ဗြိတိန်မှာ ကိုရိုနာကာကွယ်ဆေးသစ် လူနဲ့စမ်းသပ်

ကာကွယ်ဆေးစမ်းသပ်ခံသူ ကေသီ
(Unicode)⤵⤵⤵
စမ်းသပ်ဆဲ တခြားကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ မတူဘဲနည်းလမ်းအသစ်နဲ့ ချဉ်းကပ်ထားတဲ့ ကိုရိုနာကာကွယ်ဆေးသစ်ကို စေတနာ့ဝန်ထမ်းတွေ ယူကေမှာ စတင် အစမ်းသပ်ခံနေကြပါပြီ။

လာမယ့်သီတင်းပတ်တွေအတွင်း ဗြိတိန်မှာလူပေါင်း ၃၀၀ လောက်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှာ ဖြစ်ပါတယ်။

လန်ဒန် အင်ပီးရီးယဲကောလိပ်က လုပ်မယ့် စမ်းသပ်မှု ဖြစ်ပြီး ပါမောက္ခရော်ဘင် ရှတ်တော့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဦးဆောင်မယ့် စမ်းသပ်မှုရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

တိရစ္ဆာန်နဲ့လုပ်ခဲ့တဲ့ စမ်းသပ်မှု ရလဒ်တွေမှာတော့ ကာကွယ်ဆေးဟာ ဘေးကင်းပြီး ခုခံအားစနစ်ကို ထိထိရောက်ရောက် အလုပ်လုပ်လာအောင် နှိုးဆော်ပေးနိုင်တာ တွေ့ရပါတယ်။

အောက်စဖို့တက္ကသိုလ် ကျွမ်းကျင်ပညာရှင်တွေကလည်း လူနဲ့ စမ်းသပ်မှုတွေ စတင်ခဲ့ပြီးပါပြီ။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း ၁၂၀ လောက်ကို စမ်းသပ်နေကြတဲ့အထဲက တခုဖြစ်ပါတယ်။

အင်ပီရီးယဲရဲ့စမ်းသပ်မှုမှာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်အစမ်းသပ်ခံသူတွေထဲက တယောက်က အသက် ၃၉ နှစ်အရွယ် ကေသီဖြစ်ပြီး ဘဏ္ဍာရေးအလုပ် လုပ်နေသူပါ။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တထောင့်တနေရာက ပါဝင်ချင်တဲ့ အတွက် ဝင်ရောက်အစမ်းသပ်ခံခဲ့တာပါလို့ သူကဆိုပါတယ်။

“ကျွန်မဘာများအကူအညီပေးနိုင်မလဲဆိုတာ စဉ်းစားမရခဲ့ရာကနေ ဒါတခုတော့ ငါလုပ်နိုင်တာပဲဆိုပြီး လုပ်ဖြစ်သွားတာပါ။ ကာကွယ်ဆေးမပေါ်မချင်း အခြေအနေဟာ ဘယ်လိုမှပုံမှန် ပြန်မဖြစ်လောက်ဘူးဆိုတာ သိလာတော့ အခုစမ်းသပ်မှုအစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ချင်လာတာပါ။”
ကာကွယ်ဆေး
ဒါဟာ ပထမအဆင့်ဖြစ်ပြီး နောက်ထပ်စမ်းသပ်မှုကိုတော့ အောက်တိုဘာလမှာ လူပေါင်း ၆၀၀၀ ပါဝင်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဗြိတိန်ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေကို ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာ ကာကွယ်ဆေးဖြန့်ဖြူးနိုင်လိမ့်မယ်လို့ အင်ပီးရီးယဲ အဖွဲ့က မျှော်လင့်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ အောက်စဖို့တက္ကသိုလ်က လုပ်တဲ့ စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြသူတွေကို ဗြိတိန်တော်ဝင်မင်းသားဝီလျံက ချာချီဆေးရုံမှာ တွေ့ဆုံခဲ့ပါတယ်။

“ဒါဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ ကြိုဆိုရမယ့် အစီအစဉ်တခုမို့ ဒီအစီအစဉ်မှာ ပါဝင်လုပ်ဆောင်ခဲ့ကြတာဟာ ဝမ်းသာစရာပါပဲ”လို့ မင်းသားဝီလျံက ပါဝင်စမ်းသပ်ခံခဲ့ကြသူတွေကို ပြောခဲ့ပါတယ်။

အခုကာကွယ်ဆေးရဲ့ချဉ်းကပ်ပုံအသစ်

လုပ်ရိုးလုပ်စဉ်ကာကွယ်ဆေးတွေက အားပျော့တဲ့ဗိုင်းရပ်စ်ကိုဖြစ်စေ၊ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်ကိုဖြစ်စေ၊ ဒါမှမဟုတ်ဗိုင်းရပ်စ်ရဲ့အစိတ်အပိုင်းတချို့ကိုဖြစ်စေ ထိုးသွင်းတာပါ။
စမ်းသပ်အဖွဲ့အကြီးအကဲ ဒေါက်တာကက်ထရီနာပူးလော့က ဒီဆေးအပေါ်မျှော်လင့်ချက်ထား
စမ်းသပ်အဖွဲ့အကြီးအကဲ ဒေါက်တာကက်ထရီနာပူးလော့က ဒီဆေးအပေါ်မျှော်လင့်ချက်ထား

အခုအင်ပီးရီးယဲကလုပ်တဲ့ ကာကွယ်ဆေးကတော့ ချဉ်းကပ်ပုံအသစ် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ သဏ္ဍန်ဆင်တူတဲ့ အာရ်အန်အေ မျိုးဗီဇအတုကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ကြွက်သားထဲကို ဆေးထိုးသွင်းလိုက်တာနဲ့ အာရ်အန်အေက သူ့ကိုယ်သူမိတ္တူပွားပစ်လိုက်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပေါ်က ဆူးချွန်ပရိုတိန်းတွေပုံစံ မိတ္တူတွေဖန်တီးဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒါဟာခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို သိရှိပြီး တိုက်ခိုက်တတ်အောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။

အရေပြားပေါ်ခြစ်ရုံခြစ်ရတဲ့ ကာကွယ်ဆေးတမျိုးကိုလည်း ထုတ်လုပ်ထားပြီး နောက်လအနည်းငယ်အတွင်း လူနဲ့စမ်းသပ်နိုင်မှာ ဖြစ်တယ်လို့လည်း ပါမောက္ခရှတ်တော့က ဆိုပါတယ်။

ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံအသစ်က အလုပ်ဖြစ်မယ်ဆိုရင် ဆိုလိုတာက ရောဂါတိုက်ဖျက်ဖို့အတွက် ထိရောက်တဲ့ပရိုတိန်းမျိုးကို ကာကွယ်ဆေးက ပံ့ပိုးပေးနိုင်မယ်ဆိုရင် ဒါဟာဆေးလောကမှာ အပြောင်းအလဲကြီးတရပ်ပါပဲ။ အနာဂတ်မှာရောဂါတွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နည်းလမ်းသစ်နဲ့ ဆောင်ရွက်သွားနိုင်မှာပါ။

“ပါဝင်အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစနစ်ကနေ ကောင်းမွန်တဲ့တုံ့ပြန်မှုမျိုးကို မြင်တွေ့လာရလိမ့်မယ်ဆိုတဲ့ အကောင်းမြင်မျှော်လင့်ချက်မျိုးသာ မရှိခဲ့ရင် ဒီစမ်းသပ်မှုမှာ ကျွန်မဘယ်ပါဝင်ပါ့မလဲ” လို့လေ့လာစမ်းသပ်မှုမှာ အကြီးအကဲတယောက်အနေနဲ့ ပါဝင်ခဲ့သူ ဒေါက်တာကက်ထရီနာပူးလော့က ဆိုပါတယ်။

“စမ်းသပ်မှုအကြို အချက်အလက်တွေကလည်း အားတက်စရာပါ။ ကိုယ်ခံအားရဲ့ ကာကွယ်တားဆီးတဲ့ တုံ့ပြန်မှုကိုတွေ့ခဲ့ရပါတယ်။ ရောဂါမကူးစက်အောင် ခုခံအားစနစ်က တုံ့ပြန်မှုပေးတဲ့သဘောပါ။ ဒါပေမယ့် ကာကွယ်ဆေးကို အပြီးသတ် အကဲဖြတ်ချက်ပေးဖို့ကတော့ စောပါသေးတယ်”လို့လည်း ဆိုပါတယ်။

ဒီသုတေသနအတွက်အစိုးရက ရန်ပုံငွေ ပေါင် ၄၁ သန်းပေးခဲ့ပါတယ်။ လှူဒါန်းငွေ ၅ သန်းလည်း ရခဲ့ပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ၿဗိတိန္မွာ ကို႐ိုနာကာကြယ္ေဆးသစ္ လူနဲ႔စမ္းသပ္

စမ္းသပ္ဆဲ တျခားကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြနဲ႔ မတူဘဲနည္းလမ္းအသစ္နဲ႔ ခ်ဥ္းကပ္ထားတဲ့ ကို႐ိုနာကာကြယ္ေဆးသစ္ကို ေစတနာ့ဝန္ထမ္းေတြ ယူေကမွာ စတင္ အစမ္းသပ္ခံေနၾကပါၿပီ။

လာမယ့္သီတင္းပတ္ေတြအတြင္း ၿဗိတိန္မွာလူေပါင္း ၃၀၀ ေလာက္ကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္မွာ ျဖစ္ပါတယ္။

လန္ဒန္ အင္ပီးရီးယဲေကာလိပ္က လုပ္မယ့္ စမ္းသပ္မႈ ျဖစ္ၿပီး ပါေမာကၡေရာ္ဘင္ ရွတ္ေတာ့နဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ ဦးေဆာင္မယ့္ စမ္းသပ္မႈရဲ႕ တစိတ္တေဒသ ျဖစ္ပါတယ္။

တိရစာၦန္နဲ႔လုပ္ခဲ့တဲ့ စမ္းသပ္မႈ ရလဒ္ေတြမွာေတာ့ ကာကြယ္ေဆးဟာ ေဘးကင္းၿပီး ခုခံအားစနစ္ကို ထိထိေရာက္ေရာက္ အလုပ္လုပ္လာေအာင္ ႏႈိးေဆာ္ေပးႏိုင္တာ ေတြ႕ရပါတယ္။

ေအာက္စဖို႔တကၠသိုလ္ ကြၽမ္းက်င္ပညာရွင္ေတြကလည္း လူနဲ႔ စမ္းသပ္မႈေတြ စတင္ခဲ့ၿပီးပါၿပီ။

တကမာၻလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးေပါင္း ၁၂၀ ေလာက္ကို စမ္းသပ္ေနၾကတဲ့အထဲက တခုျဖစ္ပါတယ္။

အင္ပီရီးယဲရဲ႕စမ္းသပ္မႈမွာ ကိုယ့္သေဘာနဲ႔ကိုယ္ ပါဝင္အစမ္းသပ္ခံသူေတြထဲက တေယာက္က အသက္ ၃၉ ႏွစ္အ႐ြယ္ ေကသီျဖစ္ၿပီး ဘ႑ာေရးအလုပ္ လုပ္ေနသူပါ။

ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးမွာ တေထာင့္တေနရာက ပါဝင္ခ်င္တဲ့ အတြက္ ဝင္ေရာက္အစမ္းသပ္ခံခဲ့တာပါလို႔ သူကဆိုပါတယ္။

“ကြၽန္မဘာမ်ားအကူအညီေပးႏိုင္မလဲဆိုတာ စဥ္းစားမရခဲ့ရာကေန ဒါတခုေတာ့ ငါလုပ္ႏိုင္တာပဲဆိုၿပီး လုပ္ျဖစ္သြားတာပါ။ ကာကြယ္ေဆးမေပၚမခ်င္း အေျခအေနဟာ ဘယ္လိုမွပုံမွန္ ျပန္မျဖစ္ေလာက္ဘူးဆိုတာ သိလာေတာ့ အခုစမ္းသပ္မႈအစီအစဥ္မွာ ကိုယ္တိုင္ပါဝင္ခ်င္လာတာပါ။”

ဒါဟာ ပထမအဆင့္ျဖစ္ၿပီး ေနာက္ထပ္စမ္းသပ္မႈကိုေတာ့ ေအာက္တိုဘာလမွာ လူေပါင္း ၆၀၀၀ ပါဝင္လုပ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္။

ၿဗိတိန္ျပည္တြင္းနဲ႔ ျပည္ပႏိုင္ငံေတြကို ၂၀၂၁ ခုႏွစ္ အေစာပိုင္းေလာက္မွာ ကာကြယ္ေဆးျဖန္႔ျဖဴးႏိုင္လိမ့္မယ္လို႔ အင္ပီးရီးယဲ အဖြဲ႕က ေမွ်ာ္လင့္ထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ေအာက္စဖို႔တကၠသိုလ္က လုပ္တဲ့ စမ္းသပ္မႈမွာ ပါဝင္ခဲ့ၾကသူေတြကို ၿဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံက ခ်ာခ်ီေဆး႐ုံမွာ ေတြ႕ဆုံခဲ့ပါတယ္။

“ဒါဟာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးနဲ႔ ႀကိဳဆိုရမယ့္ အစီအစဥ္တခုမို႔ ဒီအစီအစဥ္မွာ ပါဝင္လုပ္ေဆာင္ခဲ့ၾကတာဟာ ဝမ္းသာစရာပါပဲ”လို႔ မင္းသားဝီလ်ံက ပါဝင္စမ္းသပ္ခံခဲ့ၾကသူေတြကို ေျပာခဲ့ပါတယ္။

အခုကာကြယ္ေဆးရဲ႕ခ်ဥ္းကပ္ပုံအသစ္

လုပ္႐ိုးလုပ္စဥ္ကာကြယ္ေဆးေတြက အားေပ်ာ့တဲ့ဗိုင္းရပ္စ္ကိုျဖစ္ေစ၊ ျပဳျပင္ထားတဲ့ ဗိုင္းရပ္စ္ကိုျဖစ္ေစ၊ ဒါမွမဟုတ္ဗိုင္းရပ္စ္ရဲ႕အစိတ္အပိုင္းတခ်ိဳ႕ကိုျဖစ္ေစ ထိုးသြင္းတာပါ။

အခုအင္ပီးရီးယဲကလုပ္တဲ့ ကာကြယ္ေဆးကေတာ့ ခ်ဥ္းကပ္ပုံအသစ္ ျဖစ္ပါတယ္။ ဗိုင္းရပ္စ္နဲ႔ သ႑န္ဆင္တူတဲ့ အာရ္အန္ေအ မ်ိဳးဗီဇအတုကို အသုံးျပဳထားတာ ျဖစ္ပါတယ္။

ႂကြက္သားထဲကို ေဆးထိုးသြင္းလိုက္တာနဲ႔ အာရ္အန္ေအက သူ႔ကိုယ္သူမိတၱဴပြားပစ္လိုက္ပါတယ္။ ခႏၶာကိုယ္ထဲက ဆဲလ္ေတြကိုလည္း ကို႐ိုနာဗိုင္းရပ္စ္ေပၚက ဆူးခြၽန္ပ႐ိုတိန္းေတြပုံစံ မိတၱဴေတြဖန္တီးဖို႔ ၫႊန္ၾကားလိုက္ပါတယ္။

ဒါဟာခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က ကို႐ိုနာဗိုင္းရပ္စ္ကို သိရွိၿပီး တိုက္ခိုက္တတ္ေအာင္ ေလ့က်င့္ေပးတာျဖစ္ပါတယ္။

အေရျပားေပၚျခစ္႐ုံျခစ္ရတဲ့ ကာကြယ္ေဆးတမ်ိဳးကိုလည္း ထုတ္လုပ္ထားၿပီး ေနာက္လအနည္းငယ္အတြင္း လူနဲ႔စမ္းသပ္ႏိုင္မွာ ျဖစ္တယ္လို႔လည္း ပါေမာကၡရွတ္ေတာ့က ဆိုပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ခ်ဥ္းကပ္ပုံအသစ္က အလုပ္ျဖစ္မယ္ဆိုရင္ ဆိုလိုတာက ေရာဂါတိုက္ဖ်က္ဖို႔အတြက္ ထိေရာက္တဲ့ပ႐ိုတိန္းမ်ိဳးကို ကာကြယ္ေဆးက ပံ့ပိုးေပးႏိုင္မယ္ဆိုရင္ ဒါဟာေဆးေလာကမွာ အေျပာင္းအလဲႀကီးတရပ္ပါပဲ။ အနာဂတ္မွာေရာဂါေတြကို ဘယ္လိုတုန္႔ျပန္ရမလဲဆိုတာကို နည္းလမ္းသစ္နဲ႔ ေဆာင္႐ြက္သြားႏိုင္မွာပါ။

“ပါဝင္အစမ္းသပ္ခံသူေတြရဲ႕ ကိုယ္ခံအားစနစ္ကေန ေကာင္းမြန္တဲ့တုံ႔ျပန္မႈမ်ိဳးကို ျမင္ေတြ႕လာရလိမ့္မယ္ဆိုတဲ့ အေကာင္းျမင္ေမွ်ာ္လင့္ခ်က္မ်ိဳးသာ မရွိခဲ့ရင္ ဒီစမ္းသပ္မႈမွာ ကြၽန္မဘယ္ပါဝင္ပါ့မလဲ” လို႔ေလ့လာစမ္းသပ္မႈမွာ အႀကီးအကဲတေယာက္အေနနဲ႔ ပါဝင္ခဲ့သူ ေဒါက္တာကက္ထရီနာပူးေလာ့က ဆိုပါတယ္။

“စမ္းသပ္မႈအႀကိဳ အခ်က္အလက္ေတြကလည္း အားတက္စရာပါ။ ကိုယ္ခံအားရဲ႕ ကာကြယ္တားဆီးတဲ့ တုံ႔ျပန္မႈကိုေတြ႕ခဲ့ရပါတယ္။ ေရာဂါမကူးစက္ေအာင္ ခုခံအားစနစ္က တုံ႔ျပန္မႈေပးတဲ့သေဘာပါ။ ဒါေပမယ့္ ကာကြယ္ေဆးကို အၿပီးသတ္ အကဲျဖတ္ခ်က္ေပးဖို႔ကေတာ့ ေစာပါေသးတယ္”လို႔လည္း ဆိုပါတယ္။

ဒီသုေတသနအတြက္အစိုးရက ရန္ပုံေငြ ေပါင္ ၄၁ သန္းေပးခဲ့ပါတယ္။ လႉဒါန္းေငြ ၅ သန္းလည္း ရခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53180215
ဗြိတိန်မှာ ကိုရိုနာကာကွယ်ဆေးသစ် လူနဲ့စမ်းသပ် ဗြိတိန်မှာ ကိုရိုနာကာကွယ်ဆေးသစ် လူနဲ့စမ်းသပ် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.