ထိုင်းမှာ ပါတီပွဲကျင်းပတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသား ၂၁ ဦး ကိုဗစ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံရ

ထိုင်းမှာ ပါတီပွဲကျင်းပတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသား ၂၁ ဦး ကိုဗစ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံရ
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပင်လယ်ပြင်အပန်းဖြေပါတီပွဲ ကျင်းပနေကြတဲ့ မြန်မာနဲ့ထိုင်းနိုင်ငံသား ၂၁ ဦးဟာ ကိုဗစ်-၁၉ အရေးပေါ် ဥပဒေနဲ့ဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။ ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့နေတာပါ။

ဇွန်လ(၇) ရက်နေ့ညက ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် စပ်သဟစ် မြို့နယ်၊ Bang Sare ကမ်းခြေ ဟိုတယ်မှာ ပါတီပွဲကျင်းပနေကြတဲ့ မြန်မာနဲ့ထိုင်းနိုင်ငံသား ၂၁ ဦး ကို ချွန်ဘူရီခရိုင် စပ်သဟစ် ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် ကနေ ဗင်ကား (Ven Car )သုံးစီးနဲ့အလည်အပတ်ရောက်လာကြတဲ့ ရှမ်းနွယ်ဖွား မြန်မာနဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၊ အမျိုးသမီး ၂၁ ဦးထဲမှာ တရားမဝင် မြန်မာနိုင်ငံသားတွေလည်း ပါဝင်တာပါ။

ချွန်ဘူရီ ခရိုင်၊ စပ်သဟစ် မြို့နယ်ရဲမှူး PANYA DAM LEK ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“ ဥပဒေအရ လာရောက်စစ်ဆေး အရေးယူတာသာဖြစ်တယ်။ စုပေါင်းဝိုင်းဖွဲ့ သောက်စားနေတာကို ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ခွင့်ပြုလို့ မရဘူး” ဆိုတဲ့အကြောင်းကိုပြောသွားတာပါ။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉အရေးပေါ်ကာလကန့်သတ်ချက်တွေအရ ခရီးသွားလာခွင့်တွေ ဖြေလျော့ ပေးထားပေမဲ့ လူစုလူဝေးနဲ့ လုပ်တဲ့ပါတီပွဲတွေ ဘာသာရေးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ခွင့်မပြုသေးပါဘူး။

ကမ်းခြေမှာ ပါတီလုပ်နေကြတာ နှစ်ရက်မြောက်တဲ့နေမှာ ဒေသခံတွေကသတင်းပေး တိုင်ကြားတာကြောင့်အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ် ထိုင်းနိုင်ငံမှာ ဇွန်လထဲမှာပဲ ခရိုင်တခုနဲ့ တခုခရီးသွားလာခွင့်တချို့ ဖြေလျော့ပေးထားပေမယ့် နယ်မြေအလိုက် ဒေသန္တရအမိန့်တွေကလည်း ရှိနေသေးတာပါ ။

ဖမ်းဆီးမိသူထဲက တချို့ဟာ ဗုဒ္ဓဘာသာသံဃာတွေဖြစ်ပြီး ဖမ်းဆီးရချိန်မှာလူဝတ်လဲထားကြပါတယ်။ ဒီထဲက ၃ဦးကတော့ သက်သေခံ စာရွက်စာတမ်း အထောက်အထားမရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ် ။

COVID-19 ကိုဗစ်ကာလ အရေးပေါ် ကာလ အုပ်စုဖွဲ့ ပါတီပွဲကျင်းပတာ အရက်ဝိုင်းဖွဲ့ သောက်စားတာတွေကို ထိုင်းအာဏာပိုင်တွေကတားမြစ်ထားဆဲဖြစ်ပြီး အခုလို ပျော်ပွဲရွင်ပွဲပါတီပွဲတွေ ပြုလုပ်တဲ့သူတွေကို ကိုဗစ် ၁၉ အရေးပေါ် ဥပဒေနဲ့ တရားစွဲဆို အရေးယူ ခံရနိုင်ပြီး ဒီလိုကျုးလွန်သူတွေဟာ ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ် ဘတ်ငွေ တစ်သိန်းအထိ ကျခံရနိုင်ကြောင်း ထိုင်းဥပဒေမှာဖော်ပြထားပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းမွာ ပါတီပြဲက်င္းပတဲ့ ျမန္မာနဲ႔ ထိုင္းႏိုင္ငံသား ၂၁ ဦး ကိုဗစ္အေရးေပၚဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ ဖမ္းဆီးခံရ

ထိုင္းမွာ ပါတီပြဲက်င္းပတဲ့ ျမန္မာနဲ႔ ထိုင္းႏိုင္ငံသား ၂၁ ဦး ကိုဗစ္အေရးေပၚဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ ခြၽန္ဘူရီခ႐ိုင္ ပင္လယ္ျပင္အပန္းေျဖပါတီပြဲ က်င္းပေနၾကတဲ့ ျမန္မာနဲ႔ထိုင္းႏိုင္ငံသား ၂၁ ဦးဟာ ကိုဗစ္-၁၉ အေရးေပၚ ဥပေဒနဲ႔ဖမ္းဆီးခံရတဲ့သတင္းကိုတင္ဆက္ေပးပါမယ္ ။ ထိုင္းျမန္မာနယ္စပ္ကေန မေအးေအးမာ သတင္းေပးပို႔ေနတာပါ။

ဇြန္လ(၇) ရက္ေန႔ညက ထိုင္းႏိုင္ငံ ခြၽန္ဘူရီ ခ႐ိုင္ စပ္သဟစ္ ၿမိဳ႕နယ္၊ Bang Sare ကမ္းေျခ ဟိုတယ္မွာ ပါတီပြဲက်င္းပေနၾကတဲ့ ျမန္မာနဲ႔ထိုင္းႏိုင္ငံသား ၂၁ ဦး ကို ခြၽန္ဘူရီခ႐ိုင္ စပ္သဟစ္ ရဲတပ္ဖြဲ႕ဝင္ေတြက စစ္ေဆးဖမ္းဆီးခဲ့ပါတယ္။ ထိုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ခ႐ိုင္ ကေန ဗင္ကား (Ven Car )သုံးစီးနဲ႔အလည္အပတ္ေရာက္လာၾကတဲ့ ရွမ္းႏြယ္ဖြား ျမန္မာနဲ႔ ထိုင္းႏိုင္ငံသား အမ်ိဳးသား ၊ အမ်ိဳးသမီး ၂၁ ဦးထဲမွာ တရားမဝင္ ျမန္မာႏိုင္ငံသားေတြလည္း ပါဝင္တာပါ။

ခြၽန္ဘူရီ ခ႐ိုင္၊ စပ္သဟစ္ ၿမိဳ႕နယ္ရဲမႉး PANYA DAM LEK ကေတာ့ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။
“ ဥပေဒအရ လာေရာက္စစ္ေဆး အေရးယူတာသာျဖစ္တယ္။ စုေပါင္းဝိုင္းဖြဲ႕ ေသာက္စားေနတာကို ကိုဗစ္ ၁၉ အေရးေပၚကာလမွာ ခြင့္ျပဳလို႔ မရဘူး” ဆိုတဲ့အေၾကာင္းကိုေျပာသြားတာပါ။

ထိုင္းႏိုင္ငံမွာ ကိုဗစ္ ၁၉အေရးေပၚကာလကန႔္သတ္ခ်က္ေတြအရ ခရီးသြားလာခြင့္ေတြ ေျဖေလ်ာ့ ေပးထားေပမဲ့ လူစုလူေဝးနဲ႔ လုပ္တဲ့ပါတီပြဲေတြ ဘာသာေရးပြဲေတြနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို ခြင့္မျပဳေသးပါဘူး။

ကမ္းေျခမွာ ပါတီလုပ္ေနၾကတာ ႏွစ္ရက္ေျမာက္တဲ့ေနမွာ ေဒသခံေတြကသတင္းေပး တိုင္ၾကားတာေၾကာင့္အခုလို ဝင္ေရာက္ဖမ္းဆီးခဲ့တာလို႔ဆိုပါတယ္ ထိုင္းႏိုင္ငံမွာ ဇြန္လထဲမွာပဲ ခ႐ိုင္တခုနဲ႔ တခုခရီးသြားလာခြင့္တခ်ိဳ႕ ေျဖေလ်ာ့ေပးထားေပမယ့္ နယ္ေျမအလိုက္ ေဒသႏၲရအမိန႔္ေတြကလည္း ရွိေနေသးတာပါ ။

ဖမ္းဆီးမိသူထဲက တခ်ိဳ႕ဟာ ဗုဒၶဘာသာသံဃာေတြျဖစ္ၿပီး ဖမ္းဆီးရခ်ိန္မွာလူဝတ္လဲထားၾကပါတယ္။ ဒီထဲက ၃ဦးကေတာ့ သက္ေသခံ စာ႐ြက္စာတမ္း အေထာက္အထားမရွိသူေတြျဖစ္တယ္လို႔ ဆိုပါတယ္ ။

COVID-19 ကိုဗစ္ကာလ အေရးေပၚ ကာလ အုပ္စုဖြဲ႕ ပါတီပြဲက်င္းပတာ အရက္ဝိုင္းဖြဲ႕ ေသာက္စားတာေတြကို ထိုင္းအာဏာပိုင္ေတြကတားျမစ္ထားဆဲျဖစ္ၿပီး အခုလို ေပ်ာ္ပြဲ႐ြင္ပြဲပါတီပြဲေတြ ျပဳလုပ္တဲ့သူေတြကို ကိုဗစ္ ၁၉ အေရးေပၚ ဥပေဒနဲ႔ တရားစြဲဆို အေရးယူ ခံရႏိုင္ၿပီး ဒီလိုက်ဳးလြန္သူေတြဟာ ေထာင္ဒဏ္ ႏွစ္ႏွစ္နဲ႔ ေငြဒဏ္ ဘတ္ေငြ တစ္သိန္းအထိ က်ခံရႏိုင္ေၾကာင္း ထိုင္းဥပေဒမွာေဖာ္ျပထားပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-and-thai-beach-party-covid-law-arrested-/5454597.html
ထိုင်းမှာ ပါတီပွဲကျင်းပတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသား ၂၁ ဦး ကိုဗစ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံရ ထိုင်းမှာ ပါတီပွဲကျင်းပတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသား ၂၁ ဦး ကိုဗစ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.