အမေရိကန်တဝန်း ၆ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ပွား

ဝါရှင်တန်မြို့ သမ္မတအိမ်ဖြူအနီးမှာ ဆန္ဒပြနေသူတချို့။ (မေ ၃၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ရဲဖမ်းဆီးစဉ်အတွင်း African American အမျိုးသား George Floyd သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက တနင်္ဂနွေနေ့ညကလည်း ၆ ည ဆက်တိုက်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေဟာ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းရှိပေမဲ့ တချို့က အကြမ်းဖက် မီးရှို့ဖျက်စီးတာ၊ ဆိုင်တွေကို ဖျက်စီး၊ ဝင်ရောက်လုယက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဝါရှင်တန်မြို့တော်အပြင် Los Angeles, Chicago, Miami, Detroit၊ Philadelphia စတဲ့ မြို့ပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြပါတယ်။

Virginia နဲ့ Texas ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ San Francisco မြို့တော်ဝန်အပါအဝင် မြို့ကြီးတချို့က မြို့တော်ဝန်တွေကလည်း ည မထွက်ရအမိန့်ကို အချိန်အကန့်အသတ် မရှိထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာတော့ ရဲတွေက ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေ သုံး လူစုခွဲခဲ့ပါတယ်။ New York မြို့မှာတော့ ညမထွက်ရအမိန့် ထုတ်မထားပါဘူး။

New York မှာနေ့ခင်းဘက် ဆန္ဒပြမှုတွေကို ရဲက ခပ်လှမ်းလှမ်းကပဲ စောင့်ကြည့်ပေမဲ့ ညဘက်မှာတော့ ရဲအရာရှိတွေက လူစုလူဝေးတွေကို ဖမ်းဆီးရှင်းလင်းမှုတွေရှိသလို ဆန္ဒပြသူတွေကလည်း အရာဝတ္တုတွေနဲ့ ရဲတွေကို ပြန်ပစ်ပေါက်ခဲ့ကြပါတယ်။

Minneapolis မြို့မှာ အသက် ၄၆ နှစ်အရွယ် လူမည်း George Floyd ကို ငွေအတုသုံး လိမ်ညာလို့ဆိုပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲက ဖမ်းဆီးစဉ်အတွင်း လက်နောက်ပြန်လက်ထိပ်ခတ်ပြီး မြေကြီးပေါ် မှောက်ယက်ထားတဲ့ Floyd ရဲ့ လည်ပင်းပေါ်ကို လူဖြူရဲအရာရှိတယောက်က ၈ မိနစ်ကျော်ကြာအောင် ဒူးနဲ့ဖိထားခဲ့တာပါ။ Floyd က သူအသက်မရှူနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောသံကြားရတဲ့ Video ထွက်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က စလို့ ဆန္ဒပြမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္တဝန္း ၆ ရက္ဆက္တိုက္ ဆႏၵျပပြဲေတြျဖစ္ပြား

အေမရိကန္ျပည္ေထာင္စုမွာ ရဲဖမ္းဆီးစဥ္အတြင္း African American အမ်ိဳးသား George Floyd ေသဆုံးခဲ့ရမႈအေပၚ စိတ္ဆိုးေဒါသထြက္ေနၾကသူေတြက တနဂၤေႏြေန႔ညကလည္း ၆ ည ဆက္တိုက္အျဖစ္ ဆႏၵျပခဲ့ၾကပါတယ္။

ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပမႈေတြဟာ အမ်ားအားျဖင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိေပမဲ့ တခ်ိဳ႕က အၾကမ္းဖက္ မီးရႈိ႕ဖ်က္စီးတာ၊ ဆိုင္ေတြကို ဖ်က္စီး၊ ဝင္ေရာက္လုယက္တာေတြ ျဖစ္ခဲ့ပါတယ္။ ဝါရွင္တန္ၿမိဳ႕ေတာ္အျပင္ Los Angeles, Chicago, Miami, Detroit၊ Philadelphia စတဲ့ ၿမိဳ႕ေပါင္း ၄၀ ထက္မနည္းမွာ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားၾကပါတယ္။

Virginia နဲ႔ Texas ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ အေရးေပၚ အေျခအေန ထုတ္ျပန္ထားပါတယ္။ San Francisco ၿမိဳ႕ေတာ္ဝန္အပါအဝင္ ၿမိဳ႕ႀကီးတခ်ိဳ႕က ၿမိဳ႕ေတာ္ဝန္ေတြကလည္း ည မထြက္ရအမိန႔္ကို အခ်ိန္အကန႔္အသတ္ မရွိထုတ္ျပန္ထားတယ္လို႔ ေျပာပါတယ္။

ဆႏၵျပသူေတြနဲ႔ ရဲေတြ ထိပ္တိုက္ေတြ႕ ပဋိပကၡျဖစ္တဲ့ေနရာေတြမွာေတာ့ ရဲေတြက ရာဘာက်ည္ေတြ မ်က္ရည္ယိုဗုံးေတြ သုံး လူစုခြဲခဲ့ပါတယ္။ New York ၿမိဳ႕မွာေတာ့ ညမထြက္ရအမိန႔္ ထုတ္မထားပါဘူး။

New York မွာေန႔ခင္းဘက္ ဆႏၵျပမႈေတြကို ရဲက ခပ္လွမ္းလွမ္းကပဲ ေစာင့္ၾကည့္ေပမဲ့ ညဘက္မွာေတာ့ ရဲအရာရွိေတြက လူစုလူေဝးေတြကို ဖမ္းဆီးရွင္းလင္းမႈေတြရွိသလို ဆႏၵျပသူေတြကလည္း အရာဝတၱဳေတြနဲ႔ ရဲေတြကို ျပန္ပစ္ေပါက္ခဲ့ၾကပါတယ္။

Minneapolis ၿမိဳ႕မွာ အသက္ ၄၆ ႏွစ္အ႐ြယ္ လူမည္း George Floyd ကို ေငြအတုသုံး လိမ္ညာလို႔ဆိုၿပီး ၿပီးခဲ့တဲ့ တနလၤာေန႔က ရဲက ဖမ္းဆီးစဥ္အတြင္း လက္ေနာက္ျပန္လက္ထိပ္ခတ္ၿပီး ေျမႀကီးေပၚ ေမွာက္ယက္ထားတဲ့ Floyd ရဲ႕ လည္ပင္းေပၚကို လူျဖဴရဲအရာရွိတေယာက္က ၈ မိနစ္ေက်ာ္ၾကာေအာင္ ဒူးနဲ႔ဖိထားခဲ့တာပါ။ Floyd က သူအသက္မရႉႏိုင္ဘူးလို႔ အႀကိမ္ႀကိမ္ေျပာသံၾကားရတဲ့ Video ထြက္ေပၚလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ အဂၤါေန႔က စလို႔ ဆႏၵျပမႈေတြ စတင္ခဲ့တာျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-police-african-american-death-protest/5444073.html
အမေရိကန်တဝန်း ၆ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ပွား အမေရိကန်တဝန်း ၆ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေဖြစ်ပွား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.