ရသေ့တောင်တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံး


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီးမှာ နယ်ခြားစောင့်ရဲတပ်ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား ယာဉ်မောင်း တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် လေးဦးနဲ့ အရပ်သားယာဉ်နောက်လိုက် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဇွန် ၂၂ရက် မနေ့ညနေက ထုတ်ပြန်ချက်မှာ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးမှာ AA အဖွဲ့ရောက်ရှိနေတယ်ဆိုတဲ့ သတင်းရလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ဖို့ အင်းဒင်ရဲစခန်းကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာရာမှာ ချောင်းမြောင်းပစ်ခတ်ခံရပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေရာကို တပ်မတော်စစ်ကြောင်းတွေ အချိန်မီသွားရောက်ပူးပေါင်းပြီး စစ်ကူပစ်ကူ ဆောင်ရွက်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

AA အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ကျောင်းတောင် နယ်ခြားစောင့်ရဲစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို မတ်လ ၉ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦး ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ အခုနှစ် မေလ ၂၉ ရက်နေ့မှာ ရသေ့တောင်မြို့နယ်က သဇင်မြိုင်ရဲစခန်းနဲ့  ဇွန်လ ၁၃ ရက်နေ့မှာ ဒုံးပိုက်ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္တိုက္ပြဲေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ သုံးဦးနဲ႔ အရပ္သားတစ္ဦး ေသဆုံး

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္ေက်း႐ြာအနီးမွာ နယ္ျခားေစာင့္ရဲတပ္ဝင္ေတြ လိုက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ေတြကို ရကၡိဳင့္တပ္ေတာ္ AA က ၾကားျဖတ္တိုက္ခိုက္လို႔ ရဲတပ္ဖြဲ႕ဝင္ သုံးဦးနဲ႔ အရပ္သား ယာဥ္ေမာင္း တစ္ဦး ေသဆုံးၿပီး ရဲတပ္ဖြဲ႕ဝင္ ေလးဦးနဲ႔ အရပ္သားယာဥ္ေနာက္လိုက္ တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ဇြန္ ၂၂ရက္ မေန႔ညေနက ထုတ္ျပန္ခ်က္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ေက်း႐ြာအနီးမွာ AA အဖြဲ႕ေရာက္ရွိေနတယ္ဆိုတဲ့ သတင္းရလို႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ေတြဟာ တရားဥပေဒ စိုးမိုးေရးေဆာင္႐ြက္ဖို႔ အင္းဒင္ရဲစခန္းကေန ေမာ္ေတာ္ယာဥ္ေတြနဲ႔ ထြက္ခြာလာရာမွာ ေခ်ာင္းေျမာင္းပစ္ခတ္ခံရၿပီး အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။
အဲဒီေနရာကို တပ္မေတာ္စစ္ေၾကာင္းေတြ အခ်ိန္မီသြားေရာက္ပူးေပါင္းၿပီး စစ္ကူပစ္ကူ ေဆာင္႐ြက္ခဲ့ရတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ AA ကေတာ့ တစ္စုံတစ္ရာထုတ္ျပန္တာ မေတြ႕ရေသးပါဘူး။
AA အဖြဲ႕ဟာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸီ၊ ေက်ာင္းေတာင္ နယ္ျခားေစာင့္ရဲစခန္း ေလးခုကို ဝင္ေရာက္တိုက္ခိုက္ခဲ့သလို မတ္လ ၉ ရက္ေန႔မွာလည္း ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုပ္ရဲစခန္း၊ ဧၿပီလ ၁၀ ရက္ေန႔မွာ ေျမာက္ဦး ရဲတပ္ရင္းဌာနခ်ဳပ္၊ ဇူလိုင္ ၁၆ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းရဲစခန္းေတြကို တိုက္ခိုက္ခဲ့ပါတယ္။

အလားတူ အခုႏွစ္ ေမလ ၂၉ ရက္ေန႔မွာ ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္ရဲစခန္းနဲ႔  ဇြန္လ ၁၃ ရက္ေန႔မွာ ဒုံးပိုက္ရဲစခန္းေတြကို တိုက္ခိုက္ခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရသေ့တောင်တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံး ရသေ့တောင်တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.