ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကြောင့် တစ်နေ့လူပေါင်း ၃ဝ နှင့် ၄၅ ဦးအကြားသေဆုံးနေ


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၈/၂ဝ၂ဝ

မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း ကမ္ဘာကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့ကို လူပေါင်း ၃ဝ ကနေ ၄၅ ဦးအကြား သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။

မနေ့က တနင်္ဂနွေနေ့ တစ်နေ့တည်းအတွင်း သေဆုံးသူဟာ ၄၂ ဦးထိ ရှိခဲ့တာမို့ သေဆုံးသူ အရေအတွက်က တစ်နေ့ထက် တစ်နေ့ တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့ အနေအထားဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၇ရက်နေ့မှာ ၄၂ ဦး၊ ဇွန်လ ၆ ရက်မှ ၃၅ ဦး၊ ဇွန်လ ၅ ရက်မှာ ၃ဝ ဦး၊ ဇွန်လ ၄ ရက်မှာ ၃၅ ဦး၊ ဇွန်လ ၃ ရက်နဲ့ ၂ ရက်နေ့မှာ ၃၇ ဦးစီ၊ ဇွန်လ ၁ ရက်နေ့မှာ ၂၂ ဦးနဲ့ မေလ ၃၁ ရက်နေ့မှာ ၄ဝ ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၇ ရက်နေ့ထိ ကိုရိုနာရောဂါနဲ့ သေဆုံးသူက ၈၈၈ ဦးရှိပြီး ရောဂါ ကူးစက်ခံနေရသူ စုစုပေါင်းက ၆၅၇၆၉ ဦးထိ ရှိသွားပြီလို့ သိရပါတယ်။

မနေ့က တစ်နေ့တည်းအတွင်းမှာ လူပေါင်း ၁၃၁၃၆ ရဲ့ နမူနာကို စစ်ဆေးတဲ့ အခါ Positive ရောဂါပိုးတွေ့ရှိသူ ၂၇၄၃ ဦးရှိတယ်လို့ ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုအချိန်ထိ လူပေါင်း ၃၉၇၉၈၇ ဦးရဲ့ နမူနာကို စစ်ဆေးခဲ့ပြီး ပြန်ကောင်းလာသူက ၁၃၉ဝ၃ ဦးရှိတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ကပ်ရပ်တည်ရှိတဲ့ ကော့စ်ဘဇားခရိုင်မှာတော့ သေဆုံးသူ ၂ဝ ဦးရှိပြီး ၈၉ဝ ဦးကူးစက်ခံနေရတဲ့ အတွက် ဒီလ ၅ ရက်နေ့က ကိုဗစ် အနီရောင်ဇုန်အဖြစ် သတ်မှတ်ခဲ့သလို တစ်ခြား ခရိုင် သုံးခုနဲ့ အတူ အသွားအလာ အဝင်အထွက်တွေကို (၁၅) ရက်ပိတ်ထားခြင်း ခံထားရပါတယ်။

Narinjara
---------------------------------------
(Zawgyi)⤵⤵⤵
ဘဂၤလာေဒ့ရွ္တြင္ ကို႐ိုနာေၾကာင့္ တစ္ေန႔လူေပါင္း ၃ဝ ႏွင့္ ၄၅ ဦးအၾကားေသဆုံးေန

နိရၪၥရာ၊ ဇြန္ ၈/၂ဝ၂ဝ

ျမန္မာအိမ္နီးခ်င္း ဘဂၤလာေဒ့ရ္ွႏိုင္ငံမွာ အခုရက္ပိုင္းေတြအတြင္း ကမာၻကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ေန႔ကို လူေပါင္း ၃ဝ ကေန ၄၅ ဦးအၾကား ေသဆုံးေနတယ္လို႔ သတင္းရရွိပါတယ္။

မေန႔က တနဂၤေႏြေန႔ တစ္ေန႔တည္းအတြင္း ေသဆုံးသူဟာ ၄၂ ဦးထိ ရွိခဲ့တာမို႔ ေသဆုံးသူ အေရအတြက္က တစ္ေန႔ထက္ တစ္ေန႔ တစ္ျဖည္းျဖည္းနဲ႔ ျမင့္တက္လာတဲ့ အေနအထားျဖစ္ပါတယ္။

ဘဂၤလာေဒ့ရွ္ႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဇြန္လ ၇ရက္ေန႔မွာ ၄၂ ဦး၊ ဇြန္လ ၆ ရက္မွ ၃၅ ဦး၊ ဇြန္လ ၅ ရက္မွာ ၃ဝ ဦး၊ ဇြန္လ ၄ ရက္မွာ ၃၅ ဦး၊ ဇြန္လ ၃ ရက္နဲ႔ ၂ ရက္ေန႔မွာ ၃၇ ဦးစီ၊ ဇြန္လ ၁ ရက္ေန႔မွာ ၂၂ ဦးနဲ႔ ေမလ ၃၁ ရက္ေန႔မွာ ၄ဝ ဦးထိ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

မေန႔က ဇြန္လ ၇ ရက္ေန႔ထိ ကို႐ိုနာေရာဂါနဲ႔ ေသဆုံးသူက ၈၈၈ ဦးရွိၿပီး ေရာဂါ ကူးစက္ခံေနရသူ စုစုေပါင္းက ၆၅၇၆၉ ဦးထိ ရွိသြားၿပီလို႔ သိရပါတယ္။

မေန႔က တစ္ေန႔တည္းအတြင္းမွာ လူေပါင္း ၁၃၁၃၆ ရဲ႕ နမူနာကို စစ္ေဆးတဲ့ အခါ Positive ေရာဂါပိုးေတြ႕ရွိသူ ၂၇၄၃ ဦးရွိတယ္လို႔ ဘဂၤလာေဒ့ရွ္ က်န္းမာေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အခုအခ်ိန္ထိ လူေပါင္း ၃၉၇၉၈၇ ဦးရဲ႕ နမူနာကို စစ္ေဆးခဲ့ၿပီး ျပန္ေကာင္းလာသူက ၁၃၉ဝ၃ ဦးရွိတယ္လို႔ သိရပါတယ္။

ျမန္မာနဲ႔ ကပ္ရပ္တည္ရွိတဲ့ ေကာ့စ္ဘဇားခ႐ိုင္မွာေတာ့ ေသဆုံးသူ ၂ဝ ဦးရွိၿပီး ၈၉ဝ ဦးကူးစက္ခံေနရတဲ့ အတြက္ ဒီလ ၅ ရက္ေန႔က ကိုဗစ္ အနီေရာင္ဇုန္အျဖစ္ သတ္မွတ္ခဲ့သလို တစ္ျခား ခ႐ိုင္ သုံးခုနဲ႔ အတူ အသြားအလာ အဝင္အထြက္ေတြကို (၁၅) ရက္ပိတ္ထားျခင္း ခံထားရပါတယ္။

Narinjara
https://burmese.narinjara.com/international/detail/5edde61300c3371e71bc8e4a
ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကြောင့် တစ်နေ့လူပေါင်း ၃ဝ နှင့် ၄၅ ဦးအကြားသေဆုံးနေ ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကြောင့် တစ်နေ့လူပေါင်း ၃ဝ နှင့် ၄၅ ဦးအကြားသေဆုံးနေ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.