ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိ

(Unicode)⤵⤵⤵
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံးတို့ လာမယ့်ဇွန်လ ၂၆ ရက်နေ့ မှာ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်ကျင့်ဝတ်  Code of Conduct ကို လက်မှတ်ထိုးဖို့နဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားတယ်လို့ ပါတီခေါင်းဆောင် တွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတချို့က ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။

တွေ့ဆုံမယ့်အကြောင်းအရာခေါင်းစဉ် တိတိကျကျမပါတာကြောင့် တွေ့ဆုံမှုပေါ်မူတည်ပြီး ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးသွားဖို့ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ကော်မရှင်အနေနဲ့ ဘယ်လိုပုံစုံလုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးသွားဖို့ရှိတယ်။ ပြီးရင် တိုက်ပွဲကြောင့် ရွေးကောက်ပွဲလုပ်လို့မရဘူးဆိုရင် တိုက်ပွဲ အရှိန်ကို လျှော့ချနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ရင် ရွေးကောက်ပွဲလုပ်လို့ရပါတယ်။ အဲဒါကြောင့် UEC အနေနဲ့ ဘာ တွေကြိုးစားနေတယ်ဆိုတာကို ကျွန်တော်တို့က အခွင့်ရသလို မေးမြန်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက တချို့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ တိုက်ပွဲ တွေဖြစ်ပွားနေသလို တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေနဲ့ ဖမ်းဆီး ခံရတာ၊ ပျောက်ဆုံးနေတာတွေအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုရင်လည်း ရာထူးတာဝန်တွေကနေ နုတ်ထွက်မှုတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲဟာ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်စပ်နေတာကြောင့် ရွေးကောက်ပွဲ ဘယ်နေရာတွေ ဖြစ်လဲဆိုတာတွေကို ဆွေးနွေးခွင့်ရဖို့ မျှော်လင့်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အတွင်းရေးမှူး ဦးမျိုးကျော်က RFA ကို ပြောပါတယ်။

“ရခိုင်မှာ ရွေးကောက်ပွဲ ဘယ်နေရာတွေဖြစ်မယ်ဆိုတဲ့ဟာမျိုးပေါ့ တစ်နိုင်ငံလုံးဖြစ်မလားပေါ့။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တာကိုး။ ကိုယ်ဝင်ပြိုင်ရမယ့်အနေအထားနဲ့ ချင့်ချိန် လို့ရအောင် ပြင်ဆင်လို့ရအောင်ပေါ့။ အခုက တိုက်ပွဲက တော်တော်များများဖြစ်ကြတယ်၊ တိုက်ပွဲမဖြစ် တဲ့နေရာတွေတောင်မှ ရာဇဝတ်မှုတွေ ထူပြောလားတာတွေ့ရတယ်လေ။ ဒီနယ်မြေတွေရဲ့ တည်ငြိမ်အေးချမ်း မှုက အတော်လေး အရေးကြီးလာတယ်။ ရွေးကောက်ပွဲဆိုတာကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ အများကြီးဆက်စပ်တာကိုး။ ဒီဟာတွေလည်း ဆွေးနွေးရမှပေါ့ဗျာ။”

ဒီတွေ့ဆုံမှုကို ANP ပါတီက ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကိုယ်တိုင် တက်ရောက်မှာဖြစ်သလို ALD ပါတီက အတွင်းရေးမှူး ဦးမျိုးကျော်တို့ တက်ရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ့်ကိစ္စ၊ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိ မရှိနဲ့ ပတ်သက်လို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို RFA ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်ပဲဖြစ်ဖြစ်၊ ဘယ်ပြည်နယ်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှပ်ထားခဲ့တာဟာ မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်တဲ့အခင်အကျင်းမျိုး ကြိုးစားဖန်တီးပေးဖို့ လိုတယ်လို့လည်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့မှုနည်းတာတွေ၊ ရွေးကောက်ပွဲရက် တိတိကျကျ မကြေညာနိုင်တာတွေအတွက် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီခေါင်းဆောင်တွေက အားမရဘဲ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်ကတော့ အခုလို ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုများများလုပ်ပေးနိုင်ဖို့ တောင်းဆိုပါတယ်။

“နိုင်ငံရေးပါတီတွေနဲ့ တွေ့ဖို့ကိစ္စကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ ဒါကောင်းတဲ့ကိစ္စပဲ ဒီထက်လည်း ပိုပြီးတွေ့စေချင်တယ်။ အစည်းအဝေးတစ်ခုမှာ ပြဿနာတွေ အားလုံးပြေလည်သွားမယ်လို့ မယူဆဘူး။ လိုလားချက်တွေ ပြောခွင့်ရမယ် ပါတီပေါင်းကလည်း ၉၀ ကျော်လောက်ရှိတာကိုး။ ဒါမျိုးကို ခပ်စိပ်စပ်နဲ့ သေချာ ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ရင် နိုင်ငံရေးပါတီတွေရဲ့ စိုးရိမ်နေတာတွေ လျှော့သွားမယ်လို့ ယူဆ ပါတယ်။”

လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပေမဲ့  တိုက်ပွဲတွေရှိနေတဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေနဲ့ ဝ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ အခြေအနေကို တိုင်ပင်ဆွေးနွေးနေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က ပြောကြားထား ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ နှစ်လနဲ့ ၂၄ ရက်အလိုမှာ ကြေညာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ လေးလအလိုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

နေမျိုးထွန်း / RFA Burmese
---------------------------------

(Zawgyi)⤵⤵⤵
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႕ဆုံဖို႔ရွိ

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ မွတ္ပုံတင္ထားတဲ့ ႏိုင္ငံေရးပါတီအားလုံးတို႔ လာမယ့္ဇြန္လ ၂၆ ရက္ေန႔ မွာ ေ႐ြးေကာက္ပြဲဝင္မယ့္ပါတီေတြ၊ ကိုယ္စားလွယ္ေလာင္းေတြ လိုက္နာရမယ့္က်င့္ဝတ္  Code of Conduct ကို လက္မွတ္ထိုးဖို႔နဲ႔ ဇြန္လ ၂၇ ရက္ေန႔မွာ ေကာ္မရွင္နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ၾကားထားတယ္လို႔ ပါတီေခါင္းေဆာင္ ေတြက ေျပာၾကပါတယ္။ ရခိုင္ျပည္နယ္ကိုယ္စားျပဳတဲ့ ႏိုင္ငံေရးပါတီတခ်ိဳ႕က ရခိုင္ျပည္နယ္က ေ႐ြးေကာက္ပြဲ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတင္ျပဖို႔ရွိတယ္လို႔ ေျပာပါတယ္။

ေတြ႕ဆုံမယ့္အေၾကာင္းအရာေခါင္းစဥ္ တိတိက်က်မပါတာေၾကာင့္ ေတြ႕ဆုံမႈေပၚမူတည္ၿပီး ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္မွာ ေကာ္မရွင္အေနနဲ႔ ဘယ္လိုပုံစုံလုပ္ထားတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ေဆြးေႏြးသြားဖို႔ရွိတယ္။ ၿပီးရင္ တိုက္ပြဲေၾကာင့္ ေ႐ြးေကာက္ပြဲလုပ္လို႔မရဘူးဆိုရင္ တိုက္ပြဲ အရွိန္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ အပစ္အခတ္ရပ္စဲေရးလုပ္ႏိုင္ရင္ ေ႐ြးေကာက္ပြဲလုပ္လို႔ရပါတယ္။ အဲဒါေၾကာင့္ UEC အေနနဲ႔ ဘာ ေတြႀကိဳးစားေနတယ္ဆိုတာကို ကြၽန္ေတာ္တို႔က အခြင့္ရသလို ေမးျမန္းေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းက တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ၂ဝ၁၈ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ တိုက္ပြဲ ေတြျဖစ္ပြားေနသလို တိုက္ပြဲေတြေၾကာင့္ ေဒသခံအရပ္သားျပည္သူေတြ ေသဆုံး၊ ဒဏ္ရာရရွိတာေတြနဲ႔ ဖမ္းဆီး ခံရတာ၊ ေပ်ာက္ဆုံးေနတာေတြအျပင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြဆိုရင္လည္း ရာထူးတာဝန္ေတြကေန ႏုတ္ထြက္မႈေတြလည္း ရွိေနပါတယ္။

ေ႐ြးေကာက္ပြဲဟာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး ဆက္စပ္ေနတာေၾကာင့္ ေ႐ြးေကာက္ပြဲ ဘယ္ေနရာေတြ ျဖစ္လဲဆိုတာေတြကို ေဆြးေႏြးခြင့္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ပါတီရဲ႕ အတြင္းေရးမႉး ဦးမ်ိဳးေက်ာ္က RFA ကို ေျပာပါတယ္။

“ရခိုင္မွာ ေ႐ြးေကာက္ပြဲ ဘယ္ေနရာေတြျဖစ္မယ္ဆိုတဲ့ဟာမ်ိဳးေပါ့ တစ္ႏိုင္ငံလုံးျဖစ္မလားေပါ့။ ဘာျဖစ္လို႔ လည္းဆိုေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးပါတီျဖစ္တာကိုး။ ကိုယ္ဝင္ၿပိဳင္ရမယ့္အေနအထားနဲ႔ ခ်င့္ခ်ိန္ လို႔ရေအာင္ ျပင္ဆင္လို႔ရေအာင္ေပါ့။ အခုက တိုက္ပြဲက ေတာ္ေတာ္မ်ားမ်ားျဖစ္ၾကတယ္၊ တိုက္ပြဲမျဖစ္ တဲ့ေနရာေတြေတာင္မွ ရာဇဝတ္မႈေတြ ထူေျပာလားတာေတြ႕ရတယ္ေလ။ ဒီနယ္ေျမေတြရဲ႕ တည္ၿငိမ္ေအးခ်မ္း မႈက အေတာ္ေလး အေရးႀကီးလာတယ္။ ေ႐ြးေကာက္ပြဲဆိုတာကလည္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ အမ်ားႀကီးဆက္စပ္တာကိုး။ ဒီဟာေတြလည္း ေဆြးေႏြးရမွေပါ့ဗ်ာ။”

ဒီေတြ႕ဆုံမႈကို ANP ပါတီက ပါတီဥကၠ႒ ဦးသာထြန္းလွကိုယ္တိုင္ တက္ေရာက္မွာျဖစ္သလို ALD ပါတီက အတြင္းေရးမႉး ဦးမ်ိဳးေက်ာ္တို႔ တက္ေရာက္မွာ ျဖစ္ပါတယ္။

ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံမယ့္ကိစၥ၊ ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ရွိ မရွိနဲ႔ ပတ္သက္လို႔ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြကို RFA ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္ပဲျဖစ္ျဖစ္၊ ဘယ္ျပည္နယ္ပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲမက်င္းပဘဲ ခ်န္လွပ္ထားခဲ့တာဟာ မေကာင္းတဲ့ လကၡဏာတစ္ရပ္ျဖစ္ၿပီး အဲဒါေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြ မဲေပးႏိုင္တဲ့အခင္အက်င္းမ်ိဳး ႀကိဳးစားဖန္တီးေပးဖို႔ လိုတယ္လို႔လည္း ANP ပါတီဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

ႏိုင္ငံေရးပါတီေတြနဲ႔ ထိေတြ႕မႈနည္းတာေတြ၊ ေ႐ြးေကာက္ပြဲရက္ တိတိက်က် မေၾကညာႏိုင္တာေတြအတြက္ လက္ရွိျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြက အားမရဘဲ ေဝဖန္မႈေတြ လည္းရွိေနပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔ လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာစိုင္းရဲေက်ာ္စြာျမင့္ကေတာ့ အခုလို ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႕ဆုံမႈမ်ားမ်ားလုပ္ေပးႏိုင္ဖို႔ ေတာင္းဆိုပါတယ္။

“ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဖို႔ကိစၥကို ကြၽန္ေတာ္ကေတာ့ ႀကိဳဆိုပါတယ္။ ဒါေကာင္းတဲ့ကိစၥပဲ ဒီထက္လည္း ပိုၿပီးေတြ႕ေစခ်င္တယ္။ အစည္းအေဝးတစ္ခုမွာ ျပႆနာေတြ အားလုံးေျပလည္သြားမယ္လို႔ မယူဆဘူး။ လိုလားခ်က္ေတြ ေျပာခြင့္ရမယ္ ပါတီေပါင္းကလည္း ၉၀ ေက်ာ္ေလာက္ရွိတာကိုး။ ဒါမ်ိဳးကို ခပ္စိပ္စပ္နဲ႔ ေသခ်ာ ျပည့္ျပည့္စုံစုံေဆြးေႏြးႏိုင္ရင္ ႏိုင္ငံေရးပါတီေတြရဲ႕ စိုးရိမ္ေနတာေတြ ေလွ်ာ့သြားမယ္လို႔ ယူဆ ပါတယ္။”

လာမယ့္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလမွာ က်င္းပသြားမွာျဖစ္ေပမဲ့  တိုက္ပြဲေတြရွိေနတဲ့ ရခိုင္ျပည္နယ္က မဲဆႏၵနယ္ေတြနဲ႔ ဝ ေဒသေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေျခ ရွိ၊ မရွိ အေျခအေနကို တိုင္ပင္ေဆြးေႏြးေနတယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ဇြန္လ ၄ ရက္ေန႔က ေျပာၾကားထား ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၇ ရက္ေန႔မွာက်င္းပခဲ့ၿပီး ေ႐ြးေကာက္ပြဲမက်င္းပမီ ႏွစ္လနဲ႔ ၂၄ ရက္အလိုမွာ ေၾကညာခဲ့သလို ၂၀၁၅ ေ႐ြးေကာက္ပြဲကိုလည္း ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ေ႐ြးေကာက္ပြဲ မက်င္းပမီ ေလးလအလိုမွာ ေၾကညာခဲ့တာျဖစ္ပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
https://www.rfa.org/burmese/news/uec-will-meets-politicial-parties-06232020053217.html
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ရှိ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.