နယ်စပ်တွေကနေ တရားမဝင် ပြန်လာသူတွေ လဝကဥပဒေနဲ့ အရေးယူမယ်


(Unicode)⤵⤵⤵
COVID-19 ကူးစက်ရောဂါဖြစ်ပွါးမှု မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာအိုနိုင်ငံက တရားမဝင်ခိုးဝင်လာသူတွေနဲ့ လူပွဲစားတွေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးကနေ ပြောဆိုခဲ့တဲ့အကြောင်းတင်ဆက်ပေးမှာပါ။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး (ဓာတ်ပုံ - Myanmar President Office/Handout) (ဇွန် ၁၉၊ ၂၀၂၀)
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ လက်ခံထားတဲ့သူတွေကို အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“တနိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ်တွေကနေပြီးတော့ တရားဝင်ဂိတ်တွေ မဟုတ်ဘဲနဲ့ တရားမဝင်ခိုးဝင်လာရင် ကျနော် အရေးယူမယ်။ ကူးစက်ရောဂါနဲ့ ကျနော်တို့ အရေးမယူဘူး၊ လဝကအက်နဲ့ အရေးယူမယ်။ အဲဒီမှာလက်ခံထားတဲ့ လူကိုလည်း သိရက်နဲ့ပေါ့နော် ဒီလူသည်ခိုးဝင်မှန်းသိသိနဲ့ လက်ခံထားတဲ့လူလည်း ကျနော်တို့ အရေးယူမယ်။ အဲဒါလည်း ကျနော်တို့ ကြေညာထားပြီးဖြစ်တယ်။ အဲဒါက ကျနော်တို့ ရခိုင်ပြည်နယ်ရော၊ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ လာအိုနယ်စပ် အကုန်ပါပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မောင်တောမြို့နယ်ကတဆင့် တရားမဝင်ဝင်ရောက်မှုတွေက COVID-19 ရောဂါကူးစက်မှုအတွက် စိုးရိမ်စရာအနေအထား ရှိနေတာပါ။ အစိုးရအနေနဲ့ ဘင်္ဂလားနယ်စပ်ကနေ တရားမဝင်ခိုးဝင်လာသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ပေမဲ့ ဝင်ရောက်မှုကတော့ရှိနေဆဲ အခြေအနေမှာရှိနေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ကိစ္စ။ အဲဒါလည်း ကျနော်တို့ဘက်က Border ပိတ်ထားတယ်။ ဟိုဘက်ကလည်း ပိတ်ထားတယ်။ သို့သော်ချောင်းပေါက်မြောင်းပေါက်တွေ ရှိတယ်။ ကျနော်တို့ ခြံစည်းရိုးအပြည့်ဝ ကာလို့ မရဘူး။ အဲဒီ ချောင်းပေါက်မြောင်းပေါက်မှာ လှေတွေဘာတွေ ဝင်ထွက်ဖို့ ပေးရတယ်။ နို့မို့ရင် ဘယ်သူမှ သားရှာ၊ ဖားရှာသွားလို့ မရတော့ဘူး။ ကျနော်တို့ဘက်မှာ အဲဒီလိုမျိုးသံတိုင်တွေနဲ့ ရေလယ်ပေါ်မှာ ပိတ်တဲ့စနစ် လုပ်ထားတာမဟုတ်ဘူး။ ခြံစည်းရိုးပဲ ကာတယ်။ ခြံစည်းရိုး ကာပြီးရင်တောင်မှ ခုနကပြောတဲ့အပေါက်တွေက ရှိနေသေးတယ်။ ဒါကမြေပြင် အခြေအနေပေါ့နော်။ အဲဒီအပေါက်တွေက ခိုးဝင်ခိုးထွက်တွေရှိတယ်လို့ သတင်းတွေလဲကြားတယ်။ သတင်းတွေလည်း ရတယ်။ ရတဲ့နေရာက ကျနော်တို့ ပိတ်ဆို့ဖို့လည်း လုပ်တယ်။ အဲဒီမှာလဲပွင့်ပွင့်လင်းလင်းပြောရရင် လူမှောင်ခိုပွဲစားတွေ ရှိတယ်။ တပ်ဘက်က၊ လုံခြုံရေးဘက်က တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး လူသွင်းတာတို့ မူးယစ်ဆေးဝါးသွင်းတာတို့ လုပ်တဲ့အတွက် သတင်းတွေကြားတော့ ကျနော်တို့ အရေးယူခိုင်းတယ်။ လူပွဲစားက ထွက်ပြေးတယ်။ ဒါလေးဖြစ်စဉ်က ရှိခဲ့တာပေါ့နော်။ အဲဒီဘက်မှာလည်း ကျနော်တို့ တရားမဝင်ခိုးဝင်လာရင် ကျနော်တို့ အရေးယူမယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ နိုင်ငံတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လည် ဝင်လာတာတွေရှိပြီး သူတို့ကို ဖမ်းဆီး ကယ်ဆယ်ရေးစခန်းထဲမှာ လတ်တလော နေရာချထားပေးပါတယ်။ မြန်မာအစိုးရအနေနဲ့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒီဒုက္ခသည်တွေ စီစစ်လက်ခံသွားမယ်လို့ ဂတိပေးထားပြီးသားပါ။ ဒါပေမဲ့ ကပ်ရောဂါကာလအတွင်း ဒုက္ခသည်ပြန်လည်လက်ခံရေး အစီအစဉ်ကို ဆိုင်းငံထားပါတယ်။

ဒီလိုအချိန်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ဖြစ်စေတဲ့ လူပို့ဆောင်နေတဲ့ ပွဲစားတွေကို အရေးယူဖို့ ဖော်ထုတ်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

“စုံစမ်းဖေါ်ထုတ်ဖို့အခြေအနေလုပ်နေတယ်လေ ကျနော်တို့က။ ဝင်လာတဲ့လူကို ပို့ပါတယ်ဆိုတဲ့လူ။ ဒီမှာလှေနဲ့ ပို့တယ် အဲဒီလူမျိုးကို။ ရေလမ်းကြောင်းအပေါက်ကနေ ဝင်ထွက်ပြီးတော့ လာတာပဲ။”

လတ်တလောမှာတော့ သရက်အုပ်ကျေးရွာအုပ်စု မင်္ဂလာကြီးကျေးရွာက ကူးတို့လှေသမားတစ်ဦးကို လူကုန်ကူးနဲ့ အမှုဖွင့်ဖို့ လုပ်ဆောင်နေသလို တရားမဝင် ဝင်ရောက်လာခဲ့တဲ့ လမ်းကြောင်းတွေကိုလည်း စိစစ်နေတယ်လို့ သူကဆိုပါတယ်။

မောင်တောဒေသမှာ COVID-19 ရောဂါအကြောင်း သိရှိမှု အားနည်းနေသလို လုံခြုံရေးအတွက်စီစစ်မှု အားနည်းနေတယ်လို့ မောင်တောမြို့ခံ ကိုထွန်းမြင့်ဦးက သူ့အတွေ့အကြုံကိုအခုလိုပြောပါတယ်။

“လက်ရှိဒီမောင်တောဒေသမှာက ဒီ COVID-19 ရောဂါရဲ့ ဟိုဟာကို သူတို့သေသေချာချာမသိကြဘူး။ ကျနော် ပထမဆုံးပေါ့။ မောင်တောမှာ နှစ်ယောက်သွားတွေ့တယ်။ ကျနော်က အဲဒီအနားမှာရှိတဲ့ ဘင်္ဂလီတချို့တွေနဲ့ စကားသွားပြော ကြည့်တယ်။ ကျနော်က ပြောတယ်။ မင်းတို့ အခုရွာတွေကနေ ဟိုဘက်နိုင်ငံက ဝင်လာတဲ့လူနှစ်ယောက်ကို အခုရောဂါ ကူးလို့ ဆေးရုံမှာ တင်ထားတယ်ဆို သူတို့ကဘာပြောလဲဆိုတော့ မဟုတ်ဘူးတဲ့။ အဲတာပိုက်ဆံမပေးနိုင်လို့ ဖမ်းထားတာတဲ့။ ပြောရမယ်ဆိုအဲဒီမှာ နှစ်ချက် ကျနော် တွေ့ရတယ်။ တစ်အချက်က သူတို့ပါးစပ်ထဲမှာ ပိုက်ဆံမပေးနိုင်လို့ဖမ်းထားတယ်လို့ပြောတာကိုက ရှေ့မှာ ဒါမျိုးဖြစ်စဉ် ဖြစ်ခဲ့ဘူးလို့သာ သူတို့ပြောတယ်လို့ပဲ ယေဘူယျသုံးသပ်လို့ရတယ်။ နှစ်အချက်ကကျ သူတို့က ဒီရောဂါသည် တကယ့်ကို လူတွေကို ထိခိုက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတဲ့ဟာကို သူတို့တွေမှာ အသိမရှိဘူး။”

မောင်တောဒေသနဲ့ နတ်မြစ်တစ်ခုတည်းသာခြားထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ များပြားလာလို့ စိုးရိမ်စိတ်ဖြစ်ပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင် ပြန်ဝင်လာတဲ့သူများပြားနေတယ်လို့ သူကဆိုပါတယ်။

ကိုဗစ်ကာလအတွင်း တဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားပေမဲ့ တရားမဝင် ဝင်ရောက်လာသူ ၉၀ ကျော် ရှိနေတယ်လို့ တာဝန်ရှိသူတွေက VOA ကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၁၇ ခုနှစ်တုန်းက အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဒေသခံ ရိုဟင်ဂျာ မွတ်လင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------------
(Zawgyi)⤵⤵⤵
နယ္စပ္ေတြကေန တရားမဝင္ ျပန္လာသူေတြ လဝကဥပေဒနဲ႔ အေရးယူမယ္

COVID-19 ကူးစက္ေရာဂါျဖစ္ပြါးမႈ ျမင့္မားေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအပါအဝင္ ထိုင္း၊ တ႐ုတ္၊ အိႏၵိယ၊ လာအိုႏိုင္ငံက တရားမဝင္ခိုးဝင္လာသူေတြနဲ႔ လူပြဲစားေတြကို လူဝင္မႈ ႀကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ႏိုင္ငံေတာ္ သမၼတ႐ုံးကေန ေျပာဆိုခဲ့တဲ့အေၾကာင္းတင္ဆက္ေပးမွာပါ။ ဒီအေၾကာင္းဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံကေန တရားမဝင္ ဝင္ေရာက္လာသူေတြနဲ႔ လက္ခံထားတဲ့သူေတြကို အေရးယူသြားမယ္လို႔ ႏိုင္ငံေတာ္ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီကေန႔က်င္းပတဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာသြားပါတယ္။

“တႏိုင္ငံလုံးမွာရွိတဲ့ နယ္စပ္ဂိတ္ေတြကေနၿပီးေတာ့ တရားဝင္ဂိတ္ေတြ မဟုတ္ဘဲနဲ႔ တရားမဝင္ခိုးဝင္လာရင္ က်ေနာ္ အေရးယူမယ္။ ကူးစက္ေရာဂါနဲ႔ က်ေနာ္တို႔ အေရးမယူဘူး၊ လဝကအက္နဲ႔ အေရးယူမယ္။ အဲဒီမွာလက္ခံထားတဲ့ လူကိုလည္း သိရက္နဲ႔ေပါ့ေနာ္ ဒီလူသည္ခိုးဝင္မွန္းသိသိနဲ႔ လက္ခံထားတဲ့လူလည္း က်ေနာ္တို႔ အေရးယူမယ္။ အဲဒါလည္း က်ေနာ္တို႔ ေၾကညာထားၿပီးျဖစ္တယ္။ အဲဒါက က်ေနာ္တို႔ ရခိုင္ျပည္နယ္ေရာ၊ ထိုင္းနယ္စပ္၊ တ႐ုတ္နယ္စပ္၊ အိႏၵိယနယ္စပ္၊ လာအိုနယ္စပ္ အကုန္ပါပါတယ္။”

အထူးသျဖင့္ ျမန္မာႏိုင္ငံအေနာက္ပိုင္း ရခိုင္ျပည္နယ္နဲ႔ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကေန ေမာင္ေတာၿမိဳ႕နယ္ကတဆင့္ တရားမဝင္ဝင္ေရာက္မႈေတြက COVID-19 ေရာဂါကူးစက္မႈအတြက္ စိုးရိမ္စရာအေနအထား ရွိေနတာပါ။ အစိုးရအေနနဲ႔ ဘဂၤလားနယ္စပ္ကေန တရားမဝင္ခိုးဝင္လာသူေတြကို အေရးယူသြားမယ္လို႔ ထုတ္ျပန္ေပမဲ့ ဝင္ေရာက္မႈကေတာ့ရွိေနဆဲ အေျခအေနမွာရွိေနတယ္လို႔ ဦးေဇာ္ေဌးကေျပာပါတယ္။

“ဘဂၤလားေဒ့ရွ္က ဝင္လာတဲ့ကိစၥ။ အဲဒါလည္း က်ေနာ္တို႔ဘက္က Border ပိတ္ထားတယ္။ ဟိုဘက္ကလည္း ပိတ္ထားတယ္။ သို႔ေသာ္ေခ်ာင္းေပါက္ေျမာင္းေပါက္ေတြ ရွိတယ္။ က်ေနာ္တို႔ ၿခံစည္း႐ိုးအျပည့္ဝ ကာလို႔ မရဘူး။ အဲဒီ ေခ်ာင္းေပါက္ေျမာင္းေပါက္မွာ ေလွေတြဘာေတြ ဝင္ထြက္ဖို႔ ေပးရတယ္။ ႏို႔မို႔ရင္ ဘယ္သူမွ သားရွာ၊ ဖားရွာသြားလို႔ မရေတာ့ဘူး။ က်ေနာ္တို႔ဘက္မွာ အဲဒီလိုမ်ိဳးသံတိုင္ေတြနဲ႔ ေရလယ္ေပၚမွာ ပိတ္တဲ့စနစ္ လုပ္ထားတာမဟုတ္ဘူး။ ၿခံစည္း႐ိုးပဲ ကာတယ္။ ၿခံစည္း႐ိုး ကာၿပီးရင္ေတာင္မွ ခုနကေျပာတဲ့အေပါက္ေတြက ရွိေနေသးတယ္။ ဒါကေျမျပင္ အေျခအေနေပါ့ေနာ္။ အဲဒီအေပါက္ေတြက ခိုးဝင္ခိုးထြက္ေတြရွိတယ္လို႔ သတင္းေတြလဲၾကားတယ္။ သတင္းေတြလည္း ရတယ္။ ရတဲ့ေနရာက က်ေနာ္တို႔ ပိတ္ဆို႔ဖို႔လည္း လုပ္တယ္။ အဲဒီမွာလဲပြင့္ပြင့္လင္းလင္းေျပာရရင္ လူေမွာင္ခိုပြဲစားေတြ ရွိတယ္။ တပ္ဘက္က၊ လုံၿခဳံေရးဘက္က တာဝန္ရွိသူေတြနဲ႔ ေပါင္းၿပီး လူသြင္းတာတို႔ မူးယစ္ေဆးဝါးသြင္းတာတို႔ လုပ္တဲ့အတြက္ သတင္းေတြၾကားေတာ့ က်ေနာ္တို႔ အေရးယူခိုင္းတယ္။ လူပြဲစားက ထြက္ေျပးတယ္။ ဒါေလးျဖစ္စဥ္က ရွိခဲ့တာေပါ့ေနာ္။ အဲဒီဘက္မွာလည္း က်ေနာ္တို႔ တရားမဝင္ခိုးဝင္လာရင္ က်ေနာ္တို႔ အေရးယူမယ္။”

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ ႏိုင္ငံတြင္းကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ျပန္လည္ ဝင္လာတာေတြရွိၿပီး သူတို႔ကို ဖမ္းဆီး ကယ္ဆယ္ေရးစခန္းထဲမွာ လတ္တေလာ ေနရာခ်ထားေပးပါတယ္။ ျမန္မာအစိုးရအေနနဲ႔က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒီဒုကၡသည္ေတြ စီစစ္လက္ခံသြားမယ္လို႔ ဂတိေပးထားၿပီးသားပါ။ ဒါေပမဲ့ ကပ္ေရာဂါကာလအတြင္း ဒုကၡသည္ျပန္လည္လက္ခံေရး အစီအစဥ္ကို ဆိုင္းငံထားပါတယ္။

ဒီလိုအခ်ိန္မွာ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈ ျဖစ္ေစတဲ့ လူပို႔ေဆာင္ေနတဲ့ ပြဲစားေတြကို အေရးယူဖို႔ ေဖာ္ထုတ္ေနတယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ကေျပာပါတယ္။

“စုံစမ္းေဖၚထုတ္ဖို႔အေျခအေနလုပ္ေနတယ္ေလ က်ေနာ္တို႔က။ ဝင္လာတဲ့လူကို ပို႔ပါတယ္ဆိုတဲ့လူ။ ဒီမွာေလွနဲ႔ ပို႔တယ္ အဲဒီလူမ်ိဳးကို။ ေရလမ္းေၾကာင္းအေပါက္ကေန ဝင္ထြက္ၿပီးေတာ့ လာတာပဲ။”

လတ္တေလာမွာေတာ့ သရက္အုပ္ေက်း႐ြာအုပ္စု မဂၤလာႀကီးေက်း႐ြာက ကူးတို႔ေလွသမားတစ္ဦးကို လူကုန္ကူးနဲ႔ အမႈဖြင့္ဖို႔ လုပ္ေဆာင္ေနသလို တရားမဝင္ ဝင္ေရာက္လာခဲ့တဲ့ လမ္းေၾကာင္းေတြကိုလည္း စိစစ္ေနတယ္လို႔ သူကဆိုပါတယ္။

ေမာင္ေတာေဒသမွာ COVID-19 ေရာဂါအေၾကာင္း သိရွိမႈ အားနည္းေနသလို လုံၿခဳံေရးအတြက္စီစစ္မႈ အားနည္းေနတယ္လို႔ ေမာင္ေတာၿမိဳ႕ခံ ကိုထြန္းျမင့္ဦးက သူ႔အေတြ႕အႀကံဳကိုအခုလိုေျပာပါတယ္။

“လက္ရွိဒီေမာင္ေတာေဒသမွာက ဒီ COVID-19 ေရာဂါရဲ႕ ဟိုဟာကို သူတို႔ေသေသခ်ာခ်ာမသိၾကဘူး။ က်ေနာ္ ပထမဆုံးေပါ့။ ေမာင္ေတာမွာ ႏွစ္ေယာက္သြားေတြ႕တယ္။ က်ေနာ္က အဲဒီအနားမွာရွိတဲ့ ဘဂၤလီတခ်ိဳ႕ေတြနဲ႔ စကားသြားေျပာ ၾကည့္တယ္။ က်ေနာ္က ေျပာတယ္။ မင္းတို႔ အခု႐ြာေတြကေန ဟိုဘက္ႏိုင္ငံက ဝင္လာတဲ့လူႏွစ္ေယာက္ကို အခုေရာဂါ ကူးလို႔ ေဆး႐ုံမွာ တင္ထားတယ္ဆို သူတို႔ကဘာေျပာလဲဆိုေတာ့ မဟုတ္ဘူးတဲ့။ အဲတာပိုက္ဆံမေပးႏိုင္လို႔ ဖမ္းထားတာတဲ့။ ေျပာရမယ္ဆိုအဲဒီမွာ ႏွစ္ခ်က္ က်ေနာ္ ေတြ႕ရတယ္။ တစ္အခ်က္က သူတို႔ပါးစပ္ထဲမွာ ပိုက္ဆံမေပးႏိုင္လို႔ဖမ္းထားတယ္လို႔ေျပာတာကိုက ေရွ႕မွာ ဒါမ်ိဳးျဖစ္စဥ္ ျဖစ္ခဲ့ဘူးလို႔သာ သူတို႔ေျပာတယ္လို႔ပဲ ေယဘူယ်သုံးသပ္လို႔ရတယ္။ ႏွစ္အခ်က္ကက် သူတို႔က ဒီေရာဂါသည္ တကယ့္ကို လူေတြကို ထိခိုက္ႏိုင္တဲ့ေရာဂါျဖစ္တယ္ဆိုတဲ့ဟာကို သူတို႔ေတြမွာ အသိမရွိဘူး။”

ေမာင္ေတာေဒသနဲ႔ နတ္ျမစ္တစ္ခုတည္းသာျခားထားတဲ့ ဘဂၤလာေဒ့ရွ္ႏိုင္ငံ ေကာ့စ္ဘဇားခ႐ိုင္က ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ မ်ားျပားလာလို႔ စိုးရိမ္စိတ္ျဖစ္ၿပီး၊ ျမန္မာႏိုင္ငံဘက္ျခမ္းကို တရားမဝင္ ျပန္ဝင္လာတဲ့သူမ်ားျပားေနတယ္လို႔ သူကဆိုပါတယ္။

ကိုဗစ္ကာလအတြင္း တဘက္ႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမႈကို အစိုးရက ပိတ္ပင္ထားေပမဲ့ တရားမဝင္ ဝင္ေရာက္လာသူ ၉၀ ေက်ာ္ ရွိေနတယ္လို႔ တာဝန္ရွိသူေတြက VOA ကို ေျပာထားပါတယ္။

ရခိုင္ျပည္နယ္မွာ၂၀၁၇ ခုႏွစ္တုန္းက အစိုးရတပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း ေဒသခံ ႐ိုဟင္ဂ်ာ မြတ္လင္ သိန္းဂဏန္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွထဲ ထြက္ေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-border-act-zawhtay/5469246.html
နယ်စပ်တွေကနေ တရားမဝင် ပြန်လာသူတွေ လဝကဥပဒေနဲ့ အရေးယူမယ် နယ်စပ်တွေကနေ တရားမဝင် ပြန်လာသူတွေ လဝကဥပဒေနဲ့ အရေးယူမယ် Reviewed by THITHTOOLWIN on 06:38 Rating: 5
Powered by Blogger.