မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့တင်ခဲ့တဲ့ Facebook ပေါ်က အချက်အလက်တွေရနိုင်ရေး တရားရုံးမှာ လျှောက်ထား


(Unicode)⤵⤵⤵
မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ Facebookပါ်မှာ တင်ခဲ့တဲ့ စာအရေးအသား Post တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကိုFacebook ကုမ္ပဏီကနေ ရယူနိုင်ရေး တရားရုံး အမိန့်ထုတ်ပြန်ပေးဖို့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ မြန်မာနိုင်ငံကိစ္စ နိုင်ငံတကာ တရားရုံး (ICJ) ကို အမှုတင်ခဲ့သူ ရှေ့နေတွေက အမေရိကန် ခရိုင်တရားရုံးတစ်ခုမှာ လျှောက်ထားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ ကိစ္စ နယ်သာလန်နိုင်ငံ၊ THE HAGUE မြို့ အခြေစိုက် နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံ တရားရင်ဆိုင်နေရချိန်မှာ ဂမ်ဘီယာဘက်က ရှေ့နေ တွေက အခုလို လျှောက်ထားလိုက်တာလည်း ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံကိုယ်စား ဇွန်လ ၈ ရက်နေ့က အမေရိကန်မြို့တော် ခရိုင်ဖြစ်တဲ့ District Of Columbia တရားရုံးကို လျှောက်ထား ချက်မှာ Facebook စာမျက်နှာပေါ်က စာရွက်စာတမ်း အချက်အလက်တွေနဲ့ ဆက်သွယ်ပြောဆိုမှုအားလုံးကို ထုတ်ပြန်ပေးဖို့ Facebook ကို တောင်းဆိုပေးဖို့ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို မီးထိုးပေးတဲ့ အမုန်းတရားတွေ ဖြန့်ချိရာမှာ Facebook က အခရာကျတဲ့ အခန်းကဏ္ဍက နေ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ၂၀၁၈ ခုနှစ်က ပြောထားခဲ့တာဖြစ်ပြီး FACEBOOK ကုမ္ပဏီကလည်း အမုန်းတရားတွေတင်တာတွေကို ပိတ်ပင်မှုတွေ လုပ်နေတယ်လို့ ပြောထားပါတယ်။

အခု လျှောက်ထားချက်ကို လွှဲပြောင်း လက်ခံခဲ့သူ တရားသူကြီးက Facebook နဲ့ ဂမ်ဘီယာနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ ရှိပြီး Facebook ကုမ္ပဏီကလည်း ဂမ်ဘီယာရဲ့ လျှောက်ထားချက်ကို သိရှိကြောင်းနဲ့ ဒီကိစ္စနဲ့ သင့်လျော်တဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်Facebook ပေါ်တင်ခဲ့တဲ့ အချက်အလက်တွေလည်း Facebook ကုမ္ပဏီ ကနေ ရယူလိုတဲ့အထဲ ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတုန်းက Facebookကနေ ဖြုတ်ချခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ Account တွေထဲက အသေးစိတ် အချက်အလက်တွေကိုလည်း ရယူလိုတယ်လို့ လျှောက်ထားချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကနေ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးနိုင်ရေး အရေးပေါ် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ တရားရုံး ICJ က အမိန့်ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ARSA လက်နက်ကိုင်တပ်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာက ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အာဏာပိုင်တွေကရခိုင်ပြည်နယ် အတွင်း သောင်းကျန်း မှုတွေကို နှိမ်းနင်းခဲ့တာဖြစ်ပြီး လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်းငြင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႕တို႔တင္ခဲ့တဲ့ Facebook ေပၚက အခ်က္အလက္ေတြရႏိုင္ေရး တရား႐ုံးမွာ ေလွ်ာက္ထား

ျမန္မာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕တို႔ Facebookပၚမွာ တင္ခဲ့တဲ့ စာအေရးအသား Post ေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြကိုFacebook ကုမၸဏီကေန ရယူႏိုင္ေရး တရား႐ုံး အမိန႔္ထုတ္ျပန္ေပးဖို႔ လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုင္ရာ ျမန္မာႏိုင္ငံကိစၥ ႏိုင္ငံတကာ တရား႐ုံး (ICJ) ကို အမႈတင္ခဲ့သူ ေရွ႕ေနေတြက အေမရိကန္ ခ႐ိုင္တရား႐ုံးတစ္ခုမွာ ေလွ်ာက္ထားလိုက္ပါတယ္။

ျမန္မာႏိုင္ငံအတြင္း လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက စြဲခ်က္တင္ထားတဲ့ ကိစၥ နယ္သာလန္ႏိုင္ငံ၊ THE HAGUE ၿမိဳ႕ အေျခစိုက္ ႏိုင္ငံတကာ တရား႐ုံး (ICJ) မွာ ျမန္မာႏိုင္ငံ တရားရင္ဆိုင္ေနရခ်ိန္မွာ ဂမ္ဘီယာဘက္က ေရွ႕ေန ေတြက အခုလို ေလွ်ာက္ထားလိုက္တာလည္း ျဖစ္ပါတယ္။

ဂမ္ဘီယာႏိုင္ငံကိုယ္စား ဇြန္လ ၈ ရက္ေန႔က အေမရိကန္ၿမိဳ႕ေတာ္ ခ႐ိုင္ျဖစ္တဲ့ District Of Columbia တရား႐ုံးကို ေလွ်ာက္ထား ခ်က္မွာ Facebook စာမ်က္ႏွာေပၚက စာ႐ြက္စာတမ္း အခ်က္အလက္ေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈအားလုံးကို ထုတ္ျပန္ေပးဖို႔ Facebook ကို ေတာင္းဆိုေပးဖို႔ ပါရွိပါတယ္။

ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြကို မီးထိုးေပးတဲ့ အမုန္းတရားေတြ ျဖန႔္ခ်ိရာမွာ Facebook က အခရာက်တဲ့ အခန္းက႑က ေန ပါဝင္ခဲ့ေၾကာင္း ကုလသမဂၢ စုံစမ္းစစ္ေဆးေရးမႉးေတြက ၂၀၁၈ ခုႏွစ္က ေျပာထားခဲ့တာျဖစ္ၿပီး FACEBOOK ကုမၸဏီကလည္း အမုန္းတရားေတြတင္တာေတြကို ပိတ္ပင္မႈေတြ လုပ္ေနတယ္လို႔ ေျပာထားပါတယ္။

အခု ေလွ်ာက္ထားခ်က္ကို လႊဲေျပာင္း လက္ခံခဲ့သူ တရားသူႀကီးက Facebook နဲ႔ ဂမ္ဘီယာႏိုင္ငံက ကိုယ္စားလွယ္ေတြနဲ႔ အျမန္ဆုံး ေတြ႕ဆုံဖို႔ ရွိၿပီး Facebook ကုမၸဏီကလည္း ဂမ္ဘီယာရဲ႕ ေလွ်ာက္ထားခ်က္ကို သိရွိေၾကာင္းနဲ႔ ဒီကိစၥနဲ႔ သင့္ေလ်ာ္တဲ့ ဥပေဒေတြနဲ႔အညီ လုပ္ေဆာင္သြားမယ္လို႔ အတည္ျပဳေျပာၾကားေၾကာင္း ႐ိုက္တာ သတင္းဌာနက ေျပာပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္Facebook ေပၚတင္ခဲ့တဲ့ အခ်က္အလက္ေတြလည္း Facebook ကုမၸဏီ ကေန ရယူလိုတဲ့အထဲ ပါဝင္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဩဂုတ္လတုန္းက Facebookကေန ျဖဳတ္ခ်ခဲ့တဲ့ အစိုးရ တာဝန္ရွိသူေတြနဲ႔ အဖြဲ႕အစည္း စုစုေပါင္း ၂၀ ရဲ႕ Account ေတြထဲက အေသးစိတ္ အခ်က္အလက္ေတြကိုလည္း ရယူလိုတယ္လို႔ ေလွ်ာက္ထားခ်က္မွာ ပါရွိပါတယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံအေနနဲ႔ လူမ်ိဳးတုန္း သတ္ျဖတ္မႈကေန ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးႏိုင္ေရး အေရးေပၚ အေရးယူ ေဆာင္႐ြက္ခ်က္ေတြ လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာ တရား႐ုံး ICJ က အမိန႔္ထုတ္ျပန္ထားပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ျမန္မာစစ္တပ္က ARSA လက္နက္ကိုင္တပ္ေတြကို နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ရာက ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ရပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာ အာဏာပိုင္ေတြကရခိုင္ျပည္နယ္ အတြင္း ေသာင္းက်န္း မႈေတြကို ႏွိမ္းနင္းခဲ့တာျဖစ္ၿပီး လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့ျခင္း မရွိေၾကာင္းျငင္းဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-court-asked-to-force-facebook-to-release-myanmar-officials-data-for-genocide-case-/5457689.html
မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့တင်ခဲ့တဲ့ Facebook ပေါ်က အချက်အလက်တွေရနိုင်ရေး တရားရုံးမှာ လျှောက်ထား မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့တင်ခဲ့တဲ့ Facebook ပေါ်က အချက်အလက်တွေရနိုင်ရေး တရားရုံးမှာ လျှောက်ထား Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.