တပ်မတော်မှနယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသော ကျောက်တန်းနယ်တွင်တိုက်ပွဲပြင်းထန်


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန်လ ၂၆/၂ဝ၂ဝ

တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေရှိ အောင်သာစည်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီကျော်မှ ညနေပိုင်းထိ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲမှာ ကျောက်တန်းနယ်မြေအပိုင် ထီးစွဲရွာမှ အောင်သာစည်ရွာဘက်သို့ ထွက်ခွာလာသော တပ်မတော် စစ်ကြောင်းနှင့် AA တို့အကြား အောင်သာစည် ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု အနီးအနားရှိ ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ တိုက်ပွဲ ဖြစ်တာက နံနက် ၁၁ နာရီကျော်၊ ၁၂ နာရီလောက်စဖြစ်တာ။ ပြင်းပြင်းထန်ထန်ဖြစ်ကြပါတယ်။ အောင်သာစည် အနီးက တောင်မှာ ဖြစ်နေပါတယ်။ အခု ညနေပိုင်း ၅ နာရီ ၆ နာရီထိ သေနတ်သံတွေ ကြားရပါတယ်။ ရသေ့တောင်မြို့ပေါ်ကလည်း လက်နက်ကြီးတွေ ပစ်သံကြားရပါတယ်။ အခြေအနေ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါ” ဟု ပြောသည်။ 

ရသေ့တောင်မြို့နယ်၊ ကျောက်တန်း တိုက်နယ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်သဖြင့် ၎င်းနယ်မြေရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကျေးရွာများမှ ခေတ္တရှောင်တိမ်း နေထိုင်ကြရန်  ဇွန်လ ၂၄ ရက်နေ့က  ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

၎င်းအမိန့်စာထုတ်ပြီး တစ်ရက်အကြာတွင် ၎င်းဒေသတွင် တိုက်ပွဲလည်း ပြင်းထန်စွာဖြစ်ပွားသဖြင့် ကျေးရွာအများအပြားမှ ရွာသားများမှာ ရွာကို စွန့်ခွာပြီး ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးနေကြသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးအောင်မြင့်သိန်းအားဆက်သွယ်ရာ အလုပ်မအားသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့သော်လည်း သူ၏ ကိုယ်ရေးအရာရှိက ကျောက်တန်းဘက်မှ ရွာသားများ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာကြသူများ ရှိသည်ဟု ပြောသည်။

 “ကျောက်တန်းဖက်က ရွာသားတွေ ထွက်ပြေးလာတယ်ဆိုတာ ကြားပါတယ်။ ကျွန်တော်တို့ ကို အသိပေး တာပေါ့နော်။ ကျောက်တန်းဖက်မှာ ဒီနေ့ ပစ်ခတ်မှုဖြစ်နေတယ်လို့ ကြားတယ်။ သတင်းအတိအကျတော့  တက်မလာသေးဘူး။ ထွက်ပြေးလာတဲ့ လူတွေကို ဘယ်လိုလုပ်ပေးမလဲဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးနေကြပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ကျောက်တန်းကျေးရွာမှ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာသူ  မမချေက “ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။

ထီးစွဲဖက်ကနေ ကျောက်တန်းဖက်ကို ပစ်တယ် ။ ရသေ့တောင်ကလည်း လက်နက်ကြီးပစ်တယ်။ ဒီမနက် ဆောက်ခတ်၊ အောင်မြေကုန်းက လူတွေ၊ ကျောက်တန်း၊ လိုင်ဂွင် ၊ လမုန်းတိုင်က လူတွေ ရသေ့တောင်မြို့ကို ထွက်ပြေးလာကြတယ်။ အခု ထွက်ပြေးလာကြတယ်။ ခန့်မှန်းခြေတောင် မရေတွက်နိုင်သေးဘူး။ လူတွေ သောင်းနဲ့ချီလို့ ရသေ့တောင်မှာ ရောက်နေကြတာ။ အစိုးရက စီစဉ်ပေးတာတော့ လောလောဆယ် မရှိသေးဘူး။ မြို့ထက်က ထမင်းထုပ်တွေ ပို့နေရတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ကျေးရွာသားများ ထွက်ပြေးနေကြသည့် ကျေးရွာများမှာ ကျောက်တန်း၊ ရေပုတ်၊ ဆောက်ခတ်၊ ထီးစွဲ၊ အောင်သာစည်၊ လိုင်ဂွင်၊ လမုန်းတိုင်၊ မညှင်းတောင်၊ ရေမျက်၊ ကုန်တန်း စသည့် ကျေးရွာအများအပြားမှ ဖြစ်ကြောင်း ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိနေသူ ကျောင်းဆရာကြီး တစ်ဦးကလည်း ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျောက်တန်းဘက်မှာလည်း ဒီနေ့ တိုက်ပွဲ ဖြစ်တယ်။ ထီးစွဲ အဲဒီဘက်ကလူတွေလည်း ထွက်ပြေးနေကြတယ်။ ကြိမ်သာဘက်က လူတွေလည်း ရသေ့တောင်မြို့ပေါ်ထိ ရောက်လာကြတယ်။ ဆိုတော့ ဒီတစ်နှစ်ရက် အတွင်းမှာ ရွာပေါင်း ၁၅ ရွာ၊ ၁၆ ရွာလောက်က လူပေါင်း တစ်သောင်းခွဲ ကျော်နေပြီထင်တယ်။ ရသေ့တောင်မြို့ပေါ်ကို ရောက်လာတာ။ အရင်က ရောက်နေတဲ့ လူတွေတောင် စားရေးသောက်ရေး အခက်အခဲဆိုတော့ နောက်ရောက်လာတဲ့ လူတွေ အတွက် ပိုအခက်အခဲရှိနိုင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းငါးသောင်းကျော်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇွန်လ ၈ ရက်နေ့ ကထုတ်ပြန်ထားပြီး လက်ရှိ ဖြစ်နေသော အခြေအနေအရ စစ်ဘေးရှောင်ဦးရေမှာ ပိုမိုတိုးလာနိုင်သည်ဟု ဆိုသည်။

ခိုင်လူလှ (ရိုးမမြေ) / Narinjara
------------------------------------------
(Zawgyi)⤵⤵⤵
တပ္မေတာ္မွနယ္ေျမရွင္းလင္းေရးလုပ္မည္ဟု ေၾကညာထားေသာ ေက်ာက္တန္းနယ္တြင္တိုက္ပြဲျပင္းထန္

နိရၪၥရာ၊ ဇြန္လ ၂၆/၂ဝ၂ဝ

တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရးလုပ္မည္ဟု ေၾကညာထားသည့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္း နယ္ေျမရွိ ေအာင္သာစည္ေက်း႐ြာအနီးတြင္ ယေန႔နံနက္ ၁၁ နာရီေက်ာ္မွ ညေနပိုင္းထိ ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ အၾကား တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု သတင္းရရွိသည္။

တိုက္ပြဲမွာ ေက်ာက္တန္းနယ္ေျမအပိုင္ ထီးစြဲ႐ြာမွ ေအာင္သာစည္႐ြာဘက္သို႔ ထြက္ခြာလာေသာ တပ္မေတာ္ စစ္ေၾကာင္းႏွင့္ AA တို႔အၾကား ေအာင္သာစည္ ေက်း႐ြာအနီးတြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု အနီးအနားရွိ ေက်း႐ြာ တစ္ခုမွ အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

“ တိုက္ပြဲ ျဖစ္တာက နံနက္ ၁၁ နာရီေက်ာ္၊ ၁၂ နာရီေလာက္စျဖစ္တာ။ ျပင္းျပင္းထန္ထန္ျဖစ္ၾကပါတယ္။ ေအာင္သာစည္ အနီးက ေတာင္မွာ ျဖစ္ေနပါတယ္။ အခု ညေနပိုင္း ၅ နာရီ ၆ နာရီထိ ေသနတ္သံေတြ ၾကားရပါတယ္။ ရေသ့ေတာင္ၿမိဳ႕ေပၚကလည္း လက္နက္ႀကီးေတြ ပစ္သံၾကားရပါတယ္။ အေျခအေန ဘာျဖစ္ေနတယ္ဆိုတာ တိတိက်က် မေျပာႏိုင္ပါ” ဟု ေျပာသည္။ 

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္း တိုက္နယ္တြင္ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ျပဳလုပ္မည္ ျဖစ္သျဖင့္ ၎နယ္ေျမရွိ ေက်း႐ြာမ်ားတြင္ ေနထိုင္ၾကသည့္ ျပည္သူမ်ားအေနျဖင့္ ေက်း႐ြာမ်ားမွ ေခတၱေရွာင္တိမ္း ေနထိုင္ၾကရန္  ဇြန္လ ၂၄ ရက္ေန႔က  ရခိုင္ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၏ ၫႊန္ၾကားခ်က္အရ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားသို႔ တရားဝင္ အမိန႔္ထုတ္ျပန္ခဲ့သည္။

၎အမိန႔္စာထုတ္ၿပီး တစ္ရက္အၾကာတြင္ ၎ေဒသတြင္ တိုက္ပြဲလည္း ျပင္းထန္စြာျဖစ္ပြားသျဖင့္ ေက်း႐ြာအမ်ားအျပားမွ ႐ြာသားမ်ားမွာ ႐ြာကို စြန႔္ခြာၿပီး ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးေနၾကသည္ဟု ဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉ ဦးေအာင္ျမင့္သိန္းအားဆက္သြယ္ရာ အလုပ္မအားသျဖင့္ ေမးျမန္းႏိုင္ျခင္း မရွိခဲ့ေသာ္လည္း သူ၏ ကိုယ္ေရးအရာရွိက ေက်ာက္တန္းဘက္မွ ႐ြာသားမ်ား ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးလာၾကသူမ်ား ရွိသည္ဟု ေျပာသည္။

 “ေက်ာက္တန္းဖက္က ႐ြာသားေတြ ထြက္ေျပးလာတယ္ဆိုတာ ၾကားပါတယ္။ ကြၽန္ေတာ္တို႔ ကို အသိေပး တာေပါ့ေနာ္။ ေက်ာက္တန္းဖက္မွာ ဒီေန႔ ပစ္ခတ္မႈျဖစ္ေနတယ္လို႔ ၾကားတယ္။ သတင္းအတိအက်ေတာ့  တက္မလာေသးဘူး။ ထြက္ေျပးလာတဲ့ လူေတြကို ဘယ္လိုလုပ္ေပးမလဲဆိုၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတို႔ ေဆြးေႏြးေနၾကပါတယ္” ဟု ၎က ေျပာသည္။
ယေန႔ ေက်ာက္တန္းေက်း႐ြာမွ ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးလာသူ  မမေခ်က “ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတယ္။

ထီးစြဲဖက္ကေန ေက်ာက္တန္းဖက္ကို ပစ္တယ္ ။ ရေသ့ေတာင္ကလည္း လက္နက္ႀကီးပစ္တယ္။ ဒီမနက္ ေဆာက္ခတ္၊ ေအာင္ေျမကုန္းက လူေတြ၊ ေက်ာက္တန္း၊ လိုင္ဂြင္ ၊ လမုန္းတိုင္က လူေတြ ရေသ့ေတာင္ၿမိဳ႕ကို ထြက္ေျပးလာၾကတယ္။ အခု ထြက္ေျပးလာၾကတယ္။ ခန႔္မွန္းေျခေတာင္ မေရတြက္ႏိုင္ေသးဘူး။ လူေတြ ေသာင္းနဲ႔ခ်ီလို႔ ရေသ့ေတာင္မွာ ေရာက္ေနၾကတာ။ အစိုးရက စီစဥ္ေပးတာေတာ့ ေလာေလာဆယ္ မရွိေသးဘူး။ ၿမိဳ႕ထက္က ထမင္းထုပ္ေတြ ပို႔ေနရတယ္” ဟု နိရၪၥရာ သတင္းဌာနသို႔ ေျပာသည္။
ေက်း႐ြာသားမ်ား ထြက္ေျပးေနၾကသည့္ ေက်း႐ြာမ်ားမွာ ေက်ာက္တန္း၊ ေရပုတ္၊ ေဆာက္ခတ္၊ ထီးစြဲ၊ ေအာင္သာစည္၊ လိုင္ဂြင္၊ လမုန္းတိုင္၊ မညႇင္းေတာင္၊ ေရမ်က္၊ ကုန္တန္း စသည့္ ေက်း႐ြာအမ်ားအျပားမွ ျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ေရာက္ရွိေနသူ ေက်ာင္းဆရာႀကီး တစ္ဦးကလည္း ေျပာၾကားသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က “ ေက်ာက္တန္းဘက္မွာလည္း ဒီေန႔ တိုက္ပြဲ ျဖစ္တယ္။ ထီးစြဲ အဲဒီဘက္ကလူေတြလည္း ထြက္ေျပးေနၾကတယ္။ ႀကိမ္သာဘက္က လူေတြလည္း ရေသ့ေတာင္ၿမိဳ႕ေပၚထိ ေရာက္လာၾကတယ္။ ဆိုေတာ့ ဒီတစ္ႏွစ္ရက္ အတြင္းမွာ ႐ြာေပါင္း ၁၅ ႐ြာ၊ ၁၆ ႐ြာေလာက္က လူေပါင္း တစ္ေသာင္းခြဲ ေက်ာ္ေနၿပီထင္တယ္။ ရေသ့ေတာင္ၿမိဳ႕ေပၚကို ေရာက္လာတာ။ အရင္က ေရာက္ေနတဲ့ လူေတြေတာင္ စားေရးေသာက္ေရး အခက္အခဲဆိုေတာ့ ေနာက္ေရာက္လာတဲ့ လူေတြ အတြက္ ပိုအခက္အခဲရွိႏိုင္ပါတယ္” ဟု ေျပာၾကားသည္။

ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္ဦးေရ တစ္သိန္းငါးေသာင္းေက်ာ္အထိ ရွိလာေနေၾကာင္း ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC က ဇြန္လ ၈ ရက္ေန႔ ကထုတ္ျပန္ထားၿပီး လက္ရွိ ျဖစ္ေနေသာ အေျခအေနအရ စစ္ေဘးေရွာင္ဦးေရမွာ ပိုမိုတိုးလာႏိုင္သည္ဟု ဆိုသည္။

ခိုင္လူလွ (႐ိုးမေျမ) / Narinjara
https://burmese.narinjara.com/news/detail/5ef5faa8d6db8332d5b3e44c
တပ်မတော်မှနယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသော ကျောက်တန်းနယ်တွင်တိုက်ပွဲပြင်းထန် တပ်မတော်မှနယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသော ကျောက်တန်းနယ်တွင်တိုက်ပွဲပြင်းထန် Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.