ကိုဗစ်အမှု - တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အမှု စတင် စစ်ဆေးပြီ

ကနေဒါနိုင်ငံသား ဒေးဗစ်လားအတွက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါ အီးမေးလ်လက်ခံရကြောင်းသာ ပြန်ကြားခဲ့ပါတယ်။
(Unicode)⤵⤵⤵
တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ အမှုမှာ တရားလိုနဲ့ တရားလိုပြသက်သေတွေကို ဇွန်လ ၈ ရက်မှာ စတင်စစ်ဆေးပါတယ်။

ဒီရုံးချိန်းမှာ တရားလို ဦးရဲဝင်းအောင်က ဒေးဗစ်လား တရားဟောခဲ့တဲ့အသံဖိုင်ကို သက်သေတင်သွင်းခဲ့ပေမယ့် အဲဒီအသံဖိုင်တွေက အရင်က ဟောပြောမှုတွေဖြစ်တယ်လို့ ဒေးဗစ်လားရဲ့ရှေ့နေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ဦးရဲဝင်းအောင်ဟာ မရမ်းကုန်းမြို့နယ် အမှတ် ၇ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

တရားဟောဆရာဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး လူစုလူဝေးပြုလုပ်မှုကြောင့် တရားစွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုဗစ်၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းပြီးမှ ခုလို အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။
ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ ကိုဗစ်၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းပြီးမှ ခုလို အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။
ဇွန် ၈ ရက် ရုံးချိန်းကို ဦးဝေထွန်းရဲ့ ညီမ တေးသံရှင် ထရေစီ လာရောက်တာတွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးပါမောက္ခလည်း လာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရုံးချိန်းတုန်းက ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့နှစ်ဦးက အာမခံလျှောက်ထားပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီအမှုကို မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက စစ်ဆေးနေတာဖြစ်ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ဇွန်လ ၁၅ ရက်ကို ချိန်းဆိုထားပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် တရားဟော ဆရာစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အပြင် ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ တို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ သက်ဆိုင်ရာတရားရုံး တွေကို အမှုစွဲတင်ခဲ့ပါတယ်။ သူတို့လေးဦးလုံးကို အခုအခါ အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။

ဒီပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်သုံးနှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရက ဘာသာရေးအခမ်းအနားလို့ ထုတ်ပြန်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့၊ ၈ မိုင်က ညီအစ်ကိုတော်များအသင်းတော် ခြံဝင်းထဲက အဆောက်အအုံတစ်ခုမှာ မတ် ၁၆ ရက်ကနေ ဧပြီ ၇ ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲကို တရားဟောဆရာ ဒေးဗစ်လားနဲ့ တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့က ဦးဆောင်ကျင်းပခဲ့တာလို့ မရမ်းကုန်းမြို့မရဲစခန်းရဲ့ ပထမသတင်းပေးတိုင်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီပွဲကနေ ကူးစက်သူ ၈၀ ခန့်ရှိခဲ့ပြီး လူနာနံပါတ် ၈၆ နဲ့ လူနာနံပါတ် ၁၁၀ တို့ နှစ်ဦးကတော့ သေဆုံးထားပါတယ်။

တရားဟောဆရာဒေးဗစ်လားဟာ မြန်မာပြည်ဖွား ကနေဒါနိုင်ငံသား ဖြစ်ပြီး သူအခု ရင်ဆိုင်နေရတဲ့အမှုနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ ဆက်သွယ်မေးမြန်းချက်ကို ရရှိကြောင်းသာ အကြောင်းပြန်ကြားပြီး ဒေးဗစ်လားနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္အမႈ - တရားေဟာဆရာ ေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔အမႈ စတင္ စစ္ေဆးၿပီ

တရားေဟာဆရာ ေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ အမႈမွာ တရားလိုနဲ႔ တရားလိုျပသက္ေသေတြကို ဇြန္လ ၈ ရက္မွာ စတင္စစ္ေဆးပါတယ္။

ဒီ႐ုံးခ်ိန္းမွာ တရားလို ဦးရဲဝင္းေအာင္က ေဒးဗစ္လား တရားေဟာခဲ့တဲ့အသံဖိုင္ကို သက္ေသတင္သြင္းခဲ့ေပမယ့္ အဲဒီအသံဖိုင္ေတြက အရင္က ေဟာေျပာမႈေတြျဖစ္တယ္လို႔ ေဒးဗစ္လားရဲ႕ေရွ႕ေနက ကန႔္ကြက္ခဲ့တယ္လို႔ သိရပါတယ္။ ဦးရဲဝင္းေအာင္ဟာ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ ၇ ရပ္ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ျဖစ္ပါတယ္။

တရားေဟာဆရာေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ဟာ ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း အစိုးရက ခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို ေဖာက္ဖ်က္ၿပီး လူစုလူေဝးျပဳလုပ္မႈေၾကာင့္ တရားစြဲခံထားရတာ ျဖစ္ပါတယ္။ သူတို႔ဟာ ကိုဗစ္၁၉ ေရာဂါကူးစက္ခံခဲ့ရၿပီး ေရာဂါေပ်ာက္ကင္းၿပီးမွ ခုလို အမႈရင္ဆိုင္ရတာျဖစ္ပါတယ္။

ဇြန္ ၈ ရက္ ႐ုံးခ်ိန္းကို ဦးေဝထြန္းရဲ႕ ညီမ ေတးသံရွင္ ထေရစီ လာေရာက္တာေတြ႕ရပါတယ္။ ဒါ့အျပင္ အမ်ိဳးသားေရးလႈပ္ရွားသူ ဆရာေတာ္ ဦးပါေမာကၡလည္း လာေရာက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒုတိယအႀကိမ္ ႐ုံးခ်ိန္းတုန္းက ေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔ႏွစ္ဦးက အာမခံေလွ်ာက္ထားေပမယ့္ တရား႐ုံးက ပယ္ခ်ခဲ့ပါတယ္။ ဒီအမႈကို မရမ္းကုန္းၿမိဳ႕နယ္တရားသူႀကီး ဦးမိုးေဆြက စစ္ေဆးေနတာျဖစ္ၿပီး ေနာက္တစ္ႀကိမ္႐ုံးခ်ိန္းကိုေတာ့ ဇြန္လ ၁၅ ရက္ကို ခ်ိန္းဆိုထားပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားေစႏိုင္တဲ့ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့တဲ့အတြက္ တရားေဟာ ဆရာေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္းတို႔အျပင္ ဦးေစာကြယ္ဝါး(သင္းအုပ္ဆရာ)နဲ႔ အမႈေတာ္ေဆာင္ဦးေစာေရဂန္ဒီ တို႔ကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ သက္ဆိုင္ရာတရား႐ုံး ေတြကို အမႈစြဲတင္ခဲ့ပါတယ္။ သူတို႔ေလးဦးလုံးကို အခုအခါ အင္းစိန္အက်ဥ္းေထာင္ထဲမွာ ခ်ဳပ္ေႏွာင္ထားပါတယ္။

ဒီပုဒ္မ ၂၅ ဟာ ျပစ္မႈထင္ရွားရင္ အျမင့္ဆုံး ေထာင္သုံးႏွစ္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

အစိုးရက ဘာသာေရးအခမ္းအနားလို႔ ထုတ္ျပန္ခဲ့တဲ့ ဝတ္ျပဳဆုေတာင္းပြဲကို ရန္ကုန္ၿမိဳ႕၊ ၈ မိုင္က ညီအစ္ကိုေတာ္မ်ားအသင္းေတာ္ ၿခံဝင္းထဲက အေဆာက္အအုံတစ္ခုမွာ မတ္ ၁၆ ရက္ကေန ဧၿပီ ၇ ရက္ထိ က်င္းပခဲ့တာျဖစ္ၿပီး ဒီပြဲကို တရားေဟာဆရာ ေဒးဗစ္လားနဲ႔ ေတးသံသြင္းပိုင္ရွင္ ဦးေဝထြန္းတို႔က ဦးေဆာင္က်င္းပခဲ့တာလို႔ မရမ္းကုန္းၿမိဳ႕မရဲစခန္းရဲ႕ ပထမသတင္းေပးတိုင္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီပြဲကေန ကူးစက္သူ ၈၀ ခန႔္ရွိခဲ့ၿပီး လူနာနံပါတ္ ၈၆ နဲ႔ လူနာနံပါတ္ ၁၁၀ တို႔ ႏွစ္ဦးကေတာ့ ေသဆုံးထားပါတယ္။

တရားေဟာဆရာေဒးဗစ္လားဟာ ျမန္မာျပည္ဖြား ကေနဒါႏိုင္ငံသား ျဖစ္ၿပီး သူအခု ရင္ဆိုင္ေနရတဲ့အမႈနဲ႔ပတ္သက္လို႔ ကေနဒါႏိုင္ငံျခားေရး ဝန္ႀကီးဌာနကို ဘီဘီစီက အီးေမးလ္က တစ္ဆင့္ ဆက္သြယ္ေမးျမန္းတဲ့အခါ ဆက္သြယ္ေမးျမန္းခ်က္ကို ရရွိေၾကာင္းသာ အေၾကာင္းျပန္ၾကားၿပီး ေဒးဗစ္လားနဲ႔ပတ္သက္လို႔ေတာ့ တစ္စုံတစ္ရာ ျပန္လည္ေျဖၾကားျခင္း မရွိေသးပါဘူး။

BBC Burmese
https://www.bbc.com/burmese/burma-52953811
ကိုဗစ်အမှု - တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အမှု စတင် စစ်ဆေးပြီ ကိုဗစ်အမှု - တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့အမှု စတင် စစ်ဆေးပြီ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.