သမ္မတ၊ အတိုင်ပင်ခံနဲ့ အရာရှိကြီးတွေကို ဧကချီ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံးပြော

အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ချပေးမယ့် မြေဧကနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ချဲ့ကားပြောဆိုမှုတွေ ရှိတယ်လို့ဆို
(Unicode)⤵⤵⤵
နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအရာရှိကြီးတွေကို ဧကနဲ့ ချီတဲ့ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ ဇွန်လ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥတ္တရသီရိမြို့နယ်အတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ၊ သူတို့နဲ့ အထက် နိုင်ငံရေးရာထူးရှိတဲ့ ပုဂ္ဂိုလ်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ အဆင့်လိုက် မြေကွက် ချပေးထားတယ်လို့ နေပြည်တော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာ ဖြစ်ပါတယ်။

သမ္မတအဆင့် ပေ ၄၀၀ ပတ်လည်၊ ဝန်ကြီးအဆင့်ကို ပေ ၃၀၀ ပတ်လည်၊ ဒုဝန်ကြီးအဆင့်ကို ပေ ၂၅၀ ပတ်လည်၊ ညွှန်ကြားရေးမှူးအချုပ်အဆင့်ကို ပေ ၁၀၀ ပတ်လည် ချထားပေးတယ်လို့ ပြောပါတယ်။

ဒီမြေကွက်တွေကို အစိုးရဈေးနှုန်းနဲ့ ပေးတာဖြစ်ပြီး နေပြည်တော် စည်ပင်သာယာရေးကောင်စီက သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းပေးရမယ်လို့လည်း ဆိုပါတယ်။

ဦးဇော်ဌေး ပြောတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရမယ့် ပေ ၄၀၀ ပတ်လည် မြေကွက်ဟာ ၃ ဧက ခွဲကျော်လောက်ရှိပြီး ဝန်ကြီးတွေကိုပေးမယ့် ပေ ၃၀၀ ပတ်လည်ကတော့ ၂ ဧက ကျော် အကျယ်အဝန်း ရှိပါတယ်။

ဒီမြေကွက်တွေကို တစ်ဧက ဘယ်လောက်နှုန်းနဲ့ မြေကွက်တွေချထားပေးသလဲ ဆိုတာကို သတင်းထောက်တွေက မေးရာမှာတော့ ဦးဇော်ဌေးက တိတိပပ မဖြေခဲ့ပါဘူး။

အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ချပေးမယ့် မြေဧက အကျယ်အဝန်းနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ချဲ့ကားပြောဆိုမှုတွေ ရှိတယ် ဆိုပြီးတော့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ရှစ်ဧကလောက် ယူတယ်ဆိုတဲ့ အွန်လိုင်းမှာ ရေးထားတဲ့ အကျယ်အဝန်းတွေက မဖြစ်နိုင်တဲ့ အတိုင်းအတာတွေကို ရည်ရွယ်ချက်ရှိရှိ ချဲ့ကားပြီး ရေးထားတယ်လို့ ပြောပါတယ်။

အဲဒီလို လုပ်တာဟာ ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ disinformation campaign လုပ်တဲ့သဘောဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်တယ်လို့လည်း သူက ဆိုပါတယ်။

နေပြည်တော်မှာ မြေတစ်ဧကကို ကျပ်သိန်း ၅၀ နှုန်းနဲ့ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင် အပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ UMFCCI၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကြံ့ခိုင်ရေးပါတီဌာနချုပ်စတဲ့ အဖွဲ ၂၄ ဖွဲ့အတွက်လည်း မြေကွက်တွေ ချထားပေးပြီး ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိ ဥတ္တရသီရိမြို့နယ်အတွင်းမှာ မြေ ၂ ဧကရှိတဲ့၊ မြေကွက် ၁၀ ကွက်၊ ၁ ဧက ရှိတဲ့ မြေကွက် ၆ ကွက်ကို နေပြည်တော်စည်ပင်က ဖော်ဆောင်နေတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိ DG, MD ရာထူးတာဝန်တွေ ထမ်းဆောင်နေသူတွေနဲ့ မြေကွက်မရသေးသူတွေကိုလည်း လျှောက်ထားလာမယ် ဆိုရင် ထပ်ချပေးဖို့ မြေကွက်တွေကို နေပြည်တော် စည်ပင်က ဖော်ဆောင်နေသလို အငြိမ်းစား ဝန်ထမ်းတွေအတွက်လည်း တိုက်ခန်းပေါင်း ၃ ထောင်ကျော် တည်ဆောက်နေပြီး အငှားအိမ်ရာတွေ ဖော်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
သမၼတ၊ အတိုင္ပင္ခံနဲ႔ အရာရွိႀကီးေတြကို ဧကခ်ီ ေျမကြက္ေတြ ခ်ထားေပးတယ္လို႔ သမၼတ႐ုံးေျပာ

ေနျပည္ေတာ္မွာ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အစိုးရအရာရွိႀကီးေတြကို ဧကနဲ႔ ခ်ီတဲ့ ေျမကြက္ေတြ ခ်ထားေပးတယ္လို႔ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ဒီကေန႔ ဇြန္လ ၁၉ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဥတၱရသီရိၿမိဳ႕နယ္အတြင္းမွာ ျပည္ေထာင္စုဝန္ႀကီးေတြ၊ သူတို႔နဲ႔ အထက္ ႏိုင္ငံေရးရာထူးရွိတဲ့ ပုဂၢိဳလ္ေတြကို သတ္မွတ္ေဈးႏႈန္းနဲ႔ အဆင့္လိုက္ ေျမကြက္ ခ်ေပးထားတယ္လို႔ ေနျပည္ေတာ္ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္အတိုင္ခံ႐ုံး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာတာ ျဖစ္ပါတယ္။

သမၼတအဆင့္ ေပ ၄၀၀ ပတ္လည္၊ ဝန္ႀကီးအဆင့္ကို ေပ ၃၀၀ ပတ္လည္၊ ဒုဝန္ႀကီးအဆင့္ကို ေပ ၂၅၀ ပတ္လည္၊ ၫႊန္ၾကားေရးမႉးအခ်ဳပ္အဆင့္ကို ေပ ၁၀၀ ပတ္လည္ ခ်ထားေပးတယ္လို႔ ေျပာပါတယ္။

ဒီေျမကြက္ေတြကို အစိုးရေစ်းႏႈန္းနဲ႔ ေပးတာျဖစ္ၿပီး ေနျပည္ေတာ္ စည္ပင္သာယာေရးေကာင္စီက သတ္မွတ္တဲ့ ေစ်းႏႈန္းအတိုင္းေပးရမယ္လို႔လည္း ဆိုပါတယ္။

ဦးေဇာ္ေဌး ေျပာတဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ရမယ့္ ေပ ၄၀၀ ပတ္လည္ ေျမကြက္ဟာ ၃ ဧက ခြဲေက်ာ္ေလာက္ရွိၿပီး ဝန္ႀကီးေတြကိုေပးမယ့္ ေပ ၃၀၀ ပတ္လည္ကေတာ့ ၂ ဧက ေက်ာ္ အက်ယ္အဝန္း ရွိပါတယ္။

ဒီေျမကြက္ေတြကို တစ္ဧက ဘယ္ေလာက္ႏႈန္းနဲ႔ ေျမကြက္ေတြခ်ထားေပးသလဲ ဆိုတာကို သတင္းေထာက္ေတြက ေမးရာမွာေတာ့ ဦးေဇာ္ေဌးက တိတိပပ မေျဖခဲ့ပါဘူး။

အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ခ်ေပးမယ့္ ေျမဧက အက်ယ္အဝန္းနဲ႔ ပတ္သက္လို႔ ဆိုရွယ္မီဒီယာေပၚမွာ ခ်ဲ႕ကားေျပာဆိုမႈေတြ ရွိတယ္ ဆိုၿပီးေတာ့လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ရွစ္ဧကေလာက္ ယူတယ္ဆိုတဲ့ အြန္လိုင္းမွာ ေရးထားတဲ့ အက်ယ္အဝန္းေတြက မျဖစ္ႏိုင္တဲ့ အတိုင္းအတာေတြကို ရည္႐ြယ္ခ်က္ရွိရွိ ခ်ဲ႕ကားၿပီး ေရးထားတယ္လို႔ ေျပာပါတယ္။

အဲဒီလို လုပ္တာဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ disinformation campaign လုပ္တဲ့သေဘာျဖစ္ၿပီး ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ လုပ္တယ္လို႔ ျမင္တယ္လို႔လည္း သူက ဆိုပါတယ္။

ေနျပည္ေတာ္မွာ ေျမတစ္ဧကကို က်ပ္သိန္း ၅၀ ႏႈန္းနဲ႔ ရန္ကုန္စည္ပင္၊ မႏၲေလးစည္ပင္ အပါအဝင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၊ UMFCCI၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၊ ႀကံ့ခိုင္ေရးပါတီဌာနခ်ဳပ္စတဲ့ အဖြဲ ၂၄ ဖြဲ႕အတြက္လည္း ေျမကြက္ေတြ ခ်ထားေပးၿပီး ျဖစ္တယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

လက္ရွိ ဥတၱရသီရိၿမိဳ႕နယ္အတြင္းမွာ ေျမ ၂ ဧကရွိတဲ့၊ ေျမကြက္ ၁၀ ကြက္၊ ၁ ဧက ရွိတဲ့ ေျမကြက္ ၆ ကြက္ကို ေနျပည္ေတာ္စည္ပင္က ေဖာ္ေဆာင္ေနတယ္ လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိ DG, MD ရာထူးတာဝန္ေတြ ထမ္းေဆာင္ေနသူေတြနဲ႔ ေျမကြက္မရေသးသူေတြကိုလည္း ေလွ်ာက္ထားလာမယ္ ဆိုရင္ ထပ္ခ်ေပးဖို႔ ေျမကြက္ေတြကို ေနျပည္ေတာ္ စည္ပင္က ေဖာ္ေဆာင္ေနသလို အၿငိမ္းစား ဝန္ထမ္းေတြအတြက္လည္း တိုက္ခန္းေပါင္း ၃ ေထာင္ေက်ာ္ တည္ေဆာက္ေနၿပီး အငွားအိမ္ရာေတြ ေဖာ္ေဆာင္ေနတယ္လို႔လည္း ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53107966
သမ္မတ၊ အတိုင်ပင်ခံနဲ့ အရာရှိကြီးတွေကို ဧကချီ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံးပြော သမ္မတ၊ အတိုင်ပင်ခံနဲ့ အရာရှိကြီးတွေကို ဧကချီ မြေကွက်တွေ ချထားပေးတယ်လို့ သမ္မတရုံးပြော Reviewed by THITHTOOLWIN on 06:43 Rating: 5
Powered by Blogger.