ချေဂွေဗားရားတိုက်ခန်း ရောင်းဖို့ ဈေးကွက်တင်

အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို မြို့လယ်ခေါင်က နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံ တိုက်ခန်းတခုမှာ ချေဂွေဗားရားကို ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့။
(Unicode)⤵⤵⤵
၂၀ ရာစု လက်ဝဲ တော်လှန်ရေးခေါင်းဆောင် တယောက်အဖြစ် အမွှမ်းတင်ခံခဲ့ရတဲ့ အာနက်စတို ချေ ဂွေဗားရား မွေးဖွားနေထိုင်ခဲ့ရာ အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို (Rosario) မြို့လယ်ခေါင်က တိုက်ခန်းကို ရောင်းဖို့ ဈေးကွက်မှာ တင်လိုက်ပါတယ်။

မြို့လယ်မှာ နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံ နဲ့ ဆောက်ထားတဲ့ ၂၄၀ စတုရန်းမီတာ (၂, ၅၈၀ စတုရန်းပေ) အကျယ် တိုက်ခန်းကို လက်ရှိပိုင်ရှင် ဖရန်စစ္စကို ဖာရက်ဂျီယာက ၂၀၀၂ ခုနှစ်မှာ ဝယ်ယူထားခဲ့တာပါ။

သူက ဒီတိုက်ခန်းကို ယဉ်ကျေးမှုစင်တာတခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်က လက်တွေ့ဖြစ်မလာနိုင်ခဲ့ပါဘူး။

တိုက်ခန်းပိုင်ရှင် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းရှင်က သူတိုက်ခန်းခေါ်ဈေးကိုတော့ မပြောပြပါဘူး။

အူရကိဇာ (Urquiza) နဲ့ အင်တရေ ရီးယိုစ် (Entre Ríos) လမ်းမတွေ အကြားမှာရှိတဲ့ ဒီ တိုက်ခန်းက ထင်ရှားကျော်ကြားတဲ့သူအတော်များများ လာလည်အောင် နှစ်ပေါင်းများစွာ ဆွဲဆောင်လာခဲ့တာပါ။

အဲဒီသူတွေထဲမှာ ဥရုဂွေးက သမ္မတ (ဟောင်း) ဟိုဆေး ပက်ပေး မိုဟိကာ လည်းပါသလို၊ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖိဒဲလ် ကက်စထရိုရဲ့ သားသမီးတွေလည်းပါ ပါတယ်။

လာလည်တဲ့သူတွေထဲမှာ ၁၉၅၀ နှစ်တွေ တဝိုက် ချေဂွေဗားရား ဆရာဝန်ငယ် ဘဝမှာ ဆိုင်ကယ်စီးပြီး တောင်အမေရိကတိုက်နိုင်ငံတွေကို အတူသွားခဲ့ကြတဲ့ အဲလ်ဘာတို ဂရန်နာတို (Alberto Granados) က အထင်ရှားဆုံးဖြစ်မှာပါ။
ချေဂွာဗားရားဟာ တော်လှန်ရေးကို တောင်အမေရိကတိုက် တခွင်လုံးကို ပျံ့နှံ့သွားစေချင်ခဲ့
ချေဂွေဗားရားဟာ ၁၉၂၈မှာ ချမ်းသာတဲ့ အလယ်အလတ်လူတန်းစား မိသားစုကနေ မွေးဖွားလာခဲ့သူဖြစ်ပြီး တောင်အမေရိကတိုက်က ဆင်းရဲသူတွေ၊ ဆာလောင်မွတ်သိပ်သူတွေကို မြင်ခဲ့ရတဲ့နောက် သူ့ရဲ့ အတွေးအမြင်ပြောင်းလဲခဲ့ပါတယ်။

အာဏာရှင် ဘာတစ်စတာကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၅၃ ကနေ ၁၉၅၉ ကျူးဘားတော်လှန်ရေးမှာ သူက အဓိက ခေါင်းဆောင်တယောက်အနေနဲ့ ပါဝင်ခဲ့သူပါ။

တော်လှန်ရေးကို တောင်အမေရိကတိုက်တခွင်လုံးနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ပျံ့နှံ့သွားစေချင်တဲ့ သူ့စိတ်ဆန္ဒကို အဲဒီတုန်းက ချေဂွေဗားရားက ထုတ်ဖော်ပြောခဲ့ပါတယ်။

ကျူးဘားကနေ ဘိုလီးဗီးယားကို သူ သွားပြီး သမ္မတ ရနေး ဘာရီယန်တိုစ် အော်တွန်ညို အစိုးရကို ဆန့်ကျင်ပုန်ကန်ကြတဲ့ အင်အားစုတွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ပါတယ်။

အမေရိကန်က အကူအညီပေးထားတဲ့ ဘိုလီးဗီးယား စစ်တပ်ဟာ ချေဂွေဗားရားနဲ့ သူ့ နောက်ဆုံးကျန် တိုက်ပွဲဝင်သူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်။

လာ ဟီယဲရာ (La Higuera) ရွာမှာ ၁၉၆၇ အောက်တိုဘာလ ၉ ရက်နေ့က ချေကို သတ်ဖြတ်စီရင်ခဲ့ကြပါတယ်။ နောက်တော့ နေရာဖော်မပြတဲ့ လျှို့ဝှက်နေရာမှာ သူ့အလောင်းကို မြှုပ်နှံခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ သူ့မြေပုံနေရာကို ပြန်ရှာတွေ့နိုင်ခဲ့ပြီး သူ့အရိုးစု အကြွင်းအကျန်တွေကို ပြန်တူးဖော်ယူကာ ကျူးဘားကို ပြန်သယ်ခဲ့ကြတယ်။ အဲဒီမှာ သူ့ကို ပြန်လည်မြှုပ်နှံခဲ့ကြပါတယ်။

သူ့ဘဝအသက်ရှင်စဉ်ချိန်က တော်လှန်ရေး သဘောထားအမြင်အမျိုးမျိုး ကွဲပြားစေခဲ့သလို လက်ရှိကာလမှာလည်း အဲဒီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အမြင်တွေက အမျိုးမျိုးရှိကြဆဲပါ။

သူ့ကိုထောက်ခံကြသူတွေက သူ့ကို ဇွဲရင့်သန်မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှုတို့ရဲ့ စံနမူနာအဖြစ် သတ်မှတ်ကြပြီး သူ့ကို ဝေဖန်သူတွေကတော့ ကြမ်းတမ်းတဲ့၊ ရက်စက်တဲ့သူ အဖြစ် သဘောထားကြပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ေခ်ေဂြဗားရားတိုက္ခန္း ေရာင္းဖို႔ ေဈးကြက္တင္

၂၀ ရာစု လက္ဝဲ ေတာ္လွန္ေရးေခါင္းေဆာင္ တေယာက္အျဖစ္ အမႊမ္းတင္ခံခဲ့ရတဲ့ အာနက္စတို ေခ် ေဂြဗားရား ေမြးဖြားေနထိုင္ခဲ့ရာ အာဂ်င္တီးနားႏိုင္ငံ ႐ိုဆာရီယို (Rosario) ၿမိဳ႕လယ္ေခါင္က တိုက္ခန္းကို ေရာင္းဖို႔ ေဈးကြက္မွာ တင္လိုက္ပါတယ္။

ၿမိဳ႕လယ္မွာ နီယိုကလပ္စစ္ကယ္ ေရွးေဟာင္း ဂရိနဲ႔ ေရာမ လက္ရာ ပုံစံ နဲ႔ ေဆာက္ထားတဲ့ ၂၄၀ စတုရန္းမီတာ (၂, ၅၈၀ စတုရန္းေပ) အက်ယ္ တိုက္ခန္းကို လက္ရွိပိုင္ရွင္ ဖရန္စစၥကို ဖာရက္ဂ်ီယာက ၂၀၀၂ ခုႏွစ္မွာ ဝယ္ယူထားခဲ့တာပါ။

သူက ဒီတိုက္ခန္းကို ယဥ္ေက်းမႈစင္တာတခုအျဖစ္ ေျပာင္းလဲဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ အစီအစဥ္က လက္ေတြ႕ျဖစ္မလာႏိုင္ခဲ့ပါဘူး။

တိုက္ခန္းပိုင္ရွင္ အာဂ်င္တီးနား စီးပြားေရးလုပ္ငန္းရွင္က သူတိုက္ခန္းေခၚေဈးကိုေတာ့ မေျပာျပပါဘူး။

အူရကိဇာ (Urquiza) နဲ႔ အင္တေရ ရီးယိုစ္ (Entre Ríos) လမ္းမေတြ အၾကားမွာရွိတဲ့ ဒီ တိုက္ခန္းက ထင္ရွားေက်ာ္ၾကားတဲ့သူအေတာ္မ်ားမ်ား လာလည္ေအာင္ ႏွစ္ေပါင္းမ်ားစြာ ဆြဲေဆာင္လာခဲ့တာပါ။

အဲဒီသူေတြထဲမွာ ဥ႐ုေဂြးက သမၼတ (ေဟာင္း) ဟိုေဆး ပက္ေပး မိုဟိကာ လည္းပါသလို၊ က်ဴးဘားေတာ္လွန္ေရးေခါင္းေဆာင္ ဖိဒဲလ္ ကက္စထ႐ိုရဲ႕ သားသမီးေတြလည္းပါ ပါတယ္။

လာလည္တဲ့သူေတြထဲမွာ ၁၉၅၀ ႏွစ္ေတြ တဝိုက္ ေခ်ေဂြဗားရား ဆရာဝန္ငယ္ ဘဝမွာ ဆိုင္ကယ္စီးၿပီး ေတာင္အေမရိကတိုက္ႏိုင္ငံေတြကို အတူသြားခဲ့ၾကတဲ့ အဲလ္ဘာတို ဂရန္နာတို (Alberto Granados) က အထင္ရွားဆုံးျဖစ္မွာပါ။

ေခ်ေဂြဗားရားဟာ ၁၉၂၈မွာ ခ်မ္းသာတဲ့ အလယ္အလတ္လူတန္းစား မိသားစုကေန ေမြးဖြားလာခဲ့သူျဖစ္ၿပီး ေတာင္အေမရိကတိုက္က ဆင္းရဲသူေတြ၊ ဆာေလာင္မြတ္သိပ္သူေတြကို ျမင္ခဲ့ရတဲ့ေနာက္ သူ႔ရဲ႕ အေတြးအျမင္ေျပာင္းလဲခဲ့ပါတယ္။

အာဏာရွင္ ဘာတစ္စတာကို ျဖဳတ္ခ်ႏိုင္ခဲ့တဲ့ ၁၉၅၃ ကေန ၁၉၅၉ က်ဴးဘားေတာ္လွန္ေရးမွာ သူက အဓိက ေခါင္းေဆာင္တေယာက္အေနနဲ႔ ပါဝင္ခဲ့သူပါ။

ေတာ္လွန္ေရးကို ေတာင္အေမရိကတိုက္တခြင္လုံးနဲ႔ တျခား ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအၾကား ပ်ံ႕ႏွံ႔သြားေစခ်င္တဲ့ သူ႔စိတ္ဆႏၵကို အဲဒီတုန္းက ေခ်ေဂြဗားရားက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

က်ဴးဘားကေန ဘိုလီးဗီးယားကို သူ သြားၿပီး သမၼတ ရေနး ဘာရီယန္တိုစ္ ေအာ္တြန္ညိဳ အစိုးရကို ဆန႔္က်င္ပုန္ကန္ၾကတဲ့ အင္အားစုေတြကို ဦးေဆာင္တိုက္ပြဲဝင္ခဲ့ပါတယ္။

အေမရိကန္က အကူအညီေပးထားတဲ့ ဘိုလီးဗီးယား စစ္တပ္ဟာ ေခ်ေဂြဗားရားနဲ႔ သူ႔ ေနာက္ဆုံးက်န္ တိုက္ပြဲဝင္သူေတြကို ဖမ္းဆီးႏိုင္ခဲ့တယ္။

လာ ဟီယဲရာ (La Higuera) ႐ြာမွာ ၁၉၆၇ ေအာက္တိုဘာလ ၉ ရက္ေန႔က ေခ်ကို သတ္ျဖတ္စီရင္ခဲ့ၾကပါတယ္။ ေနာက္ေတာ့ ေနရာေဖာ္မျပတဲ့ လွ်ိဳ႕ဝွက္ေနရာမွာ သူ႔အေလာင္းကို ျမႇဳပ္ႏွံခဲ့ၾကပါတယ္။

၁၉၉၇ ခုႏွစ္မွာေတာ့ သူ႔ေျမပုံေနရာကို ျပန္ရွာေတြ႕ႏိုင္ခဲ့ၿပီး သူ႔အ႐ိုးစု အႂကြင္းအက်န္ေတြကို ျပန္တူးေဖာ္ယူကာ က်ဴးဘားကို ျပန္သယ္ခဲ့ၾကတယ္။ အဲဒီမွာ သူ႔ကို ျပန္လည္ျမႇဳပ္ႏွံခဲ့ၾကပါတယ္။

သူ႔ဘဝအသက္ရွင္စဥ္ခ်ိန္က ေတာ္လွန္ေရး သေဘာထားအျမင္အမ်ိဳးမ်ိဳး ကြဲျပားေစခဲ့သလို လက္ရွိကာလမွာလည္း အဲဒီေတာ္လွန္ေရးနဲ႔ ပတ္သက္တဲ့ အျမင္ေတြက အမ်ိဳးမ်ိဳးရွိၾကဆဲပါ။

သူ႔ကိုေထာက္ခံၾကသူေတြက သူ႔ကို ဇြဲရင့္သန္မႈ၊ ကိုယ္က်ိဳးစြန႔္လႊတ္မႈတို႔ရဲ႕ စံနမူနာအျဖစ္ သတ္မွတ္ၾကၿပီး သူ႔ကို ေဝဖန္သူေတြကေတာ့ ၾကမ္းတမ္းတဲ့၊ ရက္စက္တဲ့သူ အျဖစ္ သေဘာထားၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53195176
ချေဂွေဗားရားတိုက်ခန်း ရောင်းဖို့ ဈေးကွက်တင် ချေဂွေဗားရားတိုက်ခန်း ရောင်းဖို့ ဈေးကွက်တင် Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.