ထိုင်းနိုင်ငံက မြန်မာအလုပ်သမား စောင့်ရှောက်ရေးဂေဟာ ဝင်ရောက်စီးနင်းခံရ

ဖျက်ဆီးခံရပြီးနောက် တွေ့ရတဲ့ AAC အလုပ်သမား ကူညီရေးဂေဟာ။ (ဇွန် ၇၊ ၂၀၂၀။ ဓာတ်ပုံ - AAC)
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံအလယ်ပိုင်း ဆာမွန်ဆာခွန်းခရိုင် မဟာချိုင်ဒေသမှာ အခြေစိုက်ထားတဲ့ AAC အလုပ်သမား ကူညီရေးဂေဟာမှာ ကူညီစောင့်ရှောက်ထားတဲ့ မြန်မာ ၉၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ခေါ်ဆောင်သွားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ကာလမှာ ဒုက္ခရောက်နေတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေကို လက်ခံထားမိတာကြောင့် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ AAC ဂေဟာကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒီနောက်မှာတော့ တရားမဝင် မြန်မာအလုပ်သမားတွေ အပါအဝင် ဂေဟာမှာ ကူညီကယ်ဆယ်ထားတဲ့ လူ ၉၀ ကျော်ကို ဇွန်လ ၆ ရက်နေ့က ခေါ်ဆောင်သွားခဲ့ကြောင်း AAC (Aid Alliance Committee) အလုပ်သမားကူညီရေးအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“COVID-19 ကာလမှာ စက်ရုံပိတ်သွားလို့ အလုပ်သမားတွေက ပုလိပ်ရုံးကို သွားပြီး အဖမ်းခံတာ၊ ပြန်ချင်လို့ အဖမ်းခံပေမယ့် မဖမ်းဘူး။ ပုလိပ်ရုံးက ပြန်ပို့လို့မရဘူး၊ ပြန်လွှတ်လိုက်လို့ ကလေးတွေက လမ်းပေါ်မှာ ဦးဇောတိက ဆရာတော်က အကူအညီတောင်းလို့ ကျနော်က လက်ခံထားလိုက်တာ။ လူများသွားတာ အမှန်တော့။ အဲဒီမှာ လူများသွားတာ ကျနော်တို့ ဂေဟာမှာ။ လူ ၂၀ လောက် ၂၅ လောက်ဆို ချောင်ချောင်လေးနေရပေမယ့် အခုတော့ ဒီရက်ထဲမှာ ကျနော်တို့ဂေဟာမှာ လူ ၉၀ ကျော်ဖြစ်သွားတာ။

“မြန်မာသံရုံးကလည်း လူစုလူဝေးတွေများတော့ သူတို့လည်း လက်ခံထားလို့မရဘူး။ ဒီနေရာမှာ နေရာလေးရှိလို့ ခေါ်ထားတာပါလို့ ကျနော်တို့က ပြောတော့ မင်းတို့ကိုတော့ အမှုမလုပ်ဘူး၊ အခု လူတွေအားလုံးကို ခေါ်သွားတယ်။ မွေးကင်းစ ကလေးကအစ ခေါ်သွားတယ်။ ဒါပေမယ့် အချုပ်ထဲကိုတော့ မထားဘူး။ ဘုန်းကြီးကျောင်းတကျောင်းမှာ ထားပြီး စောင့်ကြည့်ရေးစင်တာလို ၁၄ ရက်ထားမယ်။ ဒါပေမယ့် ဒီနေ့တော့ လူ ၁၈ ယောက်ကို ထိုင်း-မြန်မာနယ်စပ်ကို ပြန်ပို့ပေးလိုက်ပြီ။ ထပ်ပြန်ချင်တဲ့သူကိုလည်း ပြန်ပို့ပေးမယ်။ ခြေကျိုးလက်ကျိုးဖြစ်နေတဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေ နစ်နာကြေး စောင့်နေတဲ့ သူတွေကိုတော့ ပိုက်ဆံရတဲ့အထိ သူတို့စင်တာတွေမှာ ဆက်ထားပြီး အကူအညီပေးမယ်။ ကျနော်တို့ဆီကိုတော့ ပြန်မပို့တော့ဘူးပေါ့။”

ဇွန်လ ၇ ရက်နေ့မှာတော့ AAC ဂေဟာက ခြံစည်းရိုးတွေကို အရပ်သားတချို့က စတင်ရိုက်ဖျက် ဖျက်ဆီးခဲ့တာကြောင့် ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ မြန်မာသံရုံးက ညှိနှိုင်းပေးခဲ့ရပြီး ညနေပိုင်းမှာတော့ မြို့နယ်အာဏာပိုင်တွေနဲ့ ပြေလည်မှု ရခဲ့တယ်လို့လည်း ဦးခိုင်ကြီးက ဆိုပါတယ်။

“ငါတို့ကို ရဲတွေကမှာထားလို့၊ မြို့နယ်က မှာထားလို့ဆိုပြီး ရိုက်ဖြိုဖျက်တော့ ခြံစည်းရိုးတဝက်လောက် ကုန်သွားပြီ။ ဒီတော့ သံရုံးက သိသွားတော့ သူတို့က လာတားလိုက်တယ်။ ဒါကြောင့် သံအရာရှိ ဦးရဲရန်အောင်နဲ့ သံအမတ်ကြီး ညွှန်ကြားချက်နဲ့ ကျနော် မြို့နယ်မှူးတွေနဲ့ ဆွေးနွေးတယ်၊ ခုနက အစည်းအဝေးပြီးတယ်။ ကျနော်တို့ကိုတော့ နေခွင့်ပေးတယ်။ လူစုလူဝေးမလုပ်ဖို့ ပြောတယ်။ ဂေဟာတခုလုံးကိုတော့ မဖြိုတော့ဘူး။”

AAC မြန်မာအလုပ်သမား ကူညီရေးအဖွဲ့ဟာ ထိုင်းနိုင်ငံတွင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ကူညီစောင့်ရှောက်မှုပေးနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီဂေဟာမှာ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရလို့ အမှုရင်ဆိုင်နေရသူတွေ၊ လုပ်အားခ နစ်နာကြေးရဖို့ စောင့်နေသူတွေကို လက်ခံစောင့်ရှောက်ပေးနေတာပါ။

ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် နားလည်မှုနဲ့ပဲ မြို့နယ်အာဏပိုင်တွေက ခွင့်ပြုပေးထားခဲ့ပါတယ်။ ဒါပေမယ့် တနှစ်မှာ ၁၀ ကြိမ်ထက်မနည်း စစ်ဆေးမှုတွေခံရပြီး အခု COVID-19 အရေးပေါ်ကာလမှာ အလုပ်တွေပြုတ်ပြီး နေရပ်ပြန်မရတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို လက်ခံထားပေးပြီးတဲ့နောက် အခုလို ပြဿနာတွေကို ကြုံရတာပါ။

AAC မြန်မာအလုပ်သမား ကူညီရေးအဖွဲ့ဟာ တည်ထောင်ထားတဲ့ ၅ နှစ်တာ ကာလအတွင်းမှာ အလုပ်သမား သောင်းဂဏန်းလောက်ကို အကူအညီပေးခဲ့ပြီး အလုပ်သမားရေးရာ ကိစ္စတွေမှာ နစ်နာကြေးတွေရဖို့ အကူအညီပေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အလုပ်ပြုတ်ပြီး နစ်နာကြေးရဖို့ အမှုရင်ဆိုင်နေရတဲ့ အလုပ်သမားတွေကို ယာယီကူညီပေးနေတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီဂေဟာလည်ပတ်ဖို့ မြန်မာအလုပ်သမားတွေကပဲ အလှူငွေထည့်ဝင် ကူညီနေကြတာ ဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံက ျမန္မာအလုပ္သမား ေစာင့္ေရွာက္ေရးေဂဟာ ဝင္ေရာက္စီးနင္းခံရ

ထိုင္းႏိုင္ငံအလယ္ပိုင္း ဆာမြန္ဆာခြန္းခ႐ိုင္ မဟာခ်ိဳင္ေဒသမွာ အေျခစိုက္ထားတဲ့ AAC အလုပ္သမား ကူညီေရးေဂဟာမွာ ကူညီေစာင့္ေရွာက္ထားတဲ့ ျမန္မာ ၉၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ေခၚေဆာင္သြားပါတယ္။ အျပည့္အစုံကို ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံမွာ COVID-19 ကာလမွာ ဒုကၡေရာက္ေနတဲ့ တရားမဝင္ ျမန္မာႏိုင္ငံသားေတြကို လက္ခံထားမိတာေၾကာင့္ ျမန္မာအလုပ္သမားေတြကို အကူအညီေပးေနတဲ့ AAC ေဂဟာကို ထိုင္းအာဏာပိုင္ေတြက ဝင္ေရာက္စီးနင္းခဲ့တာပါ။ ဒီေနာက္မွာေတာ့ တရားမဝင္ ျမန္မာအလုပ္သမားေတြ အပါအဝင္ ေဂဟာမွာ ကူညီကယ္ဆယ္ထားတဲ့ လူ ၉၀ ေက်ာ္ကို ဇြန္လ ၆ ရက္ေန႔က ေခၚေဆာင္သြားခဲ့ေၾကာင္း AAC (Aid Alliance Committee) အလုပ္သမားကူညီေရးအဖြဲ႕ ဒါ႐ိုက္တာ ဦးခိုင္ႀကီးက အခုလိုေျပာပါတယ္။

“COVID-19 ကာလမွာ စက္႐ုံပိတ္သြားလို႔ အလုပ္သမားေတြက ပုလိပ္႐ုံးကို သြားၿပီး အဖမ္းခံတာ၊ ျပန္ခ်င္လို႔ အဖမ္းခံေပမယ့္ မဖမ္းဘူး။ ပုလိပ္႐ုံးက ျပန္ပို႔လို႔မရဘူး၊ ျပန္လႊတ္လိုက္လို႔ ကေလးေတြက လမ္းေပၚမွာ ဦးေဇာတိက ဆရာေတာ္က အကူအညီေတာင္းလို႔ က်ေနာ္က လက္ခံထားလိုက္တာ။ လူမ်ားသြားတာ အမွန္ေတာ့။ အဲဒီမွာ လူမ်ားသြားတာ က်ေနာ္တို႔ ေဂဟာမွာ။ လူ ၂၀ ေလာက္ ၂၅ ေလာက္ဆို ေခ်ာင္ေခ်ာင္ေလးေနရေပမယ့္ အခုေတာ့ ဒီရက္ထဲမွာ က်ေနာ္တို႔ေဂဟာမွာ လူ ၉၀ ေက်ာ္ျဖစ္သြားတာ။

“ျမန္မာသံ႐ုံးကလည္း လူစုလူေဝးေတြမ်ားေတာ့ သူတို႔လည္း လက္ခံထားလို႔မရဘူး။ ဒီေနရာမွာ ေနရာေလးရွိလို႔ ေခၚထားတာပါလို႔ က်ေနာ္တို႔က ေျပာေတာ့ မင္းတို႔ကိုေတာ့ အမႈမလုပ္ဘူး၊ အခု လူေတြအားလုံးကို ေခၚသြားတယ္။ ေမြးကင္းစ ကေလးကအစ ေခၚသြားတယ္။ ဒါေပမယ့္ အခ်ဳပ္ထဲကိုေတာ့ မထားဘူး။ ဘုန္းႀကီးေက်ာင္းတေက်ာင္းမွာ ထားၿပီး ေစာင့္ၾကည့္ေရးစင္တာလို ၁၄ ရက္ထားမယ္။ ဒါေပမယ့္ ဒီေန႔ေတာ့ လူ ၁၈ ေယာက္ကို ထိုင္း-ျမန္မာနယ္စပ္ကို ျပန္ပို႔ေပးလိုက္ၿပီ။ ထပ္ျပန္ခ်င္တဲ့သူကိုလည္း ျပန္ပို႔ေပးမယ္။ ေျခက်ိဳးလက္က်ိဳးျဖစ္ေနတဲ့ ထိခိုက္ဒဏ္ရာရတဲ့သူေတြ နစ္နာေၾကး ေစာင့္ေနတဲ့ သူေတြကိုေတာ့ ပိုက္ဆံရတဲ့အထိ သူတို႔စင္တာေတြမွာ ဆက္ထားၿပီး အကူအညီေပးမယ္။ က်ေနာ္တို႔ဆီကိုေတာ့ ျပန္မပို႔ေတာ့ဘူးေပါ့။”

ဇြန္လ ၇ ရက္ေန႔မွာေတာ့ AAC ေဂဟာက ၿခံစည္း႐ိုးေတြကို အရပ္သားတခ်ိဳ႕က စတင္႐ိုက္ဖ်က္ ဖ်က္ဆီးခဲ့တာေၾကာင့္ ဒီလုပ္ရပ္ကို ရပ္တန႔္ဖို႔ ျမန္မာသံ႐ုံးက ညႇိႏႈိင္းေပးခဲ့ရၿပီး ညေနပိုင္းမွာေတာ့ ၿမိဳ႕နယ္အာဏာပိုင္ေတြနဲ႔ ေျပလည္မႈ ရခဲ့တယ္လို႔လည္း ဦးခိုင္ႀကီးက ဆိုပါတယ္။

“ငါတို႔ကို ရဲေတြကမွာထားလို႔၊ ၿမိဳ႕နယ္က မွာထားလို႔ဆိုၿပီး ႐ိုက္ၿဖိဳဖ်က္ေတာ့ ၿခံစည္း႐ိုးတဝက္ေလာက္ ကုန္သြားၿပီ။ ဒီေတာ့ သံ႐ုံးက သိသြားေတာ့ သူတို႔က လာတားလိုက္တယ္။ ဒါေၾကာင့္ သံအရာရွိ ဦးရဲရန္ေအာင္နဲ႔ သံအမတ္ႀကီး ၫႊန္ၾကားခ်က္နဲ႔ က်ေနာ္ ၿမိဳ႕နယ္မႉးေတြနဲ႔ ေဆြးေႏြးတယ္၊ ခုနက အစည္းအေဝးၿပီးတယ္။ က်ေနာ္တို႔ကိုေတာ့ ေနခြင့္ေပးတယ္။ လူစုလူေဝးမလုပ္ဖို႔ ေျပာတယ္။ ေဂဟာတခုလုံးကိုေတာ့ မၿဖိဳေတာ့ဘူး။”

AAC ျမန္မာအလုပ္သမား ကူညီေရးအဖြဲ႕ဟာ ထိုင္းႏိုင္ငံတြင္းမွာ ဒုကၡေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြကို ကူညီေစာင့္ေရွာက္မႈေပးေနတဲ့ လူထုအေျချပဳ အဖြဲ႕အစည္းတခု ျဖစ္ပါတယ္။ ဒီေဂဟာမွာ လုပ္ငန္းခြင္မွာ ထိခိုက္ဒဏ္ရာရလို႔ အမႈရင္ဆိုင္ေနရသူေတြ၊ လုပ္အားခ နစ္နာေၾကးရဖို႔ ေစာင့္ေနသူေတြကို လက္ခံေစာင့္ေရွာက္ေပးေနတာပါ။

ဒါေပမယ့္ ထိုင္းႏိုင္ငံထဲမွာ တရားဝင္ မွတ္ပုံတင္ထားတဲ့ အဖြဲ႕အစည္း မဟုတ္တာေၾကာင့္ နားလည္မႈနဲ႔ပဲ ၿမိဳ႕နယ္အာဏပိုင္ေတြက ခြင့္ျပဳေပးထားခဲ့ပါတယ္။ ဒါေပမယ့္ တႏွစ္မွာ ၁၀ ႀကိမ္ထက္မနည္း စစ္ေဆးမႈေတြခံရၿပီး အခု COVID-19 အေရးေပၚကာလမွာ အလုပ္ေတြျပဳတ္ၿပီး ေနရပ္ျပန္မရတဲ့ တရားမဝင္ ျမန္မာႏိုင္ငံသား ၃၀ ေက်ာ္ကို လက္ခံထားေပးၿပီးတဲ့ေနာက္ အခုလို ျပႆနာေတြကို ႀကဳံရတာပါ။

AAC ျမန္မာအလုပ္သမား ကူညီေရးအဖြဲ႕ဟာ တည္ေထာင္ထားတဲ့ ၅ ႏွစ္တာ ကာလအတြင္းမွာ အလုပ္သမား ေသာင္းဂဏန္းေလာက္ကို အကူအညီေပးခဲ့ၿပီး အလုပ္သမားေရးရာ ကိစၥေတြမွာ နစ္နာေၾကးေတြရဖို႔ အကူအညီေပးခဲ့တဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။

အလုပ္ျပဳတ္ၿပီး နစ္နာေၾကးရဖို႔ အမႈရင္ဆိုင္ေနရတဲ့ အလုပ္သမားေတြကို ယာယီကူညီေပးေနတဲ့ လုပ္ငန္းေတြကိုလည္း လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ ဒီေဂဟာလည္ပတ္ဖို႔ ျမန္မာအလုပ္သမားေတြကပဲ အလႉေငြထည့္ဝင္ ကူညီေနၾကတာ ျဖစ္ပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/aac-myanmar-migrants-workers-thailand/5452820.html
ထိုင်းနိုင်ငံက မြန်မာအလုပ်သမား စောင့်ရှောက်ရေးဂေဟာ ဝင်ရောက်စီးနင်းခံရ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား စောင့်ရှောက်ရေးဂေဟာ ဝင်ရောက်စီးနင်းခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.