ရဲထိပ်ပိုင်းအရာရှိကြီးတစ်ဦး လိင်အမြတ်ထုတ်မှုသတင်း နောက်ဆက်တွဲရိုက်ခတ်မှုတွေရှိနေ

ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ
(Unicode)⤵⤵⤵
အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးတို့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

အခုတိုင်ကြားခံထားရတဲ့ရဲမှူးချုပ်ကို စစ်ဆေးနေပြီး အမှန်တကယ်ပေါ်ပေါက်လာလို့ရှိရင် ရဲတရားရုံးမှာ အမှုဖွင့် အရေးယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ဇွန် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်

အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ကိစ္စမျိုး အဖြစ်အပျက်မျိုး အရင်က ရဲတပ်ဖွဲ့လောကမှာ မရှိခဲ့ကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားစာကို စစ်ဆေးဆဲ

စစ်ဆေးခံနေရတဲ့ရဲမှူးချုပ်ဟာ ရာထူးခန့်ထားရေးစီမံခန့်ခွဲရတဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တယ်လိုလည်း သတင်းတွေထွက်ပေါ်ခဲ့သလို လိင်အမြတ်ထုတ်ခံရသူဟာ တစ်ဦးမက ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

"တိုင်ကြားစာကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို ပြန်ပြောပေးပါ့မယ် " လို့ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဲဒီသတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို ဝေဖန်မှုတွေနဲ့ လှောင်ပြောင်ပြောဆိုမှုတချို့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပေမယ့် ရဲတပ်ဖွဲ့တွင်း တာဝန်ထမ်း ဆောင်နေတဲ့အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တွေ ကို အဲဒီဖြစ်စဉ်နဲ့ယှဉ်တွဲပြီး ပြစ်တင်ပြောဆိုတာတွေလည်း ရှိလာနေတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်သာ မှန်ကန်ခဲ့မယ်ဆိုရင် စတင်တိုင်တန်းတဲ့အမျိုးသမီးတွေအပေါ် ခုလို လှောင်ပြောင်ပြောဆိုတာတွေ မပြုလုပ်သင့်ဘူးလို့ အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထားက ဘီဘီစီကို ပြောပါတယ်။

အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်စေသလား

အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်ကတော့ ဒီလိုတိုင်တာ တောတာမျိုးတွေလည်း အရင်က ရဲလောကမှာ မရှိခဲ့ဘူးလို့လည်း သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ဒီကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ကော်မရှင်ဥပဒေအရ တိုင်ကြားမှုတစ်ခုနဲ့ပတ်သက်လို့ ကာယကံရှင်ကလွဲလို့ ပြင်ပကို ပြောကြားခွင့်မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းကာကွယ်ရတဲ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်စဉ်မှားတာမှန်တာထက် ခုလိုသတင်းထွက်ပေါ်လာတာကိုက အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။

ရဲမှူးချုပ်ကိုစုံစမ်းစစ်ဆေးမှုနဲ့ သတင်းတွေ ဆက်ထုတ်ပြန်ပေးမယ်

ယခင်က ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေချိုးဖောက်မယ်ဆိုရင် အရေးယူဖို့ ဥပဒေမရှိတဲ့အတွက် ၁၉၉၅ ခုနှစ်မှာ အခုလို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေ ပေါ်ပေါက်လာတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေ ချိုးဖောက်ချက်ကြောင့် ပြည်သူတွေက တိုင်ကြားမယ်ဆိုရင် ဒီဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်း အရာရှိအဆင့်နဲ့ အခြားအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ကိုးထောင်ကျော်ကို ပြစ်မှုအသီးသီးနဲ့အရေးယူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ရဲထိပ္ပိုင္းအရာရွိႀကီးတစ္ဦး လိင္အျမတ္ထုတ္မႈသတင္း ေနာက္ဆက္တြဲ႐ိုက္ခတ္မႈေတြရွိေန

အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္ေတြအေပၚမွာ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ရဲမႉးခ်ဳပ္တစ္ဦးကို စစ္ေဆးေနတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးတို႔က ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာၾကားခဲ့ပါတယ္။

အခုတိုင္ၾကားခံထားရတဲ့ရဲမႉးခ်ဳပ္ကို စစ္ေဆးေနၿပီး အမွန္တကယ္ေပၚေပါက္လာလို႔ရွိရင္ ရဲတရား႐ုံးမွာ အမႈဖြင့္ အေရးယူမယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ ၊ ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက ဇြန္ ၂၂ ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ျပည္ထဲေရးဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္

အၿငိမ္းစားရဲမႉးခ်ဳပ္ ဦးဝင္းေခါင္ကေတာ့ ဒီလိုလိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တဲ့ကိစၥမ်ိဳး အျဖစ္အပ်က္မ်ိဳး အရင္က ရဲတပ္ဖြဲ႕ေလာကမွာ မရွိခဲ့ေၾကာင္းလည္း ဘီဘီစီကို ေျပာပါတယ္။

တိုင္ၾကားစာကို စစ္ေဆးဆဲ

စစ္ေဆးခံေနရတဲ့ရဲမႉးခ်ဳပ္ဟာ ရာထူးခန႔္ထားေရးစီမံခန႔္ခြဲရတဲ့ တာဝန္ရွိသူတစ္ဦးျဖစ္တယ္လိုလည္း သတင္းေတြထြက္ေပၚခဲ့သလို လိင္အျမတ္ထုတ္ခံရသူဟာ တစ္ဦးမက ရွိတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္လာခဲ့ပါတယ္။

"တိုင္ၾကားစာကို စစ္ေဆးဆဲ ျဖစ္ပါတယ္။ ေနာက္ဆုံးအေျခအေနကို ျပန္ေျပာေပးပါ့မယ္ " လို႔ ရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းက သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

အဲဒီသတင္းေတြ ထြက္ေပၚလာတဲ့ေနာက္ အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္ေတြကို ေဝဖန္မႈေတြနဲ႔ ေလွာင္ေျပာင္ေျပာဆိုမႈတခ်ိဳ႕ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ျဖစ္စဥ္ကို စုံစမ္းစစ္ေဆးဆဲျဖစ္ေပမယ့္ ရဲတပ္ဖြဲ႕တြင္း တာဝန္ထမ္း ေဆာင္ေနတဲ့အမ်ိဳးသမီး ရဲတပ္ဖြဲ႕ဝင္ေတြ ကို အဲဒီျဖစ္စဥ္နဲ႔ယွဥ္တြဲၿပီး ျပစ္တင္ေျပာဆိုတာေတြလည္း ရွိလာေနတာျဖစ္ပါတယ္။

ဒီျဖစ္စဥ္သာ မွန္ကန္ခဲ့မယ္ဆိုရင္ စတင္တိုင္တန္းတဲ့အမ်ိဳးသမီးေတြအေပၚ ခုလို ေလွာင္ေျပာင္ေျပာဆိုတာေတြ မျပဳလုပ္သင့္ဘူးလို႔ အခရာအမ်ိဳးသမီးအဖြဲ႕ တည္ေထာင္သူ ေဒၚထားထားက ဘီဘီစီကို ေျပာပါတယ္။

အဖြဲ႕အစည္းရဲ႕ ပုံရိပ္ကို ထိခိုက္ေစသလား

အၿငိမ္းစားရဲမႉးခ်ဳပ္ ဦးဝင္းေခါင္ကေတာ့ ဒီလိုတိုင္တာ ေတာတာမ်ိဳးေတြလည္း အရင္က ရဲေလာကမွာ မရွိခဲ့ဘူးလို႔လည္း သူရဲ႕ အေတြ႕အႀကဳံကို ေျပာပါတယ္။

ဒီကိစၥကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကိုလည္း တိုင္ၾကားထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့အတြက္ ေကာ္မရွင္ေျပာခြင့္ရသူ ဦးေက်ာ္စိုးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းတဲ့အခါ ေကာ္မရွင္ဥပေဒအရ တိုင္ၾကားမႈတစ္ခုနဲ႔ပတ္သက္လို႔ ကာယကံရွင္ကလြဲလို႔ ျပင္ပကို ေျပာၾကားခြင့္မရွိဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

တရားဥပေဒစိုးမိုးေရးကို ထိန္းသိမ္းကာကြယ္ရတဲ့အဖြဲ႕အစည္းအတြင္းမွာ ျဖစ္စဥ္မွားတာမွန္တာထက္ ခုလိုသတင္းထြက္ေပၚလာတာကိုက အဖြဲ႕အစည္းရဲ႕ ပုံရိပ္ကို ထိခိုက္ေစတယ္လို႔အၿငိမ္းစားရဲမႉးခ်ဳပ္ ဦးဝင္းေခါင္က ေျပာပါတယ္။

ရဲမႉးခ်ဳပ္ကိုစုံစမ္းစစ္ေဆးမႈနဲ႔ သတင္းေတြ ဆက္ထုတ္ျပန္ေပးမယ္

ယခင္က ရဲတပ္ဖြဲ႕ဝင္ေတြဟာ ဥပေဒခ်ိဳးေဖာက္မယ္ဆိုရင္ အေရးယူဖို႔ ဥပေဒမရွိတဲ့အတြက္ ၁၉၉၅ ခုႏွစ္မွာ အခုလို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒေတြ ေပၚေပါက္လာတာျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဥပေဒ ခ်ိဳးေဖာက္ခ်က္ေၾကာင့္ ျပည္သူေတြက တိုင္ၾကားမယ္ဆိုရင္ ဒီဥပေဒနဲ႔ အေရးယူႏိုင္မွာျဖစ္တယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ဘီဘီစီကို ေျပာပါတယ္။

လက္ရွိအစိုးရသက္တမ္း ေလးႏွစ္တာကာလအတြင္းမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တြင္း အရာရွိအဆင့္နဲ႔ အျခားအဆင့္အပါအဝင္ ရဲတပ္ဖြဲ႕ဝင္စုစုေပါင္း ကိုးေထာင္ေက်ာ္ကို ျပစ္မႈအသီးသီးနဲ႔အေရးယူထားတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53180376
ရဲထိပ်ပိုင်းအရာရှိကြီးတစ်ဦး လိင်အမြတ်ထုတ်မှုသတင်း နောက်ဆက်တွဲရိုက်ခတ်မှုတွေရှိနေ ရဲထိပ်ပိုင်းအရာရှိကြီးတစ်ဦး လိင်အမြတ်ထုတ်မှုသတင်း နောက်ဆက်တွဲရိုက်ခတ်မှုတွေရှိနေ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.