တပ်နဲ့ KIA အပစ်ရပ်လက်မှတ်ထိုးဖို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ တိုက်တွန်း

KIA တပ်စခန်းတစ်ခုကို တွေ့ရစဉ် / Photo: Kan Thar/RFA
(Unicode)⤵⤵⤵
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ ၉ နှစ်ပြည့်တဲ့ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က တပ်မတော်နဲ့ KIA ကြား လက်မှတ်ရေးထိုးဖို့ သဘောထားထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

စစ်ဘေးဒုက္ခသည်တွေ သိက္ခာရှိစွာနဲ့ လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ သဘောတူညီချက် တစ်ခုခုရှိမှသာလျှင် စိတ်ချ မှာဖြစ်တဲ့အတွက် Bi-lateral လို့ ခေါ်တဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တိုက်တွန်းရတာလို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့  နယကအဖွဲ့ သိက္ခာတော်ရဆရာကြီး Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

"အားလုံးရဲ့သဘောက မူလနေရပ်ကို ပြန်ချင်တယ်။ဒါပေမဲ့ သိက္ခာရှိစွာပြန်ရေးနဲ့ လုံခြုံစွာပြန်ရေး နောက်ပြီး မှ အရေးကြီးဆုံးက ဒီမှာဖော်ပြထားတဲ့အတိုင်းပဲ တစ်ခုခု သဘောဘာတူညီချက်ရှိမှသာစိတ်ချမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ Bi-lateral ကတော့ စိတ်ချမှု တစ်ခုအနေနဲ့ လိုအပ်တယ်။ ဒါကြောင့်မို့ တိုက်တွန်းထားရခြင်း ဖြစ်တယ်"

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ KIA နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း လမ်းဖွင့်ပေးထား ကြောင်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ မူလနေရပ်ကို ပြန်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက မြေမြှုပ်မှိုင်းတွေ ရှင်းလင်းပေးဖို့၊ အရင်က မရှိခဲ့တဲ့ စစ်တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့နဲ့ နိုင်ငံတကာ အကူအညီတွေကို အဟန့်အတားမရှိ ကူညီခွင့်ပြုဖို့လည်း ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က တောင်းဆိုထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကတော့ Bi-Lateral ထိုးပြီးလို့ နေရပ်ပြန်ရင်ရော လုံခြုံစိတ်ချမှု ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ဂျန်မိုင်ကောင့် KBC စစ်ရှောင်စခန်း ဒုတာဝန်ခံ ဦးထွယ်အောင်က ပြောပါတယ်။

"ကျနော်တို့သွားနေပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အခုကသာငြိမ်နေတာ ကျနော်တို့ရွာသားတွေ ပြန်ရောက် လာရင် ဟိုဘက်ကလည်းလာမယ် ဒီဘက်ကလည်းလာမယ် နှစ်ဘက်ကလာမယ်ဆိုရင် ကျနော်တို့အတွက် နေရတာအဆင်ပြေမလားပေါ့။ လောလောဆယ်ပဲ အဆင်ပြေပြီး နောက်ပြန်ဖြစ်လာရင်ရော ဘယ်လိုအခြေ အနေလဲပေါ့။ ဒါကြောင့် ထာဝရငြိမ်းချမ်းမှုမရှိရင်တော့ ကျနော်တို့အတွက် မျှော်လင့်စရာသိပ်မရှိဘူး"

စစ်ဘေးဒုက္ခသည်စခန်းမှာ နေရတာ အချိန်ကာလကြာလာတာနဲ့အမျှ တချို့ဒုက္ခသည်တွေကတော့ လက်မှတ် ထိုးထိုး၊ မထိုးထိုး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မူလနေရပ်ကို ပြန်တော့မယ်ဆိုတဲ့ သဘောထားရှိနေကြသလို တချို့ကတော့ ငြိမ်းချမ်းရေး၊ စားဝတ်နေရေးနဲ့ အာမခံချက်ရှိတဲ့ လုံခြုံရေးတွေပေးနိုင်မှ နေရပ်ကိုပြန်မယ်ဆိုတဲ့ မတူညီတဲ့သဘောထားတွေ ရှိနေကြပါတယ်။

၂၀၁၆ ခုနှစ်နောက်ပိုင်း ကချင်ဒေသမှာ တိုက်ပွဲတွေကျဲလာတဲ့နောက်မှာတော့ ဒုက္ခသည်တချို့က မူလနေရပ် ကိုပြန်ပြီး လုပ်ကိုင်စားသောက်နေသူတွေလည်း ရှိနေပါပြီ။

စစ်ဘေးဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး၊ အထောက်အပံ့ရရှိရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကချင်လူသားချင်းစာနာမှုထောက်ထားမှုကော်မတီ KHCC နဲ့ အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထိထိရောက်ရောက် အကောင်ထည်ဖော်ဆောင်ရွက်နေတာတွေ မရှိသေးပါဘူး။

ဒီလို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသေးတာဟာ အစိုးရတပ်မတော်နဲ့ KIA ကြား တိကျခိုင်လုံတဲ့ သဘောဘာတူညီချက် မရှိသေးတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ကချင်ဒေသမှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဟာ ၉ နှစ်ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းပေါင်း တစ်ရာလောက်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းလောက်ရှိနေပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
တပ္နဲ႔ KIA အပစ္ရပ္လက္မွတ္ထိုးဖို႔ ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႕ တိုက္တြန္း

ကခ်င္ျပည္နယ္မွာ စစ္ပြဲေတြ ျပန္လည္ျဖစ္ပြားတဲ့ ၉ ႏွစ္ျပည့္တဲ့ ဒီကေန႔ ဇြန္လ ၉ ရက္ေန႔မွာ ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႕က တပ္မေတာ္နဲ႔ KIA ၾကား လက္မွတ္ေရးထိုးဖို႔ သေဘာထားထုတ္ျပန္ တိုက္တြန္းလိုက္တာပါ။

စစ္ေဘးဒုကၡသည္ေတြ သိကၡာရွိစြာနဲ႔ လုံၿခဳံစြာ ေနရပ္ျပန္ႏိုင္ဖို႔ သေဘာတူညီခ်က္ တစ္ခုခုရွိမွသာလွ်င္ စိတ္ခ် မွာျဖစ္တဲ့အတြက္ Bi-lateral လို႔ ေခၚတဲ့ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးဖို႔ တိုက္တြန္းရတာလို႔ ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႕  နယကအဖြဲ႕ သိကၡာေတာ္ရဆရာႀကီး Rev. ေဒါက္တာ ခလမ္ဆမ္ဆြန္က ေျပာပါတယ္။

"အားလုံးရဲ႕သေဘာက မူလေနရပ္ကို ျပန္ခ်င္တယ္။ဒါေပမဲ့ သိကၡာရွိစြာျပန္ေရးနဲ႔ လုံၿခဳံစြာျပန္ေရး ေနာက္ၿပီး မွ အေရးႀကီးဆုံးက ဒီမွာေဖာ္ျပထားတဲ့အတိုင္းပဲ တစ္ခုခု သေဘာဘာတူညီခ်က္ရွိမွသာစိတ္ခ်မွာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ Bi-lateral ကေတာ့ စိတ္ခ်မႈ တစ္ခုအေနနဲ႔ လိုအပ္တယ္။ ဒါေၾကာင့္မို႔ တိုက္တြန္းထားရျခင္း ျဖစ္တယ္"

ဒီေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး KIA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး ေနာ္ဘူကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ KIA နဲ႔ အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးႏိုင္ေရး ေဆြးေႏြးေနၿပီး တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ အၿမဲတမ္း လမ္းဖြင့္ေပးထား ေၾကာင္း ေျပာပါတယ္။

စစ္ေဘးဒုကၡသည္ေတြ မူလေနရပ္ကို ျပန္ႏိုင္ဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ေျမျမႇဳပ္မႈိင္းေတြ ရွင္းလင္းေပးဖို႔၊ အရင္က မရွိခဲ့တဲ့ စစ္တပ္စခန္းေတြကို ဆုတ္ခြာေပးဖို႔နဲ႔ ႏိုင္ငံတကာ အကူအညီေတြကို အဟန႔္အတားမရွိ ကူညီခြင့္ျပဳဖို႔လည္း ကခ်င္အမ်ိဳးသား အတိုင္ပင္ခံအဖြဲ႕က ေတာင္းဆိုထားပါတယ္။

စစ္ေဘးဒုကၡသည္ေတြကေတာ့ Bi-Lateral ထိုးၿပီးလို႔ ေနရပ္ျပန္ရင္ေရာ လုံၿခဳံစိတ္ခ်မႈ ရွိပါ့မလားဆိုတဲ့ စိုးရိမ္မႈေတြရွိေနတယ္လို႔ ဂ်န္မိုင္ေကာင့္ KBC စစ္ေရွာင္စခန္း ဒုတာဝန္ခံ ဦးထြယ္ေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔သြားေနၿပီဆိုရင္ေတာ့ ဘာပဲျဖစ္ျဖစ္ အခုကသာၿငိမ္ေနတာ က်ေနာ္တို႔႐ြာသားေတြ ျပန္ေရာက္ လာရင္ ဟိုဘက္ကလည္းလာမယ္ ဒီဘက္ကလည္းလာမယ္ ႏွစ္ဘက္ကလာမယ္ဆိုရင္ က်ေနာ္တို႔အတြက္ ေနရတာအဆင္ေျပမလားေပါ့။ ေလာေလာဆယ္ပဲ အဆင္ေျပၿပီး ေနာက္ျပန္ျဖစ္လာရင္ေရာ ဘယ္လိုအေျခ အေနလဲေပါ့။ ဒါေၾကာင့္ ထာဝရၿငိမ္းခ်မ္းမႈမရွိရင္ေတာ့ က်ေနာ္တို႔အတြက္ ေမွ်ာ္လင့္စရာသိပ္မရွိဘူး"

စစ္ေဘးဒုကၡသည္စခန္းမွာ ေနရတာ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် တခ်ိဳ႕ဒုကၡသည္ေတြကေတာ့ လက္မွတ္ ထိုးထိုး၊ မထိုးထိုး ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ မူလေနရပ္ကို ျပန္ေတာ့မယ္ဆိုတဲ့ သေဘာထားရွိေနၾကသလို တခ်ိဳ႕ကေတာ့ ၿငိမ္းခ်မ္းေရး၊ စားဝတ္ေနေရးနဲ႔ အာမခံခ်က္ရွိတဲ့ လုံၿခဳံေရးေတြေပးႏိုင္မွ ေနရပ္ကိုျပန္မယ္ဆိုတဲ့ မတူညီတဲ့သေဘာထားေတြ ရွိေနၾကပါတယ္။

၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ကခ်င္ေဒသမွာ တိုက္ပြဲေတြက်ဲလာတဲ့ေနာက္မွာေတာ့ ဒုကၡသည္တခ်ိဳ႕က မူလေနရပ္ ကိုျပန္ၿပီး လုပ္ကိုင္စားေသာက္ေနသူေတြလည္း ရွိေနပါၿပီ။

စစ္ေဘးဒုကၡသည္ေတြေနရပ္ျပန္ႏိုင္ေရး၊ အေထာက္အပံ့ရရွိေရးအတြက္ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA၊ ကခ်င္လူသားခ်င္းစာနာမႈေထာက္ထားမႈေကာ္မတီ KHCC နဲ႔ အစိုးရအဖြဲ႕တို႔ ပူးေပါင္းေဆာင္႐ြက္ေနတာလည္း ရွိပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္ထိေတာ့ ထိထိေရာက္ေရာက္ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ေနတာေတြ မရွိေသးပါဘူး။

ဒီလို ထိထိေရာက္ေရာက္ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မႈ မရွိေသးတာဟာ အစိုးရတပ္မေတာ္နဲ႔ KIA ၾကား တိက်ခိုင္လုံတဲ့ သေဘာဘာတူညီခ်က္ မရွိေသးတာေၾကာင့္ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ေျပာဆိုၾကပါတယ္။

ကခ်င္ေဒသမွာ တစ္ေက်ာ့ျပန္ တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားခဲ့တာဟာ ၉ ႏွစ္ရွိၿပီျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးဘဲ စစ္ေဘးဒုကၡသည္စခန္းေတြမွာ စားဝတ္ေနေရး အခက္အခဲမ်ိဳးစုံနဲ႔ ခိုလႈံေနရဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ဇြန္လက တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ကခ်င္ျပည္နယ္အတြင္းက စစ္ေဘးဒုကၡသည္စခန္းေပါင္း တစ္ရာေလာက္မွာ စစ္ေဘးဒုကၡသည္ တစ္သိန္းေလာက္ရွိေနပါတယ္။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
https://www.rfa.org/burmese/news/urge-to-sign-bilateral-army-and-kia-06092020054425.html
တပ်နဲ့ KIA အပစ်ရပ်လက်မှတ်ထိုးဖို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ တိုက်တွန်း တပ်နဲ့ KIA အပစ်ရပ်လက်မှတ်ထိုးဖို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ တိုက်တွန်း Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.