ကိုဗစ်၁၉-ရောဂါဖြစ်ပွားသူတွေ အစုလိုက်အပြုံလိုက် ပေါ်လာတာမျိုး ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော

ကူးစက်မှုတွေ တစ်ပြိုင်တည်း ပေါ်လာရင် ရောဂါထိန်းချုပ်ရေးမှာ ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ပြော
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ရောဂါအစပျိုးချိန်ရဲ့ နှစ်ဆ ကာလဖြစ်တဲ့ ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ ထပ်မတွေ့မှသာ ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်မှာ ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဇွန် ၈ ရက်က ဝန်ကြီးဌာနဖေ့စ်ဘွတ်က ထုတ်ပြန်ချက်မှာ ဝန်ကြီးက ခုလိုပြောကြားထားတာ ဖြစ်ပါတယ်။

ရောဂါတစ်ခုဟာရောဂါပျိုးချိန် ကြာရင်ကြာသလောက် ပိုအန္တရာယ်ရှိနိုင်တယ်လို့ ဝန်ကြီးက သတိပေးပါတယ်။ နေရာတစ်ခုမှာ ကပ်ရောဂါတစ်ခုရဲ့ ရောဂါပျိုးချိန် အရှည်ကြာဆုံးကာလ နှစ်ဆတာကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိတော့မှသာ အဲဒီဒေသမှာ ရောဂါကူးစက်ဖြစ်ပွား ခြင်းမရှိတော့ဘူးလို့ ကောက်ချက်ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရောဂါပျိုးချိန် နှစ်ဆတာကာလဟာ ၂၈ ရက်ဖြစ်ပြီး အဲဒီရက်အတွင်း ရောဂါဖြစ်ပွားသူတစ်ဦးတစ်ယောက်မှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိတော့ဘူးလို့ ယူဆနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေနေရာအနှံ့အပြားကနေ အစုလိုက်အပြုံလိုက်တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာတာမျိုးလည်း ရှိနိုင်တယ်လို့ ဝန်ကြီးက သတိပေးပါတယ်။

ရောဂါပျိုးချိန်အတွင်းရှိနေပြီး ရောဂါလက္ခဏာမပြသူတွေ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ ကိုမလိုက်နာသူတွေရှိနေနိုင် တာကြောင့် ကူးစက်မှုတွေ တစ်ပြိုင်တည်း ပေါ်လာရင် ရောဂါထိန်းချုပ်ရေးမှာ ခက်ခဲပြီး မနိုင်မနင်းဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

မြန်မာမှာ မေ ၈ ရက်မနက်ထိ အတည်ပြုလူနာ စုစုပေါင်း ၂၄၃ ဦးရှိနေပါတယ်။

မေ ၁၈ ရက်ကနေ ဇွန် ၈ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၂၂၀၀၀ ကျော်အနက် ဇွန် ၂ ရက်မှာ တွေ့ရတဲ့ အတည်ပြုလူနာတစ်ဦးကလွဲလို့ ကျန် ၅၃ ဦးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။

ဇွန်လ ၈ ရက်မနက်က ထပ်မံတွေ့ရှိတဲ့အတည်ပြုလူနာနံပါတ် ၂၄၃ ဟာ အီတလီက ပြန်လာသူဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့် ထားသူဖြစ်ပါတယ်။
မေ ၁၈ ရက်ကနေ ဇွန် ၈ ရက်အထိ ၂၁ ရက်အတွင်း အတည်ပြုလူနာ ၅၃ ဦးအနက် ၅၂ ဦးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။
မနေ့က ဇွန်လ ၇ ရက်မှာ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခု၊ ရန်ကုန်တပ်မတော်ခုတင် ၁၀၀၀ ဆေးရုံက ဓာတ်ခွဲခန်းနဲ့ မော်လမြိုင်က ဓာတ်ခွဲခန်းလေးခုကနေ တစ်ရက်တည်းဓာတ်ခွဲနမူနာပေါင်း ၂၀၉၇ ခုကို စံချိန်တင်စစ်ဆေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲကနေ အတည်ပြုလူနာသစ်တစ်ဦးကိုတွေ့ခဲ့တာဖြစ်ပါတယ်။
 ဇွန် ၇ ရက်မှာ ဓာတ်ခွဲခန်းလေးခုကနေ တစ်ရက်တည်း နမူနာ ၂၀၀၀ ကျော် စံချိန်တင်စစ်ဆေးနိုင်ခဲ့။
တစ်ကမ္ဘာလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ခုနစ်သန်းကျော်(၇၁ သိန်းနီးပါး) နဲ့ သေဆုံးသူက လေးသိန်းကျော် ရှိပါတယ်။ ပြန်လည်ကျန်းမာလာ သူက သုံးသန်းခွဲနီးပါး(၃၄ သိန်း) ရှိနေပါတယ်။

ဖြစ်ပွားမှုအများဆုံး ထိပ်တန်းငါးနိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှ၊ စပိန်နဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်။

ဗြိတိန်မှာ ပြည်ပလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် နှစ်ပတ် ကွာရန်တင်းဝင်ရမယ့်အစီအစဉ်ကို ဇွန် ၈ ရက်မှာစတင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီ စည်းကမ်းကို ဖောက်ဖျက်ရင် အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဗြိတိန်အစိုးရကပြောကြားထားပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္၁၉-ေရာဂါျဖစ္ပြားသူေတြ အစုလိုက္အၿပဳံလိုက္ ေပၚလာတာမ်ိဳး ရွိႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးေျပာ

ကိုဗစ္-၁၉ ေရာဂါအစပ်ိဳးခ်ိန္ရဲ႕ ႏွစ္ဆ ကာလျဖစ္တဲ့ ၂၈ ရက္အတြင္း ေရာဂါျဖစ္ပြားသူ ထပ္မေတြ႕မွသာ ကူးစက္ေရာဂါျဖစ္ပြားျခင္းမရွိေတာ့ဘူးလို႔ ယူဆႏိုင္မွာ ျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ဇြန္ ၈ ရက္က ဝန္ႀကီးဌာနေဖ့စ္ဘြတ္က ထုတ္ျပန္ခ်က္မွာ ဝန္ႀကီးက ခုလိုေျပာၾကားထားတာ ျဖစ္ပါတယ္။

ေရာဂါတစ္ခုဟာေရာဂါပ်ိဳးခ်ိန္ ၾကာရင္ၾကာသေလာက္ ပိုအႏၲရာယ္ရွိႏိုင္တယ္လို႔ ဝန္ႀကီးက သတိေပးပါတယ္။ ေနရာတစ္ခုမွာ ကပ္ေရာဂါတစ္ခုရဲ႕ ေရာဂါပ်ိဳးခ်ိန္ အရွည္ၾကာဆုံးကာလ ႏွစ္ဆတာကာလအတြင္း ေရာဂါျဖစ္ပြားသူ တစ္ဦးတစ္ေယာက္မွ မရွိေတာ့မွသာ အဲဒီေဒသမွာ ေရာဂါကူးစက္ျဖစ္ပြား ျခင္းမရွိေတာ့ဘူးလို႔ ေကာက္ခ်က္ခ်ႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

အခု ကိုဗစ္-၁၉ ကပ္ေရာဂါရဲ႕ ေရာဂါပ်ိဳးခ်ိန္ ႏွစ္ဆတာကာလဟာ ၂၈ ရက္ျဖစ္ၿပီး အဲဒီရက္အတြင္း ေရာဂါျဖစ္ပြားသူတစ္ဦးတစ္ေယာက္မွ မရွိမွသာ ေရာဂါကူးစက္ျဖစ္ပြားျခင္းမရွိေတာ့ဘူးလို႔ ယူဆႏိုင္မွာျဖစ္တယ္လို႔ ဝန္ႀကီးကေျပာပါတယ္။

ေရာဂါျဖစ္ပြားသူေတြေနရာအႏွံ႔အျပားကေန အစုလိုက္အၿပဳံလိုက္တစ္ၿပိဳင္နက္တည္းနီးပါး ေပၚလာတာမ်ိဳးလည္း ရွိႏိုင္တယ္လို႔ ၀န္ႀကီးက သတိေပးပါတယ္။

ေရာဂါပ်ိဳးခ်ိန္အတြင္းရွိေနၿပီး ေရာဂါလကၡဏာမျပသူေတြ၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြ ကိုမလိုက္နာသူေတြရွိေနႏိုင္ တာေၾကာင့္ ကူးစက္မႈေတြ တစ္ၿပိဳင္တည္း ေပၚလာရင္ ေရာဂါထိန္းခ်ဳပ္ေရးမွာ ခက္ခဲၿပီး မႏိုင္မနင္းျဖစ္လာႏိုင္တယ္လို႔ ဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာပါတယ္။

ျမန္မာမွာ ေမ ၈ ရက္မနက္ထိ အတည္ျပဳလူနာ စုစုေပါင္း ၂၄၃ ဦးရွိေနပါတယ္။

ေမ ၁၈ ရက္ကေန ဇြန္ ၈ ရက္အထိ ဓာတ္ခြဲစစ္ေဆးသူေပါင္း ၂၂၀၀၀ ေက်ာ္အနက္ ဇြန္ ၂ ရက္မွာ ေတြ႕ရတဲ့ အတည္ျပဳလူနာတစ္ဦးကလြဲလို႔ က်န္ ၅၃ ဦးဟာ ျပည္ပက ျပန္လာသူေတြျဖစ္ပါတယ္။

ဇြန္လ ၈ ရက္မနက္က ထပ္မံေတြ႕ရွိတဲ့အတည္ျပဳလူနာနံပါတ္ ၂၄၃ ဟာ အီတလီက ျပန္လာသူျဖစ္ၿပီး အသြားအလာကန႔္သတ္ေစာင့္ၾကည့္ ထားသူျဖစ္ပါတယ္။

မေန႔က ဇြန္လ ၇ ရက္မွာ ရန္ကုန္က ဓာတ္ခြဲခန္းႏွစ္ခု၊ ရန္ကုန္တပ္မေတာ္ခုတင္ ၁၀၀၀ ေဆး႐ုံက ဓာတ္ခြဲခန္းနဲ႔ ေမာ္လၿမိဳင္က ဓာတ္ခြဲခန္းေလးခုကေန တစ္ရက္တည္းဓာတ္ခြဲနမူနာေပါင္း ၂၀၉၇ ခုကို စံခ်ိန္တင္စစ္ေဆးႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီထဲကေန အတည္ျပဳလူနာသစ္တစ္ဦးကိုေတြ႕ခဲ့တာျဖစ္ပါတယ္။

တစ္ကမာၻလုံးမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားသူ ခုနစ္သန္းေက်ာ္(၇၁ သိန္းနီးပါး) နဲ႔ ေသဆုံးသူက ေလးသိန္းေက်ာ္ ရွိပါတယ္။ ျပန္လည္က်န္းမာလာ သူက သုံးသန္းခြဲနီးပါး(၃၄ သိန္း) ရွိေနပါတယ္။

ျဖစ္ပြားမႈအမ်ားဆုံး ထိပ္တန္းငါးႏိုင္ငံကေတာ့ အေမရိကန္၊ ဘရာဇီး၊ ႐ုရွ၊ စပိန္နဲ႔ ၿဗိတိန္တို႔ ျဖစ္ပါတယ္။

ၿဗိတိန္မွာ ျပည္ပလာသူေတြကို ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ႏွစ္ပတ္ ကြာရန္တင္းဝင္ရမယ့္အစီအစဥ္ကို ဇြန္ ၈ ရက္မွာစတင္လိုက္ၿပီျဖစ္ပါတယ္။ အဲဒီ စည္းကမ္းကို ေဖာက္ဖ်က္ရင္ အေရးယူမႈေတြလုပ္ေဆာင္မယ္လို႔ ၿဗိတိန္အစိုးရကေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52953807
ကိုဗစ်၁၉-ရောဂါဖြစ်ပွားသူတွေ အစုလိုက်အပြုံလိုက် ပေါ်လာတာမျိုး ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော ကိုဗစ်၁၉-ရောဂါဖြစ်ပွားသူတွေ အစုလိုက်အပြုံလိုက် ပေါ်လာတာမျိုး ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.