စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်


(Unicode)⤵⤵⤵
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့်  ၅ လအကြာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အများအပြားကတော့  ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါဘူး။

နယ်မြေမတည်ငြိမ်တဲ့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရရေးထက် လုံခြုံစိတ်ချမှုရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးကိုပဲ မျှော်လင့်နေကြတာပါ။

ကိုင်းကြီးဒုက္ခသည်စခန်းမှာ ၇ လကြာ နေထိုင်နေရတဲ့ ဒုက္ခသည် တစ်ဦးကတော့ စခန်းမှာ အဆင်မပြေလို့ ရွာအမြန်ပြန်ချင်ပြီလို့  ပြောပါတယ်။

“ရွေးကောက်ပွဲ လုပ်ရင်လည်း မတတ်နိုင်ဘူး။ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဒီမှာ အခက်အခဲတွေ ရှိတယ်။  ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ အဆင်မပြေဘူး။ အိမ်တွေကလည်း ပြိုသွားပြီ။ အိမ်ကို ပြန်ချင်ပြီ။ ကျွန်တော်တို့ရွာကို ပြန်ချင်ပြီ”

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖြစ်မောက်ရေးအတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့လိုပြီး  ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ အကြောက်တရားတွေ မရှိအောင် လုပ်ဖို့လိုတယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

“သူတို့ရဲ့နေ့စဉ်ဘဝမှာ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အရာ တစ်ခုဖြစ်မယ် မထင်တော့ဘူး၊ ကျွန်တော့်အမြင် ပြောတာပါ။ သူတို့ဘဝမှာ အသက်ရှင်သန်ဖို့ အေးအေးဆေးဆေး နေရဖို့၊ မိသားစုနဲ့ နွေးနွေးထွေးထွေးနေရဖို့၊ သားသမီးတွေကို စာသင်ဖို့ အဲဒါပဲ စိတ်ဝင်စားတယ်။ ရွေးကောက်ပွဲ ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာက သူတို့အတွက် သိပ်စဉ်းစားတော့မှာ စိတ်ဝင်စားမှု နည်းတဲ့အတွက် မဲပေးတဲ့သူကတော့ နည်းမှာသေချာတယ်”

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျကိုတော့ ကော်မရှင်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး ရက်အတိအကျကို သတ်မှတ်ကြေညာသွားမယ်လို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ မဲဆန္ဒနယ်နဲ့ မဲရုံသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း နိုင်ငံရေး ပါတီတချို့ကတော့ လာမယ့် ရွေးကောက်ပွဲအတွက် ပါတီတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါပြီ။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လက်ရှိအချိန်မှာ မဲရရှိဖို့ထက် စစ်ဘေးဒုက္ခသည်တွေ ကိုယ့်ရပ်ရွာကို လုံခြုံစိတ်ချစွာ ပြန်နေနိုင်ဖို့အတွက်ကိုပဲ ဦးစားပေး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ရွာသူရွာသားတွေကို ကျွန်မတို့အနေနဲ့ မဲရဖို့အတွက်ချည်းပဲ အခုအချိန်မှာ လုပ်နေလို့ အဆင်မပြေဘူး။ ရွေးကောက်ပွဲထက် သူတို့စားဝတ်နေရေးက ပိုအရေးကြီးတယ်။ နောက်တစ်ခုက သူတို့ လုံခြုံစွာနေနိုင်ရေးက ပိုအရေးကြီးတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် အခုအချိန်အထိ ထွက်ပြေးရတုန်းပါပဲ။ ဘယ်လိုပဲ ရွေးကောက်ပွဲက အရေးကြီးတယ်လို့ ပြောပေမယ့် တိုက်ပွဲတွေ ရပ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေး ချမ်းချမ်း ငြိမ်းချမ်းရေးကိုပဲ အားသွန်နေတဲ့ အချိန်ဖြစ်ပါတယ်။ သူတို့အဆင်ပြေပြေနဲ့ လုံခြုံစွာနေနိုင်ရေး အတွက် ပထမဦးစားပေးအနေနဲ့ လုပ်ဖို့ပဲ ရည်ရွည်ချက်ရှိနေတယ်။ ရွေးကောက်ပွဲ တကယ်လို့ ကျင်းပနိုင်ခဲ့ မယ်ဆိုရင် ဒါဟာ ဒုတိယဦးစားပေး အဆင့်ပဲ ဖြစ်ပါလိမ့်မယ်”

ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နေရပ်မပြန်နိုင်ဘူးဆိုရင် စစ်ဘေး ဒုက္ခသည်တွေ မဲပေးဖို့ ခက်ခဲနိုင်ပြီး သူတို့အတွက် ကော်မရှင်က ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို  စောင့်ကြည့်နေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ကချင်စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ဘူး။ မဲစာရင်းက နေရပ်မှာ ရှိတာမျိုး ဖြစ်ခဲ့တယ်။ ကော်မရှင်ဘက်ကလည်း မဲထည့်ဖို့အတွက် စီစဉ်ပေးတဲ့နေရာတွေမှာ မပြည့်စုံတဲ့အပိုင်းတွေ ရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း မဲပေးဖို့ထက် စားဝတ်နေရေးနဲ့ နေရပ်ပြန်နိုင်ရေးကိုပဲ ပိုပြီးတော့ ဦးစားပေးစဉ်းစားတာမျိုးတွေ ရှိတယ်။ စစ်ဘေးရှောင်တွေက မဲပေးမှု အတော်လေးနည်းတယ်လို့ ပြောကြတာတွေရှိတယ်။ အခုက ကချင်ဘက်မှာမဟုတ်ဘဲ ရခိုင်ဘက်မှာ ဖြစ်နေတယ်။ ပြဿနာပုံစံချင်းက တူနေတယ်။ အဲဒီအပေါ်မှာ တစ်အချက်ကတော့ သူတို့ နေရပ်ပြန်နိုင်မလား။ ရွေးကောက်ပွဲ မတိုင်ခင်မှာ နေရပ်မပြန်နိုင်ရင် စစ်ဘေးရှောင်စခန်းတွေမှာပဲ သူတို့မဲပေးဖို့ကို ကော်မရှင်က ဘယ်လိုစီစဉ်ပေးမလဲ ကြည့်ရမယ်။ အဓိက ပြဿနာကတော့ စစ်ဘေးရှောင်တွေက မဲပေးတာ မပေးတာထက်၊ မဲပေးချင်စိတ်ထက် သူတို့နေရပ်ပြန်ချင်စိတ် သူတို့စားဝတ်နေရေး ပြေလည်ချင်စိတ်က ပိုများနေမှာတော့ သေချာတယ်”

ကော်မရှင်က မေလအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး ပါတီစုစုပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် မကြာခဏဆိုသလို အရပ်သား ထိခိုက်မှုတွေရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းနီးပါး ရှိနေပါတယ်။

ဖြူဖြူခိုင် / RFA Burmese
----------------------------------

(Zawgyi)⤵⤵⤵
စစ္ေဘးဒုကၡသည္ေတြ ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားႏိုင္

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို လာမယ့္  ၅ လအၾကာမွာ က်င္းပမယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာထားေပမယ့္ ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ အမ်ားအျပားကေတာ့  ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားႏိုင္ၾကပါဘူး။

နယ္ေျမမတည္ၿငိမ္တဲ့ ခ်င္းျပည္နယ္ ပလက္ဝနဲ႔ ရခိုင္ျပည္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြက စစ္ေဘးဒုကၡသည္ေတြ ကေတာ့ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ ရေရးထက္ လုံၿခဳံစိတ္ခ်မႈရွိစြာနဲ႔ ေနရပ္ျပန္ႏိုင္ေရးကိုပဲ ေမွ်ာ္လင့္ေနၾကတာပါ။

ကိုင္းႀကီးဒုကၡသည္စခန္းမွာ ၇ လၾကာ ေနထိုင္ေနရတဲ့ ဒုကၡသည္ တစ္ဦးကေတာ့ စခန္းမွာ အဆင္မေျပလို႔ ႐ြာအျမန္ျပန္ခ်င္ၿပီလို႔  ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲ လုပ္ရင္လည္း မတတ္ႏိုင္ဘူး။ ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားဘူး။ ဒီမွာ အခက္အခဲေတြ ရွိတယ္။  ဒုကၡသည္စခန္းမွာ ေနထိုင္ရတာ အဆင္မေျပဘူး။ အိမ္ေတြကလည္း ၿပိဳသြားၿပီ။ အိမ္ကို ျပန္ခ်င္ၿပီ။ ကြၽန္ေတာ္တို႔႐ြာကို ျပန္ခ်င္ၿပီ”

ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔အၾကား လက္ရွိအခ်ိန္အထိ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ ျပည္ထဲေရး ဝန္ႀကီးဌာနနဲ႔ ကာကြယ္ေရး ဝန္ႀကီးဌာန အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးေနတယ္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ဇြန္လ ၄ ရက္ေန႔က ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲ ျဖစ္ေမာက္ေရးအတြက္ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းဖို႔လိုၿပီး  ျပည္သူေတြရဲ႕ စိုးရိမ္ပူပန္မႈနဲ႔ အေၾကာက္တရားေတြ မရွိေအာင္ လုပ္ဖို႔လိုတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာက ေျပာပါတယ္။

“သူတို႔ရဲ႕ေန႔စဥ္ဘဝမွာ ေ႐ြးေကာက္ပြဲဟာ အေရးႀကီးတဲ့အရာ တစ္ခုျဖစ္မယ္ မထင္ေတာ့ဘူး၊ ကြၽန္ေတာ့္အျမင္ ေျပာတာပါ။ သူတို႔ဘဝမွာ အသက္ရွင္သန္ဖို႔ ေအးေအးေဆးေဆး ေနရဖို႔၊ မိသားစုနဲ႔ ေႏြးေႏြးေထြးေထြးေနရဖို႔၊ သားသမီးေတြကို စာသင္ဖို႔ အဲဒါပဲ စိတ္ဝင္စားတယ္။ ေ႐ြးေကာက္ပြဲ ျဖစ္ျခင္း၊ မျဖစ္ျခင္း ဆိုတာက သူတို႔အတြက္ သိပ္စဥ္းစားေတာ့မွာ စိတ္ဝင္စားမႈ နည္းတဲ့အတြက္ မဲေပးတဲ့သူကေတာ့ နည္းမွာေသခ်ာတယ္”

ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္ အတိအက်ကိုေတာ့ ေကာ္မရွင္က ထုတ္ျပန္ထားတာ မရွိေသးပါဘူး။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္မႈအေပၚ မူတည္ၿပီး ရက္အတိအက်ကို သတ္မွတ္ေၾကညာသြားမယ္လို႔ ေနျပည္ေတာ္မွာ ဇြန္လ ၃ ရက္ေန႔က က်င္းပတဲ့ မဲဆႏၵနယ္နဲ႔ မဲ႐ုံသတ္မွတ္ႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွာ ေျပာဆိုထားပါတယ္။

ဒါေပမဲ့လည္း ႏိုင္ငံေရး ပါတီတခ်ိဳ႕ကေတာ့ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ ပါတီတြင္း ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနၾကပါၿပီ။

ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက လက္ရွိအခ်ိန္မွာ မဲရရွိဖို႔ထက္ စစ္ေဘးဒုကၡသည္ေတြ ကိုယ့္ရပ္႐ြာကို လုံၿခဳံစိတ္ခ်စြာ ျပန္ေနႏိုင္ဖို႔အတြက္ကိုပဲ ဦးစားေပး လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

“႐ြာသူ႐ြာသားေတြကို ကြၽန္မတို႔အေနနဲ႔ မဲရဖို႔အတြက္ခ်ည္းပဲ အခုအခ်ိန္မွာ လုပ္ေနလို႔ အဆင္မေျပဘူး။ ေ႐ြးေကာက္ပြဲထက္ သူတို႔စားဝတ္ေနေရးက ပိုအေရးႀကီးတယ္။ ေနာက္တစ္ခုက သူတို႔ လုံၿခဳံစြာေနႏိုင္ေရးက ပိုအေရးႀကီးတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္မွာဆိုရင္ အခုအခ်ိန္အထိ ထြက္ေျပးရတုန္းပါပဲ။ ဘယ္လိုပဲ ေ႐ြးေကာက္ပြဲက အေရးႀကီးတယ္လို႔ ေျပာေပမယ့္ တိုက္ပြဲေတြ ရပ္ၿပီးေတာ့ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာမွာ ေအးေအး ခ်မ္းခ်မ္း ၿငိမ္းခ်မ္းေရးကိုပဲ အားသြန္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ သူတို႔အဆင္ေျပေျပနဲ႔ လုံၿခဳံစြာေနႏိုင္ေရး အတြက္ ပထမဦးစားေပးအေနနဲ႔ လုပ္ဖို႔ပဲ ရည္႐ြည္ခ်က္ရွိေနတယ္။ ေ႐ြးေကာက္ပြဲ တကယ္လို႔ က်င္းပႏိုင္ခဲ့ မယ္ဆိုရင္ ဒါဟာ ဒုတိယဦးစားေပး အဆင့္ပဲ ျဖစ္ပါလိမ့္မယ္”

ေ႐ြးေကာက္ပြဲ မတိုင္ခင္ကာလမွာ ေနရပ္မျပန္ႏိုင္ဘူးဆိုရင္ စစ္ေဘး ဒုကၡသည္ေတြ မဲေပးဖို႔ ခက္ခဲႏိုင္ၿပီး သူတို႔အတြက္ ေကာ္မရွင္က ဘယ္လိုစီစဥ္ေပးမလဲဆိုတာကို  ေစာင့္ၾကည့္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ အေျခစိုက္ ပြင့္လင္းျမန္မာေရွ႕ေဆာင္အဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္က ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက ကခ်င္စစ္ေဘးေရွာင္ေတြဟာ ေနရပ္မျပန္ႏိုင္ဘူး။ မဲစာရင္းက ေနရပ္မွာ ရွိတာမ်ိဳး ျဖစ္ခဲ့တယ္။ ေကာ္မရွင္ဘက္ကလည္း မဲထည့္ဖို႔အတြက္ စီစဥ္ေပးတဲ့ေနရာေတြမွာ မျပည့္စုံတဲ့အပိုင္းေတြ ရွိတယ္။ သူတို႔ကိုယ္တိုင္ကလည္း မဲေပးဖို႔ထက္ စားဝတ္ေနေရးနဲ႔ ေနရပ္ျပန္ႏိုင္ေရးကိုပဲ ပိုၿပီးေတာ့ ဦးစားေပးစဥ္းစားတာမ်ိဳးေတြ ရွိတယ္။ စစ္ေဘးေရွာင္ေတြက မဲေပးမႈ အေတာ္ေလးနည္းတယ္လို႔ ေျပာၾကတာေတြရွိတယ္။ အခုက ကခ်င္ဘက္မွာမဟုတ္ဘဲ ရခိုင္ဘက္မွာ ျဖစ္ေနတယ္။ ျပႆနာပုံစံခ်င္းက တူေနတယ္။ အဲဒီအေပၚမွာ တစ္အခ်က္ကေတာ့ သူတို႔ ေနရပ္ျပန္ႏိုင္မလား။ ေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ ေနရပ္မျပန္ႏိုင္ရင္ စစ္ေဘးေရွာင္စခန္းေတြမွာပဲ သူတို႔မဲေပးဖို႔ကို ေကာ္မရွင္က ဘယ္လိုစီစဥ္ေပးမလဲ ၾကည့္ရမယ္။ အဓိက ျပႆနာကေတာ့ စစ္ေဘးေရွာင္ေတြက မဲေပးတာ မေပးတာထက္၊ မဲေပးခ်င္စိတ္ထက္ သူတို႔ေနရပ္ျပန္ခ်င္စိတ္ သူတို႔စားဝတ္ေနေရး ေျပလည္ခ်င္စိတ္က ပိုမ်ားေနမွာေတာ့ ေသခ်ာတယ္”

ေကာ္မရွင္က ေမလအတြင္း ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိၿပီး ပါတီစုစုေပါင္း ၉၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ ႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ မၾကာခဏဆိုသလို အရပ္သား ထိခိုက္မႈေတြရွိေနၿပီး အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ အေရအတြက္ ႏွစ္သိန္းနီးပါး ရွိေနပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/program_2/rakhine-state-election-06072020020944.html
စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင် စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင် Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.