အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနေ

အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူတဦးကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်၊ ဘရာဇီးလ်နဲ့ ရုရှားနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ် သေဆုံးသူ ၂,၀၀၀ ကျော် တိုးလာပါတယ်။

Delhi နဲ့ Maharashtra ပြည်နယ်တွေက အစောပိုင်းစာရင်းတွေမှာ မပါခဲ့တဲ့ သေဆုံးသူဦးရေ ၁,၆၇၂ ယောက်ပါ ထည့်သွင်းထားတာပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်းသေဆုံးသူ ၁၁,၉၀၃ ယောက် ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ သေဆုံးမှုနှုန်း အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်မှာ နေ့စဉ်ကူးစက်သူ လူနာသစ် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၀၀ ကျော် ရှိနေတာပါ။ အခုနောက်တိုး စာရင်းတွေအရ သေဆုံးမှုနှုန်းဟာလည်း ၂.၉ ရာခိုင်နှုန်းကနေ ၃.၄ ရာခိုင်နှုန်းအထိ တက်လာပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern
နယူးဇီလန်နိုင်ငံမှာတော့ ရောဂါကင်းရှင်းကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ရောဂါကူးစက်မှုတွေ တကျော့ပြန်ပေါ်လာတဲ့အတွက် နယ်စပ်တွေမှာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးဖို့ ထိပ်တန်းစစ်တပ်အရာရှိ တဦးကို ဝန်ကြီးချုပ် Jacinda Ardern က ဒီကနေ့ပဲ တာဝန်ပေးလိုက်ပါတယ်။

ကမ္ဘာမှာသေဆုံးသူ အများဆုံးဖြစ်နေတဲ့ အမေရိကန်ကတော့ ကနေဒါနိုင်ငံနဲ့ နယ်စပ်တွေမှာ မဖြစ်မနေကိစ္စက လွဲလို့ သွားလာခွင့်မပေးဖို့ ပိတ်ထားတာကို ဇူလိုင်လ ၂၁ ရက်နေ့အထိ သက်တမ်းတိုးခဲ့တာပါ။ အမေရိကန်မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၁၆,၉၀၀ ကျော် ရှိနေပြီး ကူးစက်မှုပေါင်း ၂,၁၀၀,၀၀၀ ကျော် အတည်ပြုထားပါတယ်။

အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ပထမကမ္ဘာစစ်အတွင်း သေဆုံးသွားတဲ့ အမေရိကန် နိုင်ငံသားအရေအတွက်ထက် ပိုများသွားပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူအေရအတြက္ ပိုတိုးလာေန

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္၊ ဘရာဇီးလ္နဲ႔ ႐ုရွားႏိုင္ငံေတြၿပီးရင္ စတုတၳအမ်ားဆုံးျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာ ေနာက္ထပ္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္ တိုးလာပါတယ္။

Delhi နဲ႔ Maharashtra ျပည္နယ္ေတြက အေစာပိုင္းစာရင္းေတြမွာ မပါခဲ့တဲ့ ေသဆုံးသူဦးေရ ၁,၆၇၂ ေယာက္ပါ ထည့္သြင္းထားတာပါ။ အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စုစုေပါင္းေသဆုံးသူ ၁၁,၉၀၃ ေယာက္ ရွိေနတဲ့ အိႏၵိယႏိုင္ငံဟာ ကမာၻမွာ ေသဆုံးမႈႏႈန္း အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။

လြန္ခဲ့တဲ့ သီတင္း ၂ ပတ္မွာ ေန႔စဥ္ကူးစက္သူ လူနာသစ္ ၁၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၀၀ ေက်ာ္ ရွိေနတာပါ။ အခုေနာက္တိုး စာရင္းေတြအရ ေသဆုံးမႈႏႈန္းဟာလည္း ၂.၉ ရာခိုင္ႏႈန္းကေန ၃.၄ ရာခိုင္ႏႈန္းအထိ တက္လာပါတယ္။

နယူးဇီလန္ႏိုင္ငံမွာေတာ့ ေရာဂါကင္းရွင္းေၾကာင္း ေၾကညာအၿပီး ရက္ပိုင္းအတြင္းမွာပဲ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ေပၚလာတဲ့အတြက္ နယ္စပ္ေတြမွာ က်န္းမာေရးေစာင့္ၾကည့္စစ္ေဆးဖို႔ ထိပ္တန္းစစ္တပ္အရာရွိ တဦးကို ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ဒီကေန႔ပဲ တာဝန္ေပးလိုက္ပါတယ္။

ကမာၻမွာေသဆုံးသူ အမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ကေတာ့ ကေနဒါႏိုင္ငံနဲ႔ နယ္စပ္ေတြမွာ မျဖစ္မေနကိစၥက လြဲလို႔ သြားလာခြင့္မေပးဖို႔ ပိတ္ထားတာကို ဇူလိုင္လ ၂၁ ရက္ေန႔အထိ သက္တမ္းတိုးခဲ့တာပါ။ အေမရိကန္မွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၁၁၆,၉၀၀ ေက်ာ္ ရွိေနၿပီး ကူးစက္မႈေပါင္း ၂,၁၀၀,၀၀၀ ေက်ာ္ အတည္ျပဳထားပါတယ္။

အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ပထမကမာၻစစ္အတြင္း ေသဆုံးသြားတဲ့ အေမရိကန္ ႏိုင္ငံသားအေရအတြက္ထက္ ပိုမ်ားသြားၿပီျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/india-covid/5466113.html
အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနေ အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနေ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.