တောင်ကိုရီးယားမှာ နယ်လှည့်ဈေးရောင်းသူထံမှ ရောဂါကူးသူ ၄၂ ဦးရှိ

(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ဇွန်လ ၆ ရက်နေ့ည ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါပိုးစစ်ဆေးသူတစ်ထောင့်ခြောက်ရာနီးပါးမှာ ရောဂါပိုးတွေ့သူ လေးဦးရှိတယ်လို့ ကြေညာထားပါတယ်။ သူတို့ လေးဦးလုံးဟာ အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်ပါတယ်။ ဇွန်လ ၆ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ စုစုပေါင်း၂၄၀ ဖြစ်ပြီး ရောဂါကင်းစင်သွားသူက ၁၅၆ ဦးရှိပြီး ခြောက်ဦး သေဆုံးပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ရောဂါပိုးတွေ့ရှိသူ အသစ် ၁၀၀၀ နီးပါးနဲ့ တနေ့တည်းမှာ အများဆုံးဖြစ်နေပါတယ်။ အင်ဒိုနီးရှားမှာ ရောဂါကူးစက်သူ စုစုပေါင်း သုံးသောင်းရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါပိုးတွေ့သူ အများဆုံးတွေ့တဲ့ စင်္ကာပူမှာတော့ မနေ့က ရောဂါပိုးရှိသူ သုံးရာကျော်ရှိပြီး ဝန်ကြီးချုပ်က စင်္ကာပူအနေနဲ့ ရောဂါကင်းရှင်းပြီး ပုံမှန်အခြေအနေကိုရောက်ဖို့ နှစ်အတော်ကြာလိမ့်ဦးမယ်လို့ ပြောပါတယ်။

အာဆီယံနိုငံတွေထဲမှာ ရောဂါကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်မှာတော့ စနေနေ့က ရောဂါပိုးတွေ့ရှိသူ အသစ် ခုနှစ်ရာကျော်ပါတယ်။ ရောဂါကူး နေသူစုစုပေါင်း နှစ်သောင်းကျော်ပါ။ မလေးရှားမှာတော့ စနေနေ့က ရောဂါပိုးတွေ့သူ ၃၅ ယောက်နဲ့ ထိုင်းနိုင်ငံမှာ နှစ်ယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေထဲမှာ ရောဂါကူးစက်မှုများ နေတာအိန္ဒိယနိုင်ငံဖြစ်ပါတယ်။ စနေနေ့က တနေ့တည်း လူ ကိုးထောင့်ရှစ်ရာကျော် ရောဂါပိုးတွေ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယဟာ ရောဂါဖြစ်ပွားမူအဆင့် တစ်ကမ္ဘာလုံးမှာ နံပါတ် ခြောက်အဆင့်ကို ရောက်နေပါတယ်။ ကူးစက်ခံရသူ စုစုပေါင်းက နှစ်သိန်း လေးသောင်းပါ။ အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်မှာရှိတဲ့ သိရိလင်္ကာမှာတော့ ရောဂါကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်လို့ သြဂုတ်လ ၁ ရက်နေ့မှာ ကမ္ဘာလှည့်ခရီးသွားတွေ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစတွေ့တဲ့ တရုတ်နိုင်ငံမှာလည်း စနေနေ့က သုံးယောက်တည်း တွေ့တာမို့ ရောဂါနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတာတွေကို လျော့ချလိုက်ပါတယ်။ အရင်က တရုတ်ပြည်မှာ နေရာတိုင်းမှာလိုလို အပူချိန်တိုင်း စစ်ဆေးနေတာရှိပေမယ့် ခုတော့လျော့လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ စနေနေ့က ရောဂါပိုးတွေ့သူ ၅၁ ဦးရှိပါတယ်။ ရောဂါဖြစ်ပွားသူတွေဟာ တစ်နေ့လုပ်တစ်နေ့စား ဝင်ငွေနည်းသူတွေဖြစ်ပြီး ကူးစက်ခံရသူ ၄၂ ဦးကတော့ နေအိမ်တွေကို ဈေးလှည့်လည်ရောင်းသူနဲ့ ဆက်နွယ်နေပါတယ်။

တောင်ကိုးရီးယားမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း တစ်သောင်းတစ်ထောင် ရှိပါတယ်။ ကမ္ဘာမှာတော့ ရုရှားနိုင်ငံဟာ စနေနေ့က ရောဂါပိုးတွေ့သူ အသစ် ရှစ်ထောင်ရှစ်ရာနဲ့ အများဆုံးဖြစ်နေပါတယ်။ ရောဂါဖြစ်သူ အများဆုံးဖြစ်တဲ့ အမေရိကန်မှာ စနေနေ့က လူ ငါးထောင်ကျော်မှာ ပိုးတွေ့ပြီး ချီးလီနိုင်ငံမှာလည်း ငါးထောင်ကျော်နဲ့ မက္ကဆီကိုမှာ ပိုးတွေ့သူ လေးထောင်ကျော်ပါတယ်။ အမေရိကန်မှာ လူ တစ်သန်းကိုးသိန်းကျော် ရောဂါဖြစ်နေပါတယ်။ သေဆုံးသူ တစ်သိန်းတစ်သောင်းကျော်ပါတယ်။ တစ်မ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဇွန်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် မနက်တစ်နာရီအချိန် Wolddometer ကထုတ်ပြန်တဲ့ စာရင်းအရ ရောဂါဖြစ်ပွားသူ စုစုပေါင်း ခြောက်သန်းကိုးသိန်း သေဆုံးသူ သုံးသိန်းကိုးသောင်း ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်းကတော့ သုံးသန်း သုံးသိန်းကျော်ဖြစ်ပါတယ်။

တင်အောင်ခိုင် / RFA Burmese
-------------------------------------

(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယားမွာ နယ္လွည့္ေဈးေရာင္းသူထံမွ ေရာဂါကူးသူ ၄၂ ဦးရွိ

ျမန္မာႏိုင္ငံမွာ ဇြန္လ ၆ ရက္ေန႔ည ၈ နာရီအခ်ိန္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ေရာဂါပိုးစစ္ေဆးသူတစ္ေထာင့္ေျခာက္ရာနီးပါးမွာ ေရာဂါပိုးေတြ႕သူ ေလးဦးရွိတယ္လို႔ ေၾကညာထားပါတယ္။ သူတို႔ ေလးဦးလုံးဟာ အိႏၵိယႏိုင္ငံက ျပန္လာသူေတြျဖစ္ပါတယ္။ ဇြန္လ ၆ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕သူ စုစုေပါင္း၂၄၀ ျဖစ္ၿပီး ေရာဂါကင္းစင္သြားသူက ၁၅၆ ဦးရွိၿပီး ေျခာက္ဦး ေသဆုံးပါတယ္။

ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္း အာဆီယံႏိုင္ငံေတြထဲမွာ အင္ဒိုနီးရွားႏိုင္ငံမွာ စေနေန႔က ေရာဂါပိုးေတြ႕ရွိသူ အသစ္ ၁၀၀၀ နီးပါးနဲ႔ တေန႔တည္းမွာ အမ်ားဆုံးျဖစ္ေနပါတယ္။ အင္ဒိုနီးရွားမွာ ေရာဂါကူးစက္သူ စုစုေပါင္း သုံးေသာင္းရွိပါတယ္။ အာဆီယံႏိုင္ငံေတြထဲမွာ ေရာဂါပိုးေတြ႕သူ အမ်ားဆုံးေတြ႕တဲ့ စကၤာပူမွာေတာ့ မေန႔က ေရာဂါပိုးရွိသူ သုံးရာေက်ာ္ရွိၿပီး ဝန္ႀကီးခ်ဳပ္က စကၤာပူအေနနဲ႔ ေရာဂါကင္းရွင္းၿပီး ပုံမွန္အေျခအေနကိုေရာက္ဖို႔ ႏွစ္အေတာ္ၾကာလိမ့္ဦးမယ္လို႔ ေျပာပါတယ္။

အာဆီယံႏိုငံေတြထဲမွာ ေရာဂါကူးစက္မႈ တတိယအမ်ားဆုံးျဖစ္တဲ့ ဖိလစ္ပိုင္မွာေတာ့ စေနေန႔က ေရာဂါပိုးေတြ႕ရွိသူ အသစ္ ခုႏွစ္ရာေက်ာ္ပါတယ္။ ေရာဂါကူး ေနသူစုစုေပါင္း ႏွစ္ေသာင္းေက်ာ္ပါ။ မေလးရွားမွာေတာ့ စေနေန႔က ေရာဂါပိုးေတြ႕သူ ၃၅ ေယာက္နဲ႔ ထိုင္းႏိုင္ငံမွာ ႏွစ္ေယာက္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းေတြထဲမွာ ေရာဂါကူးစက္မႈမ်ား ေနတာအိႏၵိယႏိုင္ငံျဖစ္ပါတယ္။ စေနေန႔က တေန႔တည္း လူ ကိုးေထာင့္ရွစ္ရာေက်ာ္ ေရာဂါပိုးေတြ႕တယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

အိႏၵိယဟာ ေရာဂါျဖစ္ပြားမူအဆင့္ တစ္ကမာၻလုံးမွာ နံပါတ္ ေျခာက္အဆင့္ကို ေရာက္ေနပါတယ္။ ကူးစက္ခံရသူ စုစုေပါင္းက ႏွစ္သိန္း ေလးေသာင္းပါ။ အိႏၵိယႏိုင္ငံရဲ႕ ေတာင္ဘက္မွာရွိတဲ့ သိရိလကၤာမွာေတာ့ ေရာဂါကို ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္လို႔ ၾသဂုတ္လ ၁ ရက္ေန႔မွာ ကမာၻလွည့္ခရီးသြားေတြ ျပန္ဖြင့္မယ္လို႔ ဆိုပါတယ္။

အလားတူ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးစေတြ႕တဲ့ တ႐ုတ္ႏိုင္ငံမွာလည္း စေနေန႔က သုံးေယာက္တည္း ေတြ႕တာမို႔ ေရာဂါနဲ႔ပတ္သက္ၿပီး အေရးေပၚအေျခအေန ေၾကညာထားတာေတြကို ေလ်ာ့ခ်လိုက္ပါတယ္။ အရင္က တ႐ုတ္ျပည္မွာ ေနရာတိုင္းမွာလိုလို အပူခ်ိန္တိုင္း စစ္ေဆးေနတာရွိေပမယ့္ ခုေတာ့ေလ်ာ့လိုက္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ စေနေန႔က ေရာဂါပိုးေတြ႕သူ ၅၁ ဦးရွိပါတယ္။ ေရာဂါျဖစ္ပြားသူေတြဟာ တစ္ေန႔လုပ္တစ္ေန႔စား ဝင္ေငြနည္းသူေတြျဖစ္ၿပီး ကူးစက္ခံရသူ ၄၂ ဦးကေတာ့ ေနအိမ္ေတြကို ေဈးလွည့္လည္ေရာင္းသူနဲ႔ ဆက္ႏြယ္ေနပါတယ္။

ေတာင္ကိုးရီးယားမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း တစ္ေသာင္းတစ္ေထာင္ ရွိပါတယ္။ ကမာၻမွာေတာ့ ႐ုရွားႏိုင္ငံဟာ စေနေန႔က ေရာဂါပိုးေတြ႕သူ အသစ္ ရွစ္ေထာင္ရွစ္ရာနဲ႔ အမ်ားဆုံးျဖစ္ေနပါတယ္။ ေရာဂါျဖစ္သူ အမ်ားဆုံးျဖစ္တဲ့ အေမရိကန္မွာ စေနေန႔က လူ ငါးေထာင္ေက်ာ္မွာ ပိုးေတြ႕ၿပီး ခ်ီးလီႏိုင္ငံမွာလည္း ငါးေထာင္ေက်ာ္နဲ႔ မကၠဆီကိုမွာ ပိုးေတြ႕သူ ေလးေထာင္ေက်ာ္ပါတယ္။ အေမရိကန္မွာ လူ တစ္သန္းကိုးသိန္းေက်ာ္ ေရာဂါျဖစ္ေနပါတယ္။ ေသဆုံးသူ တစ္သိန္းတစ္ေသာင္းေက်ာ္ပါတယ္။ တစ္မာၻလုံးအတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ ဇြန္လ ၇ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္တစ္နာရီအခ်ိန္ Wolddometer ကထုတ္ျပန္တဲ့ စာရင္းအရ ေရာဂါျဖစ္ပြားသူ စုစုေပါင္း ေျခာက္သန္းကိုးသိန္း ေသဆုံးသူ သုံးသိန္းကိုးေသာင္း ျပန္လည္ေကာင္းမြန္လာသူ စုစုေပါင္းကေတာ့ သုံးသန္း သုံးသိန္းေက်ာ္ျဖစ္ပါတယ္။

တင္ေအာင္ခိုင္ / RFA Burmese
https://www.rfa.org/burmese/program_2/world-coronavirus-update-06072020010402.html
တောင်ကိုရီးယားမှာ နယ်လှည့်ဈေးရောင်းသူထံမှ ရောဂါကူးသူ ၄၂ ဦးရှိ တောင်ကိုရီးယားမှာ နယ်လှည့်ဈေးရောင်းသူထံမှ ရောဂါကူးသူ ၄၂ ဦးရှိ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.