ရသေ့တောင်အနီး ၁၇ ရွာမှာ တပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေထွက်ခိုင်းထား

ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (အောက်တိုဘာ ၀၃၊ ၂၀၁၃)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာအနီး ၁၇ ရွာကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှာမို့လို့ ဒေသခံတွေ ခေတ္တတိမ်းရှောင်ကြဖို့ ဒေသခံအာဏာပိုင်တွေ သတိပေးထုတ်ပြန်လိုက်တဲ့နောက် ဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့အတွက် ဒေသခံ ကျေးရွာသားတွေ ကျေးရွာကနေ ခေတ္တရှောင်တိမ်းနေထိုင်ကြဖို့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအမိန့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ဇွန်လ၂၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားတာပါ။

အမိန့်ထုတ်ပြန်ပြီး ဒီကနေ့နေ့လယ်ပိုင်းမှာ ကျောက်တန်းကျေးရွာနဲ့ အောင်သာစည်ကျေးရွာအကြားမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျောက်တန်းရွာနဲ့ အောင်သာစည်ရွာဘက်မှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်နေတာ ရှိတယ်ဗျ။ ဒီနေ့နေ့လယ် ၁၂ လောက်ကနေ စပြီးတော့ဖြစ်နေတာ။ ဆိုတော့ အခုအချိန်ထိ တိုက်ပွဲရလဒ်ကတော့ မြန်မာစစ်တပ်ဘက်ကအနဲ့ ဆုံး ၃၀ အထက်ကျဆုံးတာ ရှိတယ်ဗျ။ နောက်ဒဏ်ရာရတဲ့ သူလည်း ရှိတယ်။ မြန်မာစစ်တပ်ဆီကနေ လက်နက်ခဲယမ်း မီးကျောက်တွေလည်း ကျနော်တို့ သိမ်းဆည်းရထားတာ ရှိတယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဘက် တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ ဒေသအတွင်းနေထိုင်သူတွေ လုံခြုံရေးအတွက် ယာယီတိမ်းရှောင်ခိုင်းရတာလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော် အဲဒီထိတွေ့မှု ဖြစ်ပွားတဲ့ဟာ အသေးစိတ် မသိသေးဘူး။ အဲဒီဘက်မှာတော့ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရော၊ ပြည်နယ်မှာ ရှိတဲ့နယ်လုံအဖွဲ့ကရော အဲဒီမှာနယ်မြေနဲ့ ပတ်သက်ပြီးတော့က AA အဖွဲ့တွေ ဝင်ရောက်နေရာယူတဲ့အတွက်ကြောင့်မို့လို့ နယ်မြေလုံခြုံရေးဆောင်ရွက်မယ်ဆိုပြီး ကျနော်တို့ ပြည်သူလူထု ထိခိုက်မှု မရှိစေရေး တရားဝင်စာထုတ်ပြီးတော့ အကြောင်းကြားထားတာ ရှိပါတယ်။ အခုချင်းဖြစ်တဲ့ တိုက်ပွဲအခြေအနေ ကျနော်လည်း မသိသေးပါဘူး။”

ဒီနေ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ AA ဘက်ကပြောနေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိကျောက်တန်းကျေးရွာအုပ်စုထဲက ရွာသားတော်တော်များများဟာ ရွာကနေ တိမ်းရှောင်နေကြပြီလို့ ပြိန်းတောကျေးရွာသား ကိုစံအောင်က ဆိုပါတယ်။

“အခုအဲဒီနယ်မြေမှာ များသောအားဖြင့် ရွာက စွန့်ခွာတာ များနေပြီး။ ရွာမှာ မရှိသလောက်ဖြစ်နေပြီး ကျောက်တန်းရွာထဲကို။ ပြိန်းတောမှာတော့ နည်းနည်း ရှိသေးတယ်။ ထီးစွဲ၊ အောင်သာစည်၊ ရေပုတ် အဲဒီရွာတွေမှာ အကုန်လုံး တယောက်မှ မရှိတော့ဘူး။ အကုန်လုံးက ဒီရသေ့တောင်ကို ရောက်နေပြီး။ ရသေ့တောင် မရောက်တဲ့သူတွေကျ ဟိုဘက် လမုန်းတိုင်၊ လိုင်ဂွင်ရွာ၊ နွားတင်းကုတ် အဲဒီရွာထဲ ရောက်နေတယ်။”

ဒီနေ့မှာ စစ်ရှောင်တွေ ထပ်မံရောက်ရှိနေလို့ လက်ရှိ ရသေ့တောင်မြို့အတွင်း စစ်ရှောင်ဦးရေ ၄၀,၀၀၀ ခန့်ရှိနေပြီလို့ အကူညီပေးအဖွဲ့ဝင်ကိုဘက္ကာကဆိုပါတယ်။

“ဒီနေ့မြို့ပေါ်ကို ရောက်လာတာတဖွဲဖွဲပဲ။ မနက်ကတည်းကရောက်တာ အခုထိ အများကြီးပဲ ရောက်တုန်းပဲ။ ခန့်မှန်းခြေတော့ ရသေ့တောင်မြို့နယ် မြောက်ဘက်ခြမ်း အခြေအနေက ဟိုအရင် ၂၀,၀၀၀ ကျော်၊ ၃၀,၀၀၀ နီးပါးလောက် ရှိတယ်။ အခုပါ ပေါင်းလိုက်လို့ ရှိရင် အဲဒီမှာ ၄၀,၀၀၀ နီးပါးလောက်ရှိတယ်။”

ကျောက်တန်းအုပ်စုကျေးရွာကနေ ခေတ္တရှောင်တိမ်းနေထိုင်ကြဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွါးလာသလို ကျေးရွာသားတွေလည်း နေရပ်စွန့်ခွာထွက်လာကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ ကျောက်တန်းကျေးရွာ စာသင်ကျောင်းအတွင်း တပ်မတော်က ရွာသားတွေကို ခေါ်ယူစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ရွာသား ရှစ် ဦးသေဆုံးပြီး ခြောက် ဦး ဒဏ်ရာရရှိသွားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့လို့ ရွာသားတွေ စိုးရိမ်စိတ်နဲ့ တိမ်းရှောင်ခဲ့ကြတာပါ။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့အပေါ် မဖြစ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“မလုပ်သင့်တဲ့ကိစ္စလို့ဘဲမြင်တယ် ကျနော်တို့က။ အဲဒီရွာအကုန်လုံးကို စစ်ဆင်ရေးလုပ်ဖို့အတွက် တိမ်းရှောင်ရမယ် ဆိုတဲ့အခါကျတော့ အခုလောလောဆယ်မှာ မိုးရာသီ လယ်ယာလုပ်ငန်းတွေအကုန်လုံးက ရပ်တန့်အလဟသဖြစ်သွားမှာပေါ့။ နောက်တခုက အဲဒီကျောက်တန်းတဝိုက်မှာ ထုတ်ပြန်ချက်ထုတ်ထားတဲ့ရွာ ၁၇ ရွာရှိတယ်ဗျာ။ ကျောက်တန်း တဝိုက်လူတွေအကုန်လုံးဆိုလို့ရှိရင် ၃၀,၀၀၀ ကျော်လောက်ရှိမယ်။ ဘယ်နေရာသွားနေမှာလဲ။ နောက်ပြီးတော့မှ COVID ကပ်လည်း ရှိနေတဲ့အခြေအနေမျိုးမှာ တခြားမှာသွားနေဖို့ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စတခုပေါ့နော်။ အရမ်းကို အန္တရာယ်များတယ်။ ဒီလူတွေအတွက်ကို ဘာမှပြင်ဆင်ထားမှု မရှိဘူးပေါ့နော်။”

ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းက တပ်မိသားစုဝင် ၃ ဦးကို ဇွန်လ ၂၄ ရက်က AA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရတာဟာ မြန်မာ့တပ်မတော်က သုံးစွဲနေတဲ့အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် တစ်စင်းကို AA ဘက်က သိမ်းဆည်း ရရှိခဲ့ပြီး ၎င်းယာဉ်ကို လာရှာတဲ့ ခမရ(၅၃၆) တပ်ဖွဲ့ဝင်တွေရဲ့သား သုံး ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်စဉ်မှာ မသင်္ကာသူတွေကို အပြန်အလှန်ဖမ်းဆီးမှုတွေရှိသလို စစ်ရေးကာလအတွင်း ရွာသား ၂၀၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကိုနိုင်ကွန်းအိန်    / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္အနီး ၁၇ ႐ြာမွာ တပ္က နယ္ေျမရွင္းလင္းေရးလုပ္ဖို႔ ေဒသခံေတြထြက္ခိုင္းထား

ရခိုင္ျပည္နယ္ ရေသ့ေတာင္ ေက်ာက္တန္း႐ြာအနီး ၁၇ ႐ြာကို တပ္မေတာ္ကေန နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္မွာမို႔လို႔ ေဒသခံေတြ ေခတၱတိမ္းေရွာင္ၾကဖို႔ ေဒသခံအာဏာပိုင္ေတြ သတိေပးထုတ္ျပန္လိုက္တဲ့ေနာက္ ေဒသအတြင္း တိုက္ပြဲေတြ ျပင္းထန္လာတဲ့ အေျခအေနကို ေျပာျပပါမယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းနယ္ေျမမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ဖို႔အတြက္ ေဒသခံ ေက်း႐ြာသားေတြ ေက်း႐ြာကေန ေခတၱေရွာင္တိမ္းေနထိုင္ၾကဖို႔ ရခိုင္ျပည္နယ္လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးအမိန႔္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကေန ဇြန္လ၂၅ ရက္ေန႔မွာ အမိန႔္ထုတ္ျပန္ထားတာပါ။

အမိန႔္ထုတ္ျပန္ၿပီး ဒီကေန႔ေန႔လယ္ပိုင္းမွာ ေက်ာက္တန္းေက်း႐ြာနဲ႔ ေအာင္သာစည္ေက်း႐ြာအၾကားမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးေနတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ေက်ာက္တန္း႐ြာနဲ႔ ေအာင္သာစည္႐ြာဘက္မွာ ျမန္မာစစ္တပ္ဘက္က ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္မို႔လို႔ တိုက္ပြဲကေတာ့ အျပင္းအထန္ျဖစ္ေနတာ ရွိတယ္ဗ်။ ဒီေန႔ေန႔လယ္ ၁၂ ေလာက္ကေန စၿပီးေတာ့ျဖစ္ေနတာ။ ဆိုေတာ့ အခုအခ်ိန္ထိ တိုက္ပြဲရလဒ္ကေတာ့ ျမန္မာစစ္တပ္ဘက္ကအနဲ႔ ဆုံး ၃၀ အထက္က်ဆုံးတာ ရွိတယ္ဗ်။ ေနာက္ဒဏ္ရာရတဲ့ သူလည္း ရွိတယ္။ ျမန္မာစစ္တပ္ဆီကေန လက္နက္ခဲယမ္း မီးေက်ာက္ေတြလည္း က်ေနာ္တို႔ သိမ္းဆည္းရထားတာ ရွိတယ္။”

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာဘက္ တိုက္ပြဲအေျခအေနကို မသိရေသးေပမဲ့ ေဒသအတြင္းေနထိုင္သူေတြ လုံၿခဳံေရးအတြက္ ယာယီတိမ္းေရွာင္ခိုင္းရတာလို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“က်ေနာ္ အဲဒီထိေတြ႕မႈ ျဖစ္ပြားတဲ့ဟာ အေသးစိတ္ မသိေသးဘူး။ အဲဒီဘက္မွာေတာ့ က်ေနာ္တို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြေရာ၊ ျပည္နယ္မွာ ရွိတဲ့နယ္လုံအဖြဲ႕ကေရာ အဲဒီမွာနယ္ေျမနဲ႔ ပတ္သက္ၿပီးေတာ့က AA အဖြဲ႕ေတြ ဝင္ေရာက္ေနရာယူတဲ့အတြက္ေၾကာင့္မို႔လို႔ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္မယ္ဆိုၿပီး က်ေနာ္တို႔ ျပည္သူလူထု ထိခိုက္မႈ မရွိေစေရး တရားဝင္စာထုတ္ၿပီးေတာ့ အေၾကာင္းၾကားထားတာ ရွိပါတယ္။ အခုခ်င္းျဖစ္တဲ့ တိုက္ပြဲအေျခအေန က်ေနာ္လည္း မသိေသးပါဘူး။”

ဒီေန႔တိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈမ်ားတယ္လို႔ AA ဘက္ကေျပာေနေပမဲ့ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

လက္ရွိေက်ာက္တန္းေက်း႐ြာအုပ္စုထဲက ႐ြာသားေတာ္ေတာ္မ်ားမ်ားဟာ ႐ြာကေန တိမ္းေရွာင္ေနၾကၿပီလို႔ ၿပိန္းေတာေက်း႐ြာသား ကိုစံေအာင္က ဆိုပါတယ္။

“အခုအဲဒီနယ္ေျမမွာ မ်ားေသာအားျဖင့္ ႐ြာက စြန႔္ခြာတာ မ်ားေနၿပီး။ ႐ြာမွာ မရွိသေလာက္ျဖစ္ေနၿပီး ေက်ာက္တန္း႐ြာထဲကို။ ၿပိန္းေတာမွာေတာ့ နည္းနည္း ရွိေသးတယ္။ ထီးစြဲ၊ ေအာင္သာစည္၊ ေရပုတ္ အဲဒီ႐ြာေတြမွာ အကုန္လုံး တေယာက္မွ မရွိေတာ့ဘူး။ အကုန္လုံးက ဒီရေသ့ေတာင္ကို ေရာက္ေနၿပီး။ ရေသ့ေတာင္ မေရာက္တဲ့သူေတြက် ဟိုဘက္ လမုန္းတိုင္၊ လိုင္ဂြင္႐ြာ၊ ႏြားတင္းကုတ္ အဲဒီ႐ြာထဲ ေရာက္ေနတယ္။”

ဒီေန႔မွာ စစ္ေရွာင္ေတြ ထပ္မံေရာက္ရွိေနလို႔ လက္ရွိ ရေသ့ေတာင္ၿမိဳ႕အတြင္း စစ္ေရွာင္ဦးေရ ၄၀,၀၀၀ ခန႔္ရွိေနၿပီလို႔ အကူညီေပးအဖြဲ႕ဝင္ကိုဘကၠာကဆိုပါတယ္။

“ဒီေန႔ၿမိဳ႕ေပၚကို ေရာက္လာတာတဖြဲဖြဲပဲ။ မနက္ကတည္းကေရာက္တာ အခုထိ အမ်ားႀကီးပဲ ေရာက္တုန္းပဲ။ ခန႔္မွန္းေျခေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ဘက္ျခမ္း အေျခအေနက ဟိုအရင္ ၂၀,၀၀၀ ေက်ာ္၊ ၃၀,၀၀၀ နီးပါးေလာက္ ရွိတယ္။ အခုပါ ေပါင္းလိုက္လို႔ ရွိရင္ အဲဒီမွာ ၄၀,၀၀၀ နီးပါးေလာက္ရွိတယ္။”

ေက်ာက္တန္းအုပ္စုေက်း႐ြာကေန ေခတၱေရွာင္တိမ္းေနထိုင္ၾကဖို႔ အမိန႔္ထုတ္ၿပီးေနာက္ပိုင္း တိုက္ပြဲျဖစ္ပြါးလာသလို ေက်း႐ြာသားေတြလည္း ေနရပ္စြန႔္ခြာထြက္လာၾကပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လအတြင္းမွာ ေက်ာက္တန္းေက်း႐ြာ စာသင္ေက်ာင္းအတြင္း တပ္မေတာ္က ႐ြာသားေတြကို ေခၚယူစစ္ေဆးေနစဥ္ ပစ္ခတ္မႈျဖစ္ပြားခဲ့လို႔ ႐ြာသား ရွစ္ ဦးေသဆုံးၿပီး ေျခာက္ ဦး ဒဏ္ရာရရွိသြားခဲ့တဲ့ျဖစ္စဥ္ေတြရွိခဲ့လို႔ ႐ြာသားေတြ စိုးရိမ္စိတ္နဲ႔ တိမ္းေရွာင္ခဲ့ၾကတာပါ။

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းနယ္ေျမမွာ စစ္ဆင္ေရးနယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့အေပၚ မျဖစ္သင့္ေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးအတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

“မလုပ္သင့္တဲ့ကိစၥလို႔ဘဲျမင္တယ္ က်ေနာ္တို႔က။ အဲဒီ႐ြာအကုန္လုံးကို စစ္ဆင္ေရးလုပ္ဖို႔အတြက္ တိမ္းေရွာင္ရမယ္ ဆိုတဲ့အခါက်ေတာ့ အခုေလာေလာဆယ္မွာ မိုးရာသီ လယ္ယာလုပ္ငန္းေတြအကုန္လုံးက ရပ္တန႔္အလဟသျဖစ္သြားမွာေပါ့။ ေနာက္တခုက အဲဒီေက်ာက္တန္းတဝိုက္မွာ ထုတ္ျပန္ခ်က္ထုတ္ထားတဲ့႐ြာ ၁၇ ႐ြာရွိတယ္ဗ်ာ။ ေက်ာက္တန္း တဝိုက္လူေတြအကုန္လုံးဆိုလို႔ရွိရင္ ၃၀,၀၀၀ ေက်ာ္ေလာက္ရွိမယ္။ ဘယ္ေနရာသြားေနမွာလဲ။ ေနာက္ၿပီးေတာ့မွ COVID ကပ္လည္း ရွိေနတဲ့အေျခအေနမ်ိဳးမွာ တျခားမွာသြားေနဖို႔ဆိုတာကလည္း မျဖစ္သင့္တဲ့ကိစၥတခုေပါ့ေနာ္။ အရမ္းကို အႏၲရာယ္မ်ားတယ္။ ဒီလူေတြအတြက္ကို ဘာမွျပင္ဆင္ထားမႈ မရွိဘူးေပါ့ေနာ္။”

ရေသ့ေတာင္ၿမိဳ႕နယ္၊ နယ္ေျမခံတပ္ရင္းက တပ္မိသားစုဝင္ ၃ ဦးကို ဇြန္လ ၂၄ ရက္က AA တပ္ဖြဲ႕ဝင္ေတြ ဖမ္းဆီးသြားခဲ့ပါတယ္။ ဒီလိုဖမ္းဆီးရတာဟာ ျမန္မာ့တပ္မေတာ္က သုံးစြဲေနတဲ့အစၥေရးႏိုင္ငံလုပ္ စစ္ေျမျပင္သုံး Skylark I-LEX အမ်ိဳးအစား ေမာင္းသူမဲ့ကင္းေထာက္ေလယာဥ္ငယ္ တစ္စင္းကို AA ဘက္က သိမ္းဆည္း ရရွိခဲ့ၿပီး ၎ယာဥ္ကို လာရွာတဲ့ ခမရ(၅၃၆) တပ္ဖြဲ႕ဝင္ေတြရဲ႕သား သုံး ဦးကို ဖမ္းဆီး ထိန္းသိမ္းထားတယ္လို႔ AA ဘက္က ထုတ္ျပန္ထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ စစ္ေရးပဋိပကၡျဖစ္စဥ္မွာ မသကၤာသူေတြကို အျပန္အလွန္ဖမ္းဆီးမႈေတြရွိသလို စစ္ေရးကာလအတြင္း ႐ြာသား ၂၀၀,၀၀၀ ခန႔္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ကိုႏိုင္ကြန္းအိန္    / ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/rakhine-conflict/5478724.html
ရသေ့တောင်အနီး ၁၇ ရွာမှာ တပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေထွက်ခိုင်းထား ရသေ့တောင်အနီး ၁၇ ရွာမှာ တပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေထွက်ခိုင်းထား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.