နှစ်ရက်အတွင်း ပုဂံဘုရား ရှစ်ဆူ ဌာပနာဖောက်ခံရ

ဓာတ်ပုံ - ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း
(Unicode)⤵⤵⤵
 မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ စေတီ ငါးဆူ ဌာပနာ ဖောက်ခံထားရတာ မနေ့က တွေ့ရပြီး ဒီနေ့ ဇွန်လ ၉ ရက်နေ့ မနက်မှာတော့ တခြား စေတီ သုံးဆူ ဖောက်ခံလိုက်ရတယ်လို့ ပုဂံဧည်လမ်းညွှန်အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၉၀ နောက်ပိုင်း ပြုပြင်ထားတဲ့ ဘုရားတွေကို ဖောက်ထွင်းမှုဟာ ရှေးဟောင်း ရွှေ၊ ငွေ ရတနာ ပစ္စည်းတွေကို လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ပုဂံဧည်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထက်ထွန်းအောင်က ယူဆပါတယ်။

နောက်ထပ်လည်း အလားတူ အမှုတွေ ဖြစ်လာနိုင်တာကြောင့် အစိုးရအနေနဲ့  လုံခြုံရေးကင်မရာတွေ တပ်ဆင်တာ၊ လုံခြုံရေး တိုးမြင့်ချထားပြီး ကင်းလှည့်တာတွေ လုပ်သင့်တယ်လို့လည်း ကိုထက်ထွန်းအောင်က ပြောပါတယ်။

ကပ်ဘေးကာလ ပုဂံဒေသ ခရီးသွားလာမှု ရပ်ဆိုင်းနေချိန်မှာ ပုဂံဧည်လမ်းညွှန်အသင်းက အသင်းဝင် ၁၀၀ ကျော်ဟာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ပုဂံဒေသက ဘုရားတွေကို လှည့်လည် စစ်ဆေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုဂံမြို့သစ် နယ်မြေရဲစခန်း တာဝန်ကျ အရာရှိကတော့  စေတီတွေ ဌာပနာ ဖောက်ခံရတာကို စုံစမ်းအရေးယူပေးဖို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိန်းရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို  ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီကနေ့ အဖောက်ခံရတဲ့ စေတီအမှတ်တွေကို မသိရသေးပါဘူး။ မနေ့က အဖောက်ခံရကတော့ တောင်ဖီကျေးရွာအုပ်စုရှိတဲ့ စေတီအမှတ် ၁၈၈၂၊ ၁၈၇၇၊ ၁၈၇၅၊ ၁၈၉၃ နဲ့ ၁၈၉၇ တို့ ဖြစ်ပါတယ်။

RFA Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ႏွစ္ရက္အတြင္း ပုဂံဘုရား ရွစ္ဆူ ဌာပနာေဖာက္ခံရ

 မႏၲေလးတိုင္း ေညာင္ဦးၿမိဳ႕နယ္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမမွာ ေစတီ ငါးဆူ ဌာပနာ ေဖာက္ခံထားရတာ မေန႔က ေတြ႕ရၿပီး ဒီေန႔ ဇြန္လ ၉ ရက္ေန႔ မနက္မွာေတာ့ တျခား ေစတီ သုံးဆူ ေဖာက္ခံလိုက္ရတယ္လို႔ ပုဂံဧည္လမ္းၫႊန္အသင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

၁၉၉၀ ေနာက္ပိုင္း ျပဳျပင္ထားတဲ့ ဘုရားေတြကို ေဖာက္ထြင္းမႈဟာ ေရွးေဟာင္း ေ႐ႊ၊ ေငြ ရတနာ ပစၥည္းေတြကို လိုခ်င္တာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ပုဂံဧည္လမ္းၫႊန္အသင္း ျပန္ၾကားေရးတာဝန္ခံ ကိုထက္ထြန္းေအာင္က ယူဆပါတယ္။

ေနာက္ထပ္လည္း အလားတူ အမႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ အစိုးရအေနနဲ႔  လုံၿခဳံေရးကင္မရာေတြ တပ္ဆင္တာ၊ လုံၿခဳံေရး တိုးျမင့္ခ်ထားၿပီး ကင္းလွည့္တာေတြ လုပ္သင့္တယ္လို႔လည္း ကိုထက္ထြန္းေအာင္က ေျပာပါတယ္။

ကပ္ေဘးကာလ ပုဂံေဒသ ခရီးသြားလာမႈ ရပ္ဆိုင္းေနခ်ိန္မွာ ပုဂံဧည္လမ္းၫႊန္အသင္းက အသင္းဝင္ ၁၀၀ ေက်ာ္ဟာ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ပုဂံေဒသက ဘုရားေတြကို လွည့္လည္ စစ္ေဆးေနတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

ပုဂံၿမိဳ႕သစ္ နယ္ေျမရဲစခန္း တာဝန္က် အရာရွိကေတာ့  ေစတီေတြ ဌာပနာ ေဖာက္ခံရတာကို စုံစမ္းအေရးယူေပးဖို႔ ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) ဦးစီးအရာရွိက ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိန္းေရးဥပေဒနဲ႔ အမႈဖြင့္ထားတယ္လို႔ ေျပာပါတယ္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမကို  ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လတုန္းက ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေဒသအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
ဒီကေန႔ အေဖာက္ခံရတဲ့ ေစတီအမွတ္ေတြကို မသိရေသးပါဘူး။ မေန႔က အေဖာက္ခံရကေတာ့ ေတာင္ဖီေက်း႐ြာအုပ္စုရွိတဲ့ ေစတီအမွတ္ ၁၈၈၂၊ ၁၈၇၇၊ ၁၈၇၅၊ ၁၈၉၃ နဲ႔ ၁၈၉၇ တို႔ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
နှစ်ရက်အတွင်း ပုဂံဘုရား ရှစ်ဆူ ဌာပနာဖောက်ခံရ နှစ်ရက်အတွင်း ပုဂံဘုရား ရှစ်ဆူ ဌာပနာဖောက်ခံရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.