အစိုးရအရာရှိကြီးတွေ စီးပွားရေးမှာ ပတ်သက်ရင် သမ္မတထံတင်ပြရမယ်

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး (ဓာတ်ပုံ - Myanmar President Office/Handout) (ဇွန် ၁၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် ဌာနဆိုင်ရာအစိုးရဝန်ထမ်း အရာရှိကြီးတွေအနေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ ပါဝင်ပတ်သက်တာရှိရင် သမ္မတကို အသိပေးပြီး ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်ဌာန ဦး‌ဆောင်ညွှန်ကြားရေးမှူး နှစ်ဦးဟာ စစ်တပ်ပိုင် ဦးပိုင်ကုမဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ဖြစ်နေတယ်ဆိုတာသတင်းတွေမှာ ဖော်ထုတ်ရေးသားလာကြတဲ့နောက် တပ်ထွက်အစိုးရ အရာရှိတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာတွေအပေါ် အတော်လေး မေးခွန်းဖြစ်နေပါတယ်။

အများပြည်သူ သံသယကင်းရှင်းစေဖို့အတွက် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အစိုးရအရာရှိကြီးတွေအနေနဲ့ ဒီလို စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာရှိရင် နိုင်ငံတော်သမ္မတကို တင်ပြပြီး ခွင့်ပြုချက်ယူရမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသွားပါတယ်။

“ဒီကျနော်တို့ အစိုးရရဲ့ ဝန်ကြီးဌာန၊ ဌာနဆိုင်ရာတွေရဲ့ အကြီးအကဲတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးတွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေပေ့ါနော် .... သူတို့ကို ဘယ်သူက ခန့်အပ်ရလဲဆိုတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက် ခန့်အပ်ရတာကိုး။ ဒီပုဂ္ဂိုလ်တွေနဲ့ သူတို့လုပ်ဆောင်ချက်တွေမှာတော့ သူတို့နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ရှင်းလင်းတာ။ ဒါတွေက ဟိုးအရင် တပ်မတော်အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ ဥပဒေတွေမှာ ပါသွားတာပေါ့နှော်။ ပါသွားပေမဲ့လို့ ဒီနောက်ပိုင်းမှာတော့ အစည်းအဝေးတက်တာတို့ ပါဝင်ပတ်သက်တာတို့တော့ မရှိဘူးပေါ့နော်။ မရှိသော်လည်းဘဲ သံသယကင်းကင်းနဲ့ ဖြစ်စေချင်တယ်ဆိုရင် တာဝန်တွေကို တိုက်ရိုက်ခန့်အပ်တဲ့ နိုင်ငံတော်သမ္မတဆီ တိုက်ရိုက်တင်ပြဖို့ ရှေ့နေချုပ်ရုံးက အကြံပြုထားတယ်လို့တော့ ကျနော်တို့သိရတယ်။ ဒါပေမဲ့ ကျနော်တို့သမ္မတရုံးကိုတော့ တင်ပြလာခြင်းတော့ မရှိသေးဘူးပေါ့နော်။ တင်ပြလာတဲ့အခါမှာလည်း သမ္မတဆီတင်ပြပြီး အဆုံးအဖြတ်ခံယူဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နိုင်ငံဝန်ထမ်းတွေအနေနဲ့ အခြားစီးပွားရေးလုပ်ငန်းကြီးတွေ မလုပ်ရဘူးဆိုတဲ့ ကျင့်ဝတ်စည်းမျဉ်းရှိပြီးသားပါ။ နိုင်ငံဝန်ထမ်းတွေဟာ နိုင်ငံဝန်ထမ်းဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို လိုက်နာသင့်ပြီး လိုက်နာမှု မရှိ ချိုးဖောက်ရင် အရေးယူတာတွေ လုပ်ရမယ်ဆိုပေမဲ့ လက်ရှိမှာ ဒီလိုကိစ္စတွေကို ဘယ်လိုအရေးယူလိုက်သလဲဆိုတာ တိတိကျကျဖြစ်မနေဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဝေဖန်ပါတယ်။

“ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းမှာပါတဲ့အတိုင်းကိုတော့ သူတို့လိုက်နာရမယ်ပေါ့နော်။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းမှာတော့ ပါပါတယ်။ နိုင်ငံဝန်ထမ်းတွေဟာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဝင်မပါရဘူး ဘာညာဆိုတာ ပြဌာန်းထားတာရှိတယ်။ အဲ့ဒီပြဌာန်းချက်တွေကိုတော့ လိုက်နာဖို့လိုမယ်လို့တော့ ကျနော်ထင်ပါတယ်။ တကယ်လို့ လိုက်နာတာမရှိဘူး၊ ချိုးဖောက်တယ်ဆိုတာကို သူ့သက်ဆိုင်ရာ ဌာနက သိရင်သော်လည်းကောင်း၊ အစိုးရအဖွဲ့က သိရင်သော်လည်းကောင်း သို့မဟုတ် ပြည်သူက တိုင်ကြားရင်သော်လည်းကောင်း ဒါသူတို့ အရေးယူရမှာပေါ့။ အဲ့ဒါက သူတို့အချို့ကိစ္စတွေဆိုရင် ဌာနတွင်း အရေးယူတာမျိုးရှိတယ်လို့ တော့ ကြားရတယ်။ ဒါပေမယ့် ဘယ်ကိစ္စကို ဘယ်လိုကြောင့်မို့လို့ ဘယ်လိုအရေးယူလိုက်တယ် ဆိုတာမျိုးတော့ ကျနော်တို့ တိတိကျကျ မသိရဘူး။ နောက် သူတို့ရဲ့ သဘောသဘာဝအရလည်း ထုတ်ပြန်တဲ့ အလေ့အထလည်း ကျနော်တို့ မတွေ့ရဘူး။ အဲ့ဒါက ဟိုအရင်ခေတ်ကတည်းက အခုခေတ်အထိပေါ့နော်။”

ဒါပေမဲ့ ခုအစိုးရက အတတ်နိုင်ဆုံး ဥပဒေနဲ့ အညီဖြစ်အောင်ဖြေရှင်းနေတာတွေ့ရတယ်လို့ဆိုပါ တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကလည်း အရင်တုန်းကနဲ့စာရင် ပိုပြီးတော့ အရေးယူလာနိုင်တဲ့ အခြေအနေတွေ တွေ့ရတယ်လို့ ဦးစည်သူအောင်မြင့်က ဆိုပါတယ်။ တပ်မတော်က အငြိမ်းစားယူပြီး အရပ်ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအရာရှိကြီးတွေအနေနဲ့ အခုလို စစ်တပ်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့အပေါ် မေးခွန်းထုတ်နေသလိုပဲ၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိလာနေပါတယ်။

နိုင်ငံ့ဝန်ထမ်းအဖြစ် ကာကွယ်ရေး ဘတ်ဂျက်နဲ့ တပ်မတော် ပစ္စည်းဝယ်ယူထောက်ပံ့ရေးတို့အတွက် တာဝန်ရှိတဲ့ တပ်မတော် အရာရှိတွေက တပ်ပိုင်စီးပွားရေးလုပ်ငန်းခွဲတွေရဲ့ဦးဆောင်အခန်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတာက ဆိုးရွားတဲ့ အကျိုးစီးပွား ပဋိပက္ခဖြစ်စေသလို၊ ပြည်တွင်းစစ် ရှည်ကြာစေဖို့ ဘဏ္ဍာရေးဆိုင်ရာ မက်လုံး ဖြစ်နေတယ်ဆိုပြီး ဇွန်လ ၁၇ ရက်က ထုန်ပြန်တဲ့ Justice for Myanmar အဖွဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်အတွင်း အကျိုးစီးပွားပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းပေးဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
အစိုးရအရာရွိႀကီးေတြ စီးပြားေရးမွာ ပတ္သက္ရင္ သမၼတထံတင္ျပရမယ္

ဦးေဆာင္ၫႊန္ၾကားေရးမႉးအဆင့္ ဌာနဆိုင္ရာအစိုးရဝန္ထမ္း အရာရွိႀကီးေတြအေနနဲ႔ စီးပြားေရးလုပ္ငန္းႀကီးေတြမွာ ပါဝင္ပတ္သက္တာရွိရင္ သမၼတကို အသိေပးၿပီး ခြင့္ျပဳခ်က္ယူရမယ္ဆိုတဲ့ အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ဆိပ္ကမ္းအာဏာပိုင္နဲ႔ အေကာက္ခြန္ဌာန ဦး‌ေဆာင္ၫႊန္ၾကားေရးမႉး ႏွစ္ဦးဟာ စစ္တပ္ပိုင္ ဦးပိုင္ကုမဏီရဲ႕ ဒါ႐ိုက္တာအဖြဲ႕ဝင္ေတြ ျဖစ္ေနတယ္ဆိုတာသတင္းေတြမွာ ေဖာ္ထုတ္ေရးသားလာၾကတဲ့ေနာက္ တပ္ထြက္အစိုးရ အရာရွိေတြအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ေနတာေတြအေပၚ အေတာ္ေလး ေမးခြန္းျဖစ္ေနပါတယ္။

အမ်ားျပည္သူ သံသယကင္းရွင္းေစဖို႔အတြက္ ဦးေဆာင္ၫႊန္ၾကားေရးမႉးအဆင့္ အစိုးရအရာရွိႀကီးေတြအေနနဲ႔ ဒီလို စီးပြားေရးလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္တာရွိရင္ ႏိုင္ငံေတာ္သမၼတကို တင္ျပၿပီး ခြင့္ျပဳခ်က္ယူရမယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာသြားပါတယ္။

“ဒီက်ေနာ္တို႔ အစိုးရရဲ႕ ဝန္ႀကီးဌာန၊ ဌာနဆိုင္ရာေတြရဲ႕ အႀကီးအကဲေတြျဖစ္တဲ့ ၫႊန္ၾကားေရးမႉးေတြ၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးေတြေပ့ါေနာ္ .... သူတို႔ကို ဘယ္သူက ခန႔္အပ္ရလဲဆိုေတာ့ ႏိုင္ငံေတာ္ သမၼတက တိုက္႐ိုက္ ခန႔္အပ္ရတာကိုး။ ဒီပုဂၢိဳလ္ေတြနဲ႔ သူတို႔လုပ္ေဆာင္ခ်က္ေတြမွာေတာ့ သူတို႔နဲ႔ သက္ဆိုင္တဲ့ ဝန္ႀကီးဌာနေတြက ရွင္းလင္းတာ။ ဒါေတြက ဟိုးအရင္ တပ္မေတာ္အစိုးရလက္ထက္က ဖြဲ႕စည္းထားတဲ့ ဥပေဒေတြမွာ ပါသြားတာေပါ့ေႏွာ္။ ပါသြားေပမဲ့လို႔ ဒီေနာက္ပိုင္းမွာေတာ့ အစည္းအေဝးတက္တာတို႔ ပါဝင္ပတ္သက္တာတို႔ေတာ့ မရွိဘူးေပါ့ေနာ္။ မရွိေသာ္လည္းဘဲ သံသယကင္းကင္းနဲ႔ ျဖစ္ေစခ်င္တယ္ဆိုရင္ တာဝန္ေတြကို တိုက္႐ိုက္ခန႔္အပ္တဲ့ ႏိုင္ငံေတာ္သမၼတဆီ တိုက္႐ိုက္တင္ျပဖို႔ ေရွ႕ေနခ်ဳပ္႐ုံးက အႀကံျပဳထားတယ္လို႔ေတာ့ က်ေနာ္တို႔သိရတယ္။ ဒါေပမဲ့ က်ေနာ္တို႔သမၼတ႐ုံးကိုေတာ့ တင္ျပလာျခင္းေတာ့ မရွိေသးဘူးေပါ့ေနာ္။ တင္ျပလာတဲ့အခါမွာလည္း သမၼတဆီတင္ျပၿပီး အဆုံးအျဖတ္ခံယူဖို႔ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။”

ႏိုင္ငံဝန္ထမ္းေတြအေနနဲ႔ အျခားစီးပြားေရးလုပ္ငန္းႀကီးေတြ မလုပ္ရဘူးဆိုတဲ့ က်င့္ဝတ္စည္းမ်ဥ္းရွိၿပီးသားပါ။ ႏိုင္ငံဝန္ထမ္းေတြဟာ ႏိုင္ငံဝန္ထမ္းဥပေဒမွာ ျပဌာန္းထားတဲ့ ျပဌာန္းခ်က္ေတြကို လိုက္နာသင့္ၿပီး လိုက္နာမႈ မရွိ ခ်ိဳးေဖာက္ရင္ အေရးယူတာေတြ လုပ္ရမယ္ဆိုေပမဲ့ လက္ရွိမွာ ဒီလိုကိစၥေတြကို ဘယ္လိုအေရးယူလိုက္သလဲဆိုတာ တိတိက်က်ျဖစ္မေနဘူးလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္က ေဝဖန္ပါတယ္။

“ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းမွာပါတဲ့အတိုင္းကိုေတာ့ သူတို႔လိုက္နာရမယ္ေပါ့ေနာ္။ ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းမွာေတာ့ ပါပါတယ္။ ႏိုင္ငံဝန္ထမ္းေတြဟာ ဘယ္လိုစီးပြားေရးလုပ္ငန္းေတြမွာဆိုရင္ ဝင္မပါရဘူး ဘာညာဆိုတာ ျပဌာန္းထားတာရွိတယ္။ အဲ့ဒီျပဌာန္းခ်က္ေတြကိုေတာ့ လိုက္နာဖို႔လိုမယ္လို႔ေတာ့ က်ေနာ္ထင္ပါတယ္။ တကယ္လို႔ လိုက္နာတာမရွိဘူး၊ ခ်ိဳးေဖာက္တယ္ဆိုတာကို သူ႔သက္ဆိုင္ရာ ဌာနက သိရင္ေသာ္လည္းေကာင္း၊ အစိုးရအဖြဲ႕က သိရင္ေသာ္လည္းေကာင္း သို႔မဟုတ္ ျပည္သူက တိုင္ၾကားရင္ေသာ္လည္းေကာင္း ဒါသူတို႔ အေရးယူရမွာေပါ့။ အဲ့ဒါက သူတို႔အခ်ိဳ႕ကိစၥေတြဆိုရင္ ဌာနတြင္း အေရးယူတာမ်ိဳးရွိတယ္လို႔ ေတာ့ ၾကားရတယ္။ ဒါေပမယ့္ ဘယ္ကိစၥကို ဘယ္လိုေၾကာင့္မို႔လို႔ ဘယ္လိုအေရးယူလိုက္တယ္ ဆိုတာမ်ိဳးေတာ့ က်ေနာ္တို႔ တိတိက်က် မသိရဘူး။ ေနာက္ သူတို႔ရဲ႕ သေဘာသဘာဝအရလည္း ထုတ္ျပန္တဲ့ အေလ့အထလည္း က်ေနာ္တို႔ မေတြ႕ရဘူး။ အဲ့ဒါက ဟိုအရင္ေခတ္ကတည္းက အခုေခတ္အထိေပါ့ေနာ္။”

ဒါေပမဲ့ ခုအစိုးရက အတတ္ႏိုင္ဆုံး ဥပေဒနဲ႔ အညီျဖစ္ေအာင္ေျဖရွင္းေနတာေတြ႕ရတယ္လို႔ဆိုပါ တယ္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒကလည္း အရင္တုန္းကနဲ႔စာရင္ ပိုၿပီးေတာ့ အေရးယူလာႏိုင္တဲ့ အေျခအေနေတြ ေတြ႕ရတယ္လို႔ ဦးစည္သူေအာင္ျမင့္က ဆိုပါတယ္။ တပ္မေတာ္က အၿငိမ္းစားယူၿပီး အရပ္ဘက္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ အစိုးရအရာရွိႀကီးေတြအေနနဲ႔ အခုလို စစ္တပ္စီးပြားေရးလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ေနတဲ့အေပၚ ေမးခြန္းထုတ္ေနသလိုပဲ၊ စစ္တပ္စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သက္လို႔လည္း ေဝဖန္မႈေတြ ရွိလာေနပါတယ္။

ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ကာကြယ္ေရး ဘတ္ဂ်က္နဲ႔ တပ္မေတာ္ ပစၥည္းဝယ္ယူေထာက္ပံ့ေရးတို႔အတြက္ တာဝန္ရွိတဲ့ တပ္မေတာ္ အရာရွိေတြက တပ္ပိုင္စီးပြားေရးလုပ္ငန္းခြဲေတြရဲ႕ဦးေဆာင္အခန္းက႑ေတြမွာ ပါဝင္ပတ္သက္ေနတာက ဆိုး႐ြားတဲ့ အက်ိဳးစီးပြား ပဋိပကၡျဖစ္ေစသလို၊ ျပည္တြင္းစစ္ ရွည္ၾကာေစဖို႔ ဘ႑ာေရးဆိုင္ရာ မက္လုံး ျဖစ္ေနတယ္ဆိုၿပီး ဇြန္လ ၁၇ ရက္က ထုန္ျပန္တဲ့ Justice for Myanmar အဖြဲ႕ ထုတ္ျပန္ခ်က္မွာ ေဝဖန္ထားပါတယ္။ ဒါေၾကာင့္ ျမန္မာစစ္တပ္အတြင္း အက်ိဳးစီးပြားပဋိပကၡႏွင့္ အက်င့္ပ်က္ျခစားမႈေတြကို စုံစမ္းေပးဖို႔ Justice For Myanmar အဖြဲ႕က ေတာင္းဆိုထားပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-gov-business/5469374.html
အစိုးရအရာရှိကြီးတွေ စီးပွားရေးမှာ ပတ်သက်ရင် သမ္မတထံတင်ပြရမယ် အစိုးရအရာရှိကြီးတွေ စီးပွားရေးမှာ ပတ်သက်ရင် သမ္မတထံတင်ပြရမယ် Reviewed by THITHTOOLWIN on 06:43 Rating: 5
Powered by Blogger.