နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော် တည်ထားကိုးကွယ်မည်

တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောကြားနေစဉ် (ဆင်ဟွာ) 
(Unicode)⤵⤵⤵
  နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

    နေပြည်တော် ဒက္ခီဏသီရိမြို့နယ်တွင် ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်ကြီးအား တပ်မတော်နှင့် အလှူရှင်များ တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းပွဲ၌ မီဒီယာသို့ ပြောကြားခဲ့သည်။

“ ဉာဏ်တော် အမြင့် ၈၁ ပေရှိတဲ့ ဘူမိဖသ မုဒြာ ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်၊ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော် ထွန်းလင်း တောက်ပ လျက် ရှိကြောင်း ကမ္ဘာကို ပြသဖို့၊ တိုင်းပြည် အေးချမ်း သာယာမှု ရှိစေဖို့၊ ရုပ်ပွားတော်မြတ်ကြီးကို ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်းကားမှု အထောက်အကူ ဖြစ်စေဖို့၊ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေဖို့တို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ယခု တည်ထား ကိုးကွယ်မည့် ရုပ်ပွားတော်သည် ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များတွင် ကမ္ဘာ့ အကြီးဆုံး ကျောက်ဆစ် ရုပ်ပွားတော် ဖြစ်လာမည် ဖြစ်ကြောင်း၊ ဆင်းတုတော်ကြီးအား ထုဆစ်မည့် စကျင်ကျောက်တော်များသည် ရန်ကုန် အင်းစိန် မင်းဓမ္မ ကုန်းတော် အပေါ်မှာ တည်ထား ကိုးကွယ်ထားသော လောကချမ်းသာ အဘယ လာဘမုနိ ကျောက်တော်ကြီးဘုရား ဆင်းတုတော်ကြီး ထွက်ရှိသည့် စကျင်ကျောက်တောင်၏ မြောက်ဘက်မှာ ထွက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ နေရာမှ နေပြည်တော်အထိ ရေယာဉ် မော်တော်ယာဉ်များ အသုံးပြုပြီး အဆင့်ဆင့် သယ်ယူမှာ ဖြစ်ကြောင်း၊ ဆရာတော် ဘုရားကြီးများ၏ သြဝါဒကို ခံယူပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဆင်းတုတော်ကြီး၏ အကြီးဆုံး အစိတ်အပိုင်းသည် အလေးချိန် ၉၇၀ တန် ရှိပြီး အလျား ၆၃ ပေ၊ အနံ ၁၂ ဒသမ ၈ ပေ ရှိကြောင်း၊ တန်ချိန် တစ်ထောင် သယ်ယူနိုင်သော မော်တော်ယာဉ်များဖြင့် သယ်ယူမှာ ဖြစ်ပြီး သယ်ယူခြင်း လုပ်ငန်းများကို ဇူလိုင်လထဲတွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ၂၀၂၂ ခုနှစ်တွင် အပြီး တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

(Xinhua)
---------------------------------------
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္တြင္ ကမာၻ႔အႀကီးဆုံး ထိုင္ေတာ္မူ ေက်ာက္ဆစ္ ႐ုပ္ပြားေတာ္ တည္ထားကိုးကြယ္မည္

  ေနျပည္ေတာ္၊ ဇြန္ ၂၃ ရက္ (ဆင္ဟြာ)

    ေနျပည္ေတာ္ ဒကၡီဏသီရိၿမိဳ႕နယ္တြင္ ကမာၻ႔ အႀကီးဆုံး ထိုင္ေတာ္မူ ေက်ာက္ဆစ္ ႐ုပ္ပြားေတာ္ႀကီးအား တပ္မေတာ္ႏွင့္ အလႉရွင္မ်ား တည္ထား ကိုးကြယ္မည္ျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ ထုတ္ျပန္ေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔ သတင္းစာရွင္းပြဲ၌ မီဒီယာသို႔ ေျပာၾကားခဲ့သည္။

“ ဉာဏ္ေတာ္ အျမင့္ ၈၁ ေပရွိတဲ့ ဘူမိဖသ မုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မွာ ျဖစ္ပါတယ္၊ ရည္႐ြယ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံမွာ ေထရဝါဒ ဗုဒၶဘာသာ သာသနာေတာ္ ထြန္းလင္း ေတာက္ပ လ်က္ ရွိေၾကာင္း ကမာၻကို ျပသဖို႔၊ တိုင္းျပည္ ေအးခ်မ္း သာယာမႈ ရွိေစဖို႔၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျပည္တြင္း ျပည္ပ ဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသ တိုးတက္စည္းကားမႈ အေထာက္အကူ ျဖစ္ေစဖို႔၊ ႏိုင္ငံ့ စီးပြားေရး ဖြံ႕ၿဖိဳး တိုးတက္ေစဖို႔တို႔ပဲ ျဖစ္ပါတယ္” ဟု ၎က ရွင္းလင္း ေျပာၾကားခဲ့သည္။

ယခု တည္ထား ကိုးကြယ္မည့္ ႐ုပ္ပြားေတာ္သည္ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ ႐ုပ္ပြားေတာ္မ်ားတြင္ ကမာၻ႔ အႀကီးဆုံး ေက်ာက္ဆစ္ ႐ုပ္ပြားေတာ္ ျဖစ္လာမည္ ျဖစ္ေၾကာင္း၊ ဆင္းတုေတာ္ႀကီးအား ထုဆစ္မည့္ စက်င္ေက်ာက္ေတာ္မ်ားသည္ ရန္ကုန္ အင္းစိန္ မင္းဓမၼ ကုန္းေတာ္ အေပၚမွာ တည္ထား ကိုးကြယ္ထားေသာ ေလာကခ်မ္းသာ အဘယ လာဘမုနိ ေက်ာက္ေတာ္ႀကီးဘုရား ဆင္းတုေတာ္ႀကီး ထြက္ရွိသည့္ စက်င္ေက်ာက္ေတာင္၏ ေျမာက္ဘက္မွာ ထြက္ရွိခဲ့ျခင္း ျဖစ္ေၾကာင္း၊ အဆိုပါ ေနရာမွ ေနျပည္ေတာ္အထိ ေရယာဥ္ ေမာ္ေတာ္ယာဥ္မ်ား အသုံးျပဳၿပီး အဆင့္ဆင့္ သယ္ယူမွာ ျဖစ္ေၾကာင္း၊ ဆရာေတာ္ ဘုရားႀကီးမ်ား၏ ၾသဝါဒကို ခံယူၿပီးတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။

အဆိုပါ ဆင္းတုေတာ္ႀကီး၏ အႀကီးဆုံး အစိတ္အပိုင္းသည္ အေလးခ်ိန္ ၉၇၀ တန္ ရွိၿပီး အလ်ား ၆၃ ေပ၊ အနံ ၁၂ ဒသမ ၈ ေပ ရွိေၾကာင္း၊ တန္ခ်ိန္ တစ္ေထာင္ သယ္ယူႏိုင္ေသာ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သယ္ယူမွာ ျဖစ္ၿပီး သယ္ယူျခင္း လုပ္ငန္းမ်ားကို ဇူလိုင္လထဲတြင္ စတင္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္  ၂၀၂၂ ခုႏွစ္တြင္ အၿပီး တည္ထား ကိုးကြယ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ၎က ရွင္းလင္းေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/28127-2020-06-23-10-09-38
နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော် တည်ထားကိုးကွယ်မည် နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော် တည်ထားကိုးကွယ်မည် Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.