇွန်လ ၁၃ ရက် စနေနေ့ မွန်းလွဲ ၃ နာရီခွဲကျော်မှာ သူ့နေအိမ်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီရဲအရာရှိဟာ ရဲစခန်းကနေ မြို့သစ်ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို အပြန် နေအိမ်အနီးမှာ အမည်မသိ အမျိုးသား ၆ ဦးခန့်က ဓား၊ စကေဘာတွေနဲ့ ဝိုင်းဝန်းထိုးနှက်ခဲ့လို့ ဆေးရုံပို့ကုသစဉ်မှာ သေဆုံးခဲ့တာလို့ ဖော်ပြပါတယ်။

ကျောက်တော်မြို့ပေါ် သာသနာ့ဗိမာန်ရှေ့မှာ ဒီနေ့ ညနေ ၃ နာရီကျော်က ရဲအုပ်တစ်ဦး ဓားထို့းခံရပြီးသေဆုံးသွားတယ်လို့ မြို့မစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကလည်း အတည်ပြု ပါတယ်။

အဲဒီရဲအရာရှိဟာ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူက ကလေးနေမကောင်းကြောင်း ဖုန်းဆက်အကြောင်းကြားလို့ အိမ်ပြန်လာစဉ်မှာ အခုလို အသတ်ခံရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို အေအေတပ်ဖွဲ့က အရပ်သားအသွင်ဆောင်တိုက်ခိုက်ခဲ့တာလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်မှာ ပုဏ္ဏားကျွန်းမြို့ နယ်မြေခံတပ်က တပ်မတော် အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးကို ဓား၊ သံတုတ်တွေနဲ့ ရိုက်ပုတ်ထိုးနှက်ပြီး စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ကိုလည်း အေအေအဖွဲ့က လုပ်ဆောင်တယ်လို့ ပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်အကြောင်းရော တပ်ဘက်က စွပ်စွဲချက်တွေကိုပါ အေအေဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ကျောက်တော်မှာ တိုက်ခိုက်ခံရလို့ သေဆုံးသူ ရဲအရာရှိဟာ အသက် ၅၀ နှစ် ဝန်းကျင်အရွယ်ရှိပြီး လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ဦး ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

အခုနောက်ပိုင်းမှာ အဲဒီလို အခင်းဖြစ်စဉ်တွေကို သွားကြည့်တဲ့အခါ သွားရောက်စုံစမ်းကြည့်ရှုသူတွေအတွက် အန္တရာယ်ရှိတတ်လို့ ဒေသခံတွေက မသွားကြတဲ့အတွက် လူသတ်မှု ဖြစ်စဉ်ကို အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ ဦးမောင်သန်းစိန်က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦး ကျောက်တော် စက်လှေဆိပ်မှာ ဓားထိုးခံရမှု ဖြစ်ပွားခဲ့ပြီး ကျောက်တော်မြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားတဲ့ မြို့နယ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္မွာ ရဲအရာရွိတစ္ဦး အသတ္ခံရ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းက ရဲအရာရွိ တစ္ဦး ဇြန္လ ၁၃ ရက္ စေနေန႔ မြန္းလြဲ ၃ နာရီခြဲေက်ာ္မွာ သူ႔ေနအိမ္အနီးမွာ အသတ္ခံခဲ့ရတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

အဲဒီရဲအရာရွိဟာ ရဲစခန္းကေန ၿမိဳ႕သစ္ရပ္ကြက္မွာရွိတဲ့ ေနအိမ္ကို အျပန္ ေနအိမ္အနီးမွာ အမည္မသိ အမ်ိဳးသား ၆ ဦးခန္႔က ဓား၊ စေကဘာေတြနဲ႔ ဝိုင္းဝန္းထိုးႏွက္ခဲ့လို႔ ေဆး႐ုံပို႔ကုသစဥ္မွာ ေသဆုံးခဲ့တာလို႔ ေဖာ္ျပပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚ သာသနာ့ဗိမာန္ေရွ႕မွာ ဒီေန႔ ညေန ၃ နာရီေက်ာ္က ရဲအုပ္တစ္ဦး ဓားထို႔းခံရၿပီးေသဆုံးသြားတယ္လို႔ ၿမိဳ႕မစခန္းမႉး ဒုရဲမႉး မ်ိဳးျမင့္ကလည္း အတည္ျပဳ ပါတယ္။

အဲဒီရဲအရာရွိဟာ ရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနစဥ္ ဇနီးျဖစ္သူက ကေလးေနမေကာင္းေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားလို႔ အိမ္ျပန္လာစဥ္မွာ အခုလို အသတ္ခံရတာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒီတိုက္ခိုက္မႈကို ေအေအတပ္ဖြဲ႕က အရပ္သားအသြင္ေဆာင္တိုက္ခိုက္ခဲ့တာလို႔လည္း အဲဒီထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္မွာ ပုဏၰားကြၽန္းၿမိဳ႕ နယ္ေျမခံတပ္က တပ္မေတာ္ အရာရွိတစ္ဦးနဲ႔ စစ္သည္တစ္ဦးကို ဓား၊ သံတုတ္ေတြနဲ႔ ႐ိုက္ပုတ္ထိုးႏွက္ၿပီး စစ္သည္ကို ဖမ္းဆီးေခၚေဆာင္သြားတဲ့ ျဖစ္စဥ္ကိုလည္း ေအေအအဖြဲ႕က လုပ္ေဆာင္တယ္လို႔ ေျပာဆိုထားပါတယ္။

ဒီျဖစ္စဥ္အေၾကာင္းေရာ တပ္ဘက္က စြပ္စြဲခ်က္ေတြကိုပါ ေအေအဘက္ကေတာ့ တစုံတရာ တုံ႔ျပန္ေျပာဆိုတာ မေတြ႕ရေသးပါဘူး။

ေက်ာက္ေတာ္မွာ တိုက္ခိုက္ခံရလို႔ ေသဆုံးသူ ရဲအရာရွိဟာ အသက္ ၅၀ ႏွစ္ ဝန္းက်င္အ႐ြယ္ရွိၿပီး လူမႈဆက္ဆံေရးေကာင္းမြန္သူတစ္ဦး ျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

အခုေနာက္ပိုင္းမွာ အဲဒီလို အခင္းျဖစ္စဥ္ေတြကို သြားၾကည့္တဲ့အခါ သြားေရာက္စုံစမ္းၾကည့္ရႈသူေတြအတြက္ အႏၲရာယ္ရွိတတ္လို႔ ေဒသခံေတြက မသြားၾကတဲ့အတြက္ လူသတ္မႈ ျဖစ္စဥ္ကို အေသးစိတ္ကိုေတာ့ မသိရွိရဘူးလို႔ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

၂၀၁၉ ခုႏွစ္မွာလည္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးတစ္ဦး ေက်ာက္ေတာ္ စက္ေလွဆိပ္မွာ ဓားထိုးခံရမႈ ျဖစ္ပြားခဲ့ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲေတြ အျပင္းထန္ဆုံး ျဖစ္ပြားတဲ့ ၿမိဳ႕နယ္ေတြထဲမွာ တစ္ခု အပါအဝင္ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53034824

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ