ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး


(Unicode)⤵⤵⤵
 ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်  မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF က ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ဒီစီမှာ မနေ့က ပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  ၂၀၁၉ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးပွားနေတာ တွေ့ရကြောင်းနဲ့ အခုနှစ် ကိုရိုနာကပ်ရောဂါ  ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးလာတာတွေ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောခဲ့ပါတယ်။

အခုနှစ်မှာ အမေရိကန်အစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အိုင်စီဂျေ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ဒါဟာ ရဲဝံ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလစောပိုင်းကတင်ပဲ အမေရိကန် အစိုးရအဖွဲ့ တစ်ခုလုံးအနေနဲ့  ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ တိုးတက်အောင်  ဦးစားပေးလုပ်ဆောင်ဖို  သီးသန့် ညွှန်ကြားချက် တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန အနေနဲ့လည်း အခုနှစ်မှာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ကို  ဖွဲ့စည်းနိုင်ခဲ့သလို၊  အမေရိကန်သံတမန်တွေကို ဘာသာရေး လွတ်လပ်ခွင့်အရေးနဲ့ ပက်သက်လို့ နက်နက်နဲနဲ နားလည်သိရှိစေဖို့ သင်တန်းပို့ချနေတယ်လို့လည်း  နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောခဲ့ပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samuel Brownback က ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပက်သက်လို့ စိုးရိမ်ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ရိုဟင်ဂျာ အကျဉ်းသား တစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဟာ  ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

၂ဝ၁၉ အတွက် ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့  နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ  မြန်မာနိုင်ငံကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗီးယားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထားဖို့ အမေရိကန်အစိုးရကို  အကြံပြုထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF  ရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ နိုင်ငံအနှံ့ ဆက်ဖြစ်နေပြီး၊ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်ခံနေရကြောင်း၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက ခရစ်ယာန် ဘာသာဝင်တွေ အပေါ်မှာလည်း တပ်မတော်နဲ UWSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေ ကြုံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ လူနည်းစုတွေနဲ့ ပက်သက်ပြီး သတင်းအမှား ဖြန့်ချိမှုနဲ့ အမုန်းစကား ဖြန့်ချိမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေတာတွေ့ရကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်း ရှိမရှိ တရားဝင် ထုတ်ပြန်ပေးဖို့လည်း အကြံပြုထားပါတယ်။

(ရဲခေါင်မြင့်မောင်) / RFA Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
႐ိုဟင္ဂ်ာအေရး ဂမ္ဘီယာရဲ႕လုပ္ေဆာင္ခ်က္ကို အေမရိကန္ ခ်ီးက်ဴး

 ၿပီးခဲ့တဲ့ႏွစ္က ဂမ္ဘီယာႏိုင္ငံဟာ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္  ျမန္မာႏိုင္ငံကို ICJ ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲဆိုၿပီး ႐ုံးတင္စစ္ေဆးႏိုင္ခဲ့တာဟာ အျပဳသေဘာေဆာင္တဲ့ ေအာင္ျမင္မႈ တစ္ခုျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ခ္ ပြန္ပီယိုက မေန႔က ျပဳလုပ္တဲ့ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ ထုတ္ျပန္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ ေကာ္မရွင္ USCIRF က ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံကို ဘာသာေရး လြတ္လပ္ခြင့္မရွိတဲ့ စိုးရိမ္ပူပန္ရတဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ဆက္ၿပီး သတ္မွတ္ထားတာ ေတြ႕ရပါတယ္။

၀ါရွင္တန္ဒီစီမွာ မေန႔က ျပဳလုပ္တဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕  ၂၀၁၉ ခုႏွစ္အတြက္ ဘာသာေရး လြတ္လပ္ခြင့္ အစီရင္ခံစာ ထုတ္ျပန္တဲ့  သတင္းစာရွင္းလင္းပြဲမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ကမာၻတစ္ဝွမ္းမွာ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြ တိုးပြားေနတာ ေတြ႕ရေၾကာင္းနဲ႔ အခုႏွစ္ ကို႐ိုနာကပ္ေရာဂါ  ျဖစ္ပြားေနတဲ့ ကာလအတြင္းမွာ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြ တိုးလာတာေတြ႕ရေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုက ေျပာခဲ့ပါတယ္။

အခုႏွစ္မွာ အေမရိကန္အစိုးရက ဖြဲ႕စည္းလိုက္တဲ့ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ မဟာမိတ္အဖြဲ႕ အဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံဟာ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံကို အိုင္စီေဂ် ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲဆိုခဲ့ၿပီး ဒါဟာ ရဲဝံ့တဲ့ လုပ္ေဆာင္ခ်က္ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ခ္ ပြန္ပီယိုက ေျပာပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ အခုလေစာပိုင္းကတင္ပဲ အေမရိကန္ အစိုးရအဖြဲ႕ တစ္ခုလုံးအေနနဲ႔  ဘာသာေရးလြတ္လပ္ခြင့္အေျခအေန တိုးတက္ေအာင္  ဦးစားေပးလုပ္ေဆာင္ဖို  သီးသန႔္ ၫႊန္ၾကားခ်က္ တစ္ခုကို လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ေၾကာင္း၊ အေမရိကန္ႏိုင္ငံျခားေရးဌာန အေနနဲ႔လည္း အခုႏွစ္မွာ ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ မဟာမိတ္အဖြဲ႕ကို  ဖြဲ႕စည္းႏိုင္ခဲ့သလို၊  အေမရိကန္သံတမန္ေတြကို ဘာသာေရး လြတ္လပ္ခြင့္အေရးနဲ႔ ပက္သက္လို႔ နက္နက္နဲနဲ နားလည္သိရွိေစဖို႔ သင္တန္းပို႔ခ်ေနတယ္လို႔လည္း  ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ခ္ ပြန္ပီယိုက ေျပာခဲ့ပါတယ္။

ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Samuel Brownback က ဘာသာေရးလြတ္လပ္ခြင့္နဲ႔ ပက္သက္လို႔ စိုးရိမ္ရတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ အခုႏွစ္အတြင္း ႐ိုဟင္ဂ်ာ အက်ဥ္းသား တစ္ေထာင္ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တာဟာ  ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုျဖစ္တယ္လို႔ ေျပာပါတယ္။

၂ဝ၁၉ အတြက္ ထုတ္ျပန္တဲ့ အေမရိကန္အစိုးရရဲ႕  ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ  ျမန္မာႏိုင္ငံကို တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ ေျမာက္ကိုရီးယား၊ အီရန္၊ ပါကစၥတန္၊ ေဆာ္ဒီအာေရဗီးယားနဲ႔ ဗီယက္နမ္ စတဲ့ ႏိုင္ငံေတြနဲ႔အတူ ဘာသာေရးလြတ္လပ္ခြင့္ အေျခအေန စိုးရိမ္ပူပန္ရတဲ့ ႏိုင္ငံစာရင္းမွာ ဆက္လက္ထည့္သြင္းထားဖို႔ အေမရိကန္အစိုးရကို  အႀကံျပဳထားပါတယ္။

အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ ေကာ္မရွင္ USCIRF  ရဲ႕ ဘာသာေရး လြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာ ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဆိုး႐ြားတဲ့ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြ ႏိုင္ငံအႏွံ႔ ဆက္ျဖစ္ေနၿပီး၊ အထူးသျဖင့္ ႐ိုဟင္ဂ်ာမြတ္စလင္ေတြမွာ လြတ္လပ္စြာ ကိုးကြယ္ယုံၾကည္ခြင့္ကို ခ်ိဳးေဖာက္ခံေနရေၾကာင္း၊ ပဋိပကၡျဖစ္ပြားေနတဲ့ ေဒသက ခရစ္ယာန္ ဘာသာဝင္ေတြ အေပၚမွာလည္း တပ္မေတာ္နဲ UWSA တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ဖိႏွိပ္မႈေတြ ႀကဳံခဲ့ရေၾကာင္း၊ ျမန္မာႏိုင္ငံမွာ အင္တာနက္နဲ႔ လူမႈကြန္ရက္ မီဒီယာေတြမွာ လူနည္းစုေတြနဲ႔ ပက္သက္ၿပီး သတင္းအမွား ျဖန႔္ခ်ိမႈနဲ႔ အမုန္းစကား ျဖန႔္ခ်ိမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ဆက္ျဖစ္ေနတာေတြ႕ရေၾကာင္း ေဖာ္ျပထားပါတယ္။

အေမရိကန္ အစိုးရအေနနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ တာဝန္ရွိတဲ့ တပ္မေတာ္ေခါင္းေဆာင္ေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ဆက္လုပ္ဖို႔နဲ႔ ျမန္မာႏိုင္ငံက ျဖစ္ရပ္ေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဒါမွမဟုတ္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ အဓိပၸါယ္သတ္မွတ္ခ်က္နဲ႔ ကိုက္ညီျခင္း ရွိမရွိ တရားဝင္ ထုတ္ျပန္ေပးဖို႔လည္း အႀကံျပဳထားပါတယ္။

(ရဲေခါင္ျမင့္ေမာင္) / RFA Burmese
https://www.facebook.com/rfaburmese
ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.