အိမ်ဖြူတော်အနီး ဆန္ဒပြသူတွေ သမ္မတဟောင်း Jackson ရုပ်တု ဖြိုချဖို့ကြိုးပမ်း

ဝါရှင်တန်ဒီစီမြို့တော်က Lafayette ရင်ပြင်ရှိ သမ္မတဟောင်း Jackson ရုပ်တုကို ဖြိုချဖို့ ကြိုးစားနေကြတဲ့ ဆန္ဒပြသူတချို့။(ဇွန် ၂၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီး ပန်းခြံထဲက သမ္မတဟောင်း Andrew Jackson ရဲ့ ရုပ်တုကို မနေ့ညပိုင်းက ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

Lafayette ရင်ပြင်မှာ ဆန္ဒပြနေကြတဲ့လူအုပ်ကြီးက သမ္မတဟောင်း Jackson ရုပ်တုကို ကြိုးတွေနဲ့ တုပ်ပြီး ဖြိုချဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါဇင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ မျက်ရည်ယိုစေတဲ့ ဓာတုဆေးရည်တွေသုံးပြီ ဆန္ဒပြသူတွေကို လူစုခွဲခဲ့တာပါ။
သမ္မတဟောင်း Jackson ရုပ်တု။ (ဇွန် ၂၂၊ ၂၀၂၀)
ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို သမ္မတ Donald Trump ကလည်း Twitter လူမှုကွန်ရက်ကနေ ရှုတ်ချခဲ့ပါတယ်။ ရုပ်တုတွေကို ဖျက်ဆီးသူတွေဟာ စစ်ပြန်စစ်မှုထမ်း အထိမ်းအမှတ် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေအရ ၁၀ နှစ်အထိ ထောင်ချခံရနိုင်တယ်လို့လည်း မနေ့တုန်းကပဲ သတိပေးရေးသားခဲ့တာပါ။

အခင်းဖြစ်ခဲ့တဲ့ နေရာဟာ ဒီလဆန်းပိုင်းတုန်းက ခရစ်ယာန်ဘုရားကျောင်းရှေ့မှာ သမ္မတ Trump ဓာတ်ပုံသွား အရိုက်ခံဖို့ မသွားခင်မှာ ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံးဖယ်ရှားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

၇ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ၁၈၂၉ ကနေ ၁၈၃၇ အထိ တာဝန်ထမ်းဆောင်ခဲ့သူ သမ္မတဟောင်း Jackson ကို သမ္မတမဖြစ်ခင် စစ်မှုထမ်းဘဝကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ဝတ်စုံနဲ့ မြင်းစီးထားတဲ့ပုံကို ရုပ်တုထုထားတာပါ။

သမ္မတဟောင်း Jackson ဟာ အမေရိကန် ဌာနေတိုင်းရင်းသားတွေကို အတင်းအကြပ် ပြောင်းရွှေ့မှုကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သလို၊ Tennessee ပြည်နယ်က သူ့ရဲ့စိုက်ပျိုးခြံမှာ ကျွန်တွေကို ပိုင်ဆိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
အိမ္ျဖဴေတာ္အနီး ဆႏၵျပသူေတြ သမၼတေဟာင္း Jackson ႐ုပ္တု ၿဖိဳခ်ဖို႔ႀကိဳးပမ္း

အေမရိကန္သမၼတ အိမ္ျဖဴေတာ္အနီး ပန္းၿခံထဲက သမၼတေဟာင္း Andrew Jackson ရဲ႕ ႐ုပ္တုကို မေန႔ညပိုင္းက ၿဖိဳခ်ဖို႔ ႀကိဳးစားတဲ့ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕က အင္အားသုံး ဖယ္ရွားခဲ့ပါတယ္။

Lafayette ရင္ျပင္မွာ ဆႏၵျပေနၾကတဲ့လူအုပ္ႀကီးက သမၼတေဟာင္း Jackson ႐ုပ္တုကို ႀကိဳးေတြနဲ႔ တုပ္ၿပီး ၿဖိဳခ်ဖို႔ ႀကိဳးစားခဲ့ၾကတာပါ။ ဒါဇင္နဲ႔ခ်ီတဲ့ ရဲတပ္ဖြဲ႕ေတြက လက္ကိုင္တုတ္ေတြ၊ မ်က္ရည္ယိုေစတဲ့ ဓာတုေဆးရည္ေတြသုံးၿပီ ဆႏၵျပသူေတြကို လူစုခြဲခဲ့တာပါ။

ဆႏၵျပသူေတြရဲ႕ လုပ္ရပ္ကို သမၼတ Donald Trump ကလည္း Twitter လူမႈကြန္ရက္ကေန ရႈတ္ခ်ခဲ့ပါတယ္။ ႐ုပ္တုေတြကို ဖ်က္ဆီးသူေတြဟာ စစ္ျပန္စစ္မႈထမ္း အထိမ္းအမွတ္ ကာကြယ္ေစာင့္ေရွာက္ေရး အက္ဥပေဒအရ ၁၀ ႏွစ္အထိ ေထာင္ခ်ခံရႏိုင္တယ္လို႔လည္း မေန႔တုန္းကပဲ သတိေပးေရးသားခဲ့တာပါ။

အခင္းျဖစ္ခဲ့တဲ့ ေနရာဟာ ဒီလဆန္းပိုင္းတုန္းက ခရစ္ယာန္ဘုရားေက်ာင္းေရွ႕မွာ သမၼတ Trump ဓာတ္ပုံသြား အ႐ိုက္ခံဖို႔ မသြားခင္မွာ ရဲေတြက ဆႏၵျပသူေတြကို အင္အားသုံးဖယ္ရွားခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။

၇ ေယာက္ေျမာက္ အေမရိကန္သမၼတအျဖစ္ ၁၈၂၉ ကေန ၁၈၃၇ အထိ တာဝန္ထမ္းေဆာင္ခဲ့သူ သမၼတေဟာင္း Jackson ကို သမၼတမျဖစ္ခင္ စစ္မႈထမ္းဘဝကို ဂုဏ္ျပဳတဲ့အေနနဲ႔ စစ္ဝတ္စုံနဲ႔ ျမင္းစီးထားတဲ့ပုံကို ႐ုပ္တုထုထားတာပါ။

သမၼတေဟာင္း Jackson ဟာ အေမရိကန္ ဌာေနတိုင္းရင္းသားေတြကို အတင္းအၾကပ္ ေျပာင္းေ႐ႊ႕မႈေၾကာင့္ ေဝဖန္ခံခဲ့ရသူျဖစ္သလို၊ Tennessee ျပည္နယ္က သူ႔ရဲ႕စိုက္ပ်ိဳးၿခံမွာ ကြၽန္ေတြကို ပိုင္ဆိုင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protest-jackson/5473952.html
အိမ်ဖြူတော်အနီး ဆန္ဒပြသူတွေ သမ္မတဟောင်း Jackson ရုပ်တု ဖြိုချဖို့ကြိုးပမ်း အိမ်ဖြူတော်အနီး ဆန္ဒပြသူတွေ သမ္မတဟောင်း Jackson ရုပ်တု ဖြိုချဖို့ကြိုးပမ်း Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.