အမေရိကန် ဆန္ဒပြပွဲတွေ ပြည်ပနိုင်ငံတွေအထိပျံ့နှံ့

New Zealand နိုင်ငံ Wellington မြို့မှာ ဆန္ဒပြနေကြသူတချို့ (ဇွန် ၀၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်မှာ ရဲလက်ချက်နဲ့ George Floyd သေဆုံးခဲ့ရတာကို ဆန့်ကျင်တဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဒီနေ့လည်း ဆန္ဒပြပွဲတွေလုပ်ကြတာမှာ New Zealand နိုင်ငံ Auckland မြို့မှာ ထောင်နဲ့ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဝါရှင်တန် အိမ်ဖြူတော်အနီး ဆန္ဒပြနေကြတဲ့ လူတချို့ (မေ ၃၁၊ ၂၀၂၀)
အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့ ချီတက်ဆန္ဒပြကြသူတွေက လူမည်းအသက်တွေလည်း တန်ဖိုး ရှိပါတယ်။ တရားမ ျှတမှု မရှိသရွေ့ မငြိမ်းချမ်းနိုင်ဘူး ... စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ကလည်း ဗြိတိန်၊ ကနေဒါ၊ ဘရာဇီးလ် စတဲ့နိုင်ငံတွေမှာ အလားတူ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ အမေရိကန်မှာ လူသေစေတဲ့အထိ ရဲရဲ့လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြနေသူတွေနဲ့ တသားထဲ ရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ လန်ဒန်မြို့လယ်က Trafalgar ရင်ပြင်မှာလည်း ထောင်နဲ့ချီ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

Denmark နိုင်ငံ Copenhagen မြို့တော်မှာလည်း လူမည်းတွေအပေါ် သတ်ဖြတ်နေမှုတွေရပ်ပါဆိုတဲ့ ဆိုင်းပုဒ်တွေကိုင်ဆောင်ပြီး အမေရိကန်သံရုံးရှိရာ ချီတက်ဆန္ဒပြကြပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ရဲကသတ်ဖြတ်တာကို ဘယ်လိုနာမည်တပ်မှာဆိုတဲ့ ဆိုင်းပုဒ်တွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ ဆႏၵျပပြဲေတြ ျပည္ပႏိုင္ငံေတြအထိပ်ံ႕ႏွံ႔

အေမရိကန္မွာ ရဲလက္ခ်က္နဲ႔ George Floyd ေသဆုံးခဲ့ရတာကို ဆန႔္က်င္တဲ့အေနနဲ႔ ကမာၻ႔ႏိုင္ငံေတြမွာ ဒီေန႔လည္း ဆႏၵျပပြဲေတြလုပ္ၾကတာမွာ New Zealand ႏိုင္ငံ Auckland ၿမိဳ႕မွာ ေထာင္နဲ႔ခ်ီ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

အေမရိကန္ေကာင္စစ္ဝန္႐ုံးေရွ႕ ခ်ီတက္ဆႏၵျပၾကသူေတြက လူမည္းအသက္ေတြလည္း တန္ဖိုး ရွိပါတယ္။ တရားမ ွ်တမႈ မရွိသေ႐ြ႕ မၿငိမ္းခ်မ္းႏိုင္ဘူး ... စတဲ့ ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

တနဂၤေႏြေန႔ကလည္း ၿဗိတိန္၊ ကေနဒါ၊ ဘရာဇီးလ္ စတဲ့ႏိုင္ငံေတြမွာ အလားတူ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။ အေမရိကန္မွာ လူေသေစတဲ့အထိ ရဲရဲ႕လုပ္ရပ္ကို ဆန႔္က်င္ဆႏၵျပေနသူေတြနဲ႔ တသားထဲ ရပ္တည္တယ္ဆိုတာ ျပသတဲ့အေနနဲ႔ လန္ဒန္ၿမိဳ႕လယ္က Trafalgar ရင္ျပင္မွာလည္း ေထာင္နဲ႔ခ်ီ စုေဝးဆႏၵျပခဲ့ၾကပါတယ္။

Denmark ႏိုင္ငံ Copenhagen ၿမိဳ႕ေတာ္မွာလည္း လူမည္းေတြအေပၚ သတ္ျဖတ္ေနမႈေတြရပ္ပါဆိုတဲ့ ဆိုင္းပုဒ္ေတြကိုင္ေဆာင္ၿပီး အေမရိကန္သံ႐ုံးရွိရာ ခ်ီတက္ဆႏၵျပၾကပါတယ္။

ဂ်ာမနီႏိုင္ငံမွာလည္း ရဲကသတ္ျဖတ္တာကို ဘယ္လိုနာမည္တပ္မွာဆိုတဲ့ ဆိုင္းပုဒ္ေတြကိုင္ေဆာင္ ဆႏၵျပခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protestes-world-attention/5443975.html
အမေရိကန် ဆန္ဒပြပွဲတွေ ပြည်ပနိုင်ငံတွေအထိပျံ့နှံ့ အမေရိကန် ဆန္ဒပြပွဲတွေ ပြည်ပနိုင်ငံတွေအထိပျံ့နှံ့ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.