အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူပေါင်း ၁၀၀ ကျော်သေဆုံး


(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်နှစ်ခုမှာ မိုးကြိုးအကြိမ်ရေ ဆယ်ဂဏန်းတချို့ပစ်ခဲ့လို့ အခုရက်ပိုင်းအတွင်းမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဘီဟာပြည်နယ်မှာ သေဆုံးသူ ၈၃ ယောက် ရှိပြီး ဆေးရုံတင်ထားရသူ ၂၀ ရှိတယ်လို့ ပြည်နယ်ရဲ့ ကပ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ကဆိုပါတယ်။

အနီးနားက အူတာ ပရာဒက်ရှ်ပြည်နယ်မှာတော့ မိုးကြိုးပစ်ခံရပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။

မုတ်သုန်မိုးသည်းထန်စွာရွာသွန်းတဲ့ ကာလတွေ အတွင်း မိုးကြိုးပစ်တာဟာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဉ်ပါ။

မိုးရာသီကာလမှာ မိုးနဲ့မိုးကြိုးကြောင့် သစ်ပင်တွေ၊ အိုးအိမ်တွေ အများအပြား ပျက်စီးတတ်ပါတယ်။

ရာသီဥတုပိုဆိုးလာဖွယ်ရှိတယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားလို့ လူတွေ သတိဝီရိယရှိကြဖို့၊ အိမ်ထဲမှာပဲနေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စေလွှတ်ထားတယ်လို့ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဆိုပြီး ကွယ်လွန်သူမိသားစုတွေအတွက် ဝမ်းနည်းကြောင်းပြောပါတယ်။

အခုနှစ်ပိုင်းတွေ အတွင်း မှတ်တမ်းတင်ထားတဲ့ မိုးကြိုးပစ်မှုတွေအနက် အခုဖြစ်စဉ်ဟာ အများဆုံးမိုးကြိုးပစ်မှုဖြစ်စဉ်တခုလို့ ဘီဟာပြည်နယ် ကပ်ဘေးစီမံခန့်ခွဲမှုဝန်ကြီး လက်ရှ်မီးရှဝါရိုင်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

မိုးကြိုးကြောင့်သေဆုံးသူ ထက်ဝက်ကျော်ဟာ ပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေမှာ ဖြစ်ခဲ့တဲ့ မိုးကြိုးပစ်မှုတွေကြောင့်လို့လည်း သူက ဆိုပါတယ်။

အူတာ ပရာဒက်ရှ်ပြည်နယ်ထဲမှာတော့ နီပေါနယ်စပ်နားက ဒီအိုရီးယားခရိုင်နဲ့ မြင့်မြတ်တဲ့မြို့တော် ပရာယာဂရပ်ဂ်ျတို့မှာ အများဆုံးသေဆုံးခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာ မိုးကြိုးကြောင့် အိန္ဒိယမှာ သေဆုံးသူ အရေအတွက် ၂၃၀၀ အထိရှိခဲ့တယ်လို့ ရာဇဝတ်မှုမှတ်တမ်းဗျူရိုရဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

၂၀၀၅ ခုနှစ်ကနေ နောက်ပိုင်းမှာ မိုးကြိုးကြောင့်သေဆုံးသူ အရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း အနည်းဆုံး၂၀၀၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

အများအပြားသေဆုံးရခြင်း အကြောင်းရင်းတွေအနက် တခုက အိန္ဒိယဟာ ကမ္ဘာ့တခြား နေရာတွေနဲ့ နှိုင်းယှဉ်ရင် လူအများအပြားဟာ အိမ့်အပြင်မှာ အလုပ်လုပ်ကြတဲ့ အလေ့အထပိုရှိတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ကွင်းပြင်မှာ ရှိတဲ့လူတွေဟာ မိုးကြိုးပစ်ခံရဖို့ အကြောင်းပိုများပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် အန်ဒရာပရာဒက်ရှ်မှာ ၂၀၁၈ ခုနှစ် အတွင်းက ၁၃ နာရီအတွင်းမှာ မိုးကြိုးပစ်တဲ့အကြိမ်ရေပေါင်း ၃၆၇၄၉ ကြိမ်ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ မိုးႀကိဳးပစ္လို႔ လူေပါင္း ၁၀၀ ေက်ာ္ေသဆုံး

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ျပည္နယ္ႏွစ္ခုမွာ မိုးႀကိဳးအႀကိမ္ေရ ဆယ္ဂဏန္းတခ်ိဳ႕ပစ္ခဲ့လို႔ အခုရက္ပိုင္းအတြင္းမွာ လူ ၁၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သက္ဆိုင္ရာ အရာရွိေတြက ေျပာပါတယ္။

ဘီဟာျပည္နယ္မွာ ေသဆုံးသူ ၈၃ ေယာက္ ရွိၿပီး ေဆး႐ုံတင္ထားရသူ ၂၀ ရွိတယ္လို႔ ျပည္နယ္ရဲ႕ ကပ္ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ အဖြဲ႕ကဆိုပါတယ္။

အနီးနားက အူတာ ပရာဒက္ရွ္ျပည္နယ္မွာေတာ့ မိုးႀကိဳးပစ္ခံရၿပီး အနည္းဆုံး လူ ၂၀ ေသဆုံးခဲ့ပါတယ္။

မုတ္သုန္မိုးသည္းထန္စြာ႐ြာသြန္းတဲ့ ကာလေတြ အတြင္း မိုးႀကိဳးပစ္တာဟာ အိႏၵိယမွာ ျဖစ္႐ိုးျဖစ္စဥ္ပါ။

မိုးရာသီကာလမွာ မိုးနဲ႔မိုးႀကိဳးေၾကာင့္ သစ္ပင္ေတြ၊ အိုးအိမ္ေတြ အမ်ားအျပား ပ်က္စီးတတ္ပါတယ္။

ရာသီဥတုပိုဆိုးလာဖြယ္ရွိတယ္လို႔ မိုးေလဝသဌာနက ခန္႔မွန္းထားလို႔ လူေတြ သတိဝီရိယရွိၾကဖို႔၊ အိမ္ထဲမွာပဲေနၾကဖို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။

ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြ ေစလႊတ္ထားတယ္လို႔ ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီက ဆိုၿပီး ကြယ္လြန္သူမိသားစုေတြအတြက္ ဝမ္းနည္းေၾကာင္းေျပာပါတယ္။

အခုႏွစ္ပိုင္းေတြ အတြင္း မွတ္တမ္းတင္ထားတဲ့ မိုးႀကိဳးပစ္မႈေတြအနက္ အခုျဖစ္စဥ္ဟာ အမ်ားဆုံးမိုးႀကိဳးပစ္မႈျဖစ္စဥ္တခုလို႔ ဘီဟာျပည္နယ္ ကပ္ေဘးစီမံခန္႔ခြဲမႈဝန္ႀကီး လက္ရွ္မီးရွဝါ႐ိုင္းက ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

မိုးႀကိဳးေၾကာင့္ေသဆုံးသူ ထက္ဝက္ေက်ာ္ဟာ ျပည္နယ္ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းခ႐ိုင္ေတြမွာ ျဖစ္ခဲ့တဲ့ မိုးႀကိဳးပစ္မႈေတြေၾကာင့္လို႔လည္း သူက ဆိုပါတယ္။

အူတာ ပရာဒက္ရွ္ျပည္နယ္ထဲမွာေတာ့ နီေပါနယ္စပ္နားက ဒီအိုရီးယားခ႐ိုင္နဲ႔ ျမင့္ျမတ္တဲ့ၿမိဳ႕ေတာ္ ပရာယာဂရပ္ဂ္်တို႔မွာ အမ်ားဆုံးေသဆုံးခဲ့ၾကတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

၂၀၁၈ ခုႏွစ္မွာ မိုးႀကိဳးေၾကာင့္ အိႏၵိယမွာ ေသဆုံးသူ အေရအတြက္ ၂၃၀၀ အထိရွိခဲ့တယ္လို႔ ရာဇဝတ္မႈမွတ္တမ္းဗ်ဴ႐ိုရဲ႕ စာရင္းဇယားမွာ ေဖာ္ျပထားပါတယ္။

၂၀၀၅ ခုႏွစ္ကေန ေနာက္ပိုင္းမွာ မိုးႀကိဳးေၾကာင့္ေသဆုံးသူ အေရအတြက္ဟာ ႏွစ္စဥ္ႏွစ္တိုင္း အနည္းဆုံး၂၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ဆိုပါတယ္။

အမ်ားအျပားေသဆုံးရျခင္း အေၾကာင္းရင္းေတြအနက္ တခုက အိႏၵိယဟာ ကမာၻ႔တျခား ေနရာေတြနဲ႔ ႏႈိင္းယွဥ္ရင္ လူအမ်ားအျပားဟာ အိမ့္အျပင္မွာ အလုပ္လုပ္ၾကတဲ့ အေလ့အထပိုရွိတဲ့ အတြက္ေၾကာင့္လို႔ ဆိုပါတယ္။ ကြင္းျပင္မွာ ရွိတဲ့လူေတြဟာ မိုးႀကိဳးပစ္ခံရဖို႔ အေၾကာင္းပိုမ်ားပါတယ္။

အိႏၵိယႏိုင္ငံေတာင္ပိုင္းျပည္နယ္ အန္ဒရာပရာဒက္ရွ္မွာ ၂၀၁၈ ခုႏွစ္ အတြင္းက ၁၃ နာရီအတြင္းမွာ မိုးႀကိဳးပစ္တဲ့အႀကိမ္ေရေပါင္း ၃၆၇၄၉ ႀကိမ္ရွိခဲ့တယ္လို႔ မွတ္တမ္းတင္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53196453
အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူပေါင်း ၁၀၀ ကျော်သေဆုံး အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူပေါင်း ၁၀၀ ကျော်သေဆုံး Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.