ထိုင်းက ပင်လယ်စာဆိုင်ရှင်နှစ်ဦးကို လိမ်လည်မှုနဲ့ ထောင်နှစ် ၁၅၀၀ နီးပါးစီချ

ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ဆိုင်က ပင်လယ်စာဟင်းပွဲ
(Unicode)⤵⤵⤵
ထိုင်းက ပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်နှစ်ယောက်ကို စားသုံးသူတွေကို လိမ်လည်မှုအတွက် ဇွန်လ ၁၀ ရက် မှာ ထိုင်း တရားရုံးတစ်ခုက ထောင် ၁၄၄၆ နှစ် စီ ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လမ်းဂိတ် Laemgate ပင်လယ်စာ စားသောက်ဆိုင်က ငွေကြိုပေးရတဲ့ အွန်လိုင်း အရောင်းမြှင့်တင်ရေး လုပ်ခဲ့ပါတယ်။

အဲဒီရောင်းချမှုမှာ ထိုင်းဘတ် သန်း ၅၀ (ကျပ် သိန်းနှစ်သောင်းကျော်) ဖိုးကို လူ ၂၀,၀၀၀ လောက်က ဝယ်ယူခဲ့ကြတယ်လို့ ထိုင်း PBS သတင်းမှာ ထုတ်လွှင့်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ကုမ္ပဏီက ဝယ်လိုအားကို အမီမရောင်းနိုင်တော့ဘူးဆိုပြီး ဆိုင်ကို ပိတ်ပစ်လိုက်ပါတယ်။

လူထောင်ချီရဲ့ မကျေနပ်မှု တိုင်ကြားချက်တွေ ရခဲ့ပြီးနောက်မှာ အပီချာ့ ဘိုဝန်ဘန်ချာရာ့ခ် နဲ့ ပရာပတ်ဆွန် ဘိုဝန်ဘန်ချာတို့ကို ဖမ်းဆီးခဲ့ပါတယ်။

တိုင်ကြားမှုတွေ ရှိပြီး အဲဒီလို လိမ်လည်မှုတွေမှာ အပြစ်ရှိကြောင်းတွေ့ရင် ထိုင်းမှာ ထောင်ဒဏ် နှစ်ပေါင်းများစွာ ချတာတွေမရှိခဲ့ဖူးတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ထိုင်းဥပဒေက အများပြည်သူကို လိမ်လည်မှုအတွက် ထောင်ထဲ အမှန်တကယ်နေရချိန်ကို အများဆုံး နှစ် ၂၀ သတ်မှတ်ထားပါတယ်။

မှားယွင်းခဲ့တဲ့ အရောင်းမြှင့်တင်ရေး

လမ်းဂိတ် ပင်လယ်စာဆိုင်က မနှစ်တုန်းက ငွေကြိုသွင်းရတဲ့ အစားအသောက်မျိုးစုံဘောက်ချာတွေ စထုတ်ရောင်းခဲ့ပါတယ်။

လူ ၁၀ ယောက် တစ်နပ်စာကို မြန်မာငွေ ကျပ် လေးသောင်းလောက် နဲ့ ရောင်းပြီး အဲဒါက သူတို့ရဲ့ ပုံမှန်ဈေးနှုန်းထက် အများကြီး သက်သာပါတယ်။

အစပိုင်းမှာ အဲဒီ ဘောက်ချာဝယ်ထားသူတွေက ဘောက်ချာပြပြီး ဆိုင်မှာ လာစားလို့ရပါတယ်။ ဒါပေမဲ့ လူတွေများလွန်းလို့ စားရဖို့ကြိုတင်ဘွတ်ကင်လုပ်တာတင် လတွေချီ ကြာတယ်လို့ PBS ရဲ့ သတင်းအရ သိရပါတယ်။

မတ်လမှာတော့ အဲဒီစားသောက်ဆိုင်ရဲ့ ကုမ္ပဏီ Laemgate Infinite က ဝယ်လိုအားကို အမီဖြည့်ဖို့ ပင်လယ်စာ လုံလုံလောက်လောက်မရနိုင်တော့လို့ ဆိုပြီး ဆိုင်ပိတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဘောက်ချာဝယ်ထားတဲ့ စားသုံးသူတွေကို ငွေပြန်အမ်းပေးမယ်လို့ ဆိုင်က ပြောခဲ့တဲ့အကြောင်းလည်း PBS သတင်းအရ သိရပါတယ်။

တိုင်ကြားခဲ့တဲ့ စားသုံးသူ ၈၀၀ ကျော်ထဲက ၄၀၀ နီးပါးက သူတို့ငွေတွေ ပြန်ရခဲ့ပါတယ်။

နောက်ပိုင်းမှာ ရာချီတဲ့လူတွေက ကုမ္ပဏီနဲ့ ဆိုင်ပိုင်ရှင်တွေကို လိမ်လည်မှုနဲ့ တိုင်ကြားခဲ့ပါတယ်။

ဒါကြောင့် မစ္စတာ အပီချာ့ နဲ့ မစ္စ ပရာပတ်ဆွန် တို့ကို အများပြည်သူကို မမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ လိမ်လည်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို စားသုံးသူ အကာအကွယ်ပေးရေး အက်ဥပဒေနဲ့ ကွန်ပျူတာနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်း အက်ဥပဒေတွေနဲ့အရေးယူခဲ့ပါတယ်။

အဲဒီနောက် သူတို့ဟာ ၇၂၃ မှု အတွက် အပြစ်ရှိတယ်ဆိုပြီး ဇွန်လ ၁၀ ရက်မှာ ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

သူတို့က အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် သူတို့ရဲ့ ထောင်ဒဏ်တွေကို ၇၂၃ စီ တစ်ဝက်စီလျှော့ချလိုက်ပါတယ်။

ဒါပေမဲ့ ထိုင်းဥပဒေအရ ထောင်ထဲမှာ အမှန်တကယ် အနှစ် ၂၀ ပဲ နေရမှာပါ။

သူတို့ရဲ့ ကုမ္ပဏီလည်း ကျပ်သိန်း ၈၀၀ ကျော် ဒဏ်ရိုက်ခံရပြီး ဆိုင်ကို ပူးတွဲပိုင်တဲ့သူတွေနဲ့ ကုမ္ပဏီအနေနဲ့တော့ နစ်နာသူ စားသုံးသူတွေကို ကျပ်သိန်း ၁၁၀၀ ကျော်ဖိုး ငွေပြန်အမ်းဖို့ အမိန့်ချလိုက်ပါတယ်။

၂၀၁၇ တုန်းကလည်း လိမ်လည်သူ တစ်ယောက်ကို ထောင်ဒဏ် နှစ် တစ်သောင်းသုံးထောင်ကျော် ထိုင်းတရားရုံးတစ်ခုက ချခဲ့ဖူးပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းက ပင္လယ္စာဆိုင္ရွင္ႏွစ္ဦးကို လိမ္လည္မႈနဲ႔ ေထာင္ႏွစ္ ၁၅၀၀ နီးပါးစီခ်

ထိုင္းက ပင္လယ္စာ စားေသာက္ဆိုင္ ပိုင္ရွင္ႏွစ္ေယာက္ကို စားသုံးသူေတြကို လိမ္လည္မႈအတြက္ ဇြန္လ ၁၀ ရက္ မွာ ထိုင္း တရား႐ုံးတစ္ခုက ေထာင္ ၁၄၄၆ ႏွစ္ စီ ခ်လိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ လမ္းဂိတ္ Laemgate ပင္လယ္စာ စားေသာက္ဆိုင္က ေငြႀကိဳေပးရတဲ့ အြန္လိုင္း အေရာင္းျမႇင့္တင္ေရး လုပ္ခဲ့ပါတယ္။

အဲဒီေရာင္းခ်မႈမွာ ထိုင္းဘတ္ သန္း ၅၀ (က်ပ္ သိန္းႏွစ္ေသာင္းေက်ာ္) ဖိုးကို လူ ၂၀,၀၀၀ ေလာက္က ၀ယ္ယူခဲ့ၾကတယ္လို႔ ထိုင္း PBS သတင္းမွာ ထုတ္လႊင့္ပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းမွာ ကုမၸဏီက ဝယ္လိုအားကို အမီမေရာင္းႏိုင္ေတာ့ဘူးဆိုၿပီး ဆိုင္ကို ပိတ္ပစ္လိုက္ပါတယ္။

လူေထာင္ခ်ီရဲ႕ မေက်နပ္မႈ တိုင္ၾကားခ်က္ေတြ ရခဲ့ၿပီးေနာက္မွာ အပီခ်ာ့ ဘိုဝန္ဘန္ခ်ာရာ့ခ္ နဲ႔ ပရာပတ္ဆြန္ ဘိုဝန္ဘန္ခ်ာတို႔ကို ဖမ္းဆီးခဲ့ပါတယ္။

တိုင္ၾကားမႈေတြ ရွိၿပီး အဲဒီလို လိမ္လည္မႈေတြမွာ အျပစ္ရွိေၾကာင္းေတြ႕ရင္ ထိုင္းမွာ ေထာင္ဒဏ္ ႏွစ္ေပါင္းမ်ားစြာ ခ်တာေတြမရွိခဲ့ဖူးတာေတာ့ မဟုတ္ပါဘူး။

ဒါေပမဲ့ ထိုင္းဥပေဒက အမ်ားျပည္သူကို လိမ္လည္မႈအတြက္ ေထာင္ထဲ အမွန္တကယ္ေနရခ်ိန္ကို အမ်ားဆုံး ႏွစ္ ၂၀ သတ္မွတ္ထားပါတယ္။

မွားယြင္းခဲ့တဲ့ အေရာင္းျမႇင့္တင္ေရး

လမ္းဂိတ္ ပင္လယ္စာဆိုင္က မႏွစ္တုန္းက ေငြႀကိဳသြင္းရတဲ့ အစားအေသာက္မ်ိဳးစုံေဘာက္ခ်ာေတြ စထုတ္ေရာင္းခဲ့ပါတယ္။

လူ ၁၀ ေယာက္ တစ္နပ္စာကို ျမန္မာေငြ က်ပ္ ေလးေသာင္းေလာက္ နဲ႔ ေရာင္းၿပီး အဲဒါက သူတို႔ရဲ႕ ပုံမွန္ေစ်းႏႈန္းထက္ အမ်ားႀကီး သက္သာပါတယ္။

အစပိုင္းမွာ အဲဒီ ေဘာက္ခ်ာဝယ္ထားသူေတြက ေဘာက္ခ်ာျပၿပီး ဆိုင္မွာ လာစားလို႔ရပါတယ္။ ဒါေပမဲ့ လူေတြမ်ားလြန္းလို႔ စားရဖို႔ႀကိဳတင္ဘြတ္ကင္လုပ္တာတင္ လေတြခ်ီ ၾကာတယ္လို႔ PBS ရဲ႕ သတင္းအရ သိရပါတယ္။

မတ္လမွာေတာ့ အဲဒီစားေသာက္ဆိုင္ရဲ႕ ကုမၸဏီ Laemgate Infinite က ဝယ္လိုအားကို အမီျဖည့္ဖို႔ ပင္လယ္စာ လုံလုံေလာက္ေလာက္မရႏိုင္ေတာ့လို႔ ဆိုၿပီး ဆိုင္ပိတ္လိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။

ေဘာက္ခ်ာဝယ္ထားတဲ့ စားသုံးသူေတြကို ေငြျပန္အမ္းေပးမယ္လို႔ ဆိုင္က ေျပာခဲ့တဲ့အေၾကာင္းလည္း PBS သတင္းအရ သိရပါတယ္။

တိုင္ၾကားခဲ့တဲ့ စားသုံးသူ ၈၀၀ ေက်ာ္ထဲက ၄၀၀ နီးပါးက သူတို႔ေငြေတြ ျပန္ရခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ရာခ်ီတဲ့လူေတြက ကုမၸဏီနဲ႔ ဆိုင္ပိုင္ရွင္ေတြကို လိမ္လည္မႈနဲ႔ တိုင္ၾကားခဲ့ပါတယ္။

ဒါေၾကာင့္ မစၥတာ အပီခ်ာ့ နဲ႔ မစၥ ပရာပတ္ဆြန္ တို႔ကို အမ်ားျပည္သူကို မမွန္ကန္တဲ့ သတင္းအခ်က္အလက္နဲ႔ လိမ္လည္တယ္ဆိုၿပီး ဖမ္းဆီးခဲ့ပါတယ္။

သူတို႔ကို စားသုံးသူ အကာအကြယ္ေပးေရး အက္ဥပေဒနဲ႔ ကြန္ပ်ဴတာနဲ႔ ရာဇဝတ္မႈ က်ဴးလြန္ျခင္း အက္ဥပေဒေတြနဲ႔အေရးယူခဲ့ပါတယ္။

အဲဒီေနာက္ သူတို႔ဟာ ၇၂၃ မႈ အတြက္ အျပစ္ရွိတယ္ဆိုၿပီး ဇြန္လ ၁၀ ရက္မွာ ေထာင္ဒဏ္ေတြ ခ်မွတ္ခံလိုက္ရတာ ျဖစ္ပါတယ္။

သူတို႔က အျပစ္ရွိေၾကာင္း ဝန္ခံခဲ့တဲ့အတြက္ သူတို႔ရဲ႕ ေထာင္ဒဏ္ေတြကို ၇၂၃ စီ တစ္ဝက္စီေလွ်ာ့ခ်လိုက္ပါတယ္။

ဒါေပမဲ့ ထိုင္းဥပေဒအရ ေထာင္ထဲမွာ အမွန္တကယ္ အႏွစ္ ၂၀ ပဲ ေနရမွာပါ။

သူတို႔ရဲ႕ ကုမၸဏီလည္း က်ပ္သိန္း ၈၀၀ ေက်ာ္ ဒဏ္႐ိုက္ခံရၿပီး ဆိုင္ကို ပူးတြဲပိုင္တဲ့သူေတြနဲ႔ ကုမၸဏီအေနနဲ႔ေတာ့ နစ္နာသူ စားသုံးသူေတြကို က်ပ္သိန္း ၁၁၀၀ ေက်ာ္ဖိုး ေငြျပန္အမ္းဖို႔ အမိန္႔ခ်လိုက္ပါတယ္။

၂၀၁၇ တုန္းကလည္း လိမ္လည္သူ တစ္ေယာက္ကို ေထာင္ဒဏ္ ႏွစ္ တစ္ေသာင္းသုံးေထာင္ေက်ာ္ ထိုင္းတရား႐ုံးတစ္ခုက ခ်ခဲ့ဖူးပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53007479
ထိုင်းက ပင်လယ်စာဆိုင်ရှင်နှစ်ဦးကို လိမ်လည်မှုနဲ့ ထောင်နှစ် ၁၅၀၀ နီးပါးစီချ ထိုင်းက ပင်လယ်စာဆိုင်ရှင်နှစ်ဦးကို လိမ်လည်မှုနဲ့ ထောင်နှစ် ၁၅၀၀ နီးပါးစီချ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.