ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်


(Unicode)⤵⤵⤵
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးကနေ ဖယ်ရှားရေး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကို တင်ထားတဲ့အဆို နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဒီနေ့ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲ ခွဲရာမှာ ကန့်ကွက်မဲ များတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်။

အဆိုကို မဲမခွဲခင်မှာ ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌက အကြိမ်ကြိမ် သတိပေးခဲ့ရတဲ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး လျှို့ဝှက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၁၃၂ ဦး၊ ကန့်ကွက်သူ ၂၄၃ ဦး ၊ ကြားနေ ၅ မဲ  ရရှိခဲ့ပြီး ထောက်ခံမဲ သုံးပုံ နှစ်ပုံ မရှိတဲ့အတွက် အဆိုအပေါ် အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

"ထောက်ခံဆန္ဒမဲ အရေအတွက်မှာ ၁၃၂ မဲဖြစ်လို့ ဂတိသစ္စာပြုပြီးသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံ က ထောက်ခံခြင်းမရှိတဲ့အတွက် နည်းဥပဒေ ၁၁၉ နည်းဥပဒေခွဲ (က) အရ ယခုအဆိုကို အရေးယူဆောင်ရွက်ရန် မရှိကြောင်း ကြေညာပါတယ်"

ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီအဆိုကို အရေးကြီးအဆိုအဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးက လတ်မှတ်ရေးထိုးခဲ့တာပါ။

တင်သွင်းတဲ့ အဆိုထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို ခွင့်ပြုပေးခဲ့တာ ဥပဒေနဲ့ မညီညွတ်တာ၊  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်ပြခဲ့ပေမယ့် သီးခြား ဆွေးနွေးခွင့်မပေးတာ ၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီမှာ ညှိနှိုင်းဖို့ အဆိုကို ခွင့်မပြုတဲ့ကိစ္စ၊ အိုင်စီဂျေက ကြားဖြတ် အမိန့်ချတဲ့အပေါ် အစိုးရဆောင်ရွက်ချက်တွေ ပြည်သူတွေရှင်းလင်းဖို့အဆိုကို ခွင့်မပြုခဲ့တာ အပါအဝင် ၊ဒသမတန်းသင်ရိုး ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာအပေါ် ကန့်ကွက်ကြောင်း အဆိုကို လွှတ်တော်မှာ  ဆွေးနွေးခွင့် မပြုတာ စတဲ့ အချက်တွေကြောင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တာကြောင့် ရာထူးကနေ ဖယ်ရှားပေးဖို့  အဆိုမှာ ဖော်ပြထားပါတယ်။

အဆိုကိုမဲ မခွဲခင် နှစ်ဘက် ဆွေးနွေးတင်ပြကြာရာမှာ NLD ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်  ဆွေးနွေးခဲ့ကြသလို  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း  အဆိုပေါ်ထောက်ခံကြောင်း အကြိတ်အနှယ် ဆွေးနွေးခဲ့ကြပါတယ်။

NLD ပါတီက ချင်းပြည်နယ် မင်းတပ်မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးနေလင်းအောင်က အဆိုမှာ ပါဝင်တဲ့  ဦးတီခွန်မြတ်အပေါ် စွပ်စွဲထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ “တင်လာသမျှ အရေးကြီး အဆိုတိုင်းကို ခွင့်ပြုရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတာမရှိကြောင်း  အဆိုတွေကို ခွင့်ပြုပိုင်ခွင့် ခွင့်မပြုပိုင်ခွင့် ဟာ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ အတွက် ဦးတီခွန်မြတ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့  အဆိုအပေါ်မှာ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"ဥက္ကဋ္ဌက ဒီတင်လာတဲ့ အရေးကြီး အဆိုတွေကို ခွင့်ပြုရမယ်လို့ တစ်ခွန်းမှမပါဘူး၊ ဒါဟာဥက္ကဋ္ဌရဲ့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားရမယ့် အချက်ကို အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်က ငါတင်တဲ့အဆိုက မှန်တယ် ဘယ်လိုနေနေ ခွင့်ပြုရမယ်လို့ ဒီလိုမပါပါဘူး ၊ ဥက္ကဋ္ဌရဲ့ နည်းဥပဒေအရ ပေးထားတဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဥက္ကဋ္ဌဟာ ဒီလိုတင်ထားတဲ့အဆိုတွေကို ပယ်ချခြင်းဟာ ဥက္ကဋ္ဌ ကြီးဟာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်ဆိုပြီးတော့ ဂုဏ်တောင် ပြုရအုန်းမှာပါ "

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မင်းကင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့အဆိုကို ဥက္ကဋ္ဌအနေနဲ့ လက်ခံပြီး လွှတ်တော်မှာ ဆွေးနွေးပြီး  မဲခွဲလို့ ရှုံးရင် ဒီမိုကရေစီ သဘောတရားအရ လက်ခံကြောင်း အခုက အဆိုတွေကို လက်မခံဘဲ ခွင့်မပြုခဲ့တာဟာ သံသယဖြစ်စရာရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ဖယ်ရှားရေး အဆိုအပေါ် ထောက်ခံ ဆွေးနွေးပါတယ်။

"အမျိုးသား အကျိုးစီးပွားကာကွယ်ပေးနိုင်တဲ့ မေးခွန်းတွေကို လွှတ်တော်ပလက်ဖောင်းကနေ တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် မေးမြန်းဖို့ကြိုးစားပေမယ့် ဒါကို ပိတ်ပင်တာဟာ အမျိုးသားအကျိုးစီးပွားကို မကာကွယ်နိုင်အောင် လုပ်တာ ၊ လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ လုပ်ပိုင်ခွင့်ကို တလွဲ အသုံးချခြင်းသာဖြစ်တယ်လို့ပြောကြားလိုပါတယ်။ ဖြစ်သင့်တာကတော့ အဆိုကို လက်ခံ တင်ပြခွင့်ပြု ကျတော်တို့ဆွေးနွေး မဲခွဲလို့ မရဘူးဆိုရင် ဒါကို ဒီမိုကရေစီသဘောတရားအရ လက်ခံပါတယ် အခုက အဆိုကို ဆွေးနွေးတင်ပြခွင့်တောင် မပြုတာဟာ ဥက္ကဋ္ဌဟာ သူ့သဘောနဲ့ လုပ်တာဟုတ်ရဲ့လားလို့ သံသယဖြစ်မိပါတယ် "

ဒီနေ့ အဆိုကို တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦး NLD ပါတီက  ကိုယ်စားလှယ် ၁၁ ဦး ၊ USDP ပါတီကကိုယ်စားလှယ်  ငါးဦး၊  အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ဦးစိန်ဝင်းနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ က ကိုယ်စားလှယ် ဦးလမာနော်အောင်တို့က ဆွေးနွေးခဲ့ကြတာပါ။

အဆိုအပေါ် ကိုယ်စားလှယ် တချို့ရဲ့ ဆွေးနွေးချက်တွေအပေါ်  ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဥပဒေနဲ့မညီတဲ့အတွက်  ချက်ခြင်း စိစစ်ဖြတ်တောက်တာတွေရှိခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို သတိပေးခဲ့သလို ကိုယ်စားလှယ် တစ်ဦးကိုလည်း နှစ်ကြိမ်တိုင် တားမြစ်ခဲ့ပါတယ်။

NLD ပါတီက ထန်းတစ်ပင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးနေမျိုးထွန်းရဲ့ ဆွေးနွေးချက်ထဲမှာ ဒီအဆိုတင်တဲ့ သူတွေကို  မရိုးဖြောင့်သော ဆိုတဲ့ စကားရပ်သုံးနှုန်းတဲ့အတွက်  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက  မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုလည်း ပြည်သူ့လွှတ်တော် နည်းဥပဒေပုဒ်မ ၁၆၀ ကိုချိုးဖောက်ဆွေးနွေးခဲ့တယ် ဆိုပြီး လွှတ်တော်ဒုဥက္ကဋ္ဌက သတိပေးခဲ့သလို  အဆိုနဲ့ မသက်ဆိုင်တာတွေကို ဆွေးနွေးလို့ ဆိုပြီး မအူပင်မဲဆန္ဒနယ်က ဦးစိန်ဝင်းကိုလည်း လွှတ်တော်ဒုဥက္ကဋ္ဌက နှစ်ကြိမ်တိုင်တားမြစ်ခဲ့တာကို  တွေ့ရပါတယ်။

NLD ပါတီက ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့ ဆွေးနွေးချက်မှာလည်း တစ်ဖက်အဆိုတင်တဲ့ အဖွဲ့အစည်းတွေကို ထိခိုက်တဲ့ ဂုဏ်သိက္ခာကျစေတဲ့ ပြောဆိုမှုတွေ ပါတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးမောင်မြင့်က ထကန့်ကွက်ခဲ့ကာ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ဒုဥက္ကဋ္ဌကို တောင်းဆိုခဲ့ပါတယ်။  လွှတ်တော်ဒုဥက္ကဋ္ဌက ပယ်ဖျက်ပေးမယ် ပြောပေမယ့် ထပ်မံ ကန့်ကွက်လိုတဲ့အတွက် မိုက်တောင်းရာမှာ ကိုယ်စားလှယ် ဦးမောင်မြင့်ကို လွှတ်တော်ဒုဥက္ကဋ္ဌက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

ဒီနေ့ဟာ ဒုတိယအကြိမ် ၁၆ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။

သက်စုအောင်၊ သီဟထွန်း / RFA Burmese
------------------------------------------------------

(Zawgyi)⤵⤵⤵
ဦးတီခြန္ျမတ္ကို ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ရာထူးက ဖယ္ရွားေရးအဆို လႊတ္ေတာ္မွာ ရႈံးနိမ့္

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို ရာထူးကေန ဖယ္ရွားေရး ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ကို တင္ထားတဲ့အဆို နဲ႔ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္မွာ ဒီေန႔ စက္ခလုတ္ႏွိပ္ၿပီး လွ်ိဳ႕ဝွက္ဆႏၵမဲ ခြဲရာမွာ ကန႔္ကြက္မဲ မ်ားတဲ့အတြက္ အဆို ရႈံးနိမ့္သြားပါတယ္။

အဆိုကို မဲမခြဲခင္မွာ ကိုယ္စားလွယ္ ၂၄ ဦးက ေဆြးေႏြးခဲ့ၾကၿပီး ဒုတိယဥကၠ႒က အႀကိမ္ႀကိမ္ သတိေပးခဲ့ရတဲ့အထိ အႀကိတ္အနယ္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒီအဆိုနဲ႔ ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ မဲခြဲဆုံးျဖတ္ရာမွာ ေထာက္ခံသူ ၁၃၂ ဦး၊ ကန႔္ကြက္သူ ၂၄၃ ဦး ၊ ၾကားေန ၅ မဲ  ရရွိခဲ့ၿပီး ေထာက္ခံမဲ သုံးပုံ ႏွစ္ပုံ မရွိတဲ့အတြက္ အဆိုအေပၚ အေရးယူေဆာင္႐ြက္ဖို႔ မရွိေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးထြန္းထြန္းဟိန္က ဒီေန႔ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေၾကညာခဲ့ပါတယ္။

"ေထာက္ခံဆႏၵမဲ အေရအတြက္မွာ ၁၃၂ မဲျဖစ္လို႔ ဂတိသစၥာျပဳၿပီးသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ဦးေရရဲ႕ အနည္းဆုံး သုံးပုံ ႏွစ္ပုံ က ေထာက္ခံျခင္းမရွိတဲ့အတြက္ နည္းဥပေဒ ၁၁၉ နည္းဥပေဒခြဲ (က) အရ ယခုအဆိုကို အေရးယူေဆာင္႐ြက္ရန္ မရွိေၾကာင္း ေၾကညာပါတယ္"

ဒီအဆိုကို ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ မိုင္းပ်ဥ္းမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းစိန္က တင္သြင္းခဲ့တာျဖစ္ၿပီး အဲဒီအဆိုကို အေရးႀကီးအဆိုအျဖစ္ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၀ ဦးက လတ္မွတ္ေရးထိုးခဲ့တာပါ။

တင္သြင္းတဲ့ အဆိုထဲမွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ဟာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ပူးေပါင္းေကာ္မတီဖြဲ႕ဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ကို ခြင့္ျပဳေပးခဲ့တာ ဥပေဒနဲ႔ မညီၫြတ္တာ၊  ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဥပေဒနဲ႔အညီ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒၾကမ္းေတြ တင္ျပခဲ့ေပမယ့္ သီးျခား ေဆြးေႏြးခြင့္မေပးတာ ၊ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီမွာ ညႇိႏႈိင္းဖို႔ အဆိုကို ခြင့္မျပဳတဲ့ကိစၥ၊ အိုင္စီေဂ်က ၾကားျဖတ္ အမိန႔္ခ်တဲ့အေပၚ အစိုးရေဆာင္႐ြက္ခ်က္ေတြ ျပည္သူေတြရွင္းလင္းဖို႔အဆိုကို ခြင့္မျပဳခဲ့တာ အပါအဝင္ ၊ဒသမတန္းသင္႐ိုး ဘဝတြက္တာကြၽမ္းက်င္စရာ ဘာသာရပ္မွာအေပၚ ကန႔္ကြက္ေၾကာင္း အဆိုကို လႊတ္ေတာ္မွာ  ေဆြးေႏြးခြင့္ မျပဳတာ စတဲ့ အခ်က္ေတြေၾကာင့္  ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ တာဝန္ကို ေက်ပြန္ေအာင္ မထမ္းေဆာင္ႏိုင္တာေၾကာင့္ ရာထူးကေန ဖယ္ရွားေပးဖို႔  အဆိုမွာ ေဖာ္ျပထားပါတယ္။

အဆိုကိုမဲ မခြဲခင္ ႏွစ္ဘက္ ေဆြးေႏြးတင္ျပၾကာရာမွာ NLD ကိုယ္စားလွယ္ေတြက အျပင္းအထန္ ကန႔္ကြက္  ေဆြးေႏြးခဲ့ၾကသလို  တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း  အဆိုေပၚေထာက္ခံေၾကာင္း အႀကိတ္အႏွယ္ ေဆြးေႏြးခဲ့ၾကပါတယ္။

NLD ပါတီက ခ်င္းျပည္နယ္ မင္းတပ္မဲဆႏၵနယ္က ကိုယ္စားလွယ္ ဦးေနလင္းေအာင္က အဆိုမွာ ပါဝင္တဲ့  ဦးတီခြန္ျမတ္အေပၚ စြပ္စြဲထားတဲ့ အခ်က္ေတြနဲ႔ ပတ္သက္လို႔ “တင္လာသမွ် အေရးႀကီး အဆိုတိုင္းကို ခြင့္ျပဳရမယ္လို႔ ဥပေဒမွာ ျပဌာန္းထားတာမရွိေၾကာင္း  အဆိုေတြကို ခြင့္ျပဳပိုင္ခြင့္ ခြင့္မျပဳပိုင္ခြင့္ ဟာ  ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ရဲ႕ လုပ္ပိုင္ခြင့္ျဖစ္တဲ့ အတြက္ ဦးတီခြန္ျမတ္ဟာ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ခဲ့တာ ျဖစ္တယ္လို႔  အဆိုအေပၚမွာ ကန႔္ကြက္ေဆြးေႏြးခဲ့ပါတယ္။

"ဥကၠ႒က ဒီတင္လာတဲ့ အေရးႀကီး အဆိုေတြကို ခြင့္ျပဳရမယ္လို႔ တစ္ခြန္းမွမပါဘူး၊ ဒါဟာဥကၠ႒ရဲ႕ ဆင္ျခင္တုံတရားနဲ႔ စဥ္းစားရမယ့္ အခ်က္ကို အဆိုတင္သြင္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္က ငါတင္တဲ့အဆိုက မွန္တယ္ ဘယ္လိုေနေန ခြင့္ျပဳရမယ္လို႔ ဒီလိုမပါပါဘူး ၊ ဥကၠ႒ရဲ႕ နည္းဥပေဒအရ ေပးထားတဲ့ လုပ္ပိုင္ခြင့္ထဲကေန ဥကၠ႒ဟာ ဒီလိုတင္ထားတဲ့အဆိုေတြကို ပယ္ခ်ျခင္းဟာ ဥကၠ႒ ႀကီးဟာ ေပးအပ္တဲ့ တာဝန္ကို ေက်ပြန္ေအာင္ထမ္းေဆာင္တယ္ဆိုၿပီးေတာ့ ဂုဏ္ေတာင္ ျပဳရအုန္းမွာပါ "

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက မင္းကင္းမဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တင္ျပလာတဲ့အဆိုကို ဥကၠ႒အေနနဲ႔ လက္ခံၿပီး လႊတ္ေတာ္မွာ ေဆြးေႏြးၿပီး  မဲခြဲလို႔ ရႈံးရင္ ဒီမိုကေရစီ သေဘာတရားအရ လက္ခံေၾကာင္း အခုက အဆိုေတြကို လက္မခံဘဲ ခြင့္မျပဳခဲ့တာဟာ သံသယျဖစ္စရာရွိေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ကို တာဝန္က ဖယ္ရွားေရး အဆိုအေပၚ ေထာက္ခံ ေဆြးေႏြးပါတယ္။

"အမ်ိဳးသား အက်ိဳးစီးပြားကာကြယ္ေပးႏိုင္တဲ့ ေမးခြန္းေတြကို လႊတ္ေတာ္ပလက္ေဖာင္းကေန တိုင္းသိျပည္သိ ကမာၻသိျဖစ္ေအာင္ ေမးျမန္းဖို႔ႀကိဳးစားေပမယ့္ ဒါကို ပိတ္ပင္တာဟာ အမ်ိဳးသားအက်ိဳးစီးပြားကို မကာကြယ္ႏိုင္ေအာင္ လုပ္တာ ၊ လႊတ္ေတာ္ဥကၠ႒ႀကီးရဲ႕ လုပ္ပိုင္ခြင့္ကို တလြဲ အသုံးခ်ျခင္းသာျဖစ္တယ္လို႔ေျပာၾကားလိုပါတယ္။ ျဖစ္သင့္တာကေတာ့ အဆိုကို လက္ခံ တင္ျပခြင့္ျပဳ က်ေတာ္တို႔ေဆြးေႏြး မဲခြဲလို႔ မရဘူးဆိုရင္ ဒါကို ဒီမိုကေရစီသေဘာတရားအရ လက္ခံပါတယ္ အခုက အဆိုကို ေဆြးေႏြးတင္ျပခြင့္ေတာင္ မျပဳတာဟာ ဥကၠ႒ဟာ သူ႔သေဘာနဲ႔ လုပ္တာဟုတ္ရဲ႕လားလို႔ သံသယျဖစ္မိပါတယ္ "

ဒီေန႔ အဆိုကို တပ္မေတာ္သားကိုယ္စားလွယ္ ေျခာက္ဦး NLD ပါတီက  ကိုယ္စားလွယ္ ၁၁ ဦး ၊ USDP ပါတီကကိုယ္စားလွယ္  ငါးဦး၊  အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီက ကိုယ္စားလွယ္ ဦးစိန္ဝင္းနဲ႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ က ကိုယ္စားလွယ္ ဦးလမာေနာ္ေအာင္တို႔က ေဆြးေႏြးခဲ့ၾကတာပါ။

အဆိုအေပၚ ကိုယ္စားလွယ္ တခ်ိဳ႕ရဲ႕ ေဆြးေႏြးခ်က္ေတြအေပၚ  ျပည္သူ႔လႊတ္ေတာ္ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္က ဥပေဒနဲ႔မညီတဲ့အတြက္  ခ်က္ျခင္း စိစစ္ျဖတ္ေတာက္တာေတြရွိခဲ့ၿပီး တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးကို သတိေပးခဲ့သလို ကိုယ္စားလွယ္ တစ္ဦးကိုလည္း ႏွစ္ႀကိမ္တိုင္ တားျမစ္ခဲ့ပါတယ္။

NLD ပါတီက ထန္းတစ္ပင္ မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေနမ်ိဳးထြန္းရဲ႕ ေဆြးေႏြးခ်က္ထဲမွာ ဒီအဆိုတင္တဲ့ သူေတြကို  မ႐ိုးေျဖာင့္ေသာ ဆိုတဲ့ စကားရပ္သုံးႏႈန္းတဲ့အတြက္  ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ ဦးေသာင္းေအးက  မတ္တပ္ရပ္ကန႔္ကြက္ခဲ့ၿပီး တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးကိုလည္း ျပည္သူ႔လႊတ္ေတာ္ နည္းဥပေဒပုဒ္မ ၁၆၀ ကိုခ်ိဳးေဖာက္ေဆြးေႏြးခဲ့တယ္ ဆိုၿပီး လႊတ္ေတာ္ဒုဥကၠ႒က သတိေပးခဲ့သလို  အဆိုနဲ႔ မသက္ဆိုင္တာေတြကို ေဆြးေႏြးလို႔ ဆိုၿပီး မအူပင္မဲဆႏၵနယ္က ဦးစိန္ဝင္းကိုလည္း လႊတ္ေတာ္ဒုဥကၠ႒က ႏွစ္ႀကိမ္တိုင္တားျမစ္ခဲ့တာကို  ေတြ႕ရပါတယ္။

NLD ပါတီက ကိုယ္စားလွယ္ ေဒါက္တာလွမိုးရဲ႕ ေဆြးေႏြးခ်က္မွာလည္း တစ္ဖက္အဆိုတင္တဲ့ အဖြဲ႕အစည္းေတြကို ထိခိုက္တဲ့ ဂုဏ္သိကၡာက်ေစတဲ့ ေျပာဆိုမႈေတြ ပါတယ္ဆိုၿပီး ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ ဦးေမာင္ျမင့္က ထကန႔္ကြက္ခဲ့ကာ လႊတ္ေတာ္မွတ္တမ္းကေန ပယ္ဖ်က္ေပးဖို႔ လႊတ္ေတာ္ဒုဥကၠ႒ကို ေတာင္းဆိုခဲ့ပါတယ္။  လႊတ္ေတာ္ဒုဥကၠ႒က ပယ္ဖ်က္ေပးမယ္ ေျပာေပမယ့္ ထပ္မံ ကန႔္ကြက္လိုတဲ့အတြက္ မိုက္ေတာင္းရာမွာ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ကို လႊတ္ေတာ္ဒုဥကၠ႒က ျပင္းျပင္းထန္ထန္ သတိေပးခဲ့ပါတယ္။

ဒီေန႔ဟာ ဒုတိယအႀကိမ္ ၁၆ ႀကိမ္ေျမာက္ ျပည္သူ႔လႊတ္ေတာ္ပုံမွန္အစည္းအေဝး ေနာက္ဆုံးေန႔လည္း ျဖစ္ပါတယ္။

သက္စုေအာင္၊ သီဟထြန္း / RFA Burmese
https://www.rfa.org/burmese/news/removal-of-ti-khun-myat-defeated-06012020065444.html
ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့် ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့် Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.