အမေရိကန်ရဲတွေ လူသတ်ရင် ဘာလို့ပြစ်ဒဏ်ချခံရမှု နည်းတာလဲ

အမေရိကန်နိုင်ငံက ရဲတွေရဲ့ သတ်ဖြတ်မှု ၉၉%လောက်မှာ ကျူးလွန်တဲ့ ရဲတွေကို ဘယ်အမှုနဲ့မှ စွဲချက်တင်ခံရတာ မရှိခဲ့
(Unicode)⤵⤵⤵
ရေးသားသူ - ပါဘလို အူချိုဝါ

အမေရိကန်နိုင်ငံက ရဲတွေဟာ တနှစ်ကို သတ်ဖြတ်မှု ၁၂၀ဝ ပတ်ဝန်းကျင်လောက် ကျူးလွန်တယ်လို့ ခန့်မှန်းလေ့လာချက်တွေ ရှိထားပေမယ့် ဒီအမှုတွေရဲ့ ၉၉%လောက်မှာ ကျူးလွန်တဲ့ ရဲတွေကို ဘယ်အမှုနဲ့မှ စွဲချက်တင်ခံရတာ မရှိခဲ့ပါဘူး။

လတ်တလော ဂျော့ဖလွိုက်ကို ရဲတွေက သတ်ဖြတ်မှုမှာတော့ အများပြည်သူတွေရဲ့ ဖိအားပေးမှု၊ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းတွေ ဖြစ်လာတာနဲ့အတူ ကျူးလွန်တဲ့ ရဲတွေကို တရားဝင်စွဲချက်တင်တာလည်း ရှိလာခဲ့ပါတယ်။

အဲဒီ စွဲချက်တင်ခံထားရတဲ့ အထဲက ရဲတဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က မင်နီယားပိုလိစ်မြို့က လမ်းပေါ်မှာ မှောက်လျက် အနေအထားရှိနေတဲ့ ဂျော့ဖလွိုက်ရဲ့ ဇက်ကို ဒူးနဲ့နင်းထားလို့ သေဆုံးစေခဲ့တဲ့အတွက် လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

အခုလို ဖြစ်ချိန်မှာ အနီးနားမှာ ရှိနေကြတဲ့ ရဲသုံးဦးလည်း ဒီလူသတ်မှုကို ကူညီ အားပေးရာရောက်တဲ့ ပြစ်မှုနဲ့ စွဲချက်တင် ခံထားရပါတယ်။

ဒီလေးယောက်စလုံးဟာ မေလ ၈ ရက်နေ့မှာ တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြနေကြသူတွေကတော့ ဒီသေဆုံးမှုကြောင့် တာဝန်ချိန်မှာ သတ်ဖြတ်တဲ့ ရဲတွေကို ဥပဒေရဲ့ သက်ရောက်မှု ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ အခုလို ရဲတွေ တရားဝင်စွဲချက်တင်ခံရတာကိုက ရှိနေတဲ့ ဥပဒေရဲ့ ချွင်းချက်ဖြစ်စဉ် ဖြစ်နေလို့ ဖြစ်ပါတယ်။

တာဝန်ချိန်မှာ လူသတ်မှု ကျူးလွန်တဲ့ အမေရိကန်ရဲအများစုကြီးဟာ အမေရိကန်ဥပဒေရဲ့ အကာအကွယ်ပေးမှုကြောင့် ပြစ်ဒဏ်ချခံရဖို့ ဝေးလို့ တရားဝင်စွဲချက်တင်တာတောင် မခံခဲ့ရပါဘူး။
၂၀၁၃-၁၉ အတွင်း ဂျော့ဖလွိုက်ကို သတ်ဖြတ်မှုလို ၇၆၆၆မှု ထဲက ၉၉ မှုမှာသာ ရဲတွေ စွဲချက်တင်ခံရပြီး ဒီအထဲကမှ ၂၅ မှုမှာပဲ ပြစ်ဒဏ်ချခံရမှု ရှိခဲ့
စွဲချက်တင်မခံရပဲ အကာအကွယ် ရနေခြင်း

ရဲများ အကြမ်းဖက်မှု ခြေရာကောက်ခြင်းဆိုတဲ့ စီမံချက်က အမေရိကန်နိုင်ငံအတွင်း ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ အထိ ရဲတွေရဲ့ လူသတ်မှုကျူးလွန်ခြင်းကို မှတ်တမ်းတင်ခဲ့ရာမှာ စုစုပေါင်း ၇၆၆၆မှု ထဲက ၉၂%က ဂျော့ဖလွိုက်ကို သတ်ဖြတ်မှုလို မတရားသတ်ဖြတ်ခြင်း ခံရတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီအထဲက ၁.၂% သာဖြစ်တဲ့ ၉၉ မှုမှာသာ ရဲတွေ စွဲချက်တင်ခံရပြီး ဒီအထဲကမှ ၂၅ မှုမှာပဲ ပြစ်ဒဏ်ချခံရမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က ရာဇဝတ်ရေး တရားမျှတမှုဆိုင်ရာ ကာတိုအဖွဲ့ရဲ့ ဒုဥက္ကဌ ကလာ့ခ် နီးလ်လီ ကလည်း အခု ဂျော့ဖလွိုက်အမှုမှာလို အစိုးရရှေ့နေတွေက ရဲတွေကို စွဲချက်တင်တယ်ဆိုတာ တော်တော် ရှားပါးတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရရှေ့နေတွေအနေနဲ့ ဒီလို အမှုတွေကို စစ်ဆေးရာမှာ ရဲတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရပြီး အမှုမှန်ပေါ်ဖို့နဲ့ ရုံးတင်စစ်ဆေးခြင်း ကိစ္စတွေမှာလည်း ရဲတွေကို မှီခိုရတယ်လို့ သူက ပြောပါတယ်။

တဖက်မှာလည်း ရဲတွေဘက်က ရာဇဝတ်မှုမြောက်ခြင်းမရှိပဲ သေစေနိုင်တဲ့ အင်အားသုံးခွင့် ရှိနေပါတယ်။

အသတ်ခံရသူတွေအနေနဲ့ ရဲတွေကို တရားရုံးမှာ နစ်နာမှုနဲ့သာ တရားစွဲစရာ အကြောင်းရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် တရားရုံးတွေဘက်က ဒီလိုသာ တရားစွဲစရာကျန်တဲ့ အခြေအနေကိုပါ ‘အကျုံးဝင်တဲ့ လွတ်ငြိမ်းခွင့်’ ဆိုတဲ့ ဥပဒေကျင့်ထုံးသုံးပြီး ပုံမှန် ပိတ်ပင်လေ့ရှိတယ်လို့ နီးလ်လီက ပြောပါတယ်။

ဒီဥပဒေကျင့်ထုံးအရ အသတ်ခံရသူကို အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေးတွေကို ရှင်းရှင်းလင်းလင်း မတည်ဆောက်ပြနိုင်ရင် ရဲတွေဘက်က အသတ်ခံရသူရဲ့ အခွင့်အရေးကို ချိုးဖောက်တယ် ဆိုရင်တောင် တရားစွဲမခံရဖို့ အကာအကွယ်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လို အခြေအနေမျိုးကို ဥပဒေစီရင်ထုံးအဖြစ် သတ်မှတ်တယ် ဆိုတဲ့ ကန့်သတ်ချက်က အများပြည်သူ့အကျိုးဆောင် ဝန်ထမ်းကို နစ်နာမှုနဲ့ တရားစွဲဖို့ မဖြစ်နိုင်သလောက် ဖြစ်အောင် လုပ်ထားတယ်လို့ နီးလ်လီက ဆိုပါတယ်။
ဘယ်လို အခြေအနေမျိုးတွေမှာ တရားရုံးက ရဲတွေကို လွတ်လပ်စွာ ချိုးဖောက်ခွင့် ပေးနေသလဲဆိုတာ အံ့အားသင့်စရာ ဖြစ်နေ
လွတ်လပ်စွာ ချိုးဖောက်ဖို့ အခွင့်အရေးရနေခြင်း

၂၀၁၄ ခုနှစ်မှာ အေမီ ကောဘစ်ဆိုတဲ့ အမျိုးသမီးဟာ သူ့အိမ်နောက်ဖေးကို ဝင်လာသူနဲ့ လိုက်ဖမ်းတဲ့ရဲတို့ရဲ့ ပဋိပက္ခအကြားမှာ မထင်မှတ်ပဲ ဓားစာခံ ဖြစ်ခဲ့ရပါတယ်။

လက်နက်ကိုင်ရဲတွေ သူ့အိမ်နောက်ဖေးကို ရုတ်တရက် ဝင်လာချိန်မှာ သူ့ရဲ့ သားသမီးတွေက အဲဒီမှာ ဆော့ကစားနေကြတာ ဖြစ်ပြီး ရဲတွေက အားလုံးဝပ်နေကြဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲဒီအချိန်မှာ အေမီရဲ့ ခွေးဖြစ်သူ ဘရုစ် ရောက်လာခဲ့ပြီး ရဲတွေကို ရန်ပြုမယ့် ပုံစံ မပြပါဘဲလျက် ရဲတယောက်က သတိမပေးပဲ သေနတ်နဲ့ နှစ်ချက်ဆင့် ပစ်ခဲ့ပါတယ်။

အဲဒီ ကျည်ဆံတွေက ခွေးကို မထိခဲ့ပေမယ့် ကျည်ဆံတခုက တပေခွဲလောက် အထိ နီးနီးကပ်ကပ် နေရာမှာ ရဲတွေ အမိန့်ပေးချက်အတိုင်း လှဲလျောင်း ဝပ်တွားနေတဲ့ အေမီရဲ့ ၁၀ နှစ်အရွယ်သားဖြစ်သူ ဒါကိုတာကို ထိသွားခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အခုလို ထိသွားတဲ့ ကလေးငယ် အသက်မသေခဲ့ပေမဲ့ ခြေထောက်မှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရတာနဲ့အတူ စိတ်ဒဏ်ရာလည်း ရသွားခဲ့ပါတယ်။

ဒီအမှုမှာ ရဲအရာရှိတွေကို တရားစွဲတဲ့ အေမီရဲ့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့ပြီး “ရဲတွေ အဲဒီလူကို ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ မတော်တဆ အင်အားသုံးမှုကနေ အေမီတို့ မိသားစုက လွတ်မြောက်ခွင့် ရှင်းရှင်းလင်းလင်း မတည်ဆောက်နိုင်ဘူး” ဆိုပြီး အကြောင်းပြခဲ့ပါတယ်။

နောက်ထပ် လူသိများ ထင်ရှားတဲ့ အမှုကတော့ ကိုယ်ဝန် ၈ လ ရှိနေတဲ့ကြားက ၁၁ နှစ် အရွယ် သားဖြစ်သူ ရှေ့မှောက်မှာပဲ ရဲတွေရဲ့ လျှပ်စစ်သေနတ်နဲ့ သုံးကြိမ် အပစ်ခံရ၊ ကားပေါ်က ဆွဲချခံရပြီး လမ်းပေါ်မှာ မျက်နှာအပ်ပြီး လက်ထိပ်ခတ် ခံခဲ့ရတဲ့ မလိုင်ကာ ဘရွတ်က်စ် ရဲ့ အမှု ဖြစ်ပါတယ်။

သူဟာ တနာရီ မိုင် ၂၀ သာ ကားမောင်းရမယ့် နယ်မြေထဲမှာ ၃၂ မိုင် မောင်းမိတဲ့အတွက် ရဲက ရပ်တန့်စေခဲ့ပြီး အဲဒီ အချိန်မှာ ကားအမြန်မောင်းမိကြောင်း လက်မှတ်ထိုးဖို့ ငြင်းဆန် အပြီး အခုလို အလုပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အပြစ်ရှိကြောင်း ဝန်ခံရမှာ ကြောက်တဲ့အတွက် အခုလို ငြင်းခဲ့တာလို့ မလိုင်ကာ ဘရွတ်က်စ်က ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ရဲတွေကို တရားစွဲဆိုမှုကိုလည်း “လျှပ်စစ်သေနတ်ကို ဘယ်လို အသုံးရမယ်” ဆိုတဲ့ ရှင်းလင်းတဲ့ အခွင့်အရေး တည်ဆောက်ထားတာ မရှိတဲ့အတွက် ဆိုပြီး တရားရုံးက ပယ်ချခဲ့ပါတယ်။

နောက် ၁၀ နှစ် အထိ အကြာမှ ရဲတွေနဲ့ တရားရုံးပြင်ပ ညှိနှိုင်းမှု အရ မလိုင်ကာ ဘရွတ်က်စ် က အမေရိကန်ဒေါ်လာ လေးသောင်းခွဲ နစ်နာကြေး ရရှိခဲ့ပါတယ်။

ဘယ်လို အခြေအနေမျိုးတွေမှာ တရားရုံးက ရဲတွေကို လွတ်လပ်စွာ ချိုးဖောက်ခွင့် ပေးနေသလဲဆိုတာ လေ့လာကြည့်မယ်ဆိုရင် လုံးဝ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်စရာပါပဲ၊ တရားဥပဒေ စိုမိုးရေးအပိုင်း ကိုယ်တိုင်က လုံးဝနီးပါး တာဝန်ယူ၊ တာဝန်ခံမှု မရှိဘူးလို့ပဲ ဆိုရမှာပါလို့ နီးလ်လီက ပြောပါတယ်။
 ဒီလိုသတ်ဖြတ်မှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ထားတဲ့ စီရင်ထုံးမျိုး ဂျော့ဖလွိုက်မိသားစုက ရှာမတွေ့ဘူးဆိုရင် တရားစွဲလို့တောင် မရတဲ့ အခြေအနေဖြစ်သွားနိုင် )
ဖလွိုက်အတွက် တရားမျှတမှု ရရေး

အကျုံးဝင်တဲ့ လွတ်ငြိမ်းခွင့် ဥပဒေကျင့်ထုံးကြောင့် ဖလွိုက်ရဲ့ မိသားစုက တရားမျှတမှု ရဖို့ ခဲယဉ်းနိုင်တယ်လို့လည်း နီးလ်လီက ပြောပါတယ်။

တစုံတဦးရဲ့ လည်ပင်းရိုးကို ကိုးမိနစ်ကြာအောင် ဖိထားပြီး အလျှော့ပေးပါ ဆိုပြီး လက်နဲ့ ပုတ်ပြတဲ့ အထိ၊ နောက်ဆုံး သေဆုံးစေတဲ့အထိ ဖြစ်စေတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ထားတဲ့ စီရင်ထုံးမျိုး သူတို့ မိသားစုက ရှာမတွေ့ဘူးဆိုရင် အကျုံးဝင်တဲ့ လွတ်ငြိမ်းခွင့် ဥပဒေကျင့်ထုံးကြောင့် အရင်စီရင်ထုံး မရှိတဲ့အတွက် တရားစွဲလို့တောင် မရပါဘူး ဆိုတဲ့ အခြေအနေ ဖြစ်သွားမယ်လို့ လည်း သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရဲအရာရှိများ အစည်းအရုံးကို လက်ရှိ သတင်းဆောင်းပါး မဖော်ပြခင်မှာ ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

ဒီအစည်းအရုံးရဲ့ ဥက္ကဌဖြစ်သူ မိုက်ကယ် မက်ဟေးကတော့ ဂျော့ဖလွိုက် ကြုံခဲ့ရတာဟာ တော်တော် ဆိုးရွားပြီး ကျူးလွန်သူ ရဲအရာရှိတွေဘက်က ဥပဒေအရရော၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အရရော၊ လူ့စာရိတ္တ အရပါ ခုခံ ကာကွယ်ပေးလို့ ရတဲ့ အကြောင်းရင်းခံမရှိပါဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

သူ့လိုပဲ မြင်တဲ့ နိုင်ငံရေးသမားတွေလည်း ရှိနေပြီး မက်ဆာချူးဆက်ပြည်နယ်က အမတ်တဦးဖြစ်သူ အိုင်ယန်းနား ပရက်စလေက ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ လွှတ်တော်မှာ တင်သွင်းတဲ့ ရဲတွေရဲ့ ရက်စက်မှုကို ရှုတ်ချမှု အဆို မတင်သွင်းခင်မှာ အခုလို တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

“လူမည်း၊ လူညိုတွေ မို့လို့ ရဲတွေက တမင် ရွေးချယ် စစ်မေးမှုခံရ၊ စောင့်ကြည့် ထိန်းချုပ်ခံရ၊ အသက်မရှူနိုင်တဲ့အထိ ချုပ်နှောင်ခံရ၊ ရက်စက်စွာ ဝိုင်းဝန်း သတ်ဖြတ် ခံရတာတွေ တော်တော်ကြာနေပြီ ဖြစ်တဲ့အတွက် ဒီလို လူ့အသက်သေစေတဲ့ တရားမမျှတမှုတွေကို မစစ်ဆေး မခံရပဲ ဖြစ်နေတာကို ခွင့်မပြုသင့်တော့ ပါဘူး” ဆိုပြီး အိုင်ယန်းနား ပရက်စလေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူရဲ့ ဖိအားက အာဏာပိုင်တွေဘက်က ဖလွိုက်အမှု ကိုင်တွယ်ပုံကို သက်ရောက်မှုရှိတယ် ဆိုပေမယ့် ဒီထက် နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လိုနေပါသေးတယ်။

ကျွမ်းကျင်သူတွေနဲ့တကွ စာနယ်ဇင်းဖော်ပြချက်တွေကတော့ တရားရုံးချုပ် ကိုယ်တိုင်က အကျုံးဝင်တဲ့ လွတ်ငြိမ်းခွင့် ဆိုတဲ့ ဥပဒေကျင့်ထုံးအား နားလည်သဘောပေါက်ထားပုံကို ပြန်လည် သုံးသပ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေကလည်း ရဲတွေက လူတိုင်းကို အပြည့်အဝ သတိထား စောင့်ရှောက်ခြင်း ဆိုင်ရာ အက်ဥပဒေ ပြဋ္ဌာန်းပေးဖို့ အမေရိကန် ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုနေကြပါတယ်။

အဲဒီ ဥပဒေ မူကြမ်းအရ နိုင်ငံလုံးဆိုင်ရာ ဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့ ဝန်ထမ်းများအနေနဲ့ ကျိုးကြောင်း လျော်ညီတဲ့ နည်းလမ်းမှန်သမျှ သုံးလို့ မရတော့ဘဲ သေစေနိုင်တဲ့ အားသုံးမှုသာလျှင် ရွေးချယ်စရာနည်းလမ်း အဖြစ်ကျန်တော့မှ အဲဒီ အင်အား သုံးခွင့်ရမှာ ဖြစ်ပါတယ်။

စစ်တပ်သုံး လက်နက်တွေကို ရဲဘက် လွှဲပြောင်းခွင့် ပိတ်ပင်တဲ့ မူကြမ်းတခုကိုလည်း ထောက်ခံတဲ့ ကွန်ဂရက်လွှတ်တော် အမတ်တချို့ ရှိနေပြီ ဖြစ်ပြီး အခြားအလားတူ ဥပဒေ မူကြမ်းတွေကိုလည်း လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေကြပါတယ်။
အများပြည်သူရဲ့ ဖိအားကအာဏာပိုင်တွေဘက်က ဖလွိုက်အမှု ကိုင်တွယ်ပုံကို သက်ရောက်မှုရှိတယ် ဆိုပေမယ့် ဒီထက် နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လို
ရဲတာဝန် ထမ်းဆောင်မှု ပုံစံအသစ် ဖြစ်လာမလား

အမေရိကန် ပြည်သူ့လွတ်လပ်ခွင့် သမဂ္ဂ (ACLU) ရဲ့ တရားမျှတရေး ဌာနခွဲ ဒါရိုက်တာ အူဒီ အိုဖာကတော့ အခုလို ဥပဒေတွေ ပြဌာန်းရုံနဲ့ မလုံလောက်ပဲ အမေရိကန်တနိုင်ငံလုံးက ရဲတွေရဲ့ အခန်းကဏ္ဍကို ထားရှိတဲ့ သဘောထားနဲ့ ထုံးတမ်း အယူအဆကို ပြောင်းလဲဖို့ လိုတယ်လို့ ဆိုပါတယ်။

လက်ရှိစနစ်အရ အမေရိကန်ရဲတာဝန်ချမှုဟာ ဗဟိုချုပ်ကိုင်မှု မရှိတာများပြီး တချို့မြို့တွေရဲ့ အသုံးစရိတ် ၄၀% လောက်အထိကို ရဲဌာနမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ရဲတွေကိုတာဝန်ချရာမှာလည်း ရဲရှိနေရင် ပဋိပက္ခ ပိုပြီး ရှုပ်ထွေးသွားနိုင်တဲ့ နေရာအမျိုးမျိုးမှာ ချထားမှုတွေ ရှိနေပြီး ကျောင်းတွေ နားမှာ ကင်းလှည့်ဖို့နဲ့၊ သာမန် အများပြည်သူကို အနှောက်အယှက်ဖြစ်တဲ့ အပြုအမူမျိုးကို ထိန်းချုပ်ရာမှာပါ လက်နက်ကိုင် ရဲတွေကို ချထားတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ သုံးစက္ကန့်ကို တယောက်နှုန်းနဲ့ ရဲတွေက ဖမ်းဆီးမှုတွေ ရှိနေပြီး အမေရိကန် နိုင်ငံလုံးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗျူရို (FBI)ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတဝန်း ဖမ်းဆီးမှု ၁၀.၃ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိုဖာရဲ့ အဆိုအရ အဲဒီလို ဖမ်းဆီးခံရသူ အများစုဟာ ကြမ်းတမ်းတဲ့ ရာဇဝတ်မှုနဲ့ စွပ်စွဲ အဖမ်းခံရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လတ်တလော အသတ်ခံရတဲ့ ဂျော့ဖလွိုက်ဟာလည်း ဆိုင်တဆိုင်မှာ ပိုက်ဆံ အတုနဲ့ ဝယ်ဖို့ ကြိုးစားတယ်လို့ အစွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

အိုဖာအနေနဲ့ သူတို့ ACLU အဖွဲ့ရဲ့ အမြင်အရ ဒီလို အမှုမျိုးတွေမှာ ရဲတွေ ပါဝင် မပတ်သက်သင့်ဘူးလို့ ဆိုပါတယ်။
လမ်းပေါ်ရောက် လူတွေရဲ့ ဒေါသကို ကြီးမားတဲ့ အသွင်ပြောင်း ပြောင်းလဲရေးအထိ ဖြစ်လာအောင် တက်ကြွလှုပ်ရှားသူတွေက လမ်းကြောင်းပြောင်းချင်ကြ
အမေရိကန်နိုင်ငံ အနေနဲ့ ရဲဌာနတွေအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်နဲ့ချီပြီး အသုံးပြုနေမယ့်အစား ရဲတွေက သမိုင်းကြောင်းနဲ့ချီပြီး အဓိက ပစ်မှတ်ထားခြင်း ခံနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အဲဒီငွေတွေကို ရင်းနှီးမြုပ်နှံသင့်တယ်လို့လည်း သူက ပြောပါတယ်။

ရဲတွေဘက်က အပြစ်ဝန်ခံမှု စံသတ်မှတ်ချက်ကို မြှင့်တင်တာမျိုးက တချို့ တပ်ဖွဲ့တွေအတွက် အလုပ်ဖြစ်နိုင်တယ် ဆိုပေမယ့် ဒီလို တာဝန်ယူ တာဝန်ခံမှု လုပ်တဲ့ စနစ်က အပေါ်ယံ သကာဖြူးပြတာမျိုးသာ ဖြစ်တယ်လို့ အိုဖာရော နီးလ်လီတို့ နှစ်ယောက်စလုံးက ရှုမြင်ကြပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးအန္တရာယ်ရှိတဲ့ကြားက ဂျော့ဖလွိုက်အမှုက လှုံ့ဆော်လိုက်တဲ့ ဆန္ဒပြပွဲတွေ လျော့သွားမယ့် အလားအလာ မရှိသေးတဲ့ အခုလိုအချိန်မှာ လမ်းပေါ်ရောက် လူတွေရဲ့ ဒေါသကို ကြီးမားတဲ့ အသွင်ပြောင်း ပြောင်းလဲရေးအထိ ဖြစ်လာအောင် တက်ကြွလှုပ်ရှားသူတွေက လမ်းကြောင်းပြောင်းပေးချင်ကြပါတယ်။

“ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ရဲတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်မှုနဲ့ သူတို့ရဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ပတ်သက်လို့ အခြေခံကျ နက်ရှိုင်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။”

“ဒီပြဿနာတွေကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ဖို့ ကြိုးစားလာပေမယ့် ဒီတိုက်ပွဲကို ကျွန်တော်တို့ မနိုင်သေးပါဘူး။ ရဲတဦးတယောက်ကို အပြစ်ပေးနိုင်ရုံနဲ့လဲ ဒီတိုက်ပွဲကို နိုင်မှာ မဟုတ်ပါဘူး” လို့ အိုဖာက အဆုံးသတ် မှတ်ချက်ပေးခဲ့ပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ရဲေတြ လူသတ္ရင္ ဘာလို႔ျပစ္ဒဏ္ခ်ခံရမႈ နည္းတာလဲ

ေရးသားသူ - ပါဘလို အူခ်ိဳဝါ

အေမရိကန္ႏိုင္ငံက ရဲေတြဟာ တႏွစ္ကို သတ္ျဖတ္မႈ ၁၂၀ဝ ပတ္ဝန္းက်င္ေလာက္ က်ဴးလြန္တယ္လို႔ ခန႔္မွန္းေလ့လာခ်က္ေတြ ရွိထားေပမယ့္ ဒီအမႈေတြရဲ႕ ၉၉%ေလာက္မွာ က်ဴးလြန္တဲ့ ရဲေတြကို ဘယ္အမႈနဲ႔မွ စြဲခ်က္တင္ခံရတာ မရွိခဲ့ပါဘူး။

လတ္တေလာ ေဂ်ာ့ဖလြိဳက္ကို ရဲေတြက သတ္ျဖတ္မႈမွာေတာ့ အမ်ားျပည္သူေတြရဲ႕ ဖိအားေပးမႈ၊ ဆႏၵျပမႈနဲ႔ အဓိက႐ုဏ္းေတြ ျဖစ္လာတာနဲ႔အတူ က်ဴးလြန္တဲ့ ရဲေတြကို တရားဝင္စြဲခ်က္တင္တာလည္း ရွိလာခဲ့ပါတယ္။

အဲဒီ စြဲခ်က္တင္ခံထားရတဲ့ အထဲက ရဲတဦးဟာ ၿပီးခဲ့တဲ့ ေမလ ၂၅ ရက္ေန႔က မင္နီယားပိုလိစ္ၿမိဳ႕က လမ္းေပၚမွာ ေမွာက္လ်က္ အေနအထားရွိေနတဲ့ ေဂ်ာ့ဖလြိဳက္ရဲ႕ ဇက္ကို ဒူးနဲ႔နင္းထားလို႔ ေသဆုံးေစခဲ့တဲ့အတြက္ လူသတ္မႈနဲ႔ စြဲခ်က္တင္ခံထားရပါတယ္။

အခုလို ျဖစ္ခ်ိန္မွာ အနီးနားမွာ ရွိေနၾကတဲ့ ရဲသုံးဦးလည္း ဒီလူသတ္မႈကို ကူညီ အားေပးရာေရာက္တဲ့ ျပစ္မႈနဲ႔ စြဲခ်က္တင္ ခံထားရပါတယ္။

ဒီေလးေယာက္စလုံးဟာ ေမလ ၈ ရက္ေန႔မွာ တရား႐ုံးမွာ အမႈရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဆႏၵျပေနၾကသူေတြကေတာ့ ဒီေသဆုံးမႈေၾကာင့္ တာဝန္ခ်ိန္မွာ သတ္ျဖတ္တဲ့ ရဲေတြကို ဥပေဒရဲ႕ သက္ေရာက္မႈ ႀကီးႀကီးမားမား အေျပာင္းအလဲ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ဘာျဖစ္လို႔လည္း ဆိုေတာ့ အခုလို ရဲေတြ တရားဝင္စြဲခ်က္တင္ခံရတာကိုက ရွိေနတဲ့ ဥပေဒရဲ႕ ခြၽင္းခ်က္ျဖစ္စဥ္ ျဖစ္ေနလို႔ ျဖစ္ပါတယ္။

တာဝန္ခ်ိန္မွာ လူသတ္မႈ က်ဴးလြန္တဲ့ အေမရိကန္ရဲအမ်ားစုႀကီးဟာ အေမရိကန္ဥပေဒရဲ႕ အကာအကြယ္ေပးမႈေၾကာင့္ ျပစ္ဒဏ္ခ်ခံရဖို႔ ေဝးလို႔ တရားဝင္စြဲခ်က္တင္တာေတာင္ မခံခဲ့ရပါဘူး။

စြဲခ်က္တင္မခံရပဲ အကာအကြယ္ ရေနျခင္း

ရဲမ်ား အၾကမ္းဖက္မႈ ေျခရာေကာက္ျခင္းဆိုတဲ့ စီမံခ်က္က အေမရိကန္ႏိုင္ငံအတြင္း ၂၀၁၃ ခုႏွစ္ကေန ၂၀၁၉ အထိ ရဲေတြရဲ႕ လူသတ္မႈက်ဴးလြန္ျခင္းကို မွတ္တမ္းတင္ခဲ့ရာမွာ စုစုေပါင္း ၇၆၆၆မႈ ထဲက ၉၂%က ေဂ်ာ့ဖလြိဳက္ကို သတ္ျဖတ္မႈလို မတရားသတ္ျဖတ္ျခင္း ခံရတာျဖစ္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

အဲဒီအထဲက ၁.၂% သာျဖစ္တဲ့ ၉၉ မႈမွာသာ ရဲေတြ စြဲခ်က္တင္ခံရၿပီး ဒီအထဲကမွ ၂၅ မႈမွာပဲ ျပစ္ဒဏ္ခ်ခံရမႈ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕က ရာဇဝတ္ေရး တရားမွ်တမႈဆိုင္ရာ ကာတိုအဖြဲ႕ရဲ႕ ဒုဥကၠဌ ကလာ့ခ္ နီးလ္လီ ကလည္း အခု ေဂ်ာ့ဖလြိဳက္အမႈမွာလို အစိုးရေရွ႕ေနေတြက ရဲေတြကို စြဲခ်က္တင္တယ္ဆိုတာ ေတာ္ေတာ္ ရွားပါးတဲ့ ျဖစ္စဥ္ျဖစ္တယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

အစိုးရေရွ႕ေနေတြအေနနဲ႔ ဒီလို အမႈေတြကို စစ္ေဆးရာမွာ ရဲေတြနဲ႔ ပူးေပါင္း လုပ္ေဆာင္ရၿပီး အမႈမွန္ေပၚဖို႔နဲ႔ ႐ုံးတင္စစ္ေဆးျခင္း ကိစၥေတြမွာလည္း ရဲေတြကို မွီခိုရတယ္လို႔ သူက ေျပာပါတယ္။

တဖက္မွာလည္း ရဲေတြဘက္က ရာဇဝတ္မႈေျမာက္ျခင္းမရွိပဲ ေသေစႏိုင္တဲ့ အင္အားသုံးခြင့္ ရွိေနပါတယ္။

အသတ္ခံရသူေတြအေနနဲ႔ ရဲေတြကို တရား႐ုံးမွာ နစ္နာမႈနဲ႔သာ တရားစြဲစရာ အေၾကာင္းရွိတယ္လို႔လည္း သူက ေျပာပါတယ္။

ဒါေပမယ့္ တရား႐ုံးေတြဘက္က ဒီလိုသာ တရားစြဲစရာက်န္တဲ့ အေျခအေနကိုပါ ‘အက်ဳံးဝင္တဲ့ လြတ္ၿငိမ္းခြင့္’ ဆိုတဲ့ ဥပေဒက်င့္ထုံးသုံးၿပီး ပုံမွန္ ပိတ္ပင္ေလ့ရွိတယ္လို႔ နီးလ္လီက ေျပာပါတယ္။

ဒီဥပေဒက်င့္ထုံးအရ အသတ္ခံရသူကို အကာအကြယ္ေပးႏိုင္တဲ့ အခြင့္အေရးေတြကို ရွင္းရွင္းလင္းလင္း မတည္ေဆာက္ျပႏိုင္ရင္ ရဲေတြဘက္က အသတ္ခံရသူရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္တယ္ ဆိုရင္ေတာင္ တရားစြဲမခံရဖို႔ အကာအကြယ္ေပးေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဘယ္လို အေျခအေနမ်ိဳးကို ဥပေဒစီရင္ထုံးအျဖစ္ သတ္မွတ္တယ္ ဆိုတဲ့ ကန႔္သတ္ခ်က္က အမ်ားျပည္သူ႔အက်ိဳးေဆာင္ ဝန္ထမ္းကို နစ္နာမႈနဲ႔ တရားစြဲဖို႔ မျဖစ္ႏိုင္သေလာက္ ျဖစ္ေအာင္ လုပ္ထားတယ္လို႔ နီးလ္လီက ဆိုပါတယ္။

လြတ္လပ္စြာ ခ်ိဳးေဖာက္ဖို႔ အခြင့္အေရးရေနျခင္း

၂၀၁၄ ခုႏွစ္မွာ ေအမီ ေကာဘစ္ဆိုတဲ့ အမ်ိဳးသမီးဟာ သူ႔အိမ္ေနာက္ေဖးကို ဝင္လာသူနဲ႔ လိုက္ဖမ္းတဲ့ရဲတို႔ရဲ႕ ပဋိပကၡအၾကားမွာ မထင္မွတ္ပဲ ဓားစာခံ ျဖစ္ခဲ့ရပါတယ္။

လက္နက္ကိုင္ရဲေတြ သူ႔အိမ္ေနာက္ေဖးကို ႐ုတ္တရက္ ဝင္လာခ်ိန္မွာ သူ႔ရဲ႕ သားသမီးေတြက အဲဒီမွာ ေဆာ့ကစားေနၾကတာ ျဖစ္ၿပီး ရဲေတြက အားလုံးဝပ္ေနၾကဖို႔ အမိန႔္ေပးခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ ေအမီရဲ႕ ေခြးျဖစ္သူ ဘ႐ုစ္ ေရာက္လာခဲ့ၿပီး ရဲေတြကို ရန္ျပဳမယ့္ ပုံစံ မျပပါဘဲလ်က္ ရဲတေယာက္က သတိမေပးပဲ ေသနတ္နဲ႔ ႏွစ္ခ်က္ဆင့္ ပစ္ခဲ့ပါတယ္။

အဲဒီ က်ည္ဆံေတြက ေခြးကို မထိခဲ့ေပမယ့္ က်ည္ဆံတခုက တေပခြဲေလာက္ အထိ နီးနီးကပ္ကပ္ ေနရာမွာ ရဲေတြ အမိန႔္ေပးခ်က္အတိုင္း လွဲေလ်ာင္း ဝပ္တြားေနတဲ့ ေအမီရဲ႕ ၁၀ ႏွစ္အ႐ြယ္သားျဖစ္သူ ဒါကိုတာကို ထိသြားခဲ့တယ္လို႔ တရား႐ုံး မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အခုလို ထိသြားတဲ့ ကေလးငယ္ အသက္မေသခဲ့ေပမဲ့ ေျခေထာက္မွာ ဆိုးဆိုးဝါးဝါး ဒဏ္ရာ ရတာနဲ႔အတူ စိတ္ဒဏ္ရာလည္း ရသြားခဲ့ပါတယ္။

ဒီအမႈမွာ ရဲအရာရွိေတြကို တရားစြဲတဲ့ ေအမီရဲ႕ ေလွ်ာက္လဲခ်က္ကို တရား႐ုံးက ပယ္ခ်ခဲ့ၿပီး “ရဲေတြ အဲဒီလူကို ဖမ္းဆီးဖို႔ ႀကိဳးစားခ်ိန္မွာ မေတာ္တဆ အင္အားသုံးမႈကေန ေအမီတို႔ မိသားစုက လြတ္ေျမာက္ခြင့္ ရွင္းရွင္းလင္းလင္း မတည္ေဆာက္ႏိုင္ဘူး” ဆိုၿပီး အေၾကာင္းျပခဲ့ပါတယ္။

ေနာက္ထပ္ လူသိမ်ား ထင္ရွားတဲ့ အမႈကေတာ့ ကိုယ္ဝန္ ၈ လ ရွိေနတဲ့ၾကားက ၁၁ ႏွစ္ အ႐ြယ္ သားျဖစ္သူ ေရွ႕ေမွာက္မွာပဲ ရဲေတြရဲ႕ လွ်ပ္စစ္ေသနတ္နဲ႔ သုံးႀကိမ္ အပစ္ခံရ၊ ကားေပၚက ဆြဲခ်ခံရၿပီး လမ္းေပၚမွာ မ်က္ႏွာအပ္ၿပီး လက္ထိပ္ခတ္ ခံခဲ့ရတဲ့ မလိုင္ကာ ဘ႐ြတ္က္စ္ ရဲ႕ အမႈ ျဖစ္ပါတယ္။

သူဟာ တနာရီ မိုင္ ၂၀ သာ ကားေမာင္းရမယ့္ နယ္ေျမထဲမွာ ၃၂ မိုင္ ေမာင္းမိတဲ့အတြက္ ရဲက ရပ္တန႔္ေစခဲ့ၿပီး အဲဒီ အခ်ိန္မွာ ကားအျမန္ေမာင္းမိေၾကာင္း လက္မွတ္ထိုးဖို႔ ျငင္းဆန္ အၿပီး အခုလို အလုပ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အျပစ္ရွိေၾကာင္း ဝန္ခံရမွာ ေၾကာက္တဲ့အတြက္ အခုလို ျငင္းခဲ့တာလို႔ မလိုင္ကာ ဘ႐ြတ္က္စ္က ေျပာဆိုခဲ့ပါတယ္။

သူ႔ရဲ႕ ရဲေတြကို တရားစြဲဆိုမႈကိုလည္း “လွ်ပ္စစ္ေသနတ္ကို ဘယ္လို အသုံးရမယ္” ဆိုတဲ့ ရွင္းလင္းတဲ့ အခြင့္အေရး တည္ေဆာက္ထားတာ မရွိတဲ့အတြက္ ဆိုၿပီး တရား႐ုံးက ပယ္ခ်ခဲ့ပါတယ္။

ေနာက္ ၁၀ ႏွစ္ အထိ အၾကာမွ ရဲေတြနဲ႔ တရား႐ုံးျပင္ပ ညႇိႏႈိင္းမႈ အရ မလိုင္ကာ ဘ႐ြတ္က္စ္ က အေမရိကန္ေဒၚလာ ေလးေသာင္းခြဲ နစ္နာေၾကး ရရွိခဲ့ပါတယ္။

ဘယ္လို အေျခအေနမ်ိဳးေတြမွာ တရား႐ုံးက ရဲေတြကို လြတ္လပ္စြာ ခ်ိဳးေဖာက္ခြင့္ ေပးေနသလဲဆိုတာ ေလ့လာၾကည့္မယ္ဆိုရင္ လုံးဝ အံ့အားသင့္ၿပီး ပါးစပ္အေဟာင္းသား ျဖစ္စရာပါပဲ၊ တရားဥပေဒ စိုမိုးေရးအပိုင္း ကိုယ္တိုင္က လုံးဝနီးပါး တာဝန္ယူ၊ တာဝန္ခံမႈ မရွိဘူးလို႔ပဲ ဆိုရမွာပါလို႔ နီးလ္လီက ေျပာပါတယ္။

ဖလြိဳက္အတြက္ တရားမွ်တမႈ ရေရး

အက်ဳံးဝင္တဲ့ လြတ္ၿငိမ္းခြင့္ ဥပေဒက်င့္ထုံးေၾကာင့္ ဖလြိဳက္ရဲ႕ မိသားစုက တရားမွ်တမႈ ရဖို႔ ခဲယဥ္းႏိုင္တယ္လို႔လည္း နီးလ္လီက ေျပာပါတယ္။

တစုံတဦးရဲ႕ လည္ပင္း႐ိုးကို ကိုးမိနစ္ၾကာေအာင္ ဖိထားၿပီး အေလွ်ာ့ေပးပါ ဆိုၿပီး လက္နဲ႔ ပုတ္ျပတဲ့ အထိ၊ ေနာက္ဆုံး ေသဆုံးေစတဲ့အထိ ျဖစ္ေစတာဟာ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒနဲ႔ မညီဘူးလို႔ ဆုံးျဖတ္ထားတဲ့ စီရင္ထုံးမ်ိဳး သူတို႔ မိသားစုက ရွာမေတြ႕ဘူးဆိုရင္ အက်ဳံးဝင္တဲ့ လြတ္ၿငိမ္းခြင့္ ဥပေဒက်င့္ထုံးေၾကာင့္ အရင္စီရင္ထုံး မရွိတဲ့အတြက္ တရားစြဲလို႔ေတာင္ မရပါဘူး ဆိုတဲ့ အေျခအေန ျဖစ္သြားမယ္လို႔ လည္း သူက ဆိုပါတယ္။

အေမရိကန္ႏိုင္ငံလုံးဆိုင္ရာ ရဲအရာရွိမ်ား အစည္းအ႐ုံးကို လက္ရွိ သတင္းေဆာင္းပါး မေဖာ္ျပခင္မွာ ဘီဘီစီက အႀကိမ္ႀကိမ္ ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေၾကာင္းမျပန္ခဲ့ပါဘူး။

ဒီအစည္းအ႐ုံးရဲ႕ ဥကၠဌျဖစ္သူ မိုက္ကယ္ မက္ေဟးကေတာ့ ေဂ်ာ့ဖလြိဳက္ ႀကဳံခဲ့ရတာဟာ ေတာ္ေတာ္ ဆိုး႐ြားၿပီး က်ဴးလြန္သူ ရဲအရာရွိေတြဘက္က ဥပေဒအရေရာ၊ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ခြင့္အရေရာ၊ လူ႔စာရိတၱ အရပါ ခုခံ ကာကြယ္ေပးလို႔ ရတဲ့ အေၾကာင္းရင္းခံမရွိပါဘူးလို႔ အေစာပိုင္းမွာ ေျပာဆိုထားပါတယ္။

သူ႔လိုပဲ ျမင္တဲ့ ႏိုင္ငံေရးသမားေတြလည္း ရွိေနၿပီး မက္ဆာခ်ဴးဆက္ျပည္နယ္က အမတ္တဦးျဖစ္သူ အိုင္ယန္းနား ပရက္စေလက ၿပီးခဲ့တဲ့ ေမလ ၂၉ ရက္ေန႔ လႊတ္ေတာ္မွာ တင္သြင္းတဲ့ ရဲေတြရဲ႕ ရက္စက္မႈကို ရႈတ္ခ်မႈ အဆို မတင္သြင္းခင္မွာ အခုလို တြစ္တာမွာ ေျပာဆိုခဲ့ပါတယ္။

“လူမည္း၊ လူညိဳေတြ မို႔လို႔ ရဲေတြက တမင္ ေ႐ြးခ်ယ္ စစ္ေမးမႈခံရ၊ ေစာင့္ၾကည့္ ထိန္းခ်ဳပ္ခံရ၊ အသက္မရႉႏိုင္တဲ့အထိ ခ်ဳပ္ေႏွာင္ခံရ၊ ရက္စက္စြာ ဝိုင္းဝန္း သတ္ျဖတ္ ခံရတာေတြ ေတာ္ေတာ္ၾကာေနၿပီ ျဖစ္တဲ့အတြက္ ဒီလို လူ႔အသက္ေသေစတဲ့ တရားမမွ်တမႈေတြကို မစစ္ေဆး မခံရပဲ ျဖစ္ေနတာကို ခြင့္မျပဳသင့္ေတာ့ ပါဘူး” ဆိုၿပီး အိုင္ယန္းနား ပရက္စေလက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္မွာ ရဲနဲ႔ ဆႏၵျပသူေတြ ထိပ္တိုက္ေတြ႕

အမ်ားျပည္သူရဲ႕ ဖိအားက အာဏာပိုင္ေတြဘက္က ဖလြိဳက္အမႈ ကိုင္တြယ္ပုံကို သက္ေရာက္မႈရွိတယ္ ဆိုေပမယ့္ ဒီထက္ နက္ရႈိင္းတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔လည္း လိုေနပါေသးတယ္။

ကြၽမ္းက်င္သူေတြနဲ႔တကြ စာနယ္ဇင္းေဖာ္ျပခ်က္ေတြကေတာ့ တရား႐ုံးခ်ဳပ္ ကိုယ္တိုင္က အက်ဳံးဝင္တဲ့ လြတ္ၿငိမ္းခြင့္ ဆိုတဲ့ ဥပေဒက်င့္ထုံးအား နားလည္သေဘာေပါက္ထားပုံကို ျပန္လည္ သုံးသပ္ႏိုင္တယ္လို႔ ေျပာဆိုေနၾကပါတယ္။

တက္ႂကြလႈပ္ရွားသူေတြကလည္း ရဲေတြက လူတိုင္းကို အျပည့္အဝ သတိထား ေစာင့္ေရွာက္ျခင္း ဆိုင္ရာ အက္ဥပေဒ ျပ႒ာန္းေပးဖို႔ အေမရိကန္ ကြန္ဂရက္ လႊတ္ေတာ္ကို ေတာင္းဆိုေနၾကပါတယ္။

အဲဒီ ဥပေဒ မူၾကမ္းအရ ႏိုင္ငံလုံးဆိုင္ရာ ဥပေဒစိုးမိုးေရး ေဆာင္႐ြက္တဲ့ ဝန္ထမ္းမ်ားအေနနဲ႔ က်ိဳးေၾကာင္း ေလ်ာ္ညီတဲ့ နည္းလမ္းမွန္သမွ် သုံးလို႔ မရေတာ့ဘဲ ေသေစႏိုင္တဲ့ အားသုံးမႈသာလွ်င္ ေ႐ြးခ်ယ္စရာနည္းလမ္း အျဖစ္က်န္ေတာ့မွ အဲဒီ အင္အား သုံးခြင့္ရမွာ ျဖစ္ပါတယ္။

စစ္တပ္သုံး လက္နက္ေတြကို ရဲဘက္ လႊဲေျပာင္းခြင့္ ပိတ္ပင္တဲ့ မူၾကမ္းတခုကိုလည္း ေထာက္ခံတဲ့ ကြန္ဂရက္လႊတ္ေတာ္ အမတ္တခ်ိဳ႕ ရွိေနၿပီ ျဖစ္ၿပီး အျခားအလားတူ ဥပေဒ မူၾကမ္းေတြကိုလည္း လႊတ္ေတာ္မွာ ဆက္လက္ ေဆြးေႏြးေနၾကပါတယ္။

ရဲတာဝန္ ထမ္းေဆာင္မႈ ပုံစံအသစ္ ျဖစ္လာမလား

အေမရိကန္ ျပည္သူ႔လြတ္လပ္ခြင့္ သမဂၢ (ACLU) ရဲ႕ တရားမွ်တေရး ဌာနခြဲ ဒါ႐ိုက္တာ အူဒီ အိုဖာကေတာ့ အခုလို ဥပေဒေတြ ျပဌာန္း႐ုံနဲ႔ မလုံေလာက္ပဲ အေမရိကန္တႏိုင္ငံလုံးက ရဲေတြရဲ႕ အခန္းက႑ကို ထားရွိတဲ့ သေဘာထားနဲ႔ ထုံးတမ္း အယူအဆကို ေျပာင္းလဲဖို႔ လိုတယ္လို႔ ဆိုပါတယ္။

လက္ရွိစနစ္အရ အေမရိကန္ရဲတာဝန္ခ်မႈဟာ ဗဟိုခ်ဳပ္ကိုင္မႈ မရွိတာမ်ားၿပီး တခ်ိဳ႕ၿမိဳ႕ေတြရဲ႕ အသုံးစရိတ္ ၄၀% ေလာက္အထိကို ရဲဌာနမွာ အသုံးျပဳေနတယ္လို႔ ဆိုပါတယ္။

လက္နက္ကိုင္ရဲေတြကိုတာဝန္ခ်ရာမွာလည္း ရဲရွိေနရင္ ပဋိပကၡ ပိုၿပီး ရႈပ္ေထြးသြားႏိုင္တဲ့ ေနရာအမ်ိဳးမ်ိဳးမွာ ခ်ထားမႈေတြ ရွိေနၿပီး ေက်ာင္းေတြ နားမွာ ကင္းလွည့္ဖို႔နဲ႔၊ သာမန္ အမ်ားျပည္သူကို အေႏွာက္အယွက္ျဖစ္တဲ့ အျပဳအမူမ်ိဳးကို ထိန္းခ်ဳပ္ရာမွာပါ လက္နက္ကိုင္ ရဲေတြကို ခ်ထားတာမ်ိဳး ျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံမွာ သုံးစကၠန႔္ကို တေယာက္ႏႈန္းနဲ႔ ရဲေတြက ဖမ္းဆီးမႈေတြ ရွိေနၿပီး အေမရိကန္ ႏိုင္ငံလုံးဆိုင္ရာ စုံစမ္းစစ္ေဆးေရး ဗ်ဴ႐ို (FBI)ရဲ႕ ခန႔္မွန္းခ်က္အရ ၂၀၁၈ ခုႏွစ္အတြင္းမွာ ႏိုင္ငံတဝန္း ဖမ္းဆီးမႈ ၁၀.၃ သန္း ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အိုဖာရဲ႕ အဆိုအရ အဲဒီလို ဖမ္းဆီးခံရသူ အမ်ားစုဟာ ၾကမ္းတမ္းတဲ့ ရာဇဝတ္မႈနဲ႔ စြပ္စြဲ အဖမ္းခံရတာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

လတ္တေလာ အသတ္ခံရတဲ့ ေဂ်ာ့ဖလြိဳက္ဟာလည္း ဆိုင္တဆိုင္မွာ ပိုက္ဆံ အတုနဲ႔ ဝယ္ဖို႔ ႀကိဳးစားတယ္လို႔ အစြပ္စြဲခံခဲ့ရတာ ျဖစ္ပါတယ္။

အိုဖာအေနနဲ႔ သူတို႔ ACLU အဖြဲ႕ရဲ႕ အျမင္အရ ဒီလို အမႈမ်ိဳးေတြမွာ ရဲေတြ ပါဝင္ မပတ္သက္သင့္ဘူးလို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံ အေနနဲ႔ ရဲဌာနေတြအတြက္ အေမရိကန္ေဒၚလာ ဘီလ်ံ ဆယ္နဲ႔ခ်ီၿပီး အသုံးျပဳေနမယ့္အစား ရဲေတြက သမိုင္းေၾကာင္းနဲ႔ခ်ီၿပီး အဓိက ပစ္မွတ္ထားျခင္း ခံေနရတဲ့ လူမႈအသိုင္းအဝိုင္းေတြမွာ အဲဒီေငြေတြကို ရင္းႏွီးျမဳပ္ႏွံသင့္တယ္လို႔လည္း သူက ေျပာပါတယ္။

ရဲေတြဘက္က အျပစ္ဝန္ခံမႈ စံသတ္မွတ္ခ်က္ကို ျမႇင့္တင္တာမ်ိဳးက တခ်ိဳ႕ တပ္ဖြဲ႕ေတြအတြက္ အလုပ္ျဖစ္ႏိုင္တယ္ ဆိုေပမယ့္ ဒီလို တာဝန္ယူ တာဝန္ခံမႈ လုပ္တဲ့ စနစ္က အေပၚယံ သကာျဖဴးျပတာမ်ိဳးသာ ျဖစ္တယ္လို႔ အိုဖာေရာ နီးလ္လီတို႔ ႏွစ္ေယာက္စလုံးက ရႈျမင္ၾကပါတယ္။

ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုးအႏၲရာယ္ရွိတဲ့ၾကားက ေဂ်ာ့ဖလြိဳက္အမႈက လႈံ႕ေဆာ္လိုက္တဲ့ ဆႏၵျပပြဲေတြ ေလ်ာ့သြားမယ့္ အလားအလာ မရွိေသးတဲ့ အခုလိုအခ်ိန္မွာ လမ္းေပၚေရာက္ လူေတြရဲ႕ ေဒါသကို ႀကီးမားတဲ့ အသြင္ေျပာင္း ေျပာင္းလဲေရးအထိ ျဖစ္လာေအာင္ တက္ႂကြလႈပ္ရွားသူေတြက လမ္းေၾကာင္းေျပာင္းေပးခ်င္ၾကပါတယ္။

“ကြၽန္ေတာ္တို႔ အေမရိကန္ႏိုင္ငံမွာ ရဲေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ေဆာင္႐ြက္မႈနဲ႔ သူတို႔ရဲ႕ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ပတ္သက္လို႔ အေျခခံက် နက္ရႈိင္းတဲ့ ျပႆနာေတြ ရွိေနပါတယ္။”

“ဒီျပႆနာေတြကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလာေပမယ့္ ဒီတိုက္ပြဲကို ကြၽန္ေတာ္တို႔ မႏိုင္ေသးပါဘူး။ ရဲတဦးတေယာက္ကို အျပစ္ေပးႏိုင္႐ုံနဲ႔လဲ ဒီတိုက္ပြဲကို ႏိုင္မွာ မဟုတ္ပါဘူး” လို႔ အိုဖာက အဆုံးသတ္ မွတ္ခ်က္ေပးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52951510
အမေရိကန်ရဲတွေ လူသတ်ရင် ဘာလို့ပြစ်ဒဏ်ချခံရမှု နည်းတာလဲ အမေရိကန်ရဲတွေ လူသတ်ရင် ဘာလို့ပြစ်ဒဏ်ချခံရမှု နည်းတာလဲ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.