ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နယ်မြေတချို့ Israel နိုင်ငံတွင်းသွတ်သွင်းတော့မည်

Bethlehem မြို့အနားက Efrat အခြေချစခန်း
(Unicode)⤵⤵⤵
အနောက်ဖက်ကမ်းခြေဒေသက ဂျူးအခြေစိုက်စခန်း ၁၃၀ ကျော်ကို အစ္စရေးလ် အချုပ်အခြာ အာဏာအောက် သွတ်သွင်းမယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။ Deal of the Century ရာစုနှစ်သဘောတူညီချက်လို့ခေါ်တဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်မှာ အဲဒီလို သွတ်သွင်းဖို့ကို အဆိုပြုထားတာပါ။ ဒီ အဆိုပြုချက်ကို ပါလက်စတိုင်းတွေက အပြင်းအထန် ကန့်ကွက် နေချိန်မှာပဲ ဂျူး အခြေချတွေထဲ ထောက်ခံသူနဲ့ ကန့်ကွက်သူ ကွဲပြားနေတဲ့အကြောင်း အနောက်ဖက်ကမ်းကနေ Lisa Gradstein က သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။

ပါလက်စတိုင်းမြို့ဖြစ်တဲ့ Bethlehem မြို့အနားက Efrat အခြေချစခန်းရဲ့ မြို့အုပ်ချုပ်ရေးမှူး Oded Revivi ကတော့ နယ်မြေသွတ်သွင်းမှုကို မျှော်လင့်တကြီး စောင့်စားနေသူပါ။ သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ အနောက်ဖက်ကမ်းနယ်မြေ ၃၀ ရာခိုင်နှုန်းကို အစ္စရေးလ် လက်အောက် သွတ်သွင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အပိုင်းတွေဆိုတာတော့ တိတိကျကျ ပြောမထားပါဘူး။

“ထရမ့်ရဲ့ အဆိုပြုချက်ကို လက်မလွတ်သင့်တဲ့ ဧရာမ အခွင့်အရေးကြီးလို့ မြင်ပါတယ်။ ဒီလို အခွင့်အရေးမျိုး ဘယ်အချိန် ထပ်လာမလဲဆိုတာ မသိနိုင်ပါဘူး။”

ပါလက်စတိုင်းတွေကတော့ ဒီလို သွတ်သွင်းရင် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်စရာ အကြောင်း မရှိတဲ့အတွက် အကြမ်းဖက်မှုတွေဆီကို ဦးတည်သွားလိမ့်မယ်လို့ ပြောပါတယ်။ မြို့ဝန် Revivi ကတော့ ဘာမှ မထူးပါဘူးတဲ့။

“ ကျွန်တော်တို့ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ဒါကို အကြောင်းပြစရာ မလိုပါဘူး။ ငြိမ်းချမ်းရေး အစီအစဉ်ကို သုံးပြီး နောက်ထပ် အကြမ်းဖက်မှု တွေ လုပ်မယ်ဆိုတာက ဘာမှ မဆိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။”

Efrat မြို့ခံ တချို့ကတော့ ဒီလို သွတ်သွင်းတာ မဟာဗျူဟာအရ မှားတယ်လို့ဆိုပါတယ်။ ဒီလုပ်ရပ်က ခြစားမှုနဲ့ တရားရင်ဆိုင်နေ ရတဲ့ ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ ကိုယ်ကျိုးအတွက်ပဲ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ ။

“အစ္စရေးလ်နိုင်ငံ လက်ရှိရရှိထားတဲ့ ဆော်ဒီနဲ့ ဆက်ဆံရေး၊ ဂျော်ဒန်နဲ့ ငြိမ်းချမ်းရေး၊ အာရပ်စော်ဘွားများ နိုင်ငံနဲ့ နွေးထွေးလာတဲ့ ဆက်ဆံရေး၊ အမေရိကားက ဒီမိုကရက်တစ်ပါတီနဲ့ ဆက်ဆံရေး၊ ပြီးတော့ ဥရောပက ပြင်သစ်၊ ဂျာမနီတို့နဲ့ ဆက်ဆံရေး အားလုံးနဲ့ ဆက်ဆံရေး ပျက်ယွင်း ဖို့ ဝန်ကြီးချုပ်က လိုလားနေတယ်လို့ ထင်ပါတယ်။ သူထောင်မကျဖို့ အရေး သက်သက် အတွက်လုပ်တာပါ။”

Efrat မြို့ခံတစ်ချို့ကတော့ အစ္စရေးလ် ဥပဒေအောက်မှာ နေရဖို့ကို မျှော်လင့်နေပါတယ်။ သူတို့ ဘဝတွေ ပိုကောင်းလာလိမ့်မယ်လို့လည်း ယူဆနေပါတယ်။

“လုပ်သင့်တာကြာပြီလို့ ထင်နေတာမို့ အခု ကျွန်မ သိပ်ဝမ်းသာမိတယ်။ ဒီမှာ ယာဉ်အန္တရယ် ကင်းရှင်းရေး၊ သဘာဝ ပတ်ဝန်းကျင် ပြဿနာ ဖြေရှင်းရေး၊ တရားရေး အဲဒီလို နေ့စဉ်ကိစ္စတွေမှာ သင့်လျော်တာတွေ မလုပ်နိုင်သေးတာတွေ အများကြီးပါ။ အော်တိုမန် အင်ပါယာ နဲ့ ဗြိတိသျှ အုပ်ချုပ်ရေးအောက်က ဥပဒေတွေ၊ အစ္စရေးလ် စစ်တပ်နဲ့ ဂျော်ဒန် ဥပဒေတွေ ရောပြွန်းတဲ့အောက်မှာ နေနေရပါတယ်။”

Efrat မြို့ပြင်က ဂျူးအခြေချတွေကတော့ သူတို့ အကြောင်းပြချက်နဲ့ သူတို့ ဒီအစီအစဉ်ကို မကြိုက်ကြပြန်ပါဘူး။ အစ္စရေးလ် လက်အောက် မသွင်းတဲ့ ကျန်တဲ့ အနောက်ဖက်ကမ်း ၇၀ ရာခိုင်နှုန်းက နောက်ဆုံးမှာ ပါလက်စတိုင်းနိုင်ငံ ဖြစ်သွားမှာကို သူတို့က စိုးရိမ်နေကြပါတယ်။

“ရာစုနှစ် သဘောတူညီချက်က ကျွန်တော်တို့အတွက် ကောင်းတယ်လို့ မထင်ဘူး။ ဒီ အစီအစဉ်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ပါနေတယ်။ အဲဒီအချက်ကို ကျွန်တော်တို့ သဘောမတူဘူး။ အခြေချ စခန်းတွေအကြား ဘယ်နေရာတွေက မဟာဗျူဟာကျတယ်ဆိုတာကို အစ္စရေးလ်တို့ ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။”

Efrat အခြေချစခန်းက လူတော်တော်များများကတော့ အစ္စရေးလ် အချုပ်အခြာ အာဏာအောက် ရောက်သွားရင် အိမ်သစ်တွေ ပိုများလာမှာဖြစ်သလို လူတွေလာပြီးအခြေချဖို့ အားပေးရာ ရောက်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

ရဲမင်းထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္း နယ္ေျမတခ်ိဳ႕ Israel ႏိုင္ငံတြင္းသြတ္သြင္းေတာ့မည္

အေနာက္ဖက္ကမ္းေျခေဒသက ဂ်ဴးအေျခစိုက္စခန္း ၁၃၀ ေက်ာ္ကို အစၥေရးလ္ အခ်ဳပ္အျခာ အာဏာေအာက္ သြတ္သြင္းမယ္လို႔ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ကေျပာပါတယ္။ Deal of the Century ရာစုႏွစ္သေဘာတူညီခ်က္လို႔ေခၚတဲ့ အေမရိကန္သမၼတထရမ့္ရဲ႕ ၿငိမ္းခ်မ္းေရး အစီအစဥ္မွာ အဲဒီလို သြတ္သြင္းဖို႔ကို အဆိုျပဳထားတာပါ။ ဒီ အဆိုျပဳခ်က္ကို ပါလက္စတိုင္းေတြက အျပင္းအထန္ ကန႔္ကြက္ ေနခ်ိန္မွာပဲ ဂ်ဴး အေျခခ်ေတြထဲ ေထာက္ခံသူနဲ႔ ကန႔္ကြက္သူ ကြဲျပားေနတဲ့အေၾကာင္း အေနာက္ဖက္ကမ္းကေန Lisa Gradstein က သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပမွာပါ။

ပါလက္စတိုင္းၿမိဳ႕ျဖစ္တဲ့ Bethlehem ၿမိဳ႕အနားက Efrat အေျခခ်စခန္းရဲ႕ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Oded Revivi ကေတာ့ နယ္ေျမသြတ္သြင္းမႈကို ေမွ်ာ္လင့္တႀကီး ေစာင့္စားေနသူပါ။ သမၼတထရမ့္ရဲ႕ ၿငိမ္းခ်မ္းေရး အစီအစဥ္အရ အေနာက္ဖက္ကမ္းနယ္ေျမ ၃၀ ရာခိုင္ႏႈန္းကို အစၥေရးလ္ လက္ေအာက္ သြတ္သြင္းမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္အပိုင္းေတြဆိုတာေတာ့ တိတိက်က် ေျပာမထားပါဘူး။

“ထရမ့္ရဲ႕ အဆိုျပဳခ်က္ကို လက္မလြတ္သင့္တဲ့ ဧရာမ အခြင့္အေရးႀကီးလို႔ ျမင္ပါတယ္။ ဒီလို အခြင့္အေရးမ်ိဳး ဘယ္အခ်ိန္ ထပ္လာမလဲဆိုတာ မသိႏိုင္ပါဘူး။”

ပါလက္စတိုင္းေတြကေတာ့ ဒီလို သြတ္သြင္းရင္ ပါလက္စတိုင္းႏိုင္ငံ ေပၚေပါက္စရာ အေၾကာင္း မရွိတဲ့အတြက္ အၾကမ္းဖက္မႈေတြဆီကို ဦးတည္သြားလိမ့္မယ္လို႔ ေျပာပါတယ္။ ၿမိဳ႕ဝန္ Revivi ကေတာ့ ဘာမွ မထူးပါဘူးတဲ့။

“ ကြၽန္ေတာ္တို႔ကို တိုက္ခိုက္သတ္ျဖတ္ဖို႔ ဒါကို အေၾကာင္းျပစရာ မလိုပါဘူး။ ၿငိမ္းခ်မ္းေရး အစီအစဥ္ကို သုံးၿပီး ေနာက္ထပ္ အၾကမ္းဖက္မႈ ေတြ လုပ္မယ္ဆိုတာက ဘာမွ မဆိုင္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုပါ။”

Efrat ၿမိဳ႕ခံ တခ်ိဳ႕ကေတာ့ ဒီလို သြတ္သြင္းတာ မဟာဗ်ဴဟာအရ မွားတယ္လို႔ဆိုပါတယ္။ ဒီလုပ္ရပ္က ျခစားမႈနဲ႔ တရားရင္ဆိုင္ေန ရတဲ့ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ရဲ႕ ကိုယ္က်ိဳးအတြက္ပဲ ျဖစ္ေစလိမ့္မယ္လို႔ ေျပာပါတယ္။ ။

“အစၥေရးလ္ႏိုင္ငံ လက္ရွိရရွိထားတဲ့ ေဆာ္ဒီနဲ႔ ဆက္ဆံေရး၊ ေဂ်ာ္ဒန္နဲ႔ ၿငိမ္းခ်မ္းေရး၊ အာရပ္ေစာ္ဘြားမ်ား ႏိုင္ငံနဲ႔ ေႏြးေထြးလာတဲ့ ဆက္ဆံေရး၊ အေမရိကားက ဒီမိုကရက္တစ္ပါတီနဲ႔ ဆက္ဆံေရး၊ ၿပီးေတာ့ ဥေရာပက ျပင္သစ္၊ ဂ်ာမနီတို႔နဲ႔ ဆက္ဆံေရး အားလုံးနဲ႔ ဆက္ဆံေရး ပ်က္ယြင္း ဖို႔ ဝန္ႀကီးခ်ဳပ္က လိုလားေနတယ္လို႔ ထင္ပါတယ္။ သူေထာင္မက်ဖို႔ အေရး သက္သက္ အတြက္လုပ္တာပါ။”

Efrat ၿမိဳ႕ခံတစ္ခ်ိဳ႕ကေတာ့ အစၥေရးလ္ ဥပေဒေအာက္မွာ ေနရဖို႔ကို ေမွ်ာ္လင့္ေနပါတယ္။ သူတို႔ ဘဝေတြ ပိုေကာင္းလာလိမ့္မယ္လို႔လည္း ယူဆေနပါတယ္။

“လုပ္သင့္တာၾကာၿပီလို႔ ထင္ေနတာမို႔ အခု ကြၽန္မ သိပ္ဝမ္းသာမိတယ္။ ဒီမွာ ယာဥ္အႏၲရယ္ ကင္းရွင္းေရး၊ သဘာဝ ပတ္ဝန္းက်င္ ျပႆနာ ေျဖရွင္းေရး၊ တရားေရး အဲဒီလို ေန႔စဥ္ကိစၥေတြမွာ သင့္ေလ်ာ္တာေတြ မလုပ္ႏိုင္ေသးတာေတြ အမ်ားႀကီးပါ။ ေအာ္တိုမန္ အင္ပါယာ နဲ႔ ၿဗိတိသွ် အုပ္ခ်ဳပ္ေရးေအာက္က ဥပေဒေတြ၊ အစၥေရးလ္ စစ္တပ္နဲ႔ ေဂ်ာ္ဒန္ ဥပေဒေတြ ေရာႁပြန္းတဲ့ေအာက္မွာ ေနေနရပါတယ္။”

Efrat ၿမိဳ႕ျပင္က ဂ်ဴးအေျခခ်ေတြကေတာ့ သူတို႔ အေၾကာင္းျပခ်က္နဲ႔ သူတို႔ ဒီအစီအစဥ္ကို မႀကိဳက္ၾကျပန္ပါဘူး။ အစၥေရးလ္ လက္ေအာက္ မသြင္းတဲ့ က်န္တဲ့ အေနာက္ဖက္ကမ္း ၇၀ ရာခိုင္ႏႈန္းက ေနာက္ဆုံးမွာ ပါလက္စတိုင္းႏိုင္ငံ ျဖစ္သြားမွာကို သူတို႔က စိုးရိမ္ေနၾကပါတယ္။

“ရာစုႏွစ္ သေဘာတူညီခ်က္က ကြၽန္ေတာ္တို႔အတြက္ ေကာင္းတယ္လို႔ မထင္ဘူး။ ဒီ အစီအစဥ္မွာ ပါလက္စတိုင္းႏိုင္ငံ ထူေထာင္ဖို႔ ပါေနတယ္။ အဲဒီအခ်က္ကို ကြၽန္ေတာ္တို႔ သေဘာမတူဘူး။ အေျခခ် စခန္းေတြအၾကား ဘယ္ေနရာေတြက မဟာဗ်ဴဟာက်တယ္ဆိုတာကို အစၥေရးလ္တို႔ ဆုံးျဖတ္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။”

Efrat အေျခခ်စခန္းက လူေတာ္ေတာ္မ်ားမ်ားကေတာ့ အစၥေရးလ္ အခ်ဳပ္အျခာ အာဏာေအာက္ ေရာက္သြားရင္ အိမ္သစ္ေတြ ပိုမ်ားလာမွာျဖစ္သလို လူေတြလာၿပီးအေျခခ်ဖို႔ အားေပးရာ ေရာက္လိမ့္မယ္လို႔လည္း ယုံၾကည္ေနၾကပါတယ္။

ရဲမင္းထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/jewish-setttlers-divided-on-israeli-west-bank-annexation-/5478303.html
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နယ်မြေတချို့ Israel နိုင်ငံတွင်းသွတ်သွင်းတော့မည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နယ်မြေတချို့ Israel နိုင်ငံတွင်းသွတ်သွင်းတော့မည် Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.