ထိုင်းမှာ အွန်လိုင်းကအလုပ်ရှာတဲ့ မြန်မာနိုင်ငံသူတွေ မတရားပြုမှုနဲ့ကြုံရ

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ ထိုင်းနိုင်ငံသားပွဲစားကို ဖမ်းဆီးတဲ့ မြင်ကွင်း။ (ဇွန် ၂၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
COVID-19 ကာလ ဘန်ကောက်မြို့မှာ အလုပ်ရှာနေတဲ့ မြန်မာနိုင်ငံသူတွေ အခန်းပိတ်လှောင်ပြီး မုဒိမ်းကျင့်ခံရတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ကျူးလွန်သူ ထိုင်းနိုင်ငံသားလူပွဲစားကို ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မြန်မာတိုင်းရင်းသူ နှစ်ဦးဟာ အခန်းလှောင်ပိတ်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ladprao နယ်မြေ အမှတ် (၁) ရဲစခန်းမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျုးလွန်ခံရတဲ့ မိန်းကလေးတွေ ကိုယ်တိုင်လာရောက်တိုင်ချက် ဖွင့်ခဲ့ပြီးတာပါ။ ဒီနောက် ဘန်ကောက်မြို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအရာရှိ နရဝေ့ စွန်ဖုန်း ကိုယ်တိုင် ကိုင်တွယ်ပြီး ကျူးလွန်ခဲ့တဲ့ တရားခံကို စုံစမ်းဖေါ်ထုတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအလုပ်ရှာပေးဆိုပြီး လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ကျုးလွန်ခံရတဲ့ အမျိုးသမီးငယ် (ဇွန် ၂၅၊ ၂၀၂၀)
COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြန်မာနိုင်ငံသူတွေဟာ လူမှုကွန်ယက် အွန်လိုင်းကနေတဆင့် ထိုင်းအလုပ်ပွဲစား တစ်ဦးနဲ့အဆက်အသွယ်ရပြီး အိမ်ဖော်အလုပ်ကို လက်ခံခဲ့ပြီး ထိုင်းနိုင်ငံသား အလုပ်ပွဲစား ချိန်းဆိုတဲ့နေရာကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အလုပ်သွင်းပေးဖို့ အလုပ်ရှင်ထံ ခေါ်သွားမယ်လို့ ပြောပြီး လိုက်သွားတဲ့အခါ ဘန်ကောက်မြို့ ရပ်ကွက်တစ်ခုက အခန်းတခုမှာ ပိတ်လှောင်ထားပြီး လူပွဲစားဟာ သေနတ်တွေပြပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း အမျိုးသမီးလေးတွေက ထွက်ဆိုသွားပါတယ်။

ဘယ်လို စုံစမ်းဖော်ထုတ်လဲဆိုတာကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအရာရှိက ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။

မြန်မာနိုင်ငံသား အမျိုးသမီး နှစ် ဦး ပေးလာတဲ့ သတင်းအချက်အလက်အရ မိန်းကလေးတွေကို လူကုန်ကူးပြီး လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခဲ့သူ ဖွင့်ထားတဲ့ Facebook အကောင့်ကို သိရပြီး ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပြီးတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ တရားရုံးမှာ ဖမ်းဝရမ်း လျှောက်ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်လို့ ဆိုပြီး ပြောသွားတာပါ။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးလေး တဦးကတော့ အခုလိုပြောသွားပါတယ်။

"LPN နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး လူဆိုးကို အမြန်ဆုံး ဖမ်းဆီးပေးတဲ့အတွက် LPN (အစိုးရမဟုတ်တဲ့အဖွဲ့အစည်း) အဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ပါတယ်။"

မြန်မာနိုင်ငံသား တိုင်းရင်းသူအမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီးတဲ့နောက်ရက်တွေမှာ မိန်းကလေးတွေကို ကုန်တိုက်တစ်ခုကို ခေါ်သွားပြီး ထားခဲ့တယ်လို့ ဆိုပါတယ်။ အခုဖမ်ဆီးခံထားရတဲ့ လူပွဲစားဟာ အခုလိုပဲ လူမှုကွန်ယက်ကို အသုံံးပြုပြီး မြန်မာမိန်းကလေးတွေကို အိမ်ဖေါ်အလုပ်သွင်းပေးမယ်လို့ ဆိုပြီး ဆက်သွယ်လာတာပါ။

မြန်မာအမျိုးသမီးငယ်တွေက အလုပ်လိုချင်လို့ ပြန်ဆက်သွယ်လာတဲ့အခါတော့ သူနေထိုင်ရာနေရာကို ခေါ်သွားပြီး နည်းမျိုးစုံသုံး၊ ခြိမ်းခြောက်၊ မုဒိမ်းကျင့်နေခဲ့တာကြောင့် ဘန်ကောက်မြို့ လူကုန်ကူး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တရားခံကိုဖေါ်ထုတ် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းမွာ အြန္လိုင္းကအလုပ္ရွာတဲ့ ျမန္မာႏိုင္ငံသူေတြ မတရားျပဳမႈနဲ႔ႀကဳံရ

COVID-19 ကာလ ဘန္ေကာက္ၿမိဳ႕မွာ အလုပ္ရွာေနတဲ့ ျမန္မာႏိုင္ငံသူေတြ အခန္းပိတ္ေလွာင္ၿပီး မုဒိမ္းက်င့္ခံရတာေၾကာင့္ လူကုန္ကူးမႈတိုက္ဖ်က္ေရးအဖြဲ႕က က်ဴးလြန္သူ ထိုင္းႏိုင္ငံသားလူပြဲစားကို ဖမ္းဆီးလိုက္ပါတယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ျမန္မာတိုင္းရင္းသူ ႏွစ္ဦးဟာ အခန္းေလွာင္ပိတ္ၿပီး လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္ခံရတယ္ဆိုၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ladprao နယ္ေျမ အမွတ္ (၁) ရဲစခန္းမွာ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြရဲ႕ အကူအညီနဲ႔ က်ဳးလြန္ခံရတဲ့ မိန္းကေလးေတြ ကိုယ္တိုင္လာေရာက္တိုင္ခ်က္ ဖြင့္ခဲ့ၿပီးတာပါ။ ဒီေနာက္ ဘန္ေကာက္ၿမိဳ႕ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲအရာရွိ နရေဝ့ စြန္ဖုန္း ကိုယ္တိုင္ ကိုင္တြယ္ၿပီး က်ဴးလြန္ခဲ့တဲ့ တရားခံကို စုံစမ္းေဖၚထုတ္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

COVID-19 အေရးေပၚကာလမွာ အလုပ္လက္မဲ့ ျဖစ္ေနၾကတဲ့ ျမန္မာႏိုင္ငံသူေတြဟာ လူမႈကြန္ယက္ အြန္လိုင္းကေနတဆင့္ ထိုင္းအလုပ္ပြဲစား တစ္ဦးနဲ႔အဆက္အသြယ္ရၿပီး အိမ္ေဖာ္အလုပ္ကို လက္ခံခဲ့ၿပီး ထိုင္းႏိုင္ငံသား အလုပ္ပြဲစား ခ်ိန္းဆိုတဲ့ေနရာကို သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ အလုပ္သြင္းေပးဖို႔ အလုပ္ရွင္ထံ ေခၚသြားမယ္လို႔ ေျပာၿပီး လိုက္သြားတဲ့အခါ ဘန္ေကာက္ၿမိဳ႕ ရပ္ကြက္တစ္ခုက အခန္းတခုမွာ ပိတ္ေလွာင္ထားၿပီး လူပြဲစားဟာ ေသနတ္ေတြျပၿပီး အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္ၿပီး အဓမၼျပဳက်င့္ခဲ့တာျဖစ္ေၾကာင္း အမ်ိဳးသမီးေလးေတြက ထြက္ဆိုသြားပါတယ္။

ဘယ္လို စုံစမ္းေဖာ္ထုတ္လဲဆိုတာကို လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲအရာရွိက ထိုင္းဘာသာနဲ႔ အခုလို ေျပာပါတယ္။

ျမန္မာႏိုင္ငံသား အမ်ိဳးသမီး ႏွစ္ ဦး ေပးလာတဲ့ သတင္းအခ်က္အလက္အရ မိန္းကေလးေတြကို လူကုန္ကူးၿပီး လိင္ပိုင္းဆိုင္ရာ က်ဳးလြန္ခဲ့သူ ဖြင့္ထားတဲ့ Facebook အေကာင့္ကို သိရၿပီး ဘယ္သူဘယ္ဝါဆိုတာ စုံစမ္းေဖၚထုတ္ႏိုင္ခဲ့ၿပီးတာ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ တရား႐ုံးမွာ ဖမ္းဝရမ္း ေလွ်ာက္ၿပီး တရားခံကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္လို႔ ဆိုၿပီး ေျပာသြားတာပါ။

လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရတဲ့ အမ်ိဳးသမီးေလး တဦးကေတာ့ အခုလိုေျပာသြားပါတယ္။

"LPN နဲ႔ ရဲတပ္ဖြဲ႕ပူးေပါင္းၿပီး လူဆိုးကို အျမန္ဆုံး ဖမ္းဆီးေပးတဲ့အတြက္ LPN (အစိုးရမဟုတ္တဲ့အဖြဲ႕အစည္း) အဖြဲ႕နဲ႔ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ဝင္ေတြကို အထူးေက်းဇူးတင္ပါတယ္။"

ျမန္မာႏိုင္ငံသား တိုင္းရင္းသူအမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္ၿပီးတဲ့ေနာက္ရက္ေတြမွာ မိန္းကေလးေတြကို ကုန္တိုက္တစ္ခုကို ေခၚသြားၿပီး ထားခဲ့တယ္လို႔ ဆိုပါတယ္။ အခုဖမ္ဆီးခံထားရတဲ့ လူပြဲစားဟာ အခုလိုပဲ လူမႈကြန္ယက္ကို အသုံံးျပဳၿပီး ျမန္မာမိန္းကေလးေတြကို အိမ္ေဖၚအလုပ္သြင္းေပးမယ္လို႔ ဆိုၿပီး ဆက္သြယ္လာတာပါ။

ျမန္မာအမ်ိဳးသမီးငယ္ေတြက အလုပ္လိုခ်င္လို႔ ျပန္ဆက္သြယ္လာတဲ့အခါေတာ့ သူေနထိုင္ရာေနရာကို ေခၚသြားၿပီး နည္းမ်ိဳးစုံသုံး၊ ၿခိမ္းေျခာက္၊ မုဒိမ္းက်င့္ေနခဲ့တာေၾကာင့္ ဘန္ေကာက္ၿမိဳ႕ လူကုန္ကူး တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕က တရားခံကိုေဖၚထုတ္ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/thai-myanmar-woment-rape/5476940.html
ထိုင်းမှာ အွန်လိုင်းကအလုပ်ရှာတဲ့ မြန်မာနိုင်ငံသူတွေ မတရားပြုမှုနဲ့ကြုံရ ထိုင်းမှာ အွန်လိုင်းကအလုပ်ရှာတဲ့ မြန်မာနိုင်ငံသူတွေ မတရားပြုမှုနဲ့ကြုံရ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.