မင်းပြား၊ သစ်ပုတ်တောင်ရွာအနီး တိုက်ပွဲကြောင့် ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးနေရ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျောက်ခုတ်နဲ့ သစ်ပုတ်တောင် ကျေးရွာကြားမှာ ဇွန်လ၁၀ရက် မနေ့မနက် အစောပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီးနောက် ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရတာကြောင့် ဒေသခံ ၆ ထောင်နီးပါးဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျောက်ခုတ် ကျေးရွာကနေ တပ်မတော် စစ်ကြောင်းထွက်သွားပြီး မိုင်ဝက်လောက် အရောက်မှာ ပေါက်ကွဲသံကြားရပြီး ပစ်ခတ်သံတွေ ကြားရတာကြောင့် ရွာသားတွေဟာ တပ်မတော်က ဖမ်းဆီးမှာကို စိုးရိမ်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ခုတ်ရွာသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် တပ်မတော်စစ်ကြောင်းက သစ်ပုတ်တောင်ကျေးရွာထဲကို ဝင်လာတာကြောင့် တရွာလုံး ကြောက်လန့် ထွက်ပြေးနေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သစ်ပုတ်တောင်မှာ ရွာသား ၆ ဦးကို တပ်မတော်က ဘုန်ကြီးကျောင်းမှာ ဖမ်းဆီးထားပြီး  ထွက်ပြေးသွားတဲ့ ရွာသားတွေကို ပြန်ခေါ်ပေးဖို့၊ ပြန်မခေါ်ပေးရင် ရွာကိုမီးရှို့မယ်ဆိုတာမျိုး ရပ်မိရပ်ဖတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့တုန်းက လှေတွေနဲ့ထွက်ပြေးရာမှာ တပ်မတော်က သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေ ရှိတာကြောင့် ရွာကိုမပြန်ရဲဘူးလို့ အမည်မဖော်လို့တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

ကျောက်ခုတ်ကျေးရွာမှာ ဇွန်လ၉ရက်နေ့တုန်းက တပ်မတော် စစ်ကြောင်းဝင်လာပြီး အရပ်သား ၇ ဦးကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ်။ မနေ့က ဇွန်လ ၁၀ရက် မနက်ပိုင်းကမှ သူတို့ကို ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ခုတ်ကျေးရွာဟာ အိမ်ခြေ ၆၀၀ နီးပါးရှိပြီး လူဦးရေ သုံးထောင်ကျော်ရှိသလို သစ်ပုတ်တောင် ကျေးရွာမှာလည်း အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ သုံးထောင် ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို RFA ကဆက်သွယ်မေးမြန်းခဲ့တဲ့အခါ ဇွန်လ ၉ရက်နေ့က ကျောက်ခုတ်ရွာမှာ ဒေသခံ ၇ ဦး ဖမ်းဆီးခံရတယ်ဆိုကြားရကြောင်း  မနေ့က မနက်မှာလည်း ပေါက်ကွဲမှု တစ်ခုဖြစ်တယ်ဆိုတာ သတင်းကြားရကြောင်း ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သစ်ပုတ်တောင်ကျေးရွာနဲ့ ပတ်သက်တဲ့ သတင်းကို အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။ တပ်မတော်ကို မိုင်းခွဲတိုက်ခိုက်ပြီး ရွာထဲဝင်ပြေးသွားတာတွေရှိရင်တော့ တပ်မတော်က စစ်ဆေးတာတွေ ရှိနိုင်ကြောင်း ဒါပေမယ့် တပ်မတော်က ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်ဆိုတာက ရွာသားအမည်ခံပြီး AA အမာခံတွေက စွပ်စွဲပြောဆိုတာတွေဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။

RFA Burmese
-------------------------------

(Zawgyi)⤵⤵⤵
မင္းျပား၊ သစ္ပုတ္ေတာင္႐ြာအနီး တိုက္ပြဲေၾကာင့္ ေဒသခံ ေျခာက္ေထာင္နီးပါး ထြက္ေျပးေနရ

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ေက်ာက္ခုတ္နဲ႔ သစ္ပုတ္ေတာင္ ေက်း႐ြာၾကားမွာ ဇြန္လ၁၀ရက္ မေန႔မနက္ အေစာပိုင္းက ေပါက္ကြဲမႈတခုျဖစ္ၿပီးေနာက္ ပစ္ခတ္တိုက္ခိုက္သံေတြ ၾကားရတာေၾကာင့္ ေဒသခံ ၆ ေထာင္နီးပါးဟာ နီးစပ္ရာ ေက်း႐ြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

ေက်ာက္ခုတ္ ေက်း႐ြာကေန တပ္မေတာ္ စစ္ေၾကာင္းထြက္သြားၿပီး မိုင္ဝက္ေလာက္ အေရာက္မွာ ေပါက္ကြဲသံၾကားရၿပီး ပစ္ခတ္သံေတြ ၾကားရတာေၾကာင့္ ႐ြာသားေတြဟာ တပ္မေတာ္က ဖမ္းဆီးမွာကို စိုးရိမ္ၿပီး နီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ေက်ာက္ခုတ္႐ြာသားတစ္ဦးက ေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းက သစ္ပုတ္ေတာင္ေက်း႐ြာထဲကို ဝင္လာတာေၾကာင့္ တ႐ြာလုံး ေၾကာက္လန႔္ ထြက္ေျပးေနၾကတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

သစ္ပုတ္ေတာင္မွာ ႐ြာသား ၆ ဦးကို တပ္မေတာ္က ဘုန္ႀကီးေက်ာင္းမွာ ဖမ္းဆီးထားၿပီး  ထြက္ေျပးသြားတဲ့ ႐ြာသားေတြကို ျပန္ေခၚေပးဖို႔၊ ျပန္မေခၚေပးရင္ ႐ြာကိုမီးရႈိ႕မယ္ဆိုတာမ်ိဳး ရပ္မိရပ္ဖေတြကို ၿခိမ္းေျခာက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မေန႔တုန္းက ေလွေတြနဲ႔ထြက္ေျပးရာမွာ တပ္မေတာ္က ေသနတ္နဲ႔ လိုက္လံပစ္ခတ္တာေတြ ရွိတာေၾကာင့္ ႐ြာကိုမျပန္ရဲဘူးလို႔ အမည္မေဖာ္လို႔တဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

ေက်ာက္ခုတ္ေက်း႐ြာမွာ ဇြန္လ၉ရက္ေန႔တုန္းက တပ္မေတာ္ စစ္ေၾကာင္းဝင္လာၿပီး အရပ္သား ၇ ဦးကို ဖမ္းဆီးစစ္ေဆးတာေတြလုပ္ခဲ့တယ္။ မေန႔က ဇြန္လ ၁၀ရက္ မနက္ပိုင္းကမွ သူတို႔ကို ျပန္လႊတ္ေပးလိုက္တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ေက်ာက္ခုတ္ေက်း႐ြာဟာ အိမ္ေျခ ၆၀၀ နီးပါးရွိၿပီး လူဦးေရ သုံးေထာင္ေက်ာ္ရွိသလို သစ္ပုတ္ေတာင္ ေက်း႐ြာမွာလည္း အိမ္ေျခ ၄၀၀ ေက်ာ္ရွိၿပီး လူဦးေရ သုံးေထာင္ ဝန္းက်င္ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မင္းျပားျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ကို RFA ကဆက္သြယ္ေမးျမန္းခဲ့တဲ့အခါ ဇြန္လ ၉ရက္ေန႔က ေက်ာက္ခုတ္႐ြာမွာ ေဒသခံ ၇ ဦး ဖမ္းဆီးခံရတယ္ဆိုၾကားရေၾကာင္း  မေန႔က မနက္မွာလည္း ေပါက္ကြဲမႈ တစ္ခုျဖစ္တယ္ဆိုတာ သတင္းၾကားရေၾကာင္း ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕  ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ သစ္ပုတ္ေတာင္ေက်း႐ြာနဲ႔ ပတ္သက္တဲ့ သတင္းကို အေသးစိတ္မသိရေသးဘူးလို႔ဆိုပါတယ္။ တပ္မေတာ္ကို မိုင္းခြဲတိုက္ခိုက္ၿပီး ႐ြာထဲဝင္ေျပးသြားတာေတြရွိရင္ေတာ့ တပ္မေတာ္က စစ္ေဆးတာေတြ ရွိႏိုင္ေၾကာင္း ဒါေပမယ့္ တပ္မေတာ္က ႐ြာကိုမီးရႈိ႕မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုတယ္ဆိုတာက ႐ြာသားအမည္ခံၿပီး AA အမာခံေတြက စြပ္စြဲေျပာဆိုတာေတြျဖစ္ႏိုင္တယ္လို႔ RFA ကိုေျပာပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မင်းပြား၊ သစ်ပုတ်တောင်ရွာအနီး တိုက်ပွဲကြောင့် ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးနေရ မင်းပြား၊ သစ်ပုတ်တောင်ရွာအနီး တိုက်ပွဲကြောင့် ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.