တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုတစ်ခု
(Unicode)⤵⤵⤵
တပ်ရင်းတပ်ဖွဲ့တွေအတွင်းမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုမှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၂၃ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သလို ဝန်ထမ်းအဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်တွင်းမှာ နေထိုင်ပြီးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်တာကြောင့် ခွင့်မပြုတာလို့လည်း သူက ပြောပါတယ်။

လွတ်လပ်ရေးရပြီးခေတ်က မြန်မာ့သမိုင်းမှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဝါဒ ကွဲပြားမှုတွေ နိုင်ငံရေးပေါ်မှာ ပါဝင်ဆောင်ရွက်မှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကလည်း တပ်မတော်မှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားခဲ့ကြပြီး တပ်မတော်မှာ တပ်ရင်းတပ်ဖွဲ့လိုက် တောခိုကြတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။

ဒီအချက်တွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေကို တပ်ရင်းတပ်ဖွဲ့တွေ အတွင်းမှာ မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

တပ်အပြင် ရပ်ထဲရွာထဲမှာတော့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ပြီး တပ်မတော်သားများကိုလည်း ဘယ်ပါတီကို မဲပေးပါ၊ ဘယ်ပါတီကို မဲမပေးပါနဲ့ ပြောဆိုထားတာ မရှိကြောင်းနဲ့ လွတ်လပ်စွာ မဲပေးနိုင်ခွင့် ပေးထားကြောင်းတို့ကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကိုကိုးကျွန်း မြို့နယ်မှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ အဲဒီမှာ မဲဆွယ် စည်းရုံးရေး သွားလာရာမှာ အခက်အခဲ ရှိခဲ့ဖူးပါတယ်။

ရန်ကုန်တိုင်းထဲမှာပါတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရေတပ်စခန်း ဌာနချုပ် ဖြစ်ပြီး အရပ်သား နေထိုင်တာ မရှိသလောက် နည်းပါးတဲ့နေရာလည်း ဖြစ်ပါတယ်။

အဲဒီ မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခုထဲသာ အဓိက ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သင်္ဘောငှားသွားဖို့အတွက် ကုန်ကျစရိတ်က အရမ်းကြီးလွန်းသလို ဟိုင်းကြီးကျွန်းကနေ ကိုကိုးကျွန်းကို သွားတဲ့ စက်လှေသမားတွေကိုလည်း NLD အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မလုပ်ကြဖို့ ပြောထားတာကြောင့် သူတို့ကို ဘယ်စက်လှေကမှ မတင်ရဲကြဘူးလို့ ကိုကိုးကျွန်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မဲရုံ တစ်ခု
ဒါပေမဲ့လည်း ပြိုင်ဘက် ပါတီဝင်တွေကတော့ တပ်မတော် လေယာဉ်တွေ၊ တပ်မတော် စစ်သင်္ဘောတွေနဲ့ သွားခွင့်ရကြတယ်လို့ ဦးဝင်းကိုကိုဝင်းက ပြောခဲ့ပါတယ်။

NLD ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ဟာ နိုဝင်ဘာလ ၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အောက်တိုဘာ ၂၂ ရက်မှ အစိုးရ စီစဉ်တဲ့ သင်္ဘောနဲ့ ရောက်ရှိနိုင်ခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နှစ်ခုတည်း ထိပ်တိုက် တွေ့ခဲ့ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်( ရေ )သူရဦးသက်ဆွေနဲ့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ( ငြိမ်း ) ဦးတင်ဝင်းတို့က တိုင်းဒေသကြီး လွှတ်တော်တို့က အနိုင်ရခဲ့ကြပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့လည်း တပ်မတော်က ဘယ်သူ့ကို ထောက်ခံပေးမယ် ဘယ်သူ့ကို မထောက်ခံဘူးဆိုတာမျိုး မရှိဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့မှာ သီးခြားမူဝါဒ မရှိပါဘူး။ နိုင်ငံရေးပါတီတွေကို သဘောထားတစ်ခုတည်း ရှိပါတယ်"လို့လည်း သူက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးပိုင်းအပြင် လိုအပ်ချက်မှန်သမျှ တပ်မတော်က ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာမယ်လို့လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်မှုတစ်ခု
တပ်တွင်းမဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်တော်တဲ့နေရာမှာ ထားဖို့ပါဝင်တဲ့အချက် အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေတွေကို ပြင်ဆင်တဲ့အချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အတွင်း လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ပါတယ်။

နည်းဥပဒေ ပြင်ဆင်ချက်ကတော့ ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ သူတို့နဲ့ အတူ နေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် မဲရုံနေရာ သတ်မှတ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုထဲက မဲဆန္ဒရှင်တွေနဲ့အတူ ဆန္ဒမဲပေးနိုင်ဖို့ ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မယ့် အဲဒီ တပ်ရင်း တပ်ဖွဲ့ရဲ့ အပြင်ဘက် သင့်တော်တဲ့ နေရာမှာ သတ်မှတ်ပေးရမယ်လို့ဖော်ပြပြီး အစားထိုး လိုက်တာပါ။

တပ်မတော်ကတော့ အခုအခါ မှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းကို ပြုစုနေဆဲဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်ချက်မှန်သမျှကို ဆောင်ရွက်ပေးသွားမယ်လို့လည်း ဇွန်လ ၂၂ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အရင် ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာ လမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြောဆို ထားပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
တပ္အတြင္း မဲဆြယ္ခြင့္မျပဳဘူးလို႔ တပ္မေတာ္ေျပာ

တပ္ရင္းတပ္ဖြဲ႕ေတြအတြင္းမွာ ႏိုင္ငံေရးပါတီေတြကို မဲဆြယ္စည္း႐ုံးခြင့္ျပဳမွာမဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဇြန္လ ၂၃ ရက္ေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တပ္မေတာ္ဟာ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္သလို ဝန္ထမ္းအဖြဲ႕အစည္းျဖစ္ေၾကာင္း၊ တပ္တြင္းမွာ ေနထိုင္ၿပီးေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းလည္း ျဖစ္တာေၾကာင့္ ခြင့္မျပဳတာလို႔လည္း သူက ေျပာပါတယ္။

လြတ္လပ္ေရးရၿပီးေခတ္က ျမန္မာ့သမိုင္းမွာ ႏိုင္ငံေရးအယူအဆေတြ ကြဲျပားတာေၾကာင့္ လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ႏိုင္ငံေရးမူဝါဒ ကြဲျပားမႈေတြ ႏိုင္ငံေရးေပၚမွာ ပါဝင္ေဆာင္႐ြက္မႈေတြေၾကာင့္ လက္နက္ကိုင္ ပဋိပကၡေတြ ရွိခဲ့တာျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။

လြတ္လပ္ေရး ႀကိဳးပမ္းစဥ္ကာလကလည္း တပ္မေတာ္မွာ ႏိုင္ငံေရးအယူအဆေတြ ကြဲျပားခဲ့ၾကၿပီး တပ္မေတာ္မွာ တပ္ရင္းတပ္ဖြဲ႕လိုက္ ေတာခိုၾကတာေတြ ရွိေၾကာင္းလည္း သူက ေျပာပါတယ္။

ဒီအခ်က္ေတြေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီေတြကို တပ္ရင္းတပ္ဖြဲ႕ေတြ အတြင္းမွာ မဲဆြယ္စည္း႐ုံးဖို႔ ခြင့္ျပဳဖို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။

တပ္အျပင္ ရပ္ထဲ႐ြာထဲမွာေတာ့ လြတ္လြတ္လပ္လပ္ေဆာင္႐ြက္ႏိုင္ၿပီး တပ္မေတာ္သားမ်ားကိုလည္း ဘယ္ပါတီကို မဲေပးပါ၊ ဘယ္ပါတီကို မဲမေပးပါနဲ႔ ေျပာဆိုထားတာ မရွိေၾကာင္းနဲ႔ လြတ္လပ္စြာ မဲေပးႏိုင္ခြင့္ ေပးထားေၾကာင္းတို႔ကိုလည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ရန္ကုန္တိုင္း ကိုကိုးကြၽန္း ၿမိဳ႕နယ္မွာ ဝင္ၿပိဳင္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ကိုယ္စားလွယ္ေလာင္းေတြ အဲဒီမွာ မဲဆြယ္ စည္း႐ုံးေရး သြားလာရာမွာ အခက္အခဲ ရွိခဲ့ဖူးပါတယ္။

ရန္ကုန္တိုင္းထဲမွာပါတဲ့ ကိုကိုးကြၽန္းၿမိဳ႕နယ္ဟာ ေရတပ္စခန္း ဌာနခ်ဳပ္ ျဖစ္ၿပီး အရပ္သား ေနထိုင္တာ မရွိသေလာက္ နည္းပါးတဲ့ေနရာလည္း ျဖစ္ပါတယ္။

အဲဒီ ၿမိဳ႕နယ္မွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ၊ NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီႏွစ္ခုထဲသာ အဓိက ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

သေဘၤာငွားသြားဖို႔အတြက္ ကုန္က်စရိတ္က အရမ္းႀကီးလြန္းသလို ဟိုင္းႀကီးကြၽန္းကေန ကိုကိုးကြၽန္းကို သြားတဲ့ စက္ေလွသမားေတြကိုလည္း NLD အဖြဲ႕ဝင္ေတြနဲ႔ အဆက္အသြယ္ မလုပ္ၾကဖို႔ ေျပာထားတာေၾကာင့္ သူတို႔ကို ဘယ္စက္ေလွကမွ မတင္ရဲၾကဘူးလို႔ ကိုကိုးကြၽန္းမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ကိုယ္စားလွယ္ေလာင္း ဦးဝင္းကိုကိုဝင္းက ဘီဘီစီကို ေျပာခဲ့ပါတယ္။

ဒါေပမဲ့လည္း ၿပိဳင္ဘက္ ပါတီဝင္ေတြကေတာ့ တပ္မေတာ္ ေလယာဥ္ေတြ၊ တပ္မေတာ္ စစ္သေဘၤာေတြနဲ႔ သြားခြင့္ရၾကတယ္လို႔ ဦးဝင္းကိုကိုဝင္းက ေျပာခဲ့ပါတယ္။

NLD ကိုယ္စားလွယ္ေတြရဲ႕ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္ဟာ ႏိုဝင္ဘာလ ၈ ရက္ က်င္းပမယ့္ ေ႐ြးေကာက္ပြဲ အတြက္ ေအာက္တိုဘာ ၂၂ ရက္မွ အစိုးရ စီစဥ္တဲ့ သေဘၤာနဲ႔ ေရာက္ရွိႏိုင္ခဲ့ပါတယ္။

ကိုကိုးကြၽန္းၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး လႊတ္ေတာ္တို႔မွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီနဲ႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ႏွစ္ခုတည္း ထိပ္တိုက္ ေတြ႕ခဲ့ၾကၿပီး ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက အၿငိမ္းစား ကာကြယ္ေရး ဦးစီးခ်ဳပ္( ေရ )သူရဦးသက္ေဆြနဲ႔ ရန္ကုန္တိုင္း နယ္လုံဝန္ႀကီး ( ၿငိမ္း ) ဦးတင္ဝင္းတို႔က တိုင္းေဒသႀကီး လႊတ္ေတာ္တို႔က အႏိုင္ရခဲ့ၾကပါတယ္။

ႏိုင္ငံေရးပါတီေတြနဲ႔ ပတ္သက္လို႔လည္း တပ္မေတာ္က ဘယ္သူ႔ကို ေထာက္ခံေပးမယ္ ဘယ္သူ႔ကို မေထာက္ခံဘူးဆိုတာမ်ိဳး မရွိဘူးလို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔မွာ သီးျခားမူဝါဒ မရွိပါဘူး။ ႏိုင္ငံေရးပါတီေတြကို သေဘာထားတစ္ခုတည္း ရွိပါတယ္"လို႔လည္း သူက ေျပာပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ လုံၿခဳံေရးပိုင္းအျပင္ လိုအပ္ခ်က္မွန္သမွ် တပ္မေတာ္က ေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအတိုင္း လိုက္နာမယ္လို႔လည္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္တြင္းမဲ႐ုံေတြကို တပ္ရင္းတပ္ဖြဲ႕ျပင္ပ သင့္ေတာ္တဲ့ေနရာမွာ ထားဖို႔ပါဝင္တဲ့အခ်က္ အပါအဝင္ ေ႐ြးေကာက္ပြဲ နည္းဥပေဒေတြကို ျပင္ဆင္တဲ့အခ်က္ေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ခုႏွစ္ အတြင္း လႊတ္ေတာ္ကို တင္သြင္းႏိုင္ခဲ့ပါတယ္။

နည္းဥပေဒ ျပင္ဆင္ခ်က္ကေတာ့ ေကာ္မရွင္ရဲ႕ တာဝန္ေပးခ်က္နဲ႔အညီ တပ္မေတာ္သားေတြနဲ႔ သူတို႔နဲ႔ အတူ ေနထိုင္ၾကတဲ့ အိမ္ေထာင္စုဝင္ေတြ ေနထိုင္ရာ တပ္ရင္း၊ တပ္ဖြဲ႕ေတြအတြက္ မဲ႐ုံေနရာ သတ္မွတ္ရာမွာ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္စုထဲက မဲဆႏၵရွင္ေတြနဲ႔အတူ ဆႏၵမဲေပးႏိုင္ဖို႔ ၊ ပြင့္လင္းျမင္သာမႈရွိေစဖို႔၊ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ၊ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေတြ၊ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြ လြတ္လြတ္လပ္လပ္ ဝင္ထြက္သြားလာႏိုင္မယ့္ အဲဒီ တပ္ရင္း တပ္ဖြဲ႕ရဲ႕ အျပင္ဘက္ သင့္ေတာ္တဲ့ ေနရာမွာ သတ္မွတ္ေပးရမယ္လို႔ေဖာ္ျပၿပီး အစားထိုး လိုက္တာပါ။

တပ္မေတာ္ကေတာ့ အခုအခါ မွာ မဲေပးႏိုင္တဲ့ မဲဆႏၵရွင္စာရင္းကို ျပဳစုေနဆဲျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး လိုအပ္ခ်က္မွန္သမွ်ကို ေဆာင္႐ြက္ေပးသြားမယ္လို႔လည္း ဇြန္လ ၂၂ ရက္ေန႔ ကာကြယ္ေရးဝန္ႀကီးဌာန သတင္းစာရွင္လင္းပြဲမွာ ေျပာခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို အရင္ ေ႐ြးေကာက္ပြဲမ်ားနည္းတူ ႏိုဝင္ဘာ လမွာ က်င္းပသြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ေဖာ္ေျပာဆို ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/53154623
တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော Reviewed by THITHTOOLWIN on 02:39 Rating: 5
Powered by Blogger.