ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ၊ ပျောက်ဆုံးသူ အတိအကျ မသိရသေး


(Unicode)⤵⤵⤵
ဖားကန့် ဇွန် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနှင့်ဘွမ်နန်ကျေးရွာ ကြားရှိ ရတနာအဓိပတိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဧရိယာအတွင်း ဇွန်လ ၂၃ ရက် ညနေ ၄ နာရီခန့်က  ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများ၏စာရင်းအား အတိအကျမသိရသေးကြောင်း သိရသည်။

 ကုမ္ပဏီ၏လုပ်ကွက်အတွင်း အမြင့်ပေ ၃၀ဝ ခန့်မှ မြေသားထု အကျယ်ပေ ၁၅၀ ခန့်က အောက်ခြေရှိရေကန်အတွင်းသို့ ပြိုကျခဲ့ရာ မြေစာနှင့်ရေလိုင်းရိုက်ခတ်မှုကြောင့် အောက်ခြေရေကန် နှင့်အနီးနေရာများတွင် ရေမဆေးကျောက်ရှာဖွေနေကြသူများအား ထိခိုက်မိခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကနဦးသတင်းများအရ သိရသည်။

 မြေစာနှင့်ရေလှိုင်းရိုက်ခတ်မှုကြောင့် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)တွင် နေထိုင်သူများဖြစ်သည့် ဦးနော်တောင်(၄၅)နှစ်နှင့် ဦးမြင့်နိုင်(၆၀)နှစ်တို့ သေဆုံးခဲ့ရပြီး ရေကန်အတွင်းနှင့် မြေစာများ အောက် ဖုံးအုပ်နစ်မြုပ်သူများရှိ/မရှိကိုမူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ က ရှာဖွေလျက်ရှိနေကြောင်း သိရသည်။

 တာလင်းမောင်(ပြန်/ဆက်)
------------------------------------------
(Zawgyi)⤵⤵⤵
ဖားကန္႔၌ ကမ္းပါးၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူႏွစ္ဦးေသဆုံး၊ ငါးဦးဒဏ္ရာရ၊ ေပ်ာက္ဆုံးသူ အတိအက် မသိရေသး

ဖားကန္႔ ဇြန္ ၂၃

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ စေပါ့ေက်း႐ြာႏွင့္ဘြမ္နန္ေက်း႐ြာ ၾကားရွိ ရတနာအဓိပတိေက်ာက္မ်က္ကုမၸဏီ လုပ္ကြက္ဧရိယာအတြင္း ဇြန္လ ၂၃ ရက္ ညေန ၄ နာရီခန္႔က  ကမ္းပါးၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာသူ ႏွစ္ဦးေသဆုံးၿပီး ငါးဦးဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ ေပ်ာက္ဆုံးေနသူမ်ား၏စာရင္းအား အတိအက်မသိရေသးေၾကာင္း သိရသည္။

 ကုမၸဏီ၏လုပ္ကြက္အတြင္း အျမင့္ေပ ၃၀ဝ ခန္႔မွ ေျမသားထု အက်ယ္ေပ ၁၅၀ ခန္႔က ေအာက္ေျခရွိေရကန္အတြင္းသို႔ ၿပိဳက်ခဲ့ရာ ေျမစာႏွင့္ေရလိုင္း႐ိုက္ခတ္မႈေၾကာင့္ ေအာက္ေျခေရကန္ ႏွင့္အနီးေနရာမ်ားတြင္ ေရမေဆးေက်ာက္ရွာေဖြေနၾကသူမ်ားအား ထိခိုက္မိခဲ့ၿပီး ေသဆုံး ဒဏ္ရာရရွိမႈမ်ား ျဖစ္ေပၚခဲ့ရာ ႏွစ္ဦးေသဆုံး၊ ငါးဦးဒဏ္ရာရရွိခဲ့ေၾကာင္း ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ကနဦးသတင္းမ်ားအရ သိရသည္။

 ေျမစာႏွင့္ေရလႈိင္း႐ိုက္ခတ္မႈေၾကာင့္ ဆိပ္မူေက်း႐ြာ၊ ရပ္ကြက္(၄)တြင္ ေနထိုင္သူမ်ားျဖစ္သည့္ ဦးေနာ္ေတာင္(၄၅)ႏွစ္ႏွင့္ ဦးျမင့္ႏိုင္(၆၀)ႏွစ္တို႔ ေသဆုံးခဲ့ရၿပီး ေရကန္အတြင္းႏွင့္ ေျမစာမ်ား ေအာက္ ဖုံးအုပ္နစ္ျမဳပ္သူမ်ားရွိ/မရွိကိုမူ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား က ရွာေဖြလ်က္ရွိေနေၾကာင္း သိရသည္။

 တာလင္းေမာင္(ျပန္/ဆက္)
https://www.moi.gov.mm/iprd/
ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ၊ ပျောက်ဆုံးသူ အတိအကျ မသိရသေး ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ၊ ပျောက်ဆုံးသူ အတိအကျ မသိရသေး Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.