ကျောက်တန်းရွာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ကြေညာ ဒေသခံတွေစိုးရိမ်နေကြ

ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာကို တွေ့ရစဉ် - ဓာတ်ပုံ - မင်းသိန်းအောင်/ RFA
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်လို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြဖို့ဆိုပြီး ပြည်နယ်အစိုးရက အကြောင်းထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကျောက်တန်းကျေးရွာတဝိုက်မှာ နယ် မြေရှင်းလင်းရေးဆောင်ရွက်ဖို့အတွက် အနီးနားရွာတွေကနေ ခေတ္တရှောင်ပေးဖို့ ဒေသခံတွေကို ဇွန်လ ၂၃ ရက်နေ့က အကြောင်းကြားလာတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း က RFA ကိုပြောပါတယ်။

"စာထဲမှာညွှန်ကြားတဲ့အတိုင်းဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် အကြောင်းကြား ပေးပါဆိုလို့ ကျနော်က အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားလိုက်တယ်၊ ပိုပြီးလုံခြုံပေါ့လေ၊ ရေး ထားတာက ကျောက်တန်းနယ်တဝိုက် မြေပုံအညွှန်း ဘယ်လောက်ဘယ်လောက်ဆိုတော့ ဒီမှာက တိုက်နယ် ငါးခု ရှိတယ်လေ၊ ပိုပြီးလုံခြုံအောင် ကျောက်တန်းတိုက်နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံးကို အကြောင်းကြားထားတယ်"

ကျောက်တန်းနဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ AA အဖွဲ့တွေ ဖြန့်ခွဲလှုပ်ရှားနေတဲ့သတင်းတွေ ရထားပြီး သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို လက်ခံမထားကြဖို့နဲ့ အဲဒီရွာတွေမှာ တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်း ဆောင်ရွက်မှာဖြစ်လို့ တိုက်ပွဲဖြစ်ခဲ့ရင် ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာရမှုမရှိအောင် ရွာတွေကနေ ခေတ္တတိမ်းရှောင်နေထိုင်ကြဖို့ အကြောင်းကြားလာတာလို့ သိရပါတယ်။

ဒီလိုအကြောင်းကြားစာမှာ ဘယ်နေ့ဘယ်ရက်အထိ ရှောင်တိမ်းနေကြပါဆိုတာ မပါတာကြောင့် ဒေသ ခံတွေက စစ်တလင်းဖြစ်မှာ မိမိကျေးရွာတွေကို ပြန်မရမှာကို စိုးရိမ်တယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာသား တစ်ဦးက ပြောပါတယ်။

"စစ်မြေပြင်လိုဖြစ်အောင် တပ်ကလုပ်နေတာလို့ထင်တယ်၊ ရှင်းလင်းရေးက ဘယ်လောက်ကြာမလည်း၊ ရှင်းလင်းမယ်ဆို ဘယ်လိုရှင်းလင်းမလည်း၊ ရွာတွေကိုကောမီးရှို့မှာလား၊ အဲတာတွေဘဲ စိုးရိမ်နေရတယ်၊ ကျနော်တို့ဒေသခံတွေအနေနဲ့တော့ အဲလိုမဖြစ်စေချင်ဘူး၊ ကိုယ့်ရွာမှာပဲ ကိုယ်နေချင်တယ်၊ ရှေ့ဆို မိုးရာသီဖြစ်လို့ လယ်တွေမှာ စပါးစိုက်ပျိုးရမယ်"

ဒေသခံတွေမှာ စပါးတွေ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ စက်ပစ္စည်းတွေရှိတာကြောင့် ချက်ချင်းပြောင်းရွှေ့ရ မယ်ဆိုရင် သယ်ဖို့အခက်ရှိပြီး ထားခဲ့မယ်ဆိုရင်လည်း ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဒေသခံကျေးရွာတွေကို စစ်တလင်းဖြစ်စေပြီး အတင်းအဓမ္မရွှေ့ပြောင်းနေတာ ကြောင့် အရပ်ဘက်အဖွဲ့တွေကလည်း ကန့်ကွက်နေကြပါတယ်။

"သူတို့ကတော့ တရားဝင်စာထုတ်ပြီး ဒေသခံတွေကို နေရပ်စွန့်ခွာခိုင်းတာဘဲလေ၊ သူတို့စာ မှာက ခေတ္တခဏလို့တော့ပါတယ်၊ ခေတ္တခဏဆိုတာက အချိန်ဘယ်လောက်လဲ၊ ကြာသွားလို့ရှိရင်ကော နောက်ဆက်တွဲဖြစ်ရပ်တွေကို ဘယ်သူကတာဝန်ယူမလဲ၊ တရားဝင်အသိပေးထားတယ် မထွက် လို့ရှိရင် ထိခိုက်မှုရှိရင် ငါတိုနဲ့မဆိုင်ဘူးဆိုတာမျိုးလုပ်တာက တကယ်ပစ်စလက်ခတ်လုပ်တာမျိုးဘဲ"

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဦးဇော်ဇော်ထွန်းပြော သွားတာပါ။

လက်ရှိရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ လယ် ယာမြေတွေမှာ စိုက်ပျိုးတာတွေမပြုလုပ်နိုင်သလို့ တောတောင်တွေမှာ မှီခိုပြီး ရှာဖွေစားသောက်တဲ့သူ တွေဟာလည်း တောတောင်ထဲမသွားရဲကြဘဲ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပါတယ်။

အခုလို အကြောင်းကြားတာကြောင့် ဒေသခံတွေ ထိခိုက်တာတွေ နည်းနိုင်တာကြောင့် အကောင်းဘက် ကကြည့်ရင် ကောင်းတယ်ပြောရမယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"သူတို့နယ်မြေရှင်းလင်းတဲ့အခါ တိုက်ပွဲဖြစ်နိုင်တယ်၊ ဖြစ်နိုင်တဲ့အတွက် ရွှေ့ထားပေးပါဆိုတာတော့ ဘာဘဲဖြစ်ဖြစ် အကောင်းဘက်ကတော့တွေးရမှာပေါ့လေ၊ တကယ်လို့ တိုက်ပွဲတွေ ဗြုန်းကနဲ ဒိုင်းကနဲဖြစ်လို့ ပြည်သူတွေကိုထိခိုက်သွားရင် ကျမတို့ပြည်သူတွေဘဲ နစ်နာကြရမှာပါ၊ အဲအတွက်ကြောင့် ပြည်သူတွေကို နည်းနည်းရွှေ့ထားပေးဖို့ သူတို့တောင်းဆိုတယ်လို့ဘဲ မြင်ပါတယ်၊ အထိအခိုက် နည်းသွားအောင်ပေါ့နော်"

တပ်မတော်က အခုလိုနယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေရွှေ့ခိုင်းတာဟာ အရင်ကလည်းရှိဖူး ကြောင်း၊ ကြိုတင်ကြေညာပြီးမှ စစ်ဆင်ရေးလုပ်တာကြောင့် အရပ်သားထိခိုက်တယ်ဆိုတဲ့ အငြင်းပွား ဖွယ်ရာတွေ မရှိတော့ဘူးလို့ နိုင်ဆွေဦးက သုံးသပ်ပါတယ်။

" ဒီလိုမျိုးစစ်ဆင်ရေးတော့လုပ်လိုက်တယ် ဘယ်သူမှမသိတာကြောင့် ဒီမှာအရပ်သားကိုထိတယ်၊ အရပ်သားကိုပစ်လိုက်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ၊ စွပ်စွဲတဲ့သတင်းတွေကို  ဒါမျိုးတွေကိုဖြေ ဖျောက်လို့ရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကြေညာပြီးသားဖြစ်သွားပြီ ဒီနယ်မြေသည် ရှင်းလင်း ရေးလုပ်မယ်၊ အဲတော့ အရပ်သားတွေ ကြိုတင်ပြီးလွတ်ရာကို ရှောင်ထားနိုင်ဖို့ဖြစ်တယ်၊ ဒီနယ်မြေမှာ ရင်ဆိုင်ပြီးတွေ့ရပြီဆိုရင်သေချာတယ် ဒါသည်မသင်္ကာစရာလူဖြစ်သွားပြီ အရပ်သားဖြစ်ဖို့ အကြောင်း မရှိတော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ ကြိုတင်ကြေညာပြီးမှ စစ်ဆင်ရေးလုပ်တဲ့အတွက်ကြောင့်မို့"

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်စခန်း ၂၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

RFA Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္တန္း႐ြာတဝိုက္ နယ္ေျမရွင္းလင္းေရးလုပ္မယ္လို႔ ေၾကညာ ေဒသခံေတြစိုးရိမ္ေနၾက

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းတိုက္နယ္ေက်း႐ြာနဲ႔ အနီးတဝိုက္ကေက်း႐ြာေတြမွာ AA အဖြဲ႕နဲ႔ပတ္သက္လို႔ နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္သြားဖို႔ရွိတဲ့အတြက္ ေဒသခံေတြ ေဘးလြတ္ရာကို ေခတၱတိမ္းေရွာင္ေနၾကဖို႔ဆိုၿပီး ျပည္နယ္အစိုးရက အေၾကာင္းထားပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးက ေက်ာက္တန္းေက်း႐ြာတဝိုက္မွာ နယ္ ေျမရွင္းလင္းေရးေဆာင္႐ြက္ဖို႔အတြက္ အနီးနား႐ြာေတြကေန ေခတၱေရွာင္ေပးဖို႔ ေဒသခံေတြကို ဇြန္လ ၂၃ ရက္ေန႔က အေၾကာင္းၾကားလာတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္သိန္း က RFA ကိုေျပာပါတယ္။

"စာထဲမွာၫႊန္ၾကားတဲ့အတိုင္းဘဲ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးမ်ားမွတဆင့္ အေၾကာင္းၾကား ေပးပါဆိုလို႔ က်ေနာ္က အုပ္ခ်ဳပ္ေရးမႉးေတြကို အေၾကာင္းၾကားလိုက္တယ္၊ ပိုၿပီးလုံၿခဳံေပါ့ေလ၊ ေရး ထားတာက ေက်ာက္တန္းနယ္တဝိုက္ ေျမပုံအၫႊန္း ဘယ္ေလာက္ဘယ္ေလာက္ဆိုေတာ့ ဒီမွာက တိုက္နယ္ ငါးခု ရွိတယ္ေလ၊ ပိုၿပီးလုံၿခဳံေအာင္ ေက်ာက္တန္းတိုက္နယ္မွာရွိတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြအားလုံးကို အေၾကာင္းၾကားထားတယ္"

ေက်ာက္တန္းနဲ႔အနီးဝန္းက်င္ ေက်း႐ြာေတြမွာ AA အဖြဲ႕ေတြ ျဖန႔္ခြဲလႈပ္ရွားေနတဲ့သတင္းေတြ ရထားၿပီး သူတို႔နဲ႔ ပတ္သက္ဆက္ႏြယ္သူေတြကို လက္ခံမထားၾကဖို႔နဲ႔ အဲဒီ႐ြာေတြမွာ တပ္မေတာ္စစ္ေၾကာင္း နယ္ေျမရွင္းလင္း ေဆာင္႐ြက္မွာျဖစ္လို႔ တိုက္ပြဲျဖစ္ခဲ့ရင္ ႐ြာသူ႐ြာသားေတြ ထိခိုက္ဒဏ္ရာရမႈမရွိေအာင္ ႐ြာေတြကေန ေခတၱတိမ္းေရွာင္ေနထိုင္ၾကဖို႔ အေၾကာင္းၾကားလာတာလို႔ သိရပါတယ္။

ဒီလိုအေၾကာင္းၾကားစာမွာ ဘယ္ေန႔ဘယ္ရက္အထိ ေရွာင္တိမ္းေနၾကပါဆိုတာ မပါတာေၾကာင့္ ေဒသ ခံေတြက စစ္တလင္းျဖစ္မွာ မိမိေက်း႐ြာေတြကို ျပန္မရမွာကို စိုးရိမ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ေက်ာက္တန္း႐ြာသား တစ္ဦးက ေျပာပါတယ္။

"စစ္ေျမျပင္လိုျဖစ္ေအာင္ တပ္ကလုပ္ေနတာလို႔ထင္တယ္၊ ရွင္းလင္းေရးက ဘယ္ေလာက္ၾကာမလည္း၊ ရွင္းလင္းမယ္ဆို ဘယ္လိုရွင္းလင္းမလည္း၊ ႐ြာေတြကိုေကာမီးရႈိ႕မွာလား၊ အဲတာေတြဘဲ စိုးရိမ္ေနရတယ္၊ က်ေနာ္တို႔ေဒသခံေတြအေနနဲ႔ေတာ့ အဲလိုမျဖစ္ေစခ်င္ဘူး၊ ကိုယ့္႐ြာမွာပဲ ကိုယ္ေနခ်င္တယ္၊ ေရွ႕ဆို မိုးရာသီျဖစ္လို႔ လယ္ေတြမွာ စပါးစိုက္ပ်ိဳးရမယ္"

ေဒသခံေတြမွာ စပါးေတြ၊ ကြၽဲ၊ ႏြား တိရစာၦန္ေတြ၊ စက္ပစၥည္းေတြရွိတာေၾကာင့္ ခ်က္ခ်င္းေျပာင္းေ႐ႊ႕ရ မယ္ဆိုရင္ သယ္ဖို႔အခက္ရွိၿပီး ထားခဲ့မယ္ဆိုရင္လည္း ပ်က္စီးဆုံးရႈံးမွာကို စိုးရိမ္ေနရတယ္လို႔ ေဒသခံ ေတြက ေျပာပါတယ္။

ဒီထုတ္ျပန္ခ်က္ဟာ ေဒသခံေက်း႐ြာေတြကို စစ္တလင္းျဖစ္ေစၿပီး အတင္းအဓမၼေ႐ႊ႕ေျပာင္းေနတာ ေၾကာင့္ အရပ္ဘက္အဖြဲ႕ေတြကလည္း ကန႔္ကြက္ေနၾကပါတယ္။

"သူတို႔ကေတာ့ တရားဝင္စာထုတ္ၿပီး ေဒသခံေတြကို ေနရပ္စြန္႔ခြာခိုင္းတာဘဲေလ၊ သူတို႔စာ မွာက ေခတၱခဏလို႔ေတာ့ပါတယ္၊ ေခတၱခဏဆိုတာက အခ်ိန္ဘယ္ေလာက္လဲ၊ ၾကာသြားလို႔ရွိရင္ေကာ ေနာက္ဆက္တြဲျဖစ္ရပ္ေတြကို ဘယ္သူကတာဝန္ယူမလဲ၊ တရားဝင္အသိေပးထားတယ္ မထြက္ လို႔ရွိရင္ ထိခိုက္မႈရွိရင္ ငါတိုနဲ႔မဆိုင္ဘူးဆိုတာမ်ိဳးလုပ္တာက တကယ္ပစ္စလက္ခတ္လုပ္တာမ်ိဳးဘဲ"

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံးက ဦးေဇာ္ေဇာ္ထြန္းေျပာ သြားတာပါ။

လက္ရွိရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူေတြဟာ လယ္ ယာေျမေတြမွာ စိုက္ပ်ိဳးတာေတြမျပဳလုပ္ႏိုင္သလို႔ ေတာေတာင္ေတြမွာ မွီခိုၿပီး ရွာေဖြစားေသာက္တဲ့သူ ေတြဟာလည္း ေတာေတာင္ထဲမသြားရဲၾကဘဲ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနၾကပါတယ္။

အခုလို အေၾကာင္းၾကားတာေၾကာင့္ ေဒသခံေတြ ထိခိုက္တာေတြ နည္းႏိုင္တာေၾကာင့္ အေကာင္းဘက္ ကၾကည့္ရင္ ေကာင္းတယ္ေျပာရမယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

"သူတို႔နယ္ေျမရွင္းလင္းတဲ့အခါ တိုက္ပြဲျဖစ္ႏိုင္တယ္၊ ျဖစ္ႏိုင္တဲ့အတြက္ ေ႐ႊ႕ထားေပးပါဆိုတာေတာ့ ဘာဘဲျဖစ္ျဖစ္ အေကာင္းဘက္ကေတာ့ေတြးရမွာေပါ့ေလ၊ တကယ္လို႔ တိုက္ပြဲေတြ ျဗဳန္းကနဲ ဒိုင္းကနဲျဖစ္လို႔ ျပည္သူေတြကိုထိခိုက္သြားရင္ က်မတို႔ျပည္သူေတြဘဲ နစ္နာၾကရမွာပါ၊ အဲအတြက္ေၾကာင့္ ျပည္သူေတြကို နည္းနည္းေ႐ႊ႕ထားေပးဖို႔ သူတို႔ေတာင္းဆိုတယ္လို႔ဘဲ ျမင္ပါတယ္၊ အထိအခိုက္ နည္းသြားေအာင္ေပါ့ေနာ္"

တပ္မေတာ္က အခုလိုနယ္ေျမရွင္းလင္းေရးလုပ္ဖို႔ ေဒသခံေတြေ႐ႊ႕ခိုင္းတာဟာ အရင္ကလည္းရွိဖူး ေၾကာင္း၊ ႀကိဳတင္ေၾကညာၿပီးမွ စစ္ဆင္ေရးလုပ္တာေၾကာင့္ အရပ္သားထိခိုက္တယ္ဆိုတဲ့ အျငင္းပြား ဖြယ္ရာေတြ မရွိေတာ့ဘူးလို႔ ႏိုင္ေဆြဦးက သုံးသပ္ပါတယ္။

" ဒီလိုမ်ိဳးစစ္ဆင္ေရးေတာ့လုပ္လိုက္တယ္ ဘယ္သူမွမသိတာေၾကာင့္ ဒီမွာအရပ္သားကိုထိတယ္၊ အရပ္သားကိုပစ္လိုက္တယ္ဆိုတဲ့ အျငင္းပြားမႈေတြ၊ စြပ္စြဲတဲ့သတင္းေတြကို  ဒါမ်ိဳးေတြကိုေျဖ ေဖ်ာက္လို႔ရတယ္၊ ဘာေၾကာင့္လည္းဆိုေတာ့ ေၾကညာၿပီးသားျဖစ္သြားၿပီ ဒီနယ္ေျမသည္ ရွင္းလင္း ေရးလုပ္မယ္၊ အဲေတာ့ အရပ္သားေတြ ႀကိဳတင္ၿပီးလြတ္ရာကို ေရွာင္ထားႏိုင္ဖို႔ျဖစ္တယ္၊ ဒီနယ္ေျမမွာ ရင္ဆိုင္ၿပီးေတြ႕ရၿပီဆိုရင္ေသခ်ာတယ္ ဒါသည္မသကၤာစရာလူျဖစ္သြားၿပီ အရပ္သားျဖစ္ဖို႔ အေၾကာင္း မရွိေတာ့ဘူး၊ ဘာေၾကာင့္လည္းဆိုေတာ့ ႀကိဳတင္ေၾကညာၿပီးမွ စစ္ဆင္ေရးလုပ္တဲ့အတြက္ေၾကာင့္မို႔"

ရေသ့ေတာင္ၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ဇြန္လ ၈ ရက္ေန႔အထိ စစ္ေဘးဒုကၡသည္စခန္း ၂၅ ခုမွာ ခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ ရွစ္ေထာင္ေက်ာ္ရွိတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/rakhine-around-kyauktan-village-evacuate-06262020060326.html
ကျောက်တန်းရွာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ကြေညာ ဒေသခံတွေစိုးရိမ်နေကြ ကျောက်တန်းရွာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ကြေညာ ဒေသခံတွေစိုးရိမ်နေကြ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.