နှစ်နိုင်ငံနယ်စပ်ဘက် တပ်တွေ ထပ်လွှတ်မယ်လို့ မြောက်ကိုရီးယားကြေညာ

မြောက်ကိုရီးယားနိုင်ငံနယ်စပ် Paju မြို့ရှိ အစောင့်စစ်တပ်။ (မေ ၀၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး နောက်တနေ့မှာပဲ မြောက်ကိုရီးယားက သူ့တပ်တွေကို နယ်စပ်အနီး ထပ်ပြီး စေလွှတ်မယ်လို့ ကြေငြာပါတယ်။ တင်းမာမှုလျှော့ချရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့် တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကိုလည်း မြောက်ကိုရီးယားက ဒေါသတကြီး ပယ်ချခဲ့တာပါ။


Kaesong စက်မှုဇုန်နဲ့ Mt.Kumgang အပန်းဖြေစခန်း ဧရိယာတဝိုက်တပ်တွေ ဗုဒ္ဓဟူးနေ့မှာ ပြန်ဝင်လာမယ်လို့ မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရသူရဲ့ ကြေငြာချက်ကိုအစိုးရသတင်းဌာန KCNA ကကြေငြာသွားပါတယ်။ ဒါ့အပြင် ရှေ့တန်းလုံခြုံရေး အင်အားကောင်းလာဖို့အတွက်ဆိုပြီး အရင်တုန်းက စွန့်ပစ်ထားတဲ့ ကင်းစခန်းတွေကို ပြန်အသုံးပြုသွားမယ်လို့လည်း ကြေငြာခဲ့တာပါ။
တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်း
တောင်ကိုရီးယားနယ်စပ် ပင်လယ်ကမ်းခြေအနီးမှာလည်း မြောက်ကိုရီးယားရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှုအားလုံးကို ပြန်စမယ်လို့ KCNA က ကြေငြာခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ ၂၀၁၈ ခုနှစ်မှာ သမိုင်းဝင်တွေ့ဆုံဆွေးနွေးရာက ရလာတဲ့ တိုးတက်မှုအတော်များများဟာ မြောက်ကိုရီးယားရဲ့ လတ်တလော လုပ်ရပ်တွေကြောင့် ပျက်ပြယ်သွားပါပြီ။

နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။ တောင်ကိုရီးယားနဲ့ တရားဝင်ဆွေးနွေးမှု အားလုံးကို ဖြတ်တောက်မယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားက ကြေငြာထားပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးသွားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ မိုးပျံပူဖောင်းတွေ အသုံးပြုပြီး မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ စာတွေနဲ့ တခြားပစ္စည်းတွေ ပစ်လွှတ်နေတဲ့အပေါ် တောင်ကိုရီးယား အစိုးရက ထိထိရောက်ရောက်မတားဆီးနိုင်တဲ့ အတွက် မြောက်ကိုရီးယားဘက်က ဒေါသထွက်နေပုံလည်း ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------
(Zawgyi)⤵⤵⤵
ႏွစ္ႏိုင္ငံနယ္စပ္ဘက္ တပ္ေတြ ထပ္လႊတ္မယ္လို႔ ေျမာက္ကိုရီးယားေၾကညာ

ေတာင္နဲ႔ ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေဖာက္ခြဲဖ်က္ဆီးလိုက္ၿပီး ေနာက္တေန႔မွာပဲ ေျမာက္ကိုရီးယားက သူ႔တပ္ေတြကို နယ္စပ္အနီး ထပ္ၿပီး ေစလႊတ္မယ္လို႔ ေၾကျငာပါတယ္။ တင္းမာမႈေလွ်ာ့ခ်ေရး ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔ ကိုယ္စားလွယ္အဖြဲ႕ေစလႊတ္မယ့္ ေတာင္ကိုရီးယားရဲ႕ ကမ္းလွမ္းခ်က္ကိုလည္း ေျမာက္ကိုရီးယားက ေဒါသတႀကီး ပယ္ခ်ခဲ့တာပါ။

Kaesong စက္မႈဇုန္နဲ႔ Mt.Kumgang အပန္းေျဖစခန္း ဧရိယာတဝိုက္တပ္ေတြ ဗုဒၶဟူးေန႔မွာ ျပန္ဝင္လာမယ္လို႔ ေျမာက္ကိုရီးယား စစ္တပ္ေျပာခြင့္ရသူရဲ႕ ေၾကျငာခ်က္ကိုအစိုးရသတင္းဌာန KCNA ကေၾကျငာသြားပါတယ္။ ဒါ့အျပင္ ေရွ႕တန္းလုံၿခဳံေရး အင္အားေကာင္းလာဖို႔အတြက္ဆိုၿပီး အရင္တုန္းက စြန႔္ပစ္ထားတဲ့ ကင္းစခန္းေတြကို ျပန္အသုံးျပဳသြားမယ္လို႔လည္း ေၾကျငာခဲ့တာပါ။

ေတာင္ကိုရီးယားနယ္စပ္ ပင္လယ္ကမ္းေျခအနီးမွာလည္း ေျမာက္ကိုရီးယားရဲ႕ ပုံမွန္ စစ္ေရးေလ့က်င့္မႈအားလုံးကို ျပန္စမယ္လို႔ KCNA က ေၾကျငာခဲ့ပါတယ္။ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္းနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအြန္းတို႔ ၂၀၁၈ ခုႏွစ္မွာ သမိုင္းဝင္ေတြ႕ဆုံေဆြးေႏြးရာက ရလာတဲ့ တိုးတက္မႈအေတာ္မ်ားမ်ားဟာ ေျမာက္ကိုရီးယားရဲ႕ လတ္တေလာ လုပ္ရပ္ေတြေၾကာင့္ ပ်က္ျပယ္သြားပါၿပီ။

ႏွစ္ႏိုင္ငံနယ္စပ္ ဆက္ဆံေရး႐ုံးကို ေျမာက္ကိုရီးယားက အဂၤါေန႔မွာ ေဖာက္ခြဲဖ်က္ဆီးခဲ့တာပါ။ ေတာင္ကိုရီးယားနဲ႔ တရားဝင္ေဆြးေႏြးမႈ အားလုံးကို ျဖတ္ေတာက္မယ္ဆိုၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျမာက္ကိုရီးယားက ေၾကျငာထားပါတယ္။

ေျမာက္ကိုရီးယားကေန ထြက္ေျပးသြားခဲ့တဲ့ တက္ႂကြလႈပ္ရွားသူေတြက နယ္စပ္ကေန မိုးပ်ံပူေဖာင္းေတြ အသုံးျပဳၿပီး ေျမာက္ကိုရီးယားကို ဆန႔္က်င္တဲ့ စာေတြနဲ႔ တျခားပစၥည္းေတြ ပစ္လႊတ္ေနတဲ့အေပၚ ေတာင္ကိုရီးယား အစိုးရက ထိထိေရာက္ေရာက္မတားဆီးႏိုင္တဲ့ အတြက္ ေျမာက္ကိုရီးယားဘက္က ေဒါသထြက္ေနပုံလည္း ရပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/north-south-korea-tensions/5466064.html
နှစ်နိုင်ငံနယ်စပ်ဘက် တပ်တွေ ထပ်လွှတ်မယ်လို့ မြောက်ကိုရီးယားကြေညာ နှစ်နိုင်ငံနယ်စပ်ဘက် တပ်တွေ ထပ်လွှတ်မယ်လို့ မြောက်ကိုရီးယားကြေညာ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.